Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marco Gumabao
5.5
Rooftop (2023)
Rooftop (2023)===========မိုးအေးအေးလေးနဲ့စောင်ခြုံပြီးဇိမ်နဲ့ကြည့်ရမယ့် ရှယ်ကြမ်းတဲ့သရဲကားပါ။ အဆောင်ရဲ့အုပ်ထိန်းသူတွေကျောင်းအားလပ်ရက်ခရီးထွက်သွားတုန်း ပိတ်ရက်အိမ်မပြန်တဲ့အဆောင်နေကျောင်းသားတစ်စုကျန်ခဲ့ပါတယ်။ အဆောင်မှာသူတို့ချည်းပဲ လွတ်လွတ်လပ်လပ်ကျန်ခဲ့တာမို့ လူငယ်တွေပီပီ ခေါင်မိုးထပ်မှာသောက်ကြစားကြပျော်ကြပါးကြဖို့စီစဉ်ကြပါတယ်။တကယ်တမ်းတော့ခေါင်မိုးထပ်ဟာ တာဝန်ရှိသူတွေကလွဲလို့ဘယ်သူမှမတက်ရတဲ့တားမြစ်နယ်မြေပါ။ အဲ့ဒါကြောင့် သူတို့နဲ့ရွယ်တူကျောင်းစောင့်ကောင်လေးကို သိမ်းသွင်းပြီး သူ့ကိုပါအတူတူခေါ်ပြီး သောက်စားမူးယစ်ကြပါတယ်။အသောက်များလာ ညနက်လာတာနဲ့အမျှ အသိစိတ်တွေလွတ်ပြီးစကြနောက်ကြရာကနေ ကျောင်းစောင့် ပေါလ်ဟာခေါင်မိုးပေါ်ကလိမ့်ကျသေဆုံးသွားပါတော့တယ်။အဲ့ဒီကျမှ အမူးတွေပြေ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတဲ့ သူတို့တစ်စုဟာ အဆောင်မှာ မသိသလိုနေလိုက်ပြီး မနက်လင်းအလောင်းကိုရှာတွေ့တဲ့သူနဲ့ချော်လဲရောထိုင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါပေမယ့်လည်း အငြိုးကြီးလွန်း ဇပြင်းလွန်းတဲ့ ပေါလ်ကတော့ လိမ့်ကျသေတဲ့နေရာမှာမနေပဲ သူတို့တစ်အုပ်လုံးကိုကလဲ့စားချေတော့မှာပါ။ ခြောက်လှန့်ခန်းတွေ၊မိတ်ကပ်အထူးပြုလုပ်ချက်တွေ ပီပြင်ပြီး အစကနေအဆုံးအထိ ရင်မသည်းဖိုကြည့်ရမယ့် ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:24:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Rooftop (2023)
[18+] My Husband, My Lover (2021)
အဲလိုက်စ်ဟာ အလွန်အောင်မြင်ပြီး ထက်မြက်တဲ့မိန်းမတစ်ယောက်ဖြစ်သလို အိမ်ထောင်နှစ်ခုကိုတစ်ပြိုင်တည်းဦးဆောင်နေတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်ပါတယ်။ဟုတ်ပါတယ် အိမ်ထောင် ''နှစ်ခု'' ပါ။ဂရုစိုက်ကြင်နာတတ်ပြီး သူ့လိုပဲထက်မြက်တဲ့ခင်ပွန်းသည် နိုဝယ်ကို အဲလိုက်စ်တာဝန်ကျေသလိုပဲ တစ်ဖက်ကအိပ်ယာထဲမှာအကြမ်းပတမ်းအစွမ်းပြတတ်တဲ့တိတ်တိတ်ပုန်းချစ်သူ ဒင်းနစ်စ်ကိုလဲ မလစ်ဟင်းစေရပါဘူး။အားလုံးဟာ အဆင်ပြေပြေလည်ပတ်နေခဲ့ရာကနေ သူကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ ဇောက်ထိုးမိုးမျှော်တွေဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ကလေးအဖေဟာ တိတ်တခိုးချစ်သူဖြစ်တယ်လို့သူ့ဟာသူဆုံးဖြတ်ချက်ချပြီး ဒင်းနစ်စ်နဲ့သွားပေါင်းဖက်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် ကလေးက အဖတ်မတင်သလိုဒီအင်အေစစ်ဆေးချက်အရ ကလေးအဖေဟာ သူ့ခင်ပွန်းအရင်း နိုဝယ်ဆိုတာသိလိုက်ရပါတယ်။ အဲ့ဒီတော့ နိုဝယ့်အပေါ်တဖန်ဂရုဏာစိတ်တွေယိုဖိတ်ပြီး ကားထဲမှာတစ်ခါ ဟိုတယ်မှာတစ်ခါတာဝန်တွေကျေမိပြန်ပါတယ်။အရင်က နိုဝယ်နဲ့ပေါင်းနေပေမယ့် အခုတော့ ဒင်းနစ်စ်နဲ့ပေါင်းနေတာဖြစ်တဲ့အတွက် သူကဘယ်သူ့အပေါ်ဖောက်ပြန်ရာကျနေမလဲ။ ဘယ်သူကလက်ရှိအချိန်မှာ လင်ကြီးဖြစ်နေလဲ။ ဒီလိုပဲ နိုဝယ်ကလဲ သူအပေါ်ကျောင်းထဲက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ လွိုက်ဒါဆိုတဲ့ချစ်သူနဲ့တွဲနေပြီဖြစ်တဲ့အတွက် သူက စနိုက်ကြော်ရာကျနေမလား။ ဒါဆိုရင် အဲလိုက်စ်ဟာ ခြံခုန်နွားမကြီးလား စနိုက်ကြော်မကြီးလား ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ဒီလိုဇာတ်လမ်းမျိုးတွေကိုအကြီးအကျယ်စိတ်ဝင်စားတတ်တဲ့ ပရိသတ်တွေအကြိုက်ဖြစ်ပြီး တစ်ဖက်ဆီကိုတစ်လှည့်စီမျှအောင်ပြပေးထားတဲ့အတွက် ဟိုပရိုဖိုင်သွားချောင်းလိုက် ဒီပရိုဖိုင်သွားချောင်းလိုက် အလုပ်မရှုပ်တော့ပဲအဆင်ပြေမှာပါ။ပြီးတော့ဖြစ်နေတဲ့ အခြေအနေတွေအပေါ် သူတို့ရဲ့ဆုံးဖြတ်ချက်တွေ တုန့်ပြန်မှုတွေ အချင်းချင်းအဆုံခန်းတွေမှာ စကားနာထိုးကြပုံတွေဟာ အတုယူမှတ်သားဖွယ်ရာ မက်ဆေ့ချ်တွေအပြည့်အဝရမှာဖြစ်ပါတယ်။(၁၈ နှစ်အထက်မှကြည့်ခွင့်ရမယ့် ဇာတ်ဝင်ခန်းများပါဝင်ပြီး ဘယ်သူမှနစ်နာမှုမရှိအောင်သိမ်းပေးထားတဲ့ဒီဖိလစ်ပိုင် အချစ်ဇာတ်ကြမ်းရဲ့ ဇာတ်သိမ်းကလဲ အရမ်းကောင်းတယ်.. ရှယ်ပါပဲ။) File size…(1.2 ...
movie
[18+] My Husband, My Lover (2021)
6.7
Once Before(2020)
Once Before(2020)ငယ်သူချင်းတွေဆိုတာ အကြောင်းသိချင်းတွေဆိုတော့ တော်ရုံချစ်သူဖြစ်ကြတာမဟုတ်ဘူး...သူတို့အမြင်မှာ သူငယ်ချင်းအဆင့်ထက်မပိုသလို အတွင်းရေးတွေလည်း ပွင့်ပွင့်လင်းလင်းတိုင်ပင်လေ့ရှိကြတယ်...ဒီလိုအချိန်မှာ ငယ်သံယော်ဇဉ်ကနေ အချစ်ကိုကူးပြောင်းမှန်းသိလိုက်ပေမဲ့ သူငယ်ချင်းလို့ပဲ ကိုယ့်ကိုမြင်နေတာကိုသိတော့ ဆန္ဒတွေကိုမြိုသိပ်ရင်းအနားမှာရှိနေပေးတတ်ကြတဲ့သူတွေကိုမြင်ဖူးကြမှာပါ...ပိုဆိုးတာက ကိုယ်ကချစ်နေပေမဲ့ သူငယ်ချင်းက တခြားသူနဲ့ရည်းစားဖြစ်သွားရင်ဘယ်လောက်ခံစားရမလဲဆိုတာ ပြောပြဖို့တောင်လိုမယ်မထင်ပါဘူး...ဒီကားထဲမှာလည်း သူငယ်ချင်း(၂)ယောက်ရှိတယ်..ကောင်လေးက သူငယ်ချင်းစည်းကိုကျော်ချင်ပေမဲ့ကောင်မလေးကတော့ တခြားသူနဲ့ မေတ္တာမျှသွားလေရဲ့.....ဒီကားက အပေါ်ကရေးထားတာ သိပ်မဆန်းပေမဲ့သူတို့(၃)ယောက် နောက်ပိုင်းဖြစ်တဲ့အဖြစ်အပျက်တွေကတော့ဆန်းကျယ်တယ်....ဘာတွေလဲဆိုတာကတော့ ခံစားကြည့်ကြပါနော်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်...File Size : (850 MB) and (461MB) Quality : WEB-DL 720p Format…mp4 Duration…01:38:00 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie
Once Before(2020)
6.8
For the Broken Hearted(2018)
For the Broken Hearted(2018)လူတိုင်းက အချစ်ဦးကို မေ့လို့ရမှာမဟုတ်ဘူးထင်ပါရဲ့...အချစ်ဆိုတာ ချိုလား ခါးလား ရသမျိုးစုံ ခံစားနေကြလေရဲ့။ အချစ်ရှေ့မှာဒူးထောက်အရှုံးပေးကြသူရှိသလို အချစ်မှာပျော်ရွှင်နေကြသူလည်းရှိပါတယ်။ဒီဇာတ်ကားမှာလည်း လူသုံးယောက်ရဲ့အချစ်ရေးအကြာင်းကိုရိုက်ကူးပြသထားပါတယ်။သူတို့က ဘယ်လိုပုံစံနဲ့စတွေ့ခဲ့ပြီး ဘယ်လိုအချစ်မျိုးနဲ့တွေ့ကြုံခဲ့ပြီး ဘယ်လိုအဆုံးသတ်သွားကြတာလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစမှာတော့ အချစ်ရေးအဆင်မပြေလို့အန်တီအိမ်မှာသွားနေဖို့ ဆုံးဖြတ်လိုက်တဲ့ ဂျက်ခီနဲ့စတွေ့ရမှာပါ။ သူက ကားဂိတ်မှာ အတွေ့အကြုံတူညီတဲ့ကတ်နဲ့ဆုံခဲ့ပါတယ်။ ဒီလိုစကားပြောရင်း သူတိုနှစ်ယောက်က သူတို့ကြုံတွေ့ခဲ့တဲ့အကြောင်းတွေကို အချင်းချင်းပြောပြရင်ဖွင့်ခဲ့ပါတယ်။တကယ့်ကို ကြည့်ကောင်းပြီး လူငယ်ဘဝမှာကြုံတွေ့နိုင်တဲ့ အချစ်အကြောင်းတွေကို ချစ်စဖွယ်ရိုက်ကူးထားတဲ့အတွက်ကြောင့်စိတ်ဝင်တစားကြည့်ရှုအားပေးကြပါဦး။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ The One ပဲဖြစ်ပါတယ်...File Size : (900 MB) and (332 MB) Quality : WEB-L 720p Format…mp4 Duration…01:32:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by The One Encoded by Phyo Pyae
movie
For the Broken Hearted(2018)