Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mars
6.5
Enter the Fat Dragon (1978)
ဒီဇာတ်ကားလေးကလည်း ဟောင်ကောင်မင်းသားကြီးတစ်လက်လည်းဖြစ်သလို နာမည်ကြီးဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ Sammo Hung ရဲ့ လက်ရာကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ Ah lung လို့ခေါ်တဲ့ ဝက်မွေးမြူရေးလုပ်တဲ့ လူငယ်လေးက ဘရုစ်လီကိုအရမ်းကြိုက်ပြီး ငယ်ငယ်ကတည်းက ဘရုစ်လီလိုဖြစ်ရမယ်ဆိုပြီး ခြေလှမ်းကွက်တွေလက်သီးသိုင်းတွေကို ကြိုးစားပြီးလေ့ကျင့်နေတဲ့သူပါ။ဒါပေမဲ့ သူကိုယ်တိုင်ကညဝတုတ်လေးဖြစ်နေတော့ လေ့ကျင့်နေသမျှက ရယ်စရာတစ်ခုလိုဖြစ်နေပါတော့တယ် ။ ဒီလိုနဲ့ သူမြို့ကစားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ဖို့ထွက်လာတုန်း စားသောက်ဆိုင်မှာ လူရမ်းကားတစ်စုပြဿနာရှာနေတာနဲ့တိုးပါတော့တယ် ။ သူလည်းသူ့ကိုယ်သူသက်သေပြတဲ့အနေနဲ့ လူရမ်းကားတွေကိုတိုက်ထုတ်ပြီး စားသောက်ဆိုင်ကိုကယ်တင်ခဲ့ပါတယ် ။ အဲဒီအငြိုးကြောင့် မကျေနပ်တဲ့ လူရမ်းကားတွေဟာ သူ့ရဲ့အလုပ်ဖော်ကောင်မလေးကို ပြန်ပေးဆွဲသွားချိန်မှာတော့...Ah lung တစ်ယောက် လူရမ်းကားတွေကိုနိုင်ပါ့မလား ? ထင်ထားသလိုရော သူ့ရဲ့သိုင်းပညာက မြင့်မားပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်လို့ အခုပဲကြည့်ရှုလိုက်ဖို့တိုက်တွန်းပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Reviewed By Kay Thwe Phyoe Encoded by ...
movie
Enter the Fat Dragon (1978)
6.9
Police Story 3: Super Cop (1992)
Police Story ဆိုတာနဲ့ မင်းသားကြီး ဂျက်ကီချန်းဇာတ်ကားတွေမှန်း သိပြီးသားဖြစ်မှာပါ။Police Story နာမည်နဲ့ ဂျက်ကီချန်းဇာတ်ကား ၆ ကားထွက်ပါတယ်။ဒီဇာတ်ကားမှာတော့.... တရုတ်ပြည်မကြီးက လူဆိုးဂိုဏ်းကို ဖြိုခွင်းဖို့ ဟောင်ကောင်ရဲတွေက ထိုးထည့်လိုက်လို့ ဂျက်ကီချန်းတစ်ယောက် အူကြောင်ကြောင်နဲ့ တရုတ်ပြည်ရောက်လာရာက စပါတယ်။ မင်းသမီးကတော့ မီရှဲယိုပါ။ ရှေ့ကဇာတ်ကားတွေနဲ့ချိတ်ဆက်ထားတာကြောင့်လဲ တချို့နေရာတွေမှာ အတော်လေးရယ်ရပါတယ်။ File size…(1.96 GB)/(1.15 GB GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield
movie
Police Story 3: Super Cop (1992)
1992
7.1
Police Story 2 (1988)
Police Story ဆိုတာနဲ့ မင်းသားကြီး ဂျက်ကီချန်းဇာတ်ကားတွေမှန်း သိပြီးသားဖြစ်မှာပါ။Police Story နာမည်နဲ့ ဂျက်ကီချန်းဇာတ်ကား ၆ ကားထွက်ပါတယ်။ဒါကတော့ ဒုတိယမြောက်ကားလေးပါ.....ဒီဇာတ်ကားလေးထဲမှာတော့ ပထမကားရဲ့ အမှုနဲ့ချိတ်ဆက်ထားပြီးနောက်ထပ် ဘာတွေထပ်ဖြစ်ဦးမလဲ.....ဘယ်လို ဖိုက်တင်ကောင်းကောင်းလေးတွေကို ဟာသနှောပြီးကြည့်ရဦးမလဲ ဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦး..... File size…(2.3 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield
movie
Police Story 2 (1988)
1988
7.5
Police Story (1985)
ကယ်ဗင် တဖြစ်လည်း ဂျက်ကီချမ်း ဟာ အထူးရဲဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တစ်ယောက်ပါ။ တစ်နေ့မှာ သူတို့ဟာ မူးယစ်ဆေးကုန်သည်အကောင်ကြီးဖြစ်တဲ့ ချူထောင်ကို ဖမ်းဆီးဖို့ စစ်ဆင်ရေးစကြပါတယ်။ စစ်ဆင်ရေး အောင်မြင်ပြီး ကယ်ဗင်တစ်ယောက် ချူထောင်ကို ဖမ်းမိလိုက်နိုင်ပေမယ့် သူ့ကိုထောင်ချဖို့အထိ သက်သေမလုံလောက်တဲ့အတွက် ချူထောင်ရဲ့အတွင်းရေးမှူးဖြစ်တဲ့ မစ္စဖောင်ကို အမှုကကွင်းလုံးကျွတ်လွှတ်ပေးမည် ဖြစ်ပြီး တရားခွင်မှာ မျက်မြင်သက်သေအဖြစ် ချူထောင်ရဲ့ဒုစရိုက်မှုတွေကို ဝန်ခံထုတ်ပြောစေဖို့ ရဲဌာနဘက်က ကမ်းလှမ်းခဲ့ပါတယ်။ကမ်းလှမ်းချက်ကိုလက်ခံလိုက်တဲ့ မျက်မြင်သက်သေမစ္စဖောင်ကို ကာကွယ်ဖို့အတွက် ကယ်ဗင်ကို တာဝန်ပေးလိုက်ပါတော့တယ်။ ချူထောင်ဟာ တရားခွင်မှာ မစ္စဖောင်တစ်ယောက် ဝန်ခံထုတ်ပြောမှာစိုးတဲ့အတွက် မစ္စဖောင်ကိုရော ကယ်ဗင်ကိုပါ နှုတ်ပိတ်ပစ်ဖို့အတွက် သူ့လူတွေကို စေခိုင်းလိုက်ပါတော့တယ်။ ချူထောင်ဟာ ရဲဌာနအတွင်းမှာပါ သူလျှိုတွေထည့်ထားတဲ့အတွက် ကယ်ဗင့်ခမျာ သူ့အားသူကိုးပြီး မစ္စဖောင်ကို ဘယ်လိုကာကွယ်မလဲ၊ ချူထောင်ကို ထောင်ထဲထည့်နိုင်ဖို့အရေးကို ဘယ်လိုကြိုးပမ်းမလဲဆိုတာကို ထုံးစံအတိုင်း တမိုးအောက်ဂျက်ကီချန်း ဖြစ်တဲ့အတွက် တိုက်ရည်ခိုက်ရည် အက်ရှင်ခန်းကောင်းကောင်းနဲ့ ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ File ...
movie
Police Story (1985)
1985
7.3
Project A (1983)
IMDb (7.4/10).....Rotten Tomatoes (83%) ဂျက်ကီချန်းရဲ့ နာမည်ကျော်ဇာတ်ကားဖြစ်ပါတယ်။ Non-stop Action တွေမို့လို့ ကြည့်ရတာ လုံးဝတန်မှာပါ။ Action အတော်များများကို Special Effect တွေမသုံးဘဲ လူကိုယ်တိုင်ရိုက်ကူးထားပါတယ်။ ဟာသဆန်ပြီး သွက်လက်လွန်းတာကြောင့် ဇာတ်လမ်းလေးတိုလွန်းတယ်လို့ မချင့်မရဲဖြစ်မိပါတယ်။ (Sher Lock Aye Nyein မှဘာသာပြန်တင်ဆက်ထားတာပါ။) File size…(4 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre...Action, Advanture, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Sher Lock Aye Nyein
movie
Project A (1983)
1983
6.3
Dragon Lord (1982)
ကျွန်တော်တို့ရဲ့ childhood Kung Fu Heroကြီးဖြစ်တဲ့ ဂျက်ကီချန်းကားလေးပါဒီကားလေးမှာတော့ဂျက်ကီချန်းနဲ့သူ့သူငယ်ချင်းဟာ သူတို့ရွာရဲ့အရှေ့ပိုင်းကသူဌေးသားနှစ်ယောက်ပါ သူတို့ကမြင်းသမျှသူ့အဖေတွေကလိုက်ရှင်းနေကြရတာပါ။ဒီလိုနဲ့ တစ်နေ့ကမြင်းကျောထရင်းတိုင်းပြည်ရတနာတွေမှောင်ခိုရောင်းတဲ့အဖွဲ့နဲ့သွားရှုပ်မိပါတော့တယ် မှောင်ခိုအဖွဲ့နဲ့ကလေးနှစ်ယောက်တိုက်ပွဲကိုရှယ်ကြည့်ရမှာပဲဖြစ်ပါတယ် ဂျက်ကီချန်းကားတွေပီပီဟာသဆန်ဆန်စတန့်ကြမ်းကြမ်းတွေလဲမြင်ရမှာပါ သူတို့ရွာရဲ့ထူးထူးဆန်းဆန်းကစားပွဲတွေအကြောင်းလဲပါသေးတာမို့လို့ကြည့်ရှုခံစားပေးပါဦး..... File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Action, Comedy, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by T.Lone
movie
Dragon Lord (1982)
7.1
The Young Master (1980)
The Young Master (1980)~ IMDb - 7.1/10, Rotten Tomatoes - 79% ~ဂျက်ကီချမ်းကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်းကူရေး သရုပ်ဆောင်ထားတဲ့ Classics ကားပေါ့။ သူ ဒါရိုက်တာစလုပ်တဲ့ ဒုတိယကားဆိုလည်း ဟုတ်တယ်။ ပထမကားကတော့ The Fearless Hyena တဲ့။ သိပ်တော့မကောင်းခဲ့ဘူး။ ဒီကားကတော့ အများကြီးပိုတိုးတက်လာခဲ့ပုံပါပဲ။သူ့ဇာတ်က တရုတ်ရိုးရာ ခြင်္သေ့အကကတာကနေ အခြေပြုထားတယ်။ ဒီနောက် ပြဿနာတွေတက် သူ့ဆရာက သူ့အစ်ကိုနဲ့ရန်ဖြစ်ပြီး ထွက်သွား နည်းနည်းတော့ဇာတ်နာတဲ့ဟန်နဲ့ပေါ့။ သူက သူ့အစ်ကိုနောက်လိုက်ပြီး သွားပြန်ခေါ်ဖို့လုပ်ရာကနေ ဟာသတွေ စလာတယ်ပြောရမှာပဲ။ နောက်ပိုင်းအဆုံးထိ ဘော့စ်နဲ့တိုက်တဲ့အခန်းအထိ ဟာသတွေရဲ့အရှိန်ဟာ တက်ပြီးရင်းတက်လာခဲ့တယ်။ ပြောရရင် ဂျက်ကီချမ်း အငွေ့အသက်အပြည့်ရတဲ့ အက်ရှင်ဟာသကားပေါ့။ သူ့ရဲ့ အကောင်းဆုံးကားတွေကို စာရင်းလုပ်ရင် ဒီကားက ၁ကနေ ၁၀အတွင်း တစ်နေရာရာမှာတော့ရှိနေမယ်ထင်ရတာပါပဲ။စိတ်မကောင်းစရာကတော့ ဒီကားရဲ့ ၃နာရီဗားရှင်းဟာ ...
movie
The Young Master (1980)
1980
7.8
Game of Death II (1981)
Bruce Lee fan တိုင်းကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားမှာ Bruce Lee ဟာ ဘီလီလိုဆိုတဲ့ ဇာတ်ရုပ်နဲ့ပါ၀င်သရုပ်ဆောင်ထားပြီး မိတ်ဆွေတစ်ယောက်ရဲ့ ထူးဆန်းတဲ့သေဆုံးမှုကို လိုက်စုံစမ်းနေတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူဟာလည်း အသတ်ခံလိုက်ရပြီးနောက်မှာ သူ့ရဲ့ညီက သူ့အတွက်ကလဲ့စားချေတဲ့ပုံစံကိုတွေမြင်ရမှာပါ။ ဇာတ်လမ်းလေးကဒါပါပဲ။ Bruce Lee ပါတာမှ နည်းနည်းလေး။ ဒါဆိုဘာလို့ Burce Lee fan တိုင်းကြည့်သင့်တယ်လို့ပြောတာလဲ။ ဘာလို့ဆို ဒီဇာတ်ကားက သူနောက်ဆုံးရိုက်ခဲ့တဲ့ဇာတ်ကားမလို့ပါ။ ပြီးတော့ သူအသတ်ခံလိုက်ရတဲ့အခန်းဟာ အပြင်မှာလည်း တကယ်သေသွားခဲ့တာပါ။ ထူးခြားဆန်းကြယ်တဲ့ Bruce ရဲ့သေဆုံးမှုကို မျက်မြင်ခံစားရမှာပါ။ ပြီးတော့ ဒီရုပ်ရှင်မှာ သူ့ရဲ့စည်ကားသိုက်မြိုက်ပြီးခမ်းနားတဲ့ တကယ့်အသုဘအခမ်းအနားက ပုံရိပ်တွေကိုထည့်သွင်းအသုံးပြုထားတဲ့အတွက် Burce ဟာ ဘယ်လိုလူလဲဆိုတာ လူတွေသူ့ကိုဘယ်လောက်လေးစားကြတယ် ချစ်ခင်ကြတယ်ဆိုတာ နားလည်လာပါလိမ့်မယ်။ ကဲအားလုံးပဲ။ ကြီးကျယ်ခမ်းနားတဲ့အက်ရှင်မင်းသားကြီးအတွက် အလွမ်းပြေလေး ကြည့်ရှုခံစားလိုက်ကြပါဦး။File Size - 1.1 gb Quality - 1080p Subtitle - burmese Translator - Nay Myo Thu Encoder - Thit San Khant
movie
Game of Death II (1981)
1981