Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Matthew Sunderland
7.5
Pearl (2022)
Pearl (2022)~ IMDb - 7.5/10, Rotten Tomatoes - 90% ~Hereditary တို့ Midsommar တို့လို မာစတာပိစ် Horror Thriller ကားတွေအတွက် လမ်းဖောက်ပေးခဲ့တဲ့ ရုပ်ရှင်လို့ ပြောကြတဲ့ The House of the Devil ကို ရိုက်ခဲ့တဲ့ Ti West ဟာ 2022 မှာ A24 နဲ့ပေါင်းပြီး X နဲ့ ပြန် Comeback ခဲ့ပါတယ်။ X ဟာ အတော်အောင်မြင်ခဲ့သလို ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကိုခံခဲ့ရတဲ့အပြင် စတီဖင်ကင်းရဲ့ ချီးကျူးမှုပါခံခဲ့ရတယ်။ သူ့ Prequel ဖြစ်တဲ့ Pearl ကလည်း မာတင်စကောဆေးစိလို ရုပ်ရှင်လောကရဲ့ ဆရာကြီးက ချီးကျူးတာပါခံခဲ့ရသလို ဝေဖန်ရေးသမားတွေလည်း အကြိုက်တွေ့ခဲ့ပါတယ်။ ဒါတင်မကသေးပဲ A24 ဖန်တွေကလည်း ...
movie
Pearl (2022)
2022
6.6
The Stranger (2022)
The Stranger (2022)~ IMDb - 6.6/10, Rotten Tomatoes - 94% ~ဒီဇာတ်လမ်းဟာ ဩစတေးလျမှာ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ အမှုတစ်ခုကို အခြေတည်ရိုက်ကူးတဲ့ ဇာတ်လမ်းပါ။ အဲဒီအမှုက ဒန်နီရယ်မော်ကွန်ဘီလူသတ်မှုလို့ ခေါ်တဲ့အမှုပါပဲ။ ၂၀၀၃မှာ ဒန်နီရယ် မော်ကွန်ဘီဆိုတဲ့ ၁၃နှစ်သား ကလေးလေးဟာ ပြန်ပေးဆွဲခံခဲ့ရပါတယ်။ ၈နှစ်ကြာပြီးမှ တရားခံကို စခြေရာခံမိပါတယ်။ ၂၀၁၄မှာတော့ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရပြီး တစ်သက်တစ်ကျွန်းအချခံလိုက်ရပါတယ်။ ဒီဇာတ်လမ်းဟာ အဲဒီတုန်းက ဟိုလေးတကျော်ဖြစ်ခဲ့တဲ့ နှစ်ပေါင်းများစွာကြာမှ တရားခံတွေ့ခဲ့တဲ့ သနားစရာကလေးလေး အသတ်ခံရတဲ့အမှုကို သွယ်ဝိုက်ဖော်ကျူးထားတာပါ။ဩစတေးလျ ဒါရိုက်တာကပဲ ရိုက်ကူးထားပြီး သရုပ်ဆောင်တော်တော်ကောင်းသလို တစ်စထက်တစ်စနေရာပိုရလာတဲ့ Joel Edgerton နဲ့ Sean Harris တို့လို သရုပ်ဆောင်ကောင်းပေမဲ့ ရွက်ပုန်းသီးတော့ နည်းနည်းဆန်တဲ့ မင်းသားကောင်း၂ယောက် အပြိုင်ကြဲထားတာပါ။ နက်ဖလစ်ကားဖြစ်သလို ဝေဖန်ရေးသမားတွေလည်း တော်တော်ကြိုက်ခဲ့ကြတဲ့ ရုပ်ရှင်ဖြစ်တာကြောင့် တငြိမ့်ငြိမ့်နဲ့ ရင်ဖိုရတဲ့ကားတွေ ...
movie
The Stranger (2022)
2022
6.6
The Lost City of Z (2017)
The Lost City of Z (2017) IMDb - 6.6/10____Rotten - 86% လောလောလတ်လတ်ပူပူနွေးနွေးထွက်ထားတဲ့ရုံတင်ကားလေးတကားမိတ်ဆက်ပေးချင်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့Robert Pattinson, Charlie Junnamတို့အပြင် ကျွန်တော်တို့ရဲ့Spider ManလေးTom Hollandလည်းပါဝင်တဲ့Advanture/Dramaကားလေးတကားဖြစ်ပါတယ်။ဒီကားလေးဟာ၂၀ရာစုနှစ်အစောပိုင်း၁၉၀၆ခုနှစ်ဗြိတိသျှစူးစမ်းရှာဖွေသူတဦးဖြစ်တဲ့Percy Fawcettဆိုတဲ့သူရဲ့တကယ့်အဖြစ်အပျက်ကိုရိုက်ကူးထားခြင်းဖြစ်ပါတယ်။Percy Fawcettဆိုတာကဗြိသျှတပ်မတော်ကအရာရှိတဦးဖြစ်တဲ့အပြင်ရှေးဟောင်းသုတေတနပညာရှင်၊ပထဝီပညာရှင်တဦးဖြစ်ပါတယ်။၁၈၆၇ခုနှစ်ဖွားအင်္ဂလန်နိုင်ငံသားတဦးပါ။သူ့ဖခင်ဖြစ်သူဟာလည်းRoyal Geographical Society(RGS)အဖွဲ့ဝင်တဦးဖြစ်ပါတယ်။နောက်ပိုင်းသူဟာလည်းအဲဒီအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတောင်အေမေရိကတိုက် အမေဇုံဒေသကိုနိုင်ငံရေးကိစ္စကြားဝင်စေ့စပ်မှုတခုအတွက်စေလွှတ်ခြင်းခံရသူဖြစ်ပါတယ်။အဲဒီမှာနယ်မြေတိုင်းတာမှုတွေစစ်တမ်းကောက်ရင်းအမှတ်မထင်တောကြီးမျက်မည်းထဲမှာရှေးလူ့အသုံးအဆောင်ပစ္စည်းတွေကိုတွေ့ရှိခဲ့ပါတယ်။အဲဒီကစပြီးအဲဒီဒေသမှာပျောက်ဆုံးကွယ်ပျောက်နေတဲ့သူကိုယ်တိုင်Zလို့နာမည်ပေးထားတဲ့ရှေးဟောင်းမြို့ကြီးတမြို့ရှိလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။သူဟာ၁၉၀၆ခုနှစ်ကနေ ၁၉၂၄ခုနှစ်အတွင်းစူးစမ်းရှာဖွေမှု၇ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပါတယ်။တျောက်လျောက်သူလိုချက်တဲ့ရည်မှန်းချက်မအောင်မြင်ခဲ့ပေမယ့်သူလုံးဝစိတ်မပျက်ခဲ့ပါဘူး။ဒါပေမယ့်သက်သေအထောက်အထားတွေတော့ပြနိုင်ခဲ့ပါတယ်။နောက်ဆုံးတခေါက်၁၉၂၅ခုနှစ်မှာသူ့သားဖြစ်သူJack Percy Fawcettနဲ့အတူတူသွားခဲ့ပြီးတဲ့နောက်မှာတော့သတင်းအစအနပျောက်သွားပါတယ်။သူတို့ကိုအဲဒီအချိန်ကစပြီးနောက်ထပ်မတွေ့ရတော့ပါဘူး။အဲဒီကိစ္စဟာပဟေဠိတခုလိုဖြစ်နေခဲ့ပါတယ်။သူတို့အဲဒီမြို့ကိုတွေ့ခဲ့ကြသလား။ဘာတွေဖြစ်ခဲ့ကြလဲဆိုတာတော့သူတို့ကိုယ်တိုင်ပဲသိနိုင်မှာပါ။ဒီကားလေးဟာလည်း၁၉၀၅ခုနှစ်ကနေစပြီးသူ့ရဲ့ကြိုးစားခဲ့မှုတွေအမေဇုံလိုတောကြီးမျက်မည်းထဲမှာအန္တာရာယ်အမျိုးမျိုးရဲ့ကြားရုန်းကန်ခဲ့ရမှုတွေကိုရိုက်ပြထားတဲ့ကားကောင်းလေးတကားဖြစ်ပါတယ်။လူတယောက်ရဲ့ဇွဲလုံလ၊အဲဒီခေတ်အခါကရူးသွပ်မှုတွေစွန့်စားမှုတွေကိုမြင်တွေ့ရမှာပါ။တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားအနေနဲ့ဇာတ်ရှိန်အေးအေးလေးနဲ့ဆွဲခေါ်သွားမယ့်ကားလေးဖြစ်ပါတယ်။အေးအေးဆေးဆေးနားနားနေနေကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။Ratingအနေနဲ့လည်း 6.6/10 ထိရထားတဲ့ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်) File Size : (853 MB) Quality : 720p Bluray Running Time : 2hr 21minutes Format : Mp4 Genre : Biography, Drama, History Translated By Thura Zarni Aung Encode By Thanhtike Zaw
movie
The Lost City of Z (2017)
2017