Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mammootty
6.5
Turbo (2024)
Turbo (2024) "ဇိုး" IMDb - 6.5/10ဒီနှစ်ထဲမှာပဲ Bramayugam (2024)ဖြူမည်းရုပ်ရှင်နဲ့ ပရိသတ်အားပေးမှုတွေရခဲ့တဲ့ မလေယာလမ်းမင်းသားကြီး မမ်မူတီရဲ့ အသစ်စက်စက်ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးပါရစေ။ ဆရာဗီဂျေးစည်သူပတီလည်း ဧည့်သည်သရုပ်ဆောင်နေရာက ပါဝင်ထားပါသေးတယ်။ဂျို့စ်ဆိုတာ ရွာရဲ့အော်ကြောလန်။ ကျန်တဲ့အချိန်ထက် ဘုရားပွဲတော်အတွင်းမှာ ဂျစ်ကားကြီးနဲ့ ရောက်ချလာပြီး ရန်ပွဲတွေဖန်တီးတတ်သူကြီးပေါ့။တာဘိုတပ်ထားသလား ထင်မှတ်မှားရအောင် သောင်းကြမ်းတတ်သူမို့ သူ့ကို တာဘိုဂျို့စ်လို့တောင် ကင်ပွန်းတပ်ကြလေရဲ့။ဒါပေမဲ့ ပွဲတော်အတွင်း သူရန်ဖြစ်တာကြည့်ရဖို့ သက်သက်အရောက်လာတဲ့လူတွေက ရှိသေးသဗျာ။ ဘယ်လောက်ပဲလူကြမ်းကြီးဖြစ်နေပါစေ မိခင်ဖြစ်သူကိုကျလည်း ကြောက်ရပြန်ရော။ သူ့ဘော်ဒါဘော်ကျွတ်က ဘဏ်ဝန်ထမ်း ဂျယ်ရီ။ဂျယ်ရီ့အတွက်ဆို ကောင်မလေးမိဘအသိုင်းအဝိုင်းက သဘောမတူတာတောင် စေ့စပ်ပွဲနေ့ကြီး သွားခေါ်လာပေးတဲ့သူ။ တစ်နေ့ ဂျယ်ရီ့ဆီကို ကံကြမ္မာဂြိုလ်ဆိုးဝင်လာချိန် ဂျို့စ်လည်း ရှောင်လွှဲလို့မရတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ဖြေရှင်းရပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.8GB / 1.34GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 35mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Turbo (2024)
2024
6.5
Yatra 2 (2024)
Yatra 2 2024၂၀၀၉ခုနှစ်တုန်းက ထွက်ရှိထားတဲ့ နိုင်ငံရေးဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Yatraရဲ့ အဆက် Yatra 2 ထွက်ရှိလို့လာခဲ့ပါပြီ။အရှေ့ဇာတ်လမ်းကို ပြန်နွှေးပေးရမယ်ဆိုရင် ရာဂျာရှက်ခါရာရက်ဒီဟာ ဖခင်ဖြစ်သူရဲ့ နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးမှုကို ခံခဲ့ရပြီး ဝန်ကြီးချုပ်တစ်ယောက်ဖြစ်လာအောင် ကြိုးစားလှုပ်ရှားခဲ့ပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်။အခု Yatra2 မှာတော့ ရာဂျာရှက်ခါရာရက်ဒီရဲ့ သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီရဲ့ နိုင်ငံရေးလမ်းကြောင်း လျှောက်လှမ်းပုံကို ဆက်လက်ပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရာဂျာရှက်ခါရာရက်ဒီဟာ ပြည်သူတွေရဲ့ အကျိုးကို လိုလားသူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူတွေကလည်း သူ့ကို အရမ်းကို ချစ်မြတ်နိုးကြပါတယ်။ ဝန်ကြီးချုပ်ဆိုပြီး သူ့ကိုယ်ကျိုးကို မကြည့်ဘဲ ပြည်သူတွေရဲ့ အကျိုးကိုပဲ ကြည့်ပေးတဲ့ ဝန်ကြီးချုပ်ကောင်းတစ်ယောက်ပေါ့။ ဒီလိုနဲ့ သူ့ရဲ့သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီကိုလည်း နိုင်ငံရေးလောကထဲဆွဲသွင်းပြီး သားဖြစ်သူ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်တာ ၉လလောက်ပဲ ရှိတဲ့အချိန်မှာပဲ ရာဂျာရှက်ခါရာရက်ဒီဟာ ဟယ်လီကော်ပတာနဲ့ ခရီးသွားစဉ် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ရင်း ရှာလို့မတွေ့တဲ့အဆုံးမှာ သေလူအဖြစ်နဲ့ ဈာပနာပွဲပြုလုပ်လိုက်ရပါတော့တယ်။ပြည်သူချစ်တဲ့ ဝန်ကြီးချုပ်မရှိတော့တဲ့အချိန်မှာ ပြည်သူတွေ, ပါတီဝင်တွေ အကုန် ဝမ်းနည်းကြပေမယ့် ဝန်ကြီးချုပ်ရဲ့လစ်လပ်နေရာကိုတော့ အစားထိုးဖို့ လိုအပ်လာတဲ့အချိန်မှာ ပါတီဝင် MLAအယောက်၁၅၀ဟာ ...
movie
Yatra 2 (2024)
2024
7
Abraham Ozler (2024)
Abraham Ozler (2024) "အဘေရာဟမ် အိုဇလာ"IMDb 7 ရထားတဲ့ မလေယာလမ် မှုခင်းရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်တွေအနေနဲ့ နန်းတွင်းကား Ponniyin Selvan နှစ်ကားမှာ ပါဝင်ခဲ့တဲ့ Jayaram၊ မလေယာလမ် regular တစ်ယောက်ဖြစ်တဲ့ Mammootty နှင့်အတူ ရှေ့နေကား Neru ထဲက မင်းသမီး Anaswara Rajan တို့ ပါဝင်အားဖြည့်ထားပါတယ်ဒု-ရဲမှူးဖြစ်သူ အိုဇလာက အလုပ်အားတုန်းမှာ ဇနီးသည်၊ သမီးလေးတို့နဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်နေရင်း ရုတ်တရက် တာဝန်တစ်ခုပေးခံရပါတယ်အဲဒီအချိန်လေးက သူ့ဘဝတစ်ခုလုံး မှောင်မိုက်သွားမယ့်နေ့ ဆိုတာကို သူမသိခဲ့ဘူး တချိန်က မူးယစ်သယ်ဆောင်မှုနဲ့ သူဖမ်းဆီးခဲ့တဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်...လက်စားပြန်ချေဖို့ ရည်ရွယ်ချက်နဲ့ လိမ်ညာဖုန်းဆက်ပြီး အိုဇလာမရှိတုန်း ဇနီးနဲ့သမီးလေးကို ရက်ရက်စက်စက် သတ်လိုက်တယ်ဒီကနေ အိုဇလာ တစ်ယောက် စိတ်ကျရောဂါ၊ အိပ်မပျော်ခြင်းတို့ နာတာရှည်အဆင့်ထိ ရောက်လာတဲ့အခါ သူငယ်ချင်း စိတ်ရောဂါကုဆရာဝန် အကြံပေးတဲ့အတိုင်း အတိတ်မှရုန်းထွက်ဖို့အတွက် အလုပ်ကိုစိတ်နှစ်ထားရာကနေ...ရှုပ်ထွေးပွေလီပြီး ဆေးလောကနဲ့ပါ သက်ဆိုင်နေတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုကို ဖော်ထုတ်ရင်း...ရဲတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေး စိတ်ဝေဒနာနဲ့ ...
movie
Abraham Ozler (2024)
2024
8.4
Bramayugam (2024)
Bramayugam 2024 "စံအိမ်ကြီးရဲ့ ကျိန်စာ" IMDb 8.4/10ဒီကားကတော့ ၂၀၂၄ ရဲ့ တတိယမြောက်ရုံတင်ငွေအများဆုံးပြန်ရခဲ့တဲ့ မလေယာလမ်းဟော်ရာရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ် ရုံတင်ငွေက ၈၅ကုဋေထက်တောင်ကျော်လွန်ပြီးပြန်လည်ရရှိထားတဲ့အပြင် Rating အနေနဲ့လည်းမဆိုးတာဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ်ဝင်လာပြီးရင် ပြန်ထွက်လမ်းမရှိတဲ့စံအိမ်ကြီးတစ်ခု .. ခရီးသွားတွေကိုဆွဲဆောင်ပြီးအန်စာတုံးဂိမ်းဆော့ခိုင်းတယ် လောင်းကြေးကတော့ အချိန်ပါတဲ့ နိုင်ရင်ပြန်ထွက်ခွင့်ရှိမှာဖြစ်ပြီး ရှုံးရင်တော့ထာဝရပိတ်လှောင်မိနေမဲ့ဂိမ်းမျိုးပေါ့ဒီစံအိမ်ထဲကို တောထဲသရဲခြောက်လို့ထွက်ပြေးလာတဲ့ ပါနန်လို့ခေါ်တဲ့သီချင်းဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်သွားခဲ့တယ် လူမရှိဘူးမှတ်ပြီးတောထဲလည်း ငတ်ပြတ်လာခဲ့တာဆိုတော့စားစရာတွေယူစားမိတယ်ပေါ့ ဒီလိုနဲ့စံအိမ်ရဲ့ထမင်းချက်ကတွေ့သွားပြီး သူကတစ်ဆင့်စံအိမ်ရဲ့သခင်ဆီကိုရောက်သွားလေရဲ့ အဲဒီဆရာကြီးကဒီကောင်လေးရဲ့သီချင်းဆိုဟန် အသံကိုသဘောကျသွားခဲ့ပြီးတော့သူ့အိမ်မှာညစာစားပြီးမှပြန်သွားဖို့စကားဆိုလာခဲ့တယ် ကောင်လေးလည်း ငတ်လာတာတစ်ကြောင်းသွားဖို့မရှိတာတစ်ဖုံဆိုတော့တစ်ညတာတည်းခိုလိုက်မိတယ်ပေါ့ဗျာဒါပေမဲ့နောက်နေ့မနက်တွေမှာ သူဘာတွေတွေ့ကြုံရမယ်ဆိုတာကိုသာကြိုသိနေခဲ့ရင်သူဘာတွေများလုပ်လောက်မလဲ ဒီဂိမ်းကိုသူအနိုင်ရပြီးထွက်သွားနိုင်ပါ့မလားဆိုတာကတော့....( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ BpL တို့ပဲဖြစ်ပါတယ် ) File size…2.1GB / 931MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ BpL
movie
Bramayugam (2024)
2024
8.2
Kaathal – The Core (2023)
Kaathal – The Core (2023) ဗဟိုအူတိုင်IMDb-8.2/10 Rotten tomatoes -100%အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ လက်လွတ်မခံသင့်တဲ့ မလေယာလမ်းဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပြန်ပါပြီ။Raatchasi (2019)ထဲမှာ ကြမ်းခဲ့တဲ့ စစ်တပ်အရာရှိ ကျောင်းအုပ်ဆရာမကြီးကို မှတ်မိတယ်ဟုတ်။ အဲဒီ မင်းသမီးချောကြီး ဂျိုသီကာက ဒီထဲမှာလဲ အခွင့်အရေးတစ်ခုအတွက် တိုက်ပွဲဝင်နေပြန်ပါပြီ။ မင်းသားကလည်း နုပါတယ်ဆိုတဲ့ဘောလိ၀ုဒ်မင်းသားကြီးတွေထက်ပိုနုနေတဲ့ တောင်ပိုင်းမင်းသားကြီးမမ်မိုတီ။ ဝေဖန်ခြင်းခံရသလောက် အရမ်းကိုအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားဆိုလည်း မမှားဘူးပေါ့။ဇာတ်လမ်းကိုအကျဉ်းချုံးပြောရရင် မိဘကို မလွန်ဆန်နိုင်လို့ မိဘပေးစားတဲ့သူနဲ့လက်ထပ်လိုက်ရတဲ့အမျိုးသမီး အူမာနာ၊ ခင်ပွန်းဖြစ်သူကလည်း နယ်နယ်ရရမဟုတ် တစ်ချိန်ကဘဏ်မန်နေဂျာဖြစ်ပြီး အခုချိန်မှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့်အမတ်လောင်းတစ်ယောက်ဖြစ်တဲ့ မက်သရူး၊အများအမြင်မှာတော့ အူမာနာဟာ သိပ်တော်တဲ့ခင်ပွန်းတစ်ယောက်ကို ပိုင်ဆိုင်ထားရတဲ့ ဂုဏ်ယူနေတဲ့ဇနီးတစ်ယောက် အများသူငါက အားကျရတဲ့အိမ်ထောင်ရှင်မတစ်ယောက်လို့ ထင်ရက်စရာရှိပေမဲ့ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလိုပဲ တကယ့်လက်တွေ့ဘဝက အူမာနာကတော့ ဖန်သားနန်းတော်က ပင်တိုင်စံဘုရင်မတစ်ယောက်သာသာရယ်ပါ။ ဘာလို့လဲဆိုတော့ ခင်ပွန်းဖြစ်သူအမတ်လောင်းမက်သရူးက ကိုယ်တိုင်က လိင်တူစိတ်ဝင်စားသူဖြစ်ပါရဲ့နဲ့၊ ကိုယ့်မှာလည်း လိင်တူချစ်သူရှိနေပေမဲ့ အများအမြင်မှာ ဇွတ်ကျားလေးဖြစ်အောင် Anti LGBTတစ်ယောက်လုပ်နေတဲ့အပုန်းဖြစ်နေလို့ပါပဲ။ဘာသာရေးအယူအဆ အိန္ဒိယလူနေမှုအသိုင်းအဝိုင်းရဲ့ဖိအားတွေကတစ်ဖက်၊ လူထုကလည်း LGBTကိုလက်ခံတဲ့နေရာမဟုတ်လေတော့ အမတ်ဖြစ်ချင်တဲ့မက်သရူးတစ်ယောက် ...
movie
Kaathal – The Core (2023)
2023
8.1
Kannur Squad (2023)
Kannur Squad(2023) "ကန်နူးရ်တပ်ဖွဲ့" IMDb-8.4/10 ဘတ်ဂျတ်ရူပီး ကုဋေသုံးဆယ်ကျော်သုံးထားပြီး ရုံတင်ငွေရူပီး ကုဋေတစ်ရာကျော်အထိ ပြန်လည်ရရှိခဲ့တဲ့ ရဲမှုခင်းကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၇-၂၀၁၃ကြားက ဖြစ်ခဲ့တဲ့အမှုနှစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ကြောင်း အဓိကဇာတ်ကောင်က အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။ဂျော့်ချ်ဆိုတဲ့ အရာရှိတစ်ယောက်ဦးဆောင်တဲ့ အဖွဲ့တစ်ခုဟာ တရားခံပြေးတွေကိုလိုက်လံဖမ်းဆီးရင်း ပုတ်သိုးဆွေးမြေ့နေတဲ့ အလောင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ သေဆုံးတဲ့အလောင်းကို စစ်ကြည့်တော့လည်း ဘယ်သူဘယ်ဝါမှန်းမသိ။ အဲဒီနယ်တစ်ဝိုက်မှာကလည်း လူပျောက်တိုင်ထားတာကမရှိ။ လိုက်စုံစမ်းတော့လည်း လူရိုင်းမျိုးနွယ်စုကလိုလို ဘာလိုလိုနဲ့အမှုပိတ်သိမ်းရမလိုဖြစ်နေပါတယ်။သတ်သေတဲ့အမှုဖြစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်းထင်ပေါ်နေပေမယ့် တစ်ရာရာခိုင်နှုန်းမပြည့်တဲ့အတွက် အရာရှိဂျော့်ချ်တို့အဖွဲ့ဟာ ဒီအမှုကို လိုက်စုံစမ်းပါတော့တယ်။ လူသတ်မှုလား လူသေမှုလား။ သေဆုံးတဲ့သူက ဘယ်သူလဲ၊ ဘာကြောင့်လဲ။ ဒီလိုပဟေဠိတွေနဲ့ သို့လော သို့လော စိတ်ဝင်တစားကြည့်ရှုရမယ့် ရဲမှုခင်းကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးကြပါဦးလို့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3.1GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 41m Subtitle….Myanmar ...
movie
Kannur Squad (2023)
2023
6.8
Christopher(2023)
Christopher 2023 (IMDb 6.8/10)အိန္ဒိယရဲကားကောင်းကောင်းလေးကိုမျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် မင်းသားကြီးမမ်မွတ်တီးရဲ့ နောက်ဆုံးထွက် ရဲကားအလန်းလေးနဲ့ မိတ်ဆက်ပေးပါရစေအိန္ဒိယနိုင်ငံမှာ သိတဲ့အတိုင်း ဘာအမှုပဲဖြစ်ဖြစ် မုဒိမ်းကျင့်လူသတ်ရင်တောင် ငွေနဲ့မီးငြိမ်းသလို အမှုတွေပျောက်သွားအောင် လူအားငွေအားနဲ့ လုပ်နိုင်တာကို သိကြမှာပါ ဒီကိစ္စကို ရဲမှူးခရစ္စတိုဖာဖြေရှင်းတဲ့နည်းလမ်းကတော့ ရိုးရှင်းပါတယ် ဘယ်တရားရုံးမှပို့မနေပဲနဲ့ တရားခံတွေကို သူ့သေနတ်နဲ့ပဲ ကိစ္စတုံးပေးတာပါ ဆိုရှယ်မီဒီယာ ပြည်သူလူထုအားလုံးအတွက် ခရစ္စတိုဖာက ဟီးရိုးပါ ဒါပေမဲ့ မျှတတဲ့ဒီမိုကရေစီစစနစ်တစ်ခုမှာ တရားစီရင်ရေးမဏ္ဍိုင်ဆိုတာ မရှိလို့မရပါဘူး အဲ့ဒါကြောင့် အထက်ဌာနကနေ ခရစ္စတိုဖာကို စုံစမ်းစစ်ဆေးဖို့အတွက် အမျိုးသမီးအရာရှိတစ်ဦးကို တာဝန်ပေးအပ်လိုက်ပါတော့တယ် ခရစ္စတိုဖာရဲ့ မီးစတစ်ဖက်ရေမှုတ်တစ်ဖက် မှန်ကန်မျှတပေမဲ့ မညှာတာတတ်တဲ့ စရိုက်ကို အတိတ်ကစတူးဖော်ကြည့်မိတဲ့အခါ........ဒီဇာတ်ကားလေးဟာ ဇာတ်လမ်းလေးက မြင်နေကျဆိုပေမဲ့ ဆက်ပြီးကြည့်ချင်လောက်အောင် လှည့်ကွက်လေးတွေကို သူ့နေရာနဲ့သူပါထားပြီး မင်းသားကြီးမမ်မွတ်တီးရဲ့ အိုဗာတွေသိပ်မပါ ရင့်ကျက်တဲ့ပုံစံနဲ့မို့ ကြည့်ရရှုရတာ စိတ်ဝင်စားဖို့ကောင်းပြီး မှုခင်းဒရာမာ ရဲအက်ရှင်ကြည့်ချင်တဲ့သူတွေအတွက် ဇာတ်အိမ်ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်း ဒီကားလေးကို လက်မလွှတ်ကြဖို့ လက်တို့ပေးပါရစေ File size…2.25GB / 1.1GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ...
movie
Christopher(2023)
2023
8.2
Nanpakal Nerathu Mayakkam (2022)
Nanpakal Nerathu Mayakkam (2023) Drama IMDb 8.3/10အခါတစ်ခါမှာတော့ မာလယာလမ် မင်းသားကြီး မမ်မူးတီးရဲ့ဇာတ်ကားလေး တစ်ကားကို တင်ဆက်ပေးပါ့မယ်။သူ့ကားတွေရဲ့ထူးခြားချက်က ဇာတ်ကိုအေးအေးလေးနဲ့ ပရိသတ်ကို ဆွဲခေါ်သွားပြီး စဥ်းစားစရာအချက်တွေ အများကြီးပေးပါတယ်။ ခု ဒီကားမှာလည်း ဒီလိုပါပဲ။မိသားစုတွေ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဘုရားဖူးခရီးကအပြန်မှာ သူဟာ လမ်းခုလတ်မှာ ကားကိုရပ်ခိုင်းခဲ့ပြီး ကားပေါ်ကလူတွေအားလုံးအိပ်ပျော်နေချိန်မှာ ဆင်းသွားခဲ့ပါတယ်။သူ အချိန်အတော်ကြာပြန်မလာတဲ့အခါမှာ လိုက်လံရှာဖွေကြရင်း သူဟာ တခြားရွာက လူတစ်ယောက်ပုံစံဖြစ်နေပြီး သူတို့ကိုလည်း လုံးဝ မမှတ်မိတော့ပါဘူး။မာလယာလမ်လူမျိုးတစ်ယောက်ဖြစ်တဲ့သူဟာ လမ်းခုလတ်က တမီလ်ရွာလေးက လူတစ်ယောက်ဖြစ်သွားခဲ့ပြီး တမီလ်ဘာသာစကားကို မနှစ်မြို့တဲ့သူဟာ တမီလ်လို ချောချောမွေ့မွေ့နဲ့ စကားပြောနေခဲ့ပါတော့တယ်။ဘာကြောင့်လဲ...ဘာဖြစ်လို့လဲ...ဘာဖြစ်သွားတာလဲဆိုတာကိုတော့ ဆက်လက်ပြီးတော့ ခေါင်းခြောက်လိုက်ကြပါဦးနော်။ File size…1.64GB / 664MB Quality…1080p NF WEB DL /720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Nanpakal Nerathu Mayakkam (2022)
2022
7.9
Rorschach (2022)
Rorschach (2022) Action, Mystery, Thriller IMDb 7.9/10 (2.2K)လူတစ်ယောက် ရဲစခန်းကိုရောက်လာတယ်....သူ့မိန်းမပျောက်နေလို့လာတိုင်တာပါတဲ့ သူတို့လင်မယားနှစ်ယောက်ဟာ ကားနဲ့ခရီးထွက်လာနေတုန်း တောလမ်းတစ်နေရာမှာ မတော်တဆမှုနဲ့ကြုံတွေ့ခဲ့ရပါတယ် နောက်တော့ သူလည်းသတိလစ်မေ့မျောသွားပြီး သူ့မိန်းမဟာလည်း သူသတိပြန်ရလာတော့ ကားပေါ်မှာမတွေ့တော့ဘူးတဲ့....။မိန်းမဖြစ်သူဟာ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ရဲတွေနဲ့ရွာသားတွေ ပေါင်းပြီး လိုက်ရှာပေးခဲ့ပေမယ့် လ တွေ သာ ကြာညောင်းသွားတယ် မ တွေ့လာခဲ့ပါဘူး ပျောက်သွားတဲ့နေရာကလည်း သားရဲတိရိစ္စာန်တွေ ပေါတဲ့နေရာဆိုတော့ ရဲတွေဟာ သေပြီလို့ကောက်ချက် ချခဲ့ပါတယ်....။သို့ပေမယ့် သူဟာ ဇွဲမ လျှော့ခဲ့ဘဲ ဆက်လက်ရှာဖွေနေခဲ့ပါတယ်။| နောက်ပိုင်းအဲ့ဒီရွာထဲမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေပြီး ညညဆိုလည်း အသံတွေ ကြားကြားနေရတတ်ပါတယ်...။ကဲ သူရဲ့မိန်းမဟာ တကယ်ပဲ ပျောက်ဆုံးသွားတာလား...။ ရွာထဲမှာ လူတွေက ဘာလို့ သေဆုံးနေရတာလဲ...။ ညညဆိုကြားကြားနေရတဲ့အသံတွေက ဘာတွေလဲ...။ သူကရော ဒီရွာကို အကြောင်းတစ်ခုခုရှိနေလို့ လာခဲ့တာလားဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဇာတ်ကားလေးကို စိတ်ဝင်တစား ကြည့်ရှုလို့ရပါပြီနော်...။မာလယာလန် နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ မမ်မွတ်တီးအဓိကပါဝင်ထားတဲ့ mystery ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…2.5GB / 1GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Rorschach (2022)
2022
6.2
CBI 5: The Brain (2022)
ဒီတစ်ခါမှာလည်း ထုံးစံအတိုင်း ခေါင်းစားစရာတွေ တစ်ပုံကြီးနဲ့ အိန္ဒိယစုံထောက်ကား တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB မှာ ၆.၁ ရထားတဲ့ စုံထောက်အက်ရှင် Crime, Mystery, Thriller အမျိုးစားရုပ်ရှင်ဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း... ဝန်ကြီးချုပ်နဲ့အတူ ခရီးထွက်ခဲ့တဲ့ ဝန်ကြီးတစ်ယောက် သေဆုံးသွားတဲ့နောက်ကွယ်ကနေစပြီး Basket Killings ဆိုတဲ့ ကွင်းဆက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်နောက်ဆုံးအသတ်ခံရတဲ့သူက ရဲအရာရှိတစ်ယောက်ဖြစ်တာမို့ ရဲတွေပါ အလုပ်ရှုပ်လာပါတယ် ဒီအချိန်မှာ "မာနကြီးပြီး ဘယ်တော့မှမကျရှုံးဘူး" လို့ ကြွေးကြော်ထားတဲ့ CBI အိန္ဒိယ ဗဟိုထောက်လှမ်းရေးကို အမှုကိုလွှဲပါတော့တယ် CBI နဲ့ ရဲအဖွဲ့ကြားက အဖုအထစ်တွေ အားပြိုင်မှုတွေနဲ့ တရားခံကို ဘယ်လိုဖော်ထုတ်ဖို့ကြိုးစားလည်းဆိုတာကိုတော့ ၂နာရီနဲ့ ၄၂မိနစ်ကြာတဲ့ ဒီရုပ်ရှင်မှာ တ၀ကြီး လိုက်ပါစီးမျောခံစားကြည့်လိုက်ပါဦး... File size…2.54GB / 1.2GB Quality…1080p WEB DL Malayalam AAC5.1CH / 720p Format...mp4 Duration….2h 42mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ Yunni ~ Honey ~ OeliuJ
movie
CBI 5: The Brain (2022)
2022
6.5
Puzhu (2022)
Puzhu (2022) ပုံမှန်အိန္ဒိယရုပ်ရှင်တွေနဲ့ ကွဲထွက်နေတဲ့ တကယ်ကောင်းတဲ့ ဒရမ်မာကားတစ်ကားပါ။ ခါတိုင်းလို မင်းသား၊ မင်းသမီး ချစ်ကြိုက်ကွဲညားတို့၊ လန်ထွက်နေတဲ့ အက်ရှင်ခန်းတွေတို့၊ ပညာပေးတို့ မပါဘဲ ခံစားသက်ဝင်မှုကောင်းကောင်းနဲ့ စီးမျောခံစားလို့ရမဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။စီးပွားရေးလုပ်နေတဲ့ ရဲအရာရှိဟောင်း၊ မုဆိုးဖို၊ single father ဖြစ်တဲ့ ကူတန်ဟာ ဇာတ်နိမ့်ပြဇာတ်သရုပ်ဆောင်တစ်ဦးနဲ့ လက်ထပ်သွားတဲ့ ညီမဖြစ်သူကို သေခန်းဖြတ်ခဲ့ပေမဲ့ သူ့ညီမက သူတို့သားအဖနေတဲ့ အိမ်ရာကို ယာယီပြောင်းလာတဲ့အခါမှာတော့ အနယ်မထိုင်သေးတဲ့ မုန်းတီးရွံရှာမှုတွေ၊ အရှက်ရမှုတွေဟာ တဖန်ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။ဒါ့အပြင် သားအပေါ်မှာ တင်းကြပ်လှပြီး လက်မခံနိုင်ဖွယ် ချုပ်ချယ်မှုတွေနဲ့ အုပ်ထိန်းနေတဲ့သူ့ကို တစ်ယောက်ယောက်က သတ်ဖို့ကြိုးစားနေတယ်လို့ ယုံကြည်လာတဲ့အခါမှာ အနီးဝန်းကျင်က လူတိုင်းကိုလည်း သံသယဝင်လာရပါတော့တယ်။အထီးကျန်ဆန်တဲ့ အဖော်ကင်းမဲ့မှုဟာ ဝန်မခံချင်ရင်တောင်မှ ရင်ထဲမှာ လစ်ဟာနေသလို ခံစားစေရပြီး၊ တစ်ခါတစ်ရံ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေပြီး လူ့ဂွစာတစ်ယောက်ဖြစ်စေတတ်တာလည်း သိကြမှာပါပဲ။ဒီကားမှာလည်း အဓိကဇာတ်ကောင်ဖြစ်တဲ့ ကူတန်ရဲ့ အဖော်ကင်းမဲ့မှု၊ တယူသန်ရှေးရိုးစွဲမှုတွေနဲ့ ဟိန္ဒူဇာတ်နိမ့်၊ ...
movie
Puzhu (2022)
2022
8.5
Bheeshma Parvam (2022)
Bheeshma Parvam 2022ဒီတစ်ခါမှာတော့ IMDb 8.5ထိရရှိထားတဲ့ Action/Drama ဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားဟာ ရုံတင်အပြီးလေးရက်တည်းနဲ့ကုဋေ၅၀လောက်ရရှိခဲ့ပြီး စုစုပေါင်းကုဋေ ၁၂၀ထိရရှိခဲ့တာပါ ဒါဆိုရင်ဇာတ်ကားအညွှန်းကိုတစ်ချက်သွားကြည့်ရအောင်မိုက်ကယ်ဆိုတာက အကုန်လုံးကြောက်ရတဲ့လူတစ်ယောက်ပါ ရှေ့နေဖြစ်ရမှာပေမယ့် ကံမ ကောင်းအကြောင်းမလှစွာနဲ့မိသားစုထဲကလူတစ်ယောက်အသတ်ခံရတာကိုလက်စားပြန်ချေရင်း ရာဇာဝတ်ကောင်လူသတ်သမားဖြစ်ခဲ့တာပါ ထောင်ထွက်လာပြီးတော့မိသားစု တူ/တူမတွေရဲ့ ဦးဆောင်သူယောကျာ်းတစ်ယောက်အနေနဲ့ လုပ်ကိုင်စားသောက်ခဲ့ပါတယ် မိသားစုဝင်တွေရဲ့ချစ်ခင်လေးစားမှုကိုခံရပေမယ့် တစ်ဖက်မှာတော့ သူ့ကိုမုန်းနေတဲ့လူရှိပါတယ် ဒါကတော့တခြားမဟုတ်ပါဘူးမိုက်ကယ်ရဲ့တူတွေဖြစ်တဲ့ ပေါလ်နဲ့ပီတာပဲဖြစ်ပါတယ် မိုက်ကယ်ကသူတို့ရဲ့ဘဝကိုအရမ်းလွှမ်းမိုးချုပ်ကိုင်တယ်ဆိုပြီးမိုက်ကယ်ကိုမုန်းနေကြတာပါ ဒါ့အပြင် မိုက်ကယ်ကသူပိုင်တဲ့ သိုလှောင်ရုံတစ်ခုကို တူဖြစ်သူအမ်မီလက်ထဲလွှဲပေးလိုက်တော့ကျန်တဲ့လူတွေဖြစ်တဲ့ ပေါ်လ်နဲ့ ပီတာတို့က ပိုမုန်းတီးလာကြပါတော့တယ် ဒီလိုနဲ့ အရင်က မိုက်ကယ်ရဲ့ ရန်သူတော်ဟောင်းကြီးနဲ့ပေါ်လ်၊ပီတာတို့သွားရောက်တွေ့ဆုံမိတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ မိုက်ကယ်ကိုလက်စားချေဖို့ကြိုးစားမှာလားဆိုတာရင်တထိတ်ထိတ်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် File size…1.8GB / 966MB Quality....1080p WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honey & Go-O & Yunni
movie
Bheeshma Parvam (2022)
9.0
Yatra(2019)
Yatra(2019) IMDb....9.0 တစ်နေ့ကားတစ်စီးနဲ့သားအဖ(၂)ယောက် စာသင်ကျောင်းထဲရောက်လာတယ်....အဖေဖြစ်သူက ကျောင်းဆရာအား သူ့သားကိုအပ်ရင်း တောင်းဆိုမှုတွေပြုလုပ်တယ်... " ဆရာ ကျွန်တော့်သားကို စာတွေသင်ပေးတာအပြင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်သင်ပေးပါ" " အံအားသင့်စရာပဲဗျ ကျွန်တော့်ဘ၀မှာအဖေတွေက သူ့တို့သားသမီးတွေကို ဆရာဝန်၊ အင်ဂျင်နီယာတွေပဲဖြစ်အောင်လုပ်ပေးပါလို့ပြောတာပဲတွေ့ဖူးတာ..ခင်ဗျားလို သူ့သားကို နိုင်ငံရေးးခေါင်းဆောင်ဖြစ်အောင်လုပ်ပေးပါဆိုတဲ့အဖေကိုတော့ ပထမဆုံး တွေ့ဖူးတာပဲဗျ...." "အင်ဂျင်နီယာ ဒါမှမဟုတ် ဆရာဝန်က လူတစ်ထောင်သို့မဟုတ် တစ်သိန်းလောက်ကိုပဲကူညီနိုင်တယ်...ဒါပေမယ့် နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ကတော့ လူမီလီယံပေါင်းများစွာကိုတစ်ချက်ထဲနဲ့ကူညီနိုင်တယ်... ပြီးတော့ ကျွန်တော့သားကိုပြောပြီးပြောတဲ့အတိုင်းဖြစ်အောင်လုပ်ပေးတဲ့ခေါင်းဆောင်ဖြစ်အောင် သင်ပေးပါဆရာ၊အသက်မရှည်ရင်မရှည်ပါစေနဲ့၊အာဏာမရှိရင်မရှိပါစေနဲ့၊လူတွေရဲ့နှလုံးသားထဲမှာ အမြဲတမ်းကျန်ရှိနေမယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လုပ်ပေးပါဆရာ" ဒါကတော့ တစ်ချိန်မှာ အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်လာမယ့် ရာဂျာရှက်ခါရာ ရက်ဒီ ရဲ့ အဖေဖြစ်သူက သူ့သားကိုကျောင်းအပ်စဉ်က ပြောခဲ့တဲ့စကားဖြစ်ပါတယ်... ဒီဇာတ်ကားကတော့ ၂၀၀၄ ကနေ ၂၀၀၉ အထိ အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ YSR လို့ခေါ်ကြတဲ့ ၀န်ကြီးချုပ် ရာဂျာရှက်ခါရာ ရက်ဒီ ရဲ့ ရွေးကောက်ပွဲအတွက် လမ်းလျှောက်မဲဆွယ်တဲ့ ယာထရာအကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်... နိုင်ငံရေးလောက ထဲကိုသူ လျှောက်လမ်းစဉ်မှာ အခက်အခဲပေါင်းစုံ၊အတိုက်အခံပါတီပေါင်းစုံနဲ့ သူဖြတ်သန်းခဲ့တဲ့ ခယောင်းလမ်းကို တွေ့ရမှာဖြစ်ပါတယ်... သူဟာ ငယ်စဉ်က သူ့အဖေပြောခဲ့သလို ပြည်သူတွေရဲ့ နှလုံးသားထဲမှာ အမြဲကျန်ရှိနေတဲ့ ခေါင်းဆောင် ကောင်းတစ်ယောက်ဖြစ်မလား၊ သူဘယ်လိုတွေပေးဆပ်ခဲ့ရလဲ... ဘယ်လိုတွေကြိုးစားခဲ့လဲ... ပြည်သူတွေအပေါ်ဘယ်လိုသဘောထားခဲ့လဲ... ပါတီဝင်အချင်းချင်းနဲ့ အတိုက်အခံတွေကြားမှာ ဘယ်လို လှုပ်ရှားခဲ့လဲ.... စတာတွေကို ကြည့်ရမှာဖြစ်မှာပါတယ်.... ငယ်ဘ၀ကိုအနည်းအကျဉ်းပဲပြထားပြီး ...
movie
Yatra(2019)
2019