Channel Myanmar

Mahaboob Basha

Market Mahalakshmi (2024) 8.7
Market Mahalakshmi (2024) Market Mahalakshmi (2024) "ပျံကျဈေးသည်မလေး"IMDb 8.7 ရထားတဲ့ တေလဂူး အချစ်ဟာသကားလေးဖြစ်ပါတယ် တေလဂူးရိုမန့်ဆိုတဲ့အတိုင်း အထည်ကြီး အထက်တန်းလွှာအချစ်ထက် လမ်းဘေးအချစ်ကိုသာ ဦးစားပေးထားတဲ့ ရုပ်ရှင်လေးပါဒီကားထဲက ဇာတ်လိုက်ကျော်ဟာဆိုရင် အဖေရဲ့ဇွတ်တိုက်တွန်းမှုကြောင့် အင်ဂျင်နီယာကျောင်းကိုတက်ခဲ့ရပြီး လစာဝင်ငွေကောင်းရလာတဲ့အချိန်မှာလည်း အဖေဖြစ်သူက မိန်းမအတင်းပေးစားချင်ပြန်ပါတယ်အိန္ဒိယသားရှင်တို့ထုံးစံအတိုင်း တင်တောင်းငွေ အပုံလိုက်လိုချင်တဲ့ အဖေအမေတို့ တိုက်တွန်းတဲ့ ကြင်ယာလောင်းတွေ တစ်ယောက်ပြီးတစ်ယောက် တွေ့ခဲ့ပေမယ့်လည်း သူလိုချင်တဲ့ အရည်အသွေးမျိုး ရှိမနေလို့ ကြံရခက်နေချိန်မှာစွာတေးလန်ဈေးသည်မလေး မဟာလက်ရှ်မီးနဲ့ ဆုံခဲ့ရတယ် မတူခြားနားလှတဲ့ ဘဝနှစ်ခုပေါင်းဆုံဖို့ စိန်ခေါ်မှုမျိုးစုံ တွေ့ကြုံရပုံကို ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size… 2.63GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Market Mahalakshmi (2024)

2024
Akasha Veedullo (2022) 7.8
Akasha Veedullo (2022) Aakasa Veedhullo (2022) IMDb 7.8/10မောင်လေးနဲ့မမဇာတ်လမ်းကြိုက် ပရိတ်သတ်ကြီးတွေအတွက် စောင်ကိုက်ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးလာပါပြီရှင် မင်းသမီးချောလေးPujita Ponnada ပါဝင်သရုပ်ဆောင်ထားပြီး Rating အပျံ့စားနဲ့ရိုမန့်ကားလေးတစ်ကားပဲဖြစ်ပါတယ်ဆစ်ဒူးကတော့ ဂီတကိုရူးသွပ်တဲ့လူ ဂီတလောကထဲဝင်ရောက်ဖို့ အရာရာပစ်ချခဲ့ပြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့လူပေါ့ သီချင်းတွေကလည်းတစ်ပုဒ်ဆို တစ်ပုဒ်အလျောက်.. လူငယ်တွေအတွက်တော့ သူက Rock Star သူ့ပွဲတွေတိုင်း လူတွေကြိတ်ကြိတ်တိုးတဲ့အထိ နာမည်ကြီးပါတယ် ဒါပေမဲ့ သူဒီအလုပ်ကနားလိုက်တာ ၄နှစ်တောင်ရှိနေပါပြီတဲ့ ဒါကဘာလို့များလဲ...သူ့အချစ်ရေးကိုပြောရရင်လည်း မမနဲ့စတွေ့ပုံက ဆေးလိပ်မသောက်တတ်သောက်တတ်နဲ့ စမ်းသောက်တဲ့၂၂နှစ်အရွယ်ဆစ်‌ဒူးကို ၂၅နှစ်မမက သင်ပေးတာကစပါတယ် မိုးမမြင်လေမမြင်ချစ်ကြတဲ့ ဒီ မနဲ့မောင်အတွဲလေးရော ကြာရှည်ခံပါ့မလား ဆစ်ဒူးတစ်ယောက် သူ့ရဲ့ဂီတလောကထဲကိုပြန်သွားနိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် (အညွှန်းရေးသားသူကတော့ Yunniဖြစ်ပြီး ဘာသာပြန်တွေကတော့ Yunni~BpL~YH~Aditiတို့ပဲဖြစ်ပါတယ်) File size…2.54GB / 1.15GB Quality…1080p WEB DL /720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~YH~Aditi
movie

Akasha Veedullo (2022)

2022
Sridevi Shoban Babu (2023) 7.3
Sridevi Shoban Babu (2023) Sridevi Shobanbabu(2023)IMDb-7.8/10ရမ်ချရမ်ရဲ့ ညီမလေး Sushmita Konidela ပါ၀င်ထားတဲ့ကားပါ။ သူက ရုပ်ရှင်လောကမှာ ပရိုဂျူဆာ/ costume designer အဖြစ်အောင်မြင်မှုရထားပြီးသားသူတစ်ယောက်ပေါ့၊ ဒီဇာတ်လမ်းထဲမှာလည်း လက်တွေ့ဆန်ပြီး ရည်ရွယ်ချက်ကြီးမားတဲ့ costume designer အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အဓိကဇာတ်ဆောင်မင်းသားဖြစ်တဲ့ Santosh Sobhan ကလည်း အားလုံးနဲ့စိမ်းမှာမဟုတ်ပါဘူး။ နောက်ဆုံးထွက်လူငယ်အချစ်ဇာတ်လမ်းလေးတွေနဲ့ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်။ ဒီအကျော်အမော်နှစ်ယောက်နဲ့တင် အညွှန်းဆက်မဖတ်ပဲကြည့်ရင်တောင် မမှားတော့တဲ့ ရုပ်ရှင်မျိုးပဲပေါ့။ ဒါပေမဲ့လည်း ဖတ်လိုက်ပါဦး။ဇာတ်လမ်းအညွှန်း: ရှိူးဘန်ဆိုတဲ့ကောင်လေးဟာ ဖခင်မေတ္တာလုံလုံလောက်လောက် မရခဲ့တဲ့သူပါ။ သူမေတ္တာအပြည့်အ၀မရခဲ့‌ပေမဲ့ လူတိုင်းအပေါ်မှာတော့ စိတ်ထားပြည့်၀တဲ့ ကျေးလက်လူငယ်လေးတစ်ယောက်ပေါ့။ရှရီကတော့ အိမ်မက်အကြီးကြီးတွေနဲ့ရည်မှန်းချက်တွေအတွက် ဇွဲရှိရှိကြိုးစားနေတဲ့သတ္တိရှိတဲ့မိန်းကလေးတစ်ယောက်။ ထက်မြက်ပြီး အကင်းပါးတဲ့သူလေးပေါ့။ဒီလို မတူညီတဲ့ ပတ်၀န်းကျင်က မတူညီတဲ့လူနှစ်ယောက်၊ အိမ်တစ်လုံးကိုအကြောင်းပြုပြီး ဆုံလာပါလေရော။သူတို့ ၂ ယောက်ရဲ့တွေ့ဆုံမှုက တကယ်ပဲ ရိုးရှင်းရဲ့လား။ နောက်ကွယ်မှာ မိဘချင်းဆက်နွယ်မှုနဲ့ ကြိုတင်စီစဥ်ထားတဲ့ လှည့်ကွက်တွေဖြစ်နေမလား?sသူတို့ရဲ့ အကြံအစည်တွေကဘာများလဲ? မိဘတွေရဲ့ ခြယ်လှယ်မှုနဲ့ ဒီအိမ်ကြားမှာ ဘယ်လိုပတ်သတ်မှုတွေရှိနေလဲဆိုတဲ့ စိတ်၀င်စားစရာအကြောင်းအရာတွေနဲ့ လူငယ်နှစ်ယောက်ရဲ့ အချစ်ချိုချိုလေးတွေကို ရီမောလိုက် ကြည်နူးလိုက်ခံစားရမှာပဲ ဖြစ်ပါတယ်ဗျာ။ File size…3.08GB ...
movie

Sridevi Shoban Babu (2023)

2023