Channel Myanmar

Masatō Ibu

Godzilla vs. Megaguirus (2000) 6.0
Godzilla vs. Megaguirus (2000) Godzilla vs. Megaguirus (2000)=========================Millennium era ရဲ့ဒုတိယဇာတ်ကားဖြစ်ပါတယ်။ထုံးစံအတိုင်း ဂေါ်ဇီလာဟာ ဂျပန်ကိုချေမွဖျက်ဆီးဖို့နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဂျပန်တွေမှာ သူတို့ကိုယ်သူတို့ကာကွယ်ဖို့ လက်နက်အသစ်နှစ်မျိုးရှိနေခဲ့ပါပြီ။ အဲ့ဒါတွေကတော့ Gryphon ဆိုတဲ့ အဆင့်မြင့်နည်းပညာသုံးယာဉ်တစ်စင်းနဲ့ Dimension Tide လို့ခေါ်တဲ black holes တွေဖန်တီးနိုင်တဲ့ကိရိယာတစ်မျိုးဖြစ်ပါတယ်။ Dimension Tide ကိုစမ်းသပ်ချိန်မှာ ရှီဘူရာမြို့တွင်းမှာ ထူးခြားတဲ့ဥကြီးတွေပေါ်ပေါက်လာပြီး အဲ့ဒီကနေ Meganuron လို့ခေါ်တဲ့ ပုဇဉ်းကြီးတွေပေါက်ဖွားလာပါတယ်။အဲ့ဒီပုဇဉ်းကြီးတွေက သူတို့ဘုရင်မသားလောင်းအတွက် စွမ်းအင်ရဖို့ ဂေါ်ဇီလာကိုစုစည်းတိုက်ခိုက်ခဲ့ကြပြီးနောက်မှာတော့ Megaguirus ဆိုတဲ့ဧရာမပုဇဉ်းဘုရင်မကြီးဖြစ်ပေါ်လာခဲ့ပြီး ဂေါ်ဇီလာ၊Megaguirus နဲ့ လူသားတို့ကြားမှာ သုံးပွင့်ဆိုင်တိုက်ပွဲကြီး ဆင်နွဲကြရတော့မှာပါ။ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမလဲ နောက်ဆုံးမှာ ဘယ်သူကျန်မလဲဆိုတဲ့အဖြေကိုဇာတ်ကားထဲမှာရှုစားကြရမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.1GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Adventure Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Godzilla vs. Megaguirus (2000)

[18+] Love Hotel (1985) 6.5
[18+] Love Hotel (1985) Love Hotel (1985)မှောင်နေတဲ့ထဲမှာ အမှောင်ခန်းတွေပါတဲ့ အချစ်ဇာတ်ကားလေးဖြစ်ပါတယ်။အချစ်ဟိုတယ်ဆိုတဲ့နာမည်အတိုင်း မင်းသားနဲ့ မင်းသမီးက အချစ်ဟိုတယ်မှာ စတွေ့ကြပါတယ်။ မင်းသမီးကတော့ အချိန်ပိုင်း ဖျော်ဖြေတဲ့သူဖြစ်ပြီးတော့ မင်းသားကတော့ အကြွေးတွေများလို့ စိတ်ဓာတ်ကျပြီး တစ်ယောက်တည်းသတ်သေရမှာပျင်းလို့ အဖော်ခေါ်သွားချင်တာနဲ့ ဖျော်ဖြေရေးခေါ်ရာကနေ တွေ့ကြပါတယ်။သတ်သေဖို့စီစဉ်ထားပေမဲ့ ကောင်မလေးမျက်နှာမြင်ပြီး စိတ်ပြောင်းသွားလို့ ကောင်မလေးကို ခုတင်ပေါ်မှာ ပစ်ထားပြိး လစ်ပြေးသွားပါတယ်။နောက်တော့ မင်းသားက တက္ကစီဒရိုက်ဘာလုပ်နေရင်း မင်းသမီးကို ပြန်တွေ့ပါတယ်။ မင်းသမီးက ဖျော်ဖြေရေးမလုပ်တော့ဘဲ တခြားအလုပ်လုပ်နေပေမဲ့ အတိတ်က အရိပ်ဆိုးရဲ့ ဖုံးလွှမ်းမှုကို ခံနေရပါတယ်။တက္ကစီဒရိုက်ဘာမင်းသားက သူ့ကိုယ်သူသတ်မသေအောင် စိတ်ပြောင်းပေးနိုင်တဲ့ မင်းသမီးကိုကြွေသွားပြီး မင်းသမီးကလည်း သူ့ကို မုဒိမ်းကျင့်သတ်ဖို့ စီစဉ်ပေမဲ့ မလုပ်ဖြစ်တဲ့ မင်းသားကို ကြိုက်သွားပါတယ်။ဒါပေမဲ့ သူတို့အချစ်ခရီးလမ်းက အိမ်ထောင်ရေးဖောက်ပြန်မှုလမ်းခွဲတွေ အများကြီး ကွေ့ဝင်ထားတာကြောင့် စိတ်ဝင်စားစရာ ဇာတ်ကွက်လေးတွေကို တဝကြီးကြည့်ရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို s မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 750MB Quality ...
movie

[18+] Love Hotel (1985)

1985
Goemon (2009) 6.6
Goemon (2009) Goemonဂျပန်သမိုင်းနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေ နင်ဂျာတွေ ရှိုးဂန်းတွေအကြောင်း စိတ်ဝင်စားတဲ့သူတွေ အတွက် ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အရှင် နိုဘုနဂါက ဂျပန်ပြည်ကို စုစည်းဖို့ကြိုးစားခဲ့ပြီး သူ့ရည်ရွယ်ချက်တွေ မအောင်မြင်ခင်မှာပဲ သူ့ရဲ့ယုံကြည်ရတဲ့ လက်အောက်ခံက လုပ်ကြံတာကိုခံခဲ့ရပါတယ်။အဲဒီနောက်မှာတော့ အရှင် ဟိဒဲရောရှိက နန်းတက်လာပြီး ဆယ်စုနှစ်ကျော်ကြာအောင် အုပ်ချုပ်နေခဲ့ပါတယ်။ ၁၅နှစ်ခန့်အကြာမှာတော့ သူဟာ စစ်အင်အားစုစည်းပြီး ကိုရီးယားနဲ့တရုတ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ကြံစည်နေပါတယ်။အဲဒီအချိန်မှာ လျင်မြန်ဖြတ်လတ်ပြီး ဆင်းရဲသားတွေအပေါ်ကျ ကြင်နာတတ်တဲ့ ရော်ဘင်ဟုလိုမျိုး သူခိုးတစ်ယောက်က ရှိနေပါတယ်။ သူ့ရဲ့နာမည်ကတော့ ဂိုအဲမွန်ဖြစ်ပြီးတော့ လူတွေကသူ့ကိုသဘောကျကြပြီး ဖမ်းမမိနိုင်တဲ့သူခိုး တစ်ယောက်ပါ။ အများစုအမြင်မှာတော့ သူခိုးတစ်ယောက်ပေမဲ့ သူ့မှာ လျှို့ဝှက်ထားတဲ့အတိတ်နဲ့ ဆက်နွယ်မှုတွေက ရှိနေပါတယ်။ ဂိုအဲမွန်ရဲ့အကြောင်း ထီးနန်းနဲ့နန်းတွင်းရဲ့စစ်ပွဲတွေအကြောင်း နင်ဂျာတွေအကြောင်းကို ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(1.4GB) Quality__WEB-DL_720p IMDb Rating__6.6/10 Format__mp4 Duration__02:08:00 Type__Action, History Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin ...
movie

Goemon (2009)

Museum (2016) 6.1
Museum (2016) Museumလူသတ်သမားကို လိုက်ရှာဖမ်းတဲ့ စုံထောက်ရုပ်ရှင်တွေထဲမှာမှ စိတ္တဇ ကွင်းဆက်လူသတ်သမားရုပ်ရှင်တွေက ပိုထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတာကို သိကြမှာပါ။ ဒီကားကလည်း အခုလို genre ကြိုက်တဲ့သူတွေအတွက် အချိန်ကုန်ရတန်စေမဲ့ ဂျပန် စုံထောက်ရုပ်ရှင်တစ်ကားပါ။စုံထောက် ဆဝမူရက အလုပ်ကြိုးစားတဲ့သူတစ်ယောက်ဖြစ်ပြီး ၂၄/၇ အလုပ်ပဲလုပ်နေတာကြောင့် အိမ်သူဇနီးနဲ့ သားလေးကို ပစ်ထားမိသလိုဖြစ်နေပါတယ်။ သူ့မိန်းမကလည်း တရားစီရင်ရေးဂျူရီတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ ၄နှစ်တုန်းက လူသတ်မှုတစ်ခုကို သေဒဏ်စီရင်ချက် ချပေးဖူးပါတယ်။ သေဒဏ်ကျခံရတဲ့အပြစ်သားက စီရင်မခံဘဲ ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။အခုချိန်မှာတော့ အဲဒီအမှုကိုစီရင်ခဲ့တဲ့ ဂျူရီ၉ယောက်ဟာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရပါပြီ။ ဂျူရီတစ်ယောက်ချင်းစီကို မတူညီတဲ့သတ်နည်းတွေနဲ့ ပြစ်ဒဏ်ပေးတယ်ဆိုပြီးလိုက်သတ်တာကို ခံလာရတာကြောင့် ဒီအမှုနဲ့ပတ်သက်ပြီး ပြန်စုံစမ်းဖို့ဖြစ်လာပါတယ်။ မိသားစုကိုပစ်ထားတဲ့ ဆဝမူရတစ်ယောက် မိန်းမကိုဘယ်လိုကယ်ဖို့ကြိုးစားမလဲဆိုတာနဲ့ လူသတ်သမားရဲ့ရောဂါနဲ့ဆိုင်တဲ့စိတ်ချို့ယွင်းမှုတွေကို ဖော်ထုတ်သွားမဲ့ ဇာတ်ကားပါ။( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Ingyin San ပါ )File Size__(1.9GB) / ...
movie

Museum (2016)

Cyborg She (2008) 7.0
Cyborg She (2008) Cyborg She (2008)_____IMDb - 7.0/10    လွန်ခဲ့တဲ့ ၄ နှစ် ဝန်းကျင်လောက်က ပြန်ခဲ့တဲ့ ကျွန်တော့်ရဲ့ပထမဆုံးသော မြန်မာစာတန်းထိုး ရုပ်ရှင် ဇာတ်ကားဖြစ်ပါတယ်..ကြိုက်လွန်းလို့ကိုမရမကပြန်ရှာပြီးဘာသာပြန်ပေးရတဲ့ဇာတ်ကားလေးဖြစ်သလို ဘာသာပြန်ပိုး ဝင်သွားတာလည်းဒီဇာတ်ကားကြောင့်ပါ..ကဲ..ကြည်နူးဖို့ကောင်းတဲ့ဂျပန်ဇာတ်ကားလေး ရဲ့ အညွှန်းကိုဖတ်ကြည့်ရအောင် IMDb Rate ကလည်း 7.0 အထိရထားတဲ့ဇာတ်လမ်းကောင်းလေး ဖြစ်ကြောင်းလည်းညွှန်းလိုပါတယ်..ပြန်ဒေါင်းပြီးသိမ်းထားကြပါ   ဇာတ်လမ်းအညွှန်း   အချိန်ခရီးသွားပြီးပြန်လည်တဲ့ စက်ရုပ်မလေး ဟာ 2008 ခုနှစ်က ဂျီရို ဆီကို လာပြီး ဂျီရို ဖြစ်လာမယ့် အန္တရာယ်တွေကြားမှာ ပြန်ကယ်..ဖြစ်လာမယ့်စိတ်ထိခိုက်စရာတွေကို လိုက်လံဖယ်ရှားပြင်ဆင်ပေးရင်ကနေ..ဂျီရိုတစ်ယောက် စက်ရုပ်မလေးအပေါ်ကို သံယောဇဉ်တွေ တွယ်လာပါတယ်..စက်ရုပ်တစ်ရုပ်ကို ချစ်မိတဲ့ ဂျီရို .. နှလုံးသားဆိုတာမပါပဲ..စက်ချည်းသက်သက်သာဖြစ်တည်နေတဲ့ စက်ရုပ်မလေး ဒီ၂ဦးကြားမှာဘာတွေဖြစ်မလဲ..အချစ်ဇာတ်လမ်းတွေဘယ်လိုရှေ့ဆက်မလဲဆိုတာ ကြည့်လိုက်ဦးနော်..ဇာတ်သိမ်းမှာလည်းသပ်ရပ်စွာသိမ်းသွားပြီး..ဘယ်လိုမှမထင်ထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်..အကြိုက်ဆုံး ဂျပန်ကားတွေထဲက တစ်ကားလို့သာဆိုပါရစေ    File Size : 1.27 GB | Quality : Blu-Ray 720p | Format : mp4 | Subtitle : Myanmar Subtitle ( Hardsub ) | Translated By LK | Encoded By ...
movie

Cyborg She (2008)

2008