Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mark Christopher Lawrence
5.0
Garfield (2004)
ကဲ Garfield တဲ့ . ဒီနာမည်လေးကြားတာနဲ့ကို မကြိုက်ဘဲနေနိုင်ဦးမလားခင်ဗျ။ 2004 ခုနှစ်ကထွက်ရှိခဲ့ပြီး ကြည့်ဖူးသည့််သူတိုင်း ကလေးအစ လူကြီးအဆုံး အရမ်းကိုကြိုက်နှစ်သက်ခဲ့တဲ့ Animation နဲ့လူပေါင်းစပ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းတစ်လျှောက်လုံး ရယ်မောဖွယ်ရာဟာသတွေနဲ့ Garfield လို့ခေါ်တဲ့ အသိဉာဏ်အရမ်းကြွယ်ဝတဲ့ ကြောင်လေးတစ်ကောင်ရဲ့ သရုပ်ဆောင်မှုတွေဟာ အရမ်းကိုပြည့်စုံလွန်းတယ်ထင်ရပါတယ်။ သူ့သခင်နဲ့ သူ့ရဲ့စကားပြောဆိုဆက်ဆံမှုဟာ ကြောင်နဲ့မတူဘဲ လူတစ်ယောက်ရဲ့အသိဉာဏ်မျိုးနဲ့ပြောဆိုမှုတွေဟာ ဒီဇာတ်ကားနာမည်ကြီးတဲ့ အဓိကအကြောင်းရင်းထဲက တစ်ချက်ပါပဲ။ ကဲ . ကြည့်ပြီးသားလူတွေလည်း Channel Myanmar ရဲ့ ဘာသာပြန်တင်ဆက်မှုနဲ့နောက်တစ်ခေါက်ပြန်ကြည့်ကြပါ။ ကိုယ့်မှာကလေးတွေ တူ.တူမတွေရှိလည်း ဒီကားလေးကိုပြန်ပြကြပါ။ File size…(1.6 GB)/(930 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Animation, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie
Garfield (2004)
5
Family Camp (2022)
Family Camp (2022)" ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုတဲ့ အိမ်... နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်... " တဲ့။အိမ်ဆိုတဲ့ပညတ်ဟာ ကိုယ့်စိတ်အတွက် အနွေးထွေးဆုံးနေရာတစ်ခုကို အစွဲပြုခေါ်ကြတဲ့ နာမည်ပဲမလား။ မိသားစုတွေ ပြေလည်တဲ့အခါ အိမ်ဟာနွေးထွေးလင်းလက်နေပြီး မိသားစုတွေ မပြေလည်တဲ့အခါ အိမ်ဟာ အေးစက်မှောင်မဲနေမှာပဲ။ ဒီရုပ်ရှင်ကတော့ မပြေလည်ကြတဲ့မိသားစုတွေကနေ နှလုံးသားတွေနွေးထွေးစေမယ့်အိမ်ဆီ သူတို့အလိုအရတော့ ဘုရားသခင်က အရိပ်ပြပေးပြီး သူတို့နှလုံးသားက ရှေ့ဆက်သွားရတဲ့အကြောင်းပေါ့။ မဟုတ်လည်း ဒီတိုင်း နှလုံးသားနဲ့ပဲ နွေးထွေးတဲ့အိမ်ဖြစ်အောင် ဘယ်လိုပြန်အသက်သွင်းကြမလဲ ကြည့်ကြရမှာပါ။ဒီရုပ်ရှင်ရဲ့အားသာချက်ကတော့ မိန်းဇာတ်လိုက်က မိသားစုနှစ်ခုပါ။ တစ်ခုက သိသိသာသာကို အိမ်ထောင်ရေးပြေလည်မနေတဲ့မိသားစု။ ဒုတိယတစ်ခုကတော့ လူရှေ့သူရှေ့မှာ ပြေလည်နေပြီး ဟန်ပဲရှိတဲ့မိသားစု။ ဒီမပြေလည်တဲ့ မိသားစုနှစ်ခုက လင်ယောက်ျားတွေဟာ စခန်းချခရီးတစ်ခုမှာတွေ့ကြရာက ပြေလည်တဲ့မိသားစုတစ်ခုဖြစ်အောင် ဘယ်လိုကြိုးစားကြမလဲကြည့်ရမှာပါ။ ဒုတိယမိသားစုက အများအမြင်ပြေလည်နေပေမဲ့ အတွင်းထဲဗလောင်ဆူနေတဲ့ မိသားစုဆိုတော့ အပြင်ပန်းပြေလည်ခြင်းဟာ အပြင်ပန်းမပြေလည်ခြင်းထက် ပိုဆိုးတဲ့အခြေအနေတစ်ခုကိုတွန်းပို့ထားတာကိုလည်း ပြထားတယ်။ နောက် ...
movie
Family Camp (2022)
2022
6.0
That Darn Cat (1997)
[Unicode]That Darn Cat(1997)ဆရာသမားတို့ အိမ်ကမြောင်မြောင်လေးကအိပ်လိုက်စားလိုက်နဲ့ ကြွက်တောင် မခုတ်လို့ အသုံးမကျဘူးလို့ ထင်နေပါသလားဒီလိုဆိုရင်တော့ မှားမယ်နော်မြောင်မြောင်လေး စွမ်းဆောင်နိုင်တဲ့အရာတွေ အများကြီးရှိပါတယ်ဒီဇာတ်ကားလေးထဲ ကြည့်လိုက်ရအောင်... ဇာတ်လမ်းအစမှာတော့ ပြန်ပေးဆွဲတဲ့သူနှစ်ယောက်က သူဌေးမကြီးနဲ့ အိမ်ဖော်အဒေါ်ကြီးကို မှားပြီး ပြန်ပေးဆွဲတာကနေစထားပါတယ်ထိုမြို့ငယ်လေးက ဆယ်ကျော်သက်ကောင်မလေးဆီမှာ ဒီစီလို့ခေါ်တဲ့ မြောင်မြောင်လေးတစ်ကောင်ရှိပါတယ်ဒီစီက ဆရာသမားတို့အိမ်ကမြောင်မြောင်လိုပဲ အိပ်လိုက်စားလိုက်ပေါ့ဗျာအဲ့ဒီအပြင်ကို ည ၈ နာရီဒေါင်ခနဲထိုးတာနဲ့ တစ်မြို့လုံးလျောက်ပတ်တတ်သေးတယ်ဒီလိုပတ်ရင်းနဲ့ တစ်နေ့တော့.....အိပ်လိုက်စားလိုက် မြို့ပတ်လိုက်ပဲလုပ်နေတဲ့ ဒီစီလေးဆီကနေတွေ့တဲ့အရာတစ်ခုကနေပိုင်ရှင်ဆယ်ကျော်သက်ကောင်မလေးနဲ့ ထိုမြို့က လုပ်တိုင်းလွဲနေတဲ့ စုံထောက်တစ်ယောက်ဒီအမှု့ကို ဘယ်လိုမျိုး ဖော်ထုတ်ကြမလဲဆိုတာ ဟာသဆန်ဆန် ကြည့်ရမှာပါဒီကားကြည့်ပြီး အိမ်ကမြောင်မြောင်ကိုဒီစီလို အတင်းတွေအပြင်ပေးမသွားနေဖို့လည်း ကြိုပြောချင်ပါတယ်ဗျို့ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Amelia ပါ )Quality__1080p , 720p IMDb Rating__6.0/10 Format__mp4 Duration__01:30:00 Type__Comedy , Family Subtitle__Myanmar Subtitle (Hardsub) Translated by Amelia Encoded by Naing Aung Latt
movie
That Darn Cat (1997)
1997