Channel Myanmar

Maala Parvathi

Game Over(2019) 7.6
Game Over(2019) Game Over (2019) =============IMDb 7.6/10 Rotten Tomatoes 55%အိန္ဒယနိုင်ငံ ဂူရ်ဂေါင်းမြို့မှာ မိန်းမငယ်များကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ကာ အလောင်းမီးရှို့ဖျက်စီးပစ်တဲ့ စိတ္တဇလူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ် အဲ့ဒိလိုဖြစ်တာကလည်း နှစ်သစ်ကူးရက် ဒီဇင်ဘာ ၃၁ မှပါ။အဲ့ဒိလူသတ်သမားကို ရဲတပ်ဖွဲ့ဘက်က ဘာသဲလွန်စမှမရသေးလို ရှာဖွေလို့လည်း မရသေးပါဘူးတစ်ရက်မှာတော့ ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးညတစ်ညမှာပဲ အကြောင်းအမျိုးမျိုးကြောင့် ဝှီးချဲပေါ်ရောက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒီလူသတ်ကောင်ရဲ့ပစ်မှတ်ဖြစ်လာပါတော့တယ်ဒီအချိန်မှာ ဝှီးချဲပေါ်ကမိန်းမငယ်လေးကပဲ Game Over ဖြစ်မလား လူသတ်ကောင်ကပဲ Gmae Over ဖြစ်မလားဆိုတာကိုတော့ ....India, Thriller လူသတ်ကားကောင်းကောင်းကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကို လက်အလွတ်မခံပါနဲ့ခင်ဗျ အဓိက သရုပ်ဆောင်နေရာမှာလည်း အချစ်ဆုံး Taapsee Pannu ဖြစ်နေတော့ ပြောစရာကိုမလိုလောက်အောင်ပါပဲ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htooပဲဖြစ်ပါတယ်... File size…1.4GB / 610MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zaw Htoo
movie

Game Over(2019)

2019
Little Hearts (2024) 7.1
Little Hearts (2024) Little Hearts 2024 ငယ်နုတဲ့နှလုံးသားနေ့စဉ်ဘဝရဲ့ပြဿနာတွေကြားမှာ ဟာဒယရွှင်ဆေးကို တောင့်‌တနေသူတွေအတွက် မလေယာလမ် အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဟာသဖောဖောသီသီနဲ့ သားအဖနှစ်ယောက်ရဲ့ ‌အလွဲလေးတွေကို ဟာသနှောပြီးရိုက်ကူးပုံဖော်ထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးရုပ်ရှင်ကြည့်ချင်သူတွေ သဘောတွေ့မှာပါ။မွေးမွေးပြီးချင်းမှာပဲ အမေဆုံးသွားတဲ့ မိတဇိုးလေးစီဘီ၊ အမေမရှိတဲ့ စီဘီရဲ့ဘဝမှာ ဘေဘီကပဲအဖေရော အမေပါ တာဝန်ယူခဲ့ရတာပေါ့။ ဘေဘီအဖေအလုပ်လုပ်တဲ့ စိုက်ခင်းပိုင်ရှင် ဂျွန်ဆန်က အလုပ်ရှင်ရော ငယ်သူငယ်ချင်းပါဖြစ်နေတဲ့သူ့အတွက် သားသမီးတွေလည်း မောင်နှမလို ဖြစ်နေကြတာပါ။ဒါပေမဲ့ အနားယူတဲ့အရွယ်ရောက်ကာမှ ဘေဘီရဲ့နှလုံးသားက တစ်ဖန်ပြန်နိုးထဖို့ဖြစ်လာတဲ့အပြင် ယူကေက ဂျွန်ဆန်ရဲ့သားနဲ့သူကိုယ်တိုင်လည်း အချစ်နဲ့ဆုံတွေ့လာရတဲ့အခါ...(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size… 1.8GB / 973MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Little Hearts (2024)

Thaaram Theertha Koodaram (2023) 7
Thaaram Theertha Koodaram (2023) Thaaram Theertha Koodaram (2023) သောကမျက်ရည်စက်များ IMDb- 7.8/10အမေဖြစ်သူက နောက်ယောကျ်ားယူသွားပြီး ပထွေးဖြစ်သူ နှင်ချခံထားရတဲ့ အကြွေးနွံနစ်နေတဲ့ အိမ်ခြေရာမဲ့ညီမနှစ်ယောက်။အခန်းခကလည်း မပေးနိုင်တဲ့အပြင် အကြွေးရှင်တွေကလည်း သတ်မှတ်ရက်အတွင်း အကြွေးကို ဆပ်ဖို အတင်းတိုက်တွန်းနေတဲ့အခြေအနေမှာ သူငှားနေတဲ့အခန်းရဲ့ ဘေးအခန်းက ကောင်လေး ဆန်ဂျေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ဆန်ဂျေးဆိုသူကတော့ နှစ်ကိုယ်ခွဲစိတ်ရောဂါခံစားနေရပြီးတော့ မိသားစုကနေ ပစ်ပယ်ခြင်းကို ခံထားရသူတစ်ဦးပေါ့။ ဒီလိုနဲ့ ဆန်ဂျေးဟာ အိမ်ခြေရာမဲ့ညီမနှစ်ယောက်ကို သူဟာ လူမှုစိတ်ဓာတ်အပြည့်အဝရှိသူပါဆိုတာကို သက်သေပြနိုင်ဖို ကူညီပေးဖို ကြိုးစားရင်းနဲ့ ဘယ်လိုတွေ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် ဒရာမာရိုမန့်စ် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~V~Alex~ToMo တိုပဲဖြစ်ပါတယ်) File size…1.8GB / 736MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~Alex~ToMo
movie

Thaaram Theertha Koodaram (2023)

2023
CIA: Comrade In America (2017) 6.4
CIA: Comrade In America (2017) CIA : Comrade in America (2017) "ချစ်သူရှိရာသို့..."IMDb 6.4Sita Ramam၊ King of Kotha နဲ့ Charlie တို့လို ရုပ်ရှင်တွေထဲက မင်းသား Dulquer Salmaan အဓိကပါဝင်ထားပြီး Dunki လို စာရွက်စာတမ်း မရှိဘဲ အမေရိကားသွားမယ့် ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်အာဂျီဟာ ကီရယ်လာ ကွန်ဂရက်ပါတီက နိုင်ငံရေးသမားတစ်ယောက်ရဲ့ သားဖြစ်နေပေမယ့် သူယုံကြည်ရာဝါဒကိုသာ စွဲကိုင်ထားသူပါဘာနေနေ အပြုံးမပျက်ဘဲ ဘဝကို ကိုယ်နေချင်သလို ဖြတ်သန်းရင်း တစ်နေ့ အမေရိကန်နိုင်ငံသူလေး ဆာရာနဲ့ ချစ်သူတွေ ဖြစ်လာတယ်ဆာရာက သူနဲ့ အမေရိကားကို လိုက်ဖို့ခေါ်တိုင်း တွင်တွင်ငြင်းပေမယ့် တစ်နေ့တော့ သူ့ချစ်သူကောင်မလေးဟာ အမေရိကားကို ပြန်သွားပြီဖြစ်ကြောင်း၊ တခြားယောကျာ်းတစ်ယောက်နဲ့ အတင်းအကျပ်လက်ထပ်ခိုင်းဖို့ စီစဥ်နေပြီဖြစ်ကြောင်း သိရတော့ ....နှစ်ပတ်ဆိုတဲ့အချိန်အတွင်း ချစ်သူရှိရာ အမေရိကားကို စာရွက်စာတမ်းတွေမပါဘဲ ရောက်အောင်ဘယ်လိုသွားမလဲ... အခက်အခဲမျိုးစုံနဲ့ စွန့်စားခန်းလေးကို ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ...
movie

CIA: Comrade In America (2017)

2017
Rani: The Real Story (2023) 8.9
Rani: The Real Story (2023) Rani The Real Story (2023) "လူသတ်တရားခံ အိမ်ဖော်မလေးရာနီ"IMDb-9/10နိုင်ငံရေးလောကမှာ နာမည်တစ်လုံးနဲ့ လူထုအပြင် မီဒီယာတွေပါ ဆန့်ကျင်မရေးရဲရအောင် ကြောက်ကြတဲ့ ဒါမာရာဂျန်....။ သူ့ဘဝဇာတ်ကြောင်း အတ္တုပ္ပတ္တိကိုရေးထားတဲ့ စာအုပ်ကို မထုတ်ဝေရက်ပိုင်းအလိုတစ်ညမှာ သတ်ခံလိုက်ရတယ်...။အဲဒီအတွက် စွပ်စွဲခံရသူကအိမ်ဖော်မလေးရာနီ။ ရာနီက အိမ်ခြောက်အိမ်လှည့်ပြီး အိမ်အကူလုပ်တဲ့သူ.....။ ဒီလိုစွပ်စွဲခံရတော့ သူ့ရဲ့ရိုးသားမှုနဲ့ စိတ်ထားကြောင့် ကျန်အိမ်ရှင်‌တွေက သက်သေလိုက်ငြင်းဆိုပေးကြတယ်...။ရွေးကောက်ပွဲနီးမှ အမတ်လောင်းသတ်ခံရတဲ့ကိစ္စကြောင့် နိုင်ငံရေးထဲကအရှိန်အဝါကြီးသူတွေနဲ့ ရဲတွေပါ ဒီအမှုကိုအပူတပြင်းလိုက်ကြသလို အသက်ရှင်နေစဉ်ကဘာမှမရေးရဲခဲ့တဲ့ မီဒီယာတွေကပါ အလုအယက်ရေးကြနဲ့ အမှုကအုတ်အော်သောင်းတင်းဖြစ်နေတော့တယ်လွှတ်တော်အမတ်သေရလို့ဆိုပြီး နွမ်းပါးသူလူတစ်ယောက်ကို လွယ်လွယ်အပြစ်ပုံချရှင်းဖို့ကလည်း မီဒီယာတွေကပတ်ပတ်လည်....။ ဒီလိုအရှုပ်အထွေးတွေက အမှုမှန်ဘယ်လိုပေါ်ထွက်လာမလဲ....။ အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ် File size…1.6GB  / 709MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Alex ~ ...
movie

Rani: The Real Story (2023)

2023
Sesham Mike-il Fathima (2023) 7.0
Sesham Mike-il Fathima (2023) Sesham Mike-il Fathima (2023) ဘောပွဲကြေငြာသူ ဖာသီမာ imdB (8.6/10)ပရိသတ်ကြီးကို ယခုတင်ဆက်ပေးမှာကတော့ မာလာရာလမ်စကားပြော ဒါရိုက်တာ မာနူစီကူးမားရဲ့ ပွဲဦးထွက်လက်ရာပေးပဲ ဖြစ်ပါတယ်….. ပွဲဦးထွက်မှာပဲ သူမတူတဲ့ဇာတ်လမ်းမျိုးကို ရဲရဲဝံ့ဝံ့ရိုက်ကူးပြထားပြီး rating တွေကလဲ လန်ပြန်နေတာကို တွေ့ရမှာပါ…တွေ့တဲ့အတိုင်းပဲ အမျိုးသမီးဇာတ်ကောင် ဦးစားပေးဖြစ်ပြီး မွတ်ဆလင်အမျိုးသမီးတစ်ယောက်ရဲ့ သူမတူပဲ ဘောလုံးပွဲကြေငြာတင်ဆက်သူအဖြစ် ရုန်းကန်တဲ့ပုံစံလေးကို comedy drama ပုံစံလေးနဲ့ တင်ဆက်ပေးထားတာပါ…ဖာသီမာက ငယ်ငယ်လေးထဲက စကားအရမ်းများပါတယ် ဘယ်လောက်များလဲဆို သူ့အမေဗိုက်ထဲကထွက်ပြီး အူဝဲလို့စအော်ထဲက ပြောလိုက်တဲ့စကား ခုထိကိုမရပ်သေးဘူးလို့ ပြောယူရပါတယ် လေအိုးလေးဖာသီမာရဲ့အကိုကတော့ ဘောလုံးသမားတစ်ယောက်ပါ ဖာသီမာလဲ အကိုနဲ့ပေါင်းရင်း ဘောပွဲကြည့်ရုံတင်မက ဘေးကနေ ဘာဖြစ်တယ်ညာဖြစ်တယ် ဂိုးတယ်ခင်ဗျာတွေလဲ ထထအော်တတ်နေပါတော့တယ် အဲ့လိုနဲ့ပဲ သူ့အကိုတို့ဘောလုံးပွဲတစ်ခုမှာ ပွဲကြေငြာသူမရှိလို့ ဖာသီမာတစ်ယောက် စမ်းပြီးပွဲတင်ဆက်သူလုပ်လိုက်ရာကနေစပြီး….အမျိုးသမီးပွဲတင်ဆက်သူတစ်ယောက်အတွက် သော့ပိတ်ထားတဲ့တံခါးတွေအများကြီးပါ အဲ့တံခါးတွေကို ရဲရဲဝံ့ဝံ့တံခါးခေါက်လိုက်ပါတဲ့…. အဲ့လိုပါပဲ ကမ္ဘာပေါ်ကအိမ်မက်ပေါင်းစုံနဲ့အမျိုးသမီးများ ကိုယ့်ရှေ့ကပိတ်ထားတဲ့ တံခါးတွေကို ရဲရဲဝံ့ဝံ့ခေါက်နိုင်ဖို့အတွက်… ခေါက်မဲ့သူတွေရော ကူခေါက်ပေးမဲ့သူတို့ကောင်လေးတွေရော ကြည့်နိုင်ဖို့ CM ကနေ မိုတီအပြည့်နဲ့တင်ဆက်ပေးလိုက်ပါတယ်အညွှန်းကိုတော့ ဆရာစိုင်းမှ ရေးသားပေးထားပြီး ...
movie

Sesham Mike-il Fathima (2023)

2023
RDX: Robert Dony Xavier (2023) 7.8
RDX: Robert Dony Xavier (2023) RDX:Robert Don't Xavier (2023)IMDb-7.8/10တောင်ပိုင်းကားကြမ်းကြမ်းလေးမှကြိုက်တဲ့လူတွေအတွက် သူငယ်ချင်းသုံးယောက်ပေါင်းကြမ်းကြမဲ့ရုပ်ရှင်ကား‌ကောင်းလေးတင်ဆက်ပေးလိုက်ပါတယ် ဘတ်ဂျက်အနေနဲ့ ၈ ကုဋေပဲသုံးထားတဲ့ဒီကားဟာ ကုဋေ ၈၀ ကျော်ထိရအောင် ပြန်ရှာနိုင်ခဲ့တဲ့ကားပါ မလေးယားလမ်းရုပ်ရှင်တွေမှာ စတုတ္ထမြောက်ဝင်ငွေအကောင်းဆုံးကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းဘုရားပွဲတစ်ခုက ဖြစ်လိုက်တဲ့ရန်စတစ်ခုက အိမ်ထဲထိဝင်ပြီး မိသားစုကိုပါ ဒုက္ခပေးတဲ့အချိန်... ဆိုးတူကောင်းဖက် သူငယ်ချင်း သူများအနိုင်ကျင့်ခံရတာသိလိုက်ရတဲ့အချိန်... ချစ်ရတဲ့သူနဲ့ သူငယ်ချင်း အချစ်နဲ့မေတ္တာ နှစ်မျိုးထိပ်တိုက်တွေ့ရွေးချယ်လာရချိန်ရောဘတ် ဒွန်နီ စေဗီဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ သံယောဇဉ် သူတို့တွေတန်ဖိုးထားကြတဲ့ အချစ်မေတ္တာတွေအတွက် ရန်သူတွေကို တိုက်ခိုက်ရင်ဆိုင်ကြတဲ့ဒီကားဟာ Action/Thriller ကြိုက် ပရိသတ်ကြီးတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Dee ~ Moon ~ ToMo တို့ပဲဖြစ်ပါတယ်) File size…3.4GB / 1.5GB Quality…1080p WEB DL /720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Dee ~ Moon ~ ToMo
movie

RDX: Robert Dony Xavier (2023)

2023
Purusha Pretham (2023) 7.2
Purusha Pretham (2023) Purusha Pretham(2023)IMDb 7.2/10The times of India. 3.5/5စုံထောက်မှုခင်းကားလည်းကြိုက် ဟာသကားလည်းကြိုက်တဲ့ ဘောလိဝုဒ်ရုပ်ရှင်ပရိသတ်ကြီးအတွက် ၂၀၂၃ ထွက် အသစ်စက်စက်ကားသစ်လေးတစ်ကားလာပါပြီ။ရာဇဝတ်သားတွေကို ဖမ်းဆီးဆုံးမရာမှာ လက်သံပြောင်ပြီး အမှုတွေလိုက်တာတော်တဲ့ SI ဆီဘတ်စတေရှန်ဟာ ရဲလောကမှာ နာမည်တစ်လုံးနဲ့ကျော်ကြားသူတစ်ယောက်ပါ။တစ်နေ့မှာတော့ ဒီလိုအမှုလိုက်ကျွမ်းတဲ့စုံထောက်ကြီးရဲ့အပိုင်ဘက်ခြမ်းကမြစ်ထဲမှ အလောင်းတစ်ခုပေါ်လာခဲ့ပါတယ်။ ထုံးစံအတိုင်း အမှုလိုက်ရင်းမှာပဲ အလောင်းဟာ ပျောက်ခြင်းမလှပျောက်ဆုံးသွားတဲ့အခါ စခန်းတစ်ခုလုံ းပြဿနာတွေအမျိုးမျိုးတက်ပြီး အမျိုးစုံကြိုးခုန် ပြဿနာတွေတက်လာပါတော့တယ်။ဘာပြဿနာတွေရှုပ်လာမလဲ၊ ဘာတွေဆက်ဖြစ်မလဲ၊ အလောင်းကရော ဘယ်ရောက်သွားတာလဲ စတာတွေကိုတွေကိုတော့ ပရိသတ်ကြီးပဲ ဆက်အဖြေရှာကြည့်ဖို့ CM Bollywood Team ရဲ့ Aditi, V, ZWE, YH, Cherry, BpL နဲ့ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်။ File size…1.97GB  / 973MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ V~ ZWE~ YH~ Cherry~  BpL ~ Yunni
movie

Purusha Pretham (2023)

2023
Salaam Venky (2022) 7.3
Salaam Venky (2022) Salaam Venky (2022) Drama IMDb 7.3/10 (1.2K)အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးမှာတော့ မင်းသမီးကြီးကာဂျိုးက Lead Role နေရာကနေ သရုပ်ဆောင်ပေးထားပြီး Court Martial (2020) မင်းသား Rajeev Khandelwal (ရာဂျစ်ခန်ဒေးဝါး)လည်း ပါဝင်သလို မင်းသားကြီး အမီရ်ခန်းကလည်း cameo အနေနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။မိခင်မေတ္တာနဲ့ သားသမီးကြား ချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့ ကားလေးဆိုလည်း မမှားနိုင်လောက်ပါဘူး။အမေဆိုတာ သားသမီးတွေ မတောင်းဘဲပေးတဲ့လူစားမျိုး... အမေဆိုတာ ကိုယ်သာအငတ်ခံလိုက်မယ် သားသမီးဝမ်းဝအောင်ကျွေးတဲ့လူစားမျိုး... အမေဆိုတာ သားသမီးနဲ့ပတ်သက်လာရင် မြင့်မိုရ်တောင်မက ကြီးမားတဲ့မေတ္တာတွေနဲ့ ရင်ဝယ်ပိုက်ထားမယ့်လူစားမျိုး... အမေဆိုတာ သားသမီးနှုတ်ကပြောမထွက်တဲ့စကားတွေကို အလိုလိုသိနားလည်တဲ့လူစားမျိုးပါ...ကျွန်တော့်လက်ရှိဘဝနဲ့ နောင်ဖြစ်ပေါ်လာမယ့်အနာဂတ်တွေဟာ အမေ့ရဲ့ကျေးဇူးကြောင့်ပါဆိုတဲ့ အေဗရာဟမ်လင်ကွန်းရဲ့စကားလေးကိုတောင် သွားသတိရမိတယ်ဗျာ။အမေ...။မျိုးရိုးဗီဇရောဂါတစ်ခုကြောင့် ဘဝကို လက်မလျှော့တမ်း ရှေ့ဆက်နေရတဲ့ ကောင်လေးတစ်ယောက်ကို ရင်ဝယ်ပိုက်ပြီး ဒီကလေးဟာ ဆယ်ကျော်သက်အရွယ်မှာ အသက်ဆုံးရှုံးသွားနိုင်ခြေရှိပါတယ်ဆိုတဲ့ ဆရာဝန်တွေရဲ့ပြောစကားကိုမမှုဘဲ သူ့သားသမီး အသက်ရှည်ရှည်နေရဖို့ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ အစွမ်းကုန်တွန်းလှန်နေတဲ့ အမေတစ်ယောက်ရဲ့အကြောင်းလေးပေါ့။အမေဟာ ကျွန်တော်တို့အတွက် စံပြဆရာ လက်ဦးဆရာပါပဲဗျာ။အမေ့ရဲ့မေတ္တာများကို ဒီဇာတ်ကားလေးနဲ့ ထပ်တူနားလည်နိုင်ကြပါစေလို့ ညွှန်းဆိုပေးလိုက်ပါတယ်။ File size…1.4GB  / 672MB Quality…1080p HD RIP ...
movie

Salaam Venky (2022)

2022
The Teacher (2022) 9.0
The Teacher (2022) The Teacher (2022)IMDb-9.2/10ဒီတစ်ခါတော့ Mynaa(2013) , Cavader (2022)ဇာတ်ကားနဲ့ ပရိသတ်တွေ ရင်‌ထဲဝင်ရောက်လာတဲ့မင်းသမီး Amala Paul ပါ၀င်သရုပ်ဆောင်ထားပြီး Rating အမိုက်စား Thriller ကားလေး တင်ဆက်ပေးချင်ပါတယ်ဒီဗီကာဟာ ကျောင်းသားတွေကို ထူးထူးချွန်ချွန်ပျိုးထောင်နိုင်တဲ့ ဆရာမလေးတစ်ယောက် အိမ်ထောင်ရေးမှာလည်း သာယာပျော်ရွှင်နေတဲ့ ဇနီးအနေနဲ့ ဘ၀ကအေးချမ်းသာယာနေသူပါတစ်ခုရှိတာက သူတို့ဟာအိမ်ထောင်သက်လေးနှစ်ကြာသည်ထိ ကလေးမရသေးတဲ့အတွက် ဒီဗီကာနဲ့ ဆူဂျိတို့နှစ်ယောက်သား ရင်သွေးရဖို့အရေးအသည်းအသန်ကြိုးစားနေကြချိန်ပေါ့တစ်နေ့ဒီဗီကာဟာ ကိုယ်၀န်ရှိတဲ့အရိပ်အယောင်တွေတွေ့လို့ သွားစစ်ဆေးခဲ့ပါတယ် တကယ်ရလဒ်ထွက်လာချိန်မှာတော့ ဆန်ဂျိကိုဖွင့်မပြောရဲတဲ့အပြင် ဒီဗီကာဆီမှာလည်း ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်တစ်ဖက်မှာလည်း သူ့ကျောင်းကသူငယ်ချင်းနဲ့အတူ အတိတ်ကဖြစ်ရပ်တစ်ခုကို စုံစမ်းနေခဲ့တာပါမျှော်လင့်တောင့်တနေတဲ့ရင်သွေးရလာတာတောင် ဘာကြောင့် မပျော်နိုင်ရတာလဲ စုံစမ်းနေတာကရော ဘာတွေလဲ သူမရင်ဆိုင်ရမယ့်ဖြစ်ရပ်ဆိုးကြီးကရော ဘာဖြစ်မလဲဆိုတာတွေကိုတော့ဆက်လက်ခံစားကြည့်လိုက်ပါဦးနော် File size…1.8GB / 861MB Quality…1080p  True WEB DL  / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub)  Encoder….YK Translated by BpL~ Cherry ~ Yunni ~ OeliuJ
movie

The Teacher (2022)

2022
Ammu (2022) 7.6
Ammu (2022) Ammu (2022) 7.3/10 IMDb"အိမ်ထောင်ပြု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုးချက်မပိုင် နောင်ပြင်ရန်ခက်သည့်အမျိုးတဲ့" အားလုံးသိကြတဲ့အတိုင်း မိဘပေးစားသူနဲ့ယူကြရတာမျိုးဟာ အိန္ဒိယမှာယနေ့အထိတိုင်ရိုးရာတစ်ခုလိုရှိနေဆဲပါ... ချစ်လို့ခင်လို့အိမ်ထောင်ပြုကြတာမှန်ရင်တောင် လူဆိုတာပြောင်းလဲတတ်တဲ့အမျိုးပါ... ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင်...သူ့နာမည်က အမ်မူတဲ့၊ အကောင်းမြင်တတ်ပြီး ပျော်ပျော်နေတတ်တဲ့ မိန်းမလှလေးတစ်ယောက်ပေါ့။ အရွယ်ရောက်လာတော့ မိဘတွေ စီစဥ်ပေးတာကို လက်ခံပြီး ရာဗီဆိုတဲ့ ရဲအရာရှိတစ်ယောက်နဲ့ လက်ထပ်ခဲ့တာ။ သို့ပေမယ့် ဒီအိမ်ထောင်ရေးက ဒီလောက် ကြောက်စရာကောင်းတဲ့ ငရဲဖြစ်မယ်မှန်းလည်း အမ်မူ ကြိုမတွေးနိုင်ခဲ့။သူဒီလို မွန်းကြပ်စရာ၊ ကြောက်လန့်စရာ အခြေအနေကနေ ဘယ်လိုကြိုးစားပြီး ရုန်းထွက်ခဲ့လဲဆိုတာကို အသားပေး ရိုက်ပြထားတာပါ။ အမ်မူ တကယ်ရော ဒီအိမ်ထောင်ရေးကနေ ရုန်းထွက်နိုင်ခဲ့ရဲ့လား။ မထင်မှတ်ထားတဲ့ ဇာတ်အိမ်အလှည့်အပြောင်းတွေနဲ့ အမ်မူရဲ့ Character Development ကိုလည်း ရင်တမမနဲ့စောင်ကြည့်ရမှာမို့ ၂၀၂၂ ရဲ့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကောင်းလို့ ညွှန်းလိုက်ပါတယ်ဗျာ။ File size…1.6GB  / 788MB Quality…1080p WEB DL /720p Format…mp4 Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Thet Ko & OeliuJ & Hay Man
movie

Ammu (2022)

2022
Godha (2017) 7.5
Godha (2017) ဒီကားကတော့ 2017ခုနှစ်မှာ ထွက်ရှိထားပြီး IMDb Rating 7.5ရရှိထားတဲ့ အိန္ဒိယနပန်းအားကစားကားပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံရဲ့ နပန်းအားကစားနဲ့ ပက်သက်ရင် အားလုံးသိထားကြတာကတော့ 2016ခုနှစ်မှာ ထွက်ရှိထားခဲ့တဲ့မင်းသားကြီး Aamir Khanနဲ့ မင်းသမီးFatima Sana Shaikhတို့ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း Dangalဆိုတဲ့ ကားပါပဲ။ဒီလိုမျိုး အိန္ဒိယနိုင်ငံမှာ ရာဇဝင်နဲ့ရှိခဲ့ပြီး အလေးအမြတ်အားကစားတစ်ခုလို တန်ဖိုးထားကြတဲ့ နပန်းအားကစား စတင်ကွယ်ပျောက်လာချိန်....လူငယ်တွေတန်ဖိုးမထားတတ်ကြတော့လို့ အားကစားပညာရပ်တစ်ခု စတင်မှေးမှိန်လာတဲ့အချိန်မှာ နပန်းအားကစားကို တန်ဖိုးထားပြီးအားပေးနေသေးတဲ့ နပန်းအားကစားသမားဟောင်း အဖွဲ့ခေါင်းဆောင်ဖြစ်သူက သူ့ရဲ့သားဖြစ်သူ ဒက်စ်ကို ပညာသင်ဖို့ ပန်ဂျက်ကောလိပ်ကိုလွှတ်လိုက်ပြီးတဲ့နောက်မှာ ဒက်စ်ဟာ နပန်းအားကစားသမား အက်ဒီသီစင့်ဆိုတဲ့ကောင်မလေးကို ချစ်မိသွားခဲ့ပါတယ်။ နဂိုတည်းက အစွန်းရောက်ဝါဒတွေနဲ့မိန်းမဆိုတာ ယောကျာ်းယူပြီး ကလေးမွေးရမယ်လို့ တစ်ဖက်ပိတ်နေသူ အစ်ကိုဖြစ်သူကိုဖောက်ထွက်ပြီး နပန်းဆော့ဖို့ရုန်းကန်နေရတဲ့ပန်ဂျက်သူ​လေး အက်ဒီသီဟာ သူမရဲ့လမ်းကြောင်းမှာ ဘာတွေကို ဆက်ရွေးချယ်သွားလေမလဲ။ ဒက်စ်တစ်ယောက်အနေနဲ့ရောသူ့မြို့ရဲ့ နပန်းအားကစားတစ်ဖက်၊ ချစ်ရသူရဲ့ ဘဝကတစ်ဖက်မှာ ဟန်ချက်ညီအောင် ဘယ်လိုထိန်းပြီး သူချစ်ရတဲ့အရာတွေကိုဘယ်လိုကာကွယ်သွားမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်ကြည့်လိုက်ကြပါနော်။အိန္ဒိယနပန်းအားကစားရဲ့ ...
movie

Godha (2017)

2017