Channel Myanmar

Man Kit Cheung

Twilight of the Warriors: Walled In (2024) 6
Twilight of the Warriors: Walled In (2024) Louis Koo ၊ Sammo Hung ၊ Richie Jen ၊ Lam Raymond စတဲ့ ဟောင်ကောင်မင်းသားတွေတစ်သီကြီးသရုပ်ဆောင်ထားတဲ့ အက်ရှင်ဝေဝေဆာဆာနဲ့ ဟောင်ကောင်မြို့ထဲက သီးခြားတံတိုင်းမြို့အကြောင်းအက်ရှင်ကားကိုတင်ပေးလိုက်ပါပြီ။ဇာတ်လမ်းကတော့ ၁၉ရာစုနှစ် ဟောင်ကောင်ရဲ့အုပ်ချုပ်ရေး မတည်ငြိမ်တဲ့ကာလကိုအခြေခံထားတာဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ မဟာမိတ်အဖွဲ့က ဟောင်ကောင်ကိုပထမဆုံးခိုလှုံခွင့်ရဆိပ်ကမ်းအဖြစ် သတ်မှတ်လိုက်တဲ့အတွက် ဟောင်ကောင်ကိုခိုလှုံလာတဲ့ ဒုက္ခသည်တွေအများကြီးရောက်လာကြတယ်။ဟောင်ကောင်ရဲ့တစ်ချို့အပိုင်းတွေမှာ အုပ်ချုပ်ရေးမဲ့တဲ့အနေအထားဖြစ်နေတဲ့အတွက် လူမိုက်အုပ်စုဂိုဏ်းတွေဖွဲ့ပြီး ပိုင်နက်ရဖို့ အင်အားပြိုင်တိုက်ခိုက် နေကြတဲ့အချိန်ဖြစ်တယ်။ ဒုက္ခသည်လူငယ်တစ်ယောက်က လူမိုက်ခေါင်းဆောင်တစ်ယောက်ကို ပြဿနာရှာမိရာကနေပြီးတော့ ကျိုလုံတံတိုင်းမြို့ကိုရောက်သွားပြီး ခိုလှုံရာကနေစတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းအများကြီးမပြောတော့ပါဘူး မင်းသားကြီးတွေနဲ့ အရည်အသွေးရှိရှိရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် အက်ရှင်ကားကြိုက်သူတွေ ဟောင်ကောင်ဂိုဏ်းစတားကား ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်လို့ပဲပြောပါရစေ။ Filesize : 3.5 GB / 1.19 GB / 716 MB Quality : WEB-DL 2160p (4K), 1080p , 720p Format : mp4 Genres : Action , Crime , Thriller Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Twilight of the Warriors: Walled In (2024)

4K HEVC
The Brotherhood of Rebel ( 2023 ) 5.9
The Brotherhood of Rebel ( 2023 ) ဟောင်ကောင် အက်ရှင်ကား ကောင်းကောင်းလေးတွေကိုမှ ကြိုက်တယ်ဆိုတဲ့ ပရိသတ်တို့အတွက် ဒီရုပ်ရှင်လေးကို အကြိုက်တွေ့မှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-လွန်ခဲ့တဲ့ ၈ နှစ်က ငယ်ငယ်ကတည်းက တူတူကြီးပြင်းလာကြတဲ့ အားချီ၊ အားမောင်းနှင့် ကျင်းကျိုင်တို့ဟာ နဂါးဂိုဏ်း အစ်ကိုယို့ရဲ့ လက်အောက်ကို ဝင်ခဲ့ပါတယ်။ အစ်ကိုယို့ကလည်း သူတို့ ၃ ယောက်ကို စောင့်ရှောက်ပေးခဲ့ပါတယ်။ ဒါပေမယ့်လဲအစ်ကိုယို့ အောင်မြင်နေချိန်မှာ မထင်ထားပဲ ဓားသမားတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။အဲ့နောက်မှာတော့ အစ်ကိုယို့ တစ်ယောက် ဒုက္ခိတဖြစ်သွားရရှာပါတယ်။ အစ်ကိုယို့ ပြဿနာဖြစ်ပြီးနောက်မှာ အားချီဟာ ကုမ္ပဏီကို ဦးဆောင်ခဲ့ပါတယ်။ အားမောင်းကတော့ ပုန်းခိုနေပြီး သူ့ဇနီးနဲ့အတူ သာမန်ဘဝကို ဖြတ်သန်းခဲ့ပါတယ်။ ကျင်းကျိုင်ကတော့ နေရာရဖို့ရန်အတွက် ပြိုင်ဖက်သူဌေးအတွက် အလုပ်လုပ်ပေးနေခဲ့ပါတယ်။အစ်ကိုယို့အတွက် ကလဲ့စားချေချင်နေတဲ့ မရီးဟာ အစ်ကိုယို့ကို တိုက်ခိုက်တဲ့ကိစ္စမှာ ညီအစ်ကို ၃ ယောက်ထဲက တစ်ယောက်နဲ့ ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါ...... ညီအစ်ကိုနဲ့ အကျိုးအမြတ်တွေ ရှုပ်ထွေးနေတဲ့ အချိန်မှာ အရင်က သေအတူရှင်အတူဖြစ်ခဲ့ကြတဲ့ ၃ ယောက်သား ဘယ်လိုရွေးချယ်ကြမလဲ...... သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကရော ဘယ်လို ဇာတ်သိမ်းမျိုးတွေကို ဦးတည်နေကြမလဲ...... Quality : WEB-DL 1080p ...
movie

The Brotherhood of Rebel ( 2023 )