Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ma Li
5.3
Tiger Robbers ( 2021 )
Tiger robbers တဲ့ ကျားပြန်ပေးဆွဲကြသူများပေါ့... ဒီဇာတ်လမ်းလေးက နည်းနည်းတော့ ရိုးရှင်းတယ် ဒါပေမယ့် နက်နဲတယ် ရှုပ်ထွေးတယ်။ အကျဉ်းနည်းနည်းပြောပြရရင် အများနဲ့မတူ တစ်မူထူးနေတဲ့ ဂေါက်သီး ၃ ယောက်က ပေါင်းပြီး ပိုင်ရှင်မဲ့တိရစ္ဆာန်လေးတွေကို ကယ်တင်ပြီး ပိုင်ရှင်ပြန်လာတဲ့အထိ စောင့်ပေးတယ်။ ပိုင်ရှင်ပြန်မပေါ်လာရင်လည်း ပိုင်ရှင်လိုက်ရှာပေးတယ်။ဒီဂေါက်သီး ၃ ယောက်အကြောင်းပြောရမယ်ဆိုရင် မကောင်းတဲ့သူတွေလက်ထဲက ဘာမဆို ခဏလေးနဲ့ ခိုးတတ်တဲ့ ခေတ်သစ်ရော်ဘင်ဟုဒ်ရယ် အိုင်းစတိုင်းကို အားကျပြီး ပေါက်ကရတီထွင်နေတဲ့ ဦးထုပ်ဆန်းဆန်းဝတ်တတ်တတဲ့ ကိုတီထွင်ကြီးရယ်၊ ယောက်ျားတွေတောင်အရှုံးပေးရလောက်တဲ့ အကြည့်တစ်ချက်နဲ့ အလိမ်အညာစကားအကုန် မှန်းနိုင်တဲ့ ကုတုံးဆံပင်ပေါက် မမရယ်ပေါ့။တစ်နေ့ သူတို့က သူတို့ထက်ပိုဂေါက်တဲ့ သမီးပျောက်ရှာနေတဲ့ အမျိုးသမီးတစ်ယောက်ကို ရှာတွေ့တော့တယ်။ ဇာတ်လမ်းက အဲ့ဒီမှာစတော့တာပဲ။ သမီးပျောက်လိုက်ရှာတဲ့အမျိုးသမီးရဲ့ သမီးက လူမဟုတ်ဘဲ ကျားဖြစ်နေတဲ့အခါကြတော့ ရဲတိုင်လို့လည်းမရ။ အလွတ်တန်းစုံထောက်တွေအပ်တော့လည်း ငွေလိမ်ပြီးပြေးကြတာပဲ။ဒီဂေါက်သီး ၃ ယောက်ကတော့ ငွေလည်းလိမ်မပြေးသလို သေချာလည်း ရှာပေးပါတယ်။ တစ်ခုပဲ... ဂေါက်သီး ၃ ယောက်ရယ် ဂေါက်သီးမလေးရယ်ပေါင်းပြီးလိုက်ရှာတော့ အလွဲလေးတွေရှိတာပေါ့။ ကြားထဲ ကျားသမီးလေးကို ခိုးသွားတဲ့တစ်ဖက်ကလည်း ဂေါက်သီးကြီးဆိုတော့ ဇာတ်လမ်းလေးက ရယ်မဆုံးဖြစ်နေပါတော့တယ် စိတ်ပြေလက်ပျောက်ကြည့်ဖို့အတွက်သင့်တော်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ် Filesize : 1.71 ...
movie
Tiger Robbers ( 2021 )
5.7
Yolo ( 2024 )
ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် တရုတ်ရသစုံရိူးပွဲတွေမှာဝဝလေး ပါးချိုင့်လေးနဲ့ချစ်စရာရုပ်ရည်သွင်ပြင်နဲ့ ဟာသဉာဏ်ရွှင်ရုံမက ရုပ်ရှင်လောကမှာ အရည်အချင်းရှိတဲ့ရုပ်ရှင်ဒါရိုက်တာအဖြစ် နာမည်ကြီးတဲ့ ကျာလင်ဆိုတဲ့ မင်းသမီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့် ရုပ်ရှင်အရည်အသွေးကောင်းတဲ့အပြင် ဒီဇာတ်ကားလေးရဲ့ထူးခြားချက်အနေနဲ့ကတော့ သူမကိုယ်တိုင်ဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားအတွက် ကိုယ်တိုင်ဝိတ်ချပြသွားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။အရမ်းအဝလွန်တဲ့အပြင် စားဖို့အိပ်ဖို့ပဲသိပြီးအရမ်းအအိပ်ပုပ် တုလော့ယင်တစ်ယောက်ဘာကိုမှ မလုပ်ချင်ပဲ အပျင်းထူလွန်းလို့တနေ့သူ့ညီမဖြစ်သူ တုလော့တန်းကကြည့်မရဖြစ်ပြီး ညီမတဝမ်းကွဲတော်စပ်သူ သုံ့သုံ့ဆီကို သွားပြခဲ့တယ်။သုံ့သုံ့ကတော့ သတင်းထောက်ဖြစ်ပြီးအလုပ်အကိုင်ရှာဖွေပေးတဲ့အစီစဉ်မှာ လုပ်ကိုင်နေသူတစ်ယောက်ဖြစ်တာကြောင့် တုလော့ယင်ကိုကူညီပေးဖို့ဆုံးဖြတ်ပေးခဲ့ပေမဲ့ လော့ယင်တစ်ယောက်ကတော့ ဘာကိုမှ မလုပ်ချင်တာကြောင့်ငြင်းပယ်ခဲ့တယ်။ဒီ့အပြင်တုလော့ယင်က ညီမဖြစ်သူနဲ့အမြဲတမ်းရန်ဖြစ်လေ့ရှိပြီး တနေ့မှာ အကြောင်းတခုကြောင့်အိမ်ပေါ်ကနေထွက်သွားဖို့ဆုံးဖြတ်ခဲ့ပြီး ကိုယ့်ခြေထောက်ကိုယ်ပေါ်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့စားသောက်ဆိုင်မှာအလုပ်လုပ်ရင်း မထင်မှတ်ပဲလက်ဝှေ့ရုံမှာလုပ်ကိုင်နေတဲ့ အားကစားနည်းပြဆရာနဲ့ တွေ့ဆုံခဲ့တဲ့အခါမှာတော့ လော့ယင်ရဲ့ဘဝဘယ်လိုပြောင်းလဲမှုမျိုးနဲ့ကြုံတွေ့ရမလဲ။ဝလွန်းတဲ့အတွက်လူမှုပတ်ဝန်းကျင်မှာ ဖယ်ကျဉ်းခံ၊လှောင်ရယ်ခံတွေနဲ့ နေလာရတဲ့လော့ယင်တစ်ယောက် ဘယ်လိုတွေကြံ့ကြံ့ခံရပ်တည်ခဲ့လဲ။ နည်းပြဆရာတစ်ယောက်က သူ့ဘဝကိုဘယ်လိုတွေ ပြောင်းလဲသွားစေအောင်လုပ်ပေးခဲ့လဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာတဝကြီးမြင်တွေ့ရမှာဖြစ်ပြီး ဒီဇာတ်ကားလေးကို ထွက်ရှိသွားတဲ့အချိန်မှာ ကျာလင်ကိုယ်တိုင်သူ့ခန္ဓာကိုယ်ကိုမတူအောင်ပြောင်းလဲသွားမှုကြောင့် လူတိုင်းရဲ့ချီးကျူး လေးစားမှုတခနဲရရှိသွားတဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Action Runtime : 2h 9 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie
Yolo ( 2024 )
6.7
Goodbye Mr. Loser ( 2015 )
ဒီကားလေးဟာ imdb6.7ရရှိထားပြီးChinese box officeမှာ $228millionအထိဝင် ငွေရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်းလေးကတော့ရှလော့ဟာတေးရေးအဆိုကျော်ဖြစ်ချင်နေပေမယ့် မအောင်မြင်နိုင်ပဲ အမြဲကျရှုံးနေရသူပါ...တစ်နေ့မှာသူငယ်စဉ်ကcrushခဲ့ရတဲ့ ကျောင်းရဲ့အလှဘုရင်မလေးချုံးယာမင်္ဂလာဆောင်ကိုစမတ်ကျကျနဲ့ ဟန်ဆောင်ပြီးသွားရာကနေ မင်္ဂလာပွဲမှာဘယ်လိုတွေရှုပ်ယှက်ခတ်ကုန်မလဲ..သူ့မိန်းမ မာတုန်းမိန်လို်က်လာပြီးအရှက်တွေကွဲပြီးထွက်ပြေးရာကနေ 1990ခုနစ် သူ့ရဲ့အထက်တန်းကျောင်းသားဘဝကို အမှတ်မထင်အချိန်ခရီးသွားပြီး ပြန်လည်ရောက်ရှိသွားပါတော့တယ်...ဒီလိုနဲ့ သူ မပိုင်ဆိုင်နိုင်ခဲ့တဲ့အချစ်နဲ့ အောင်မြင်မှုတွေကို ရယူနိုင်ဖို့ကြိုးစားပါတော့တယ်... ရာစုနှစ်၂စုလောက်နောက်ကျပြီးမှထွက်လာမယ့်အဆိုကျော်တွေရဲ့သီချင်းတွေကို Copyလုပ်ပြီးအောင်မြင်ကျော်ကြားလာပါတော့တယ်.....သူလိုချင်တဲ့အောင်မြင်မှုတွေနဲ့ချုံးယာကိုပိုင်ဆိုင်ခဲ့ရပေမယ့် ဒါကသူလိုချင်တဲ့ဘဝမျိုးဖြစ်ရဲ့လား...သူ့နှလုံးသားထဲမှာရှိနေတဲ့ မိန်းကလေးဟာတစ်စုံတစ်ယောက်လို့သိလိုက်ရချိန်မှာတော့.. ဇာတ်ကားတစ်ခုလုံးကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်..ဒီဇာတ်ကားလေးကြည့်ပြီးရင်တော့ ကိုယ်မပိုင်ဆိုင်ခဲ့ရတဲ့ဘဝတွေကိုတမ်းတနေမဲ့အစား ကိုယ့်ဘေးမှာ ဆိုးတူကောင်းဖက်ရှိနေပေးတဲ့သူကို မြင်နိုင်ပြီးတန်ဖိုးထားရမယ်ဆိုတာသိလာမိပါတယ်.... Quality : Bluray 1080p , 720p Format : mp4 Genres : Romance , Comedy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Phyo Zaw Encoded by LK
movie
Goodbye Mr. Loser ( 2015 )
2015
6.1
Advancing of ZQ ( 2023 )
အားလုံးကိုစိတ်အပန်းပြေစေမယ့် မိသားစုဟာသကားလေး တစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးက တရုတ်ပြည်မြောက်ပိုင်းမှာက Dilraba Dilmuratလို Uyghurလူမျိုးတွေနေထိုင်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခါရှီချီခါဆိုတဲ့နေရာလေးမှာရိုက်ကူးထားတာဖြစ်တဲ့အတွက် တခြားတရုတ်ကားတွေနဲ့မတူ အမြင်တစ်မျိုးလေးဆန်းနေမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ...... ကျန့်ချန်ဟာ သူ့ရဲ့မပြည့်စုံတဲ့အိမ်ကနေထွက်ပြေးပြီးရှန်ဟိုင်းမှာ HiiiPayဆိုတဲ့Applicationကိုပရိုဂရမ်ရေးဆွဲခဲ့ပါတယ်။ သူ့ရဲ့Appကစပြီးအောင်မြင်လာတဲ့အချိန်မှာ အဖိုးဆုံးပြီဆိုတဲ့သတင်းကြောင့် ခါရှီချီခါကိုပြန်လာခဲ့ရပါတယ်။အဲဒီအချိန်မှာ ငွေမဲတွေခဝါချဖို့သူ့ရဲ့Appကိုအသုံးချချင်တဲ့ သူဌေးကြီးနဲ့တွေ့ပါလေရော...... အဖိုးရဲ့အသုဘမှာ ဆန်းကြယ်မှုတွေဖြစ်လာပြီး အ ဖိုးကပြန်ရှင်လာတဲ့အပြင် မိသားစုဝင်တွေဟာ တစ်ယောက်တစ်မျိုးဆီစွမ်းအားတွေရှိသွားပါတယ်။ သူတို့မိသားစုဟာ ဂိုဏ်းစတားသူဌေးကြီးကို ဘယ်လိုစည်းစည်းလုံးလုံးနဲ့ပြန်ပြီး တွန်းလှန်ကြမလဲဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Comedy , Action Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Advancing of ZQ ( 2023 )
5.9
Too Beautiful To Lie ( 2023 )
လူလိမ်မလေးနဲ့ သားလိမ္မာငအူလေးတို့ရဲ့ ပေါ့ပေါ့ပါးပါးဟာသ အချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ကလေးနဲ့မလိုက်အောင်လိမ်တတ်တဲ့ လူလိမ်မလေးနဲ့ သားလိမ္မာငအူလေးတို့ဟာ ခရီးသွားရင်သင်္ဘောပေါ်မှာတွေ့ခဲ့ကြပြီး အခြေနေတွေကြောင့် လူလိမ်မလေးက ငအူလေးရဲ့သတို့သမီးလောင်အဖြစ်အထင်မှားခံရပါတယ်။ဖန်းမိသားစုရဲ့နွေးနွေးထွေးထွေး အလေးပေးချင်းကိုခံရပါတယ်။ ငအူလေးက လူလိမ်မလေးရဲ့လိမ်ညာစကားတွေကိုဖော်ပြီး မိသားစုရဲ့ယုံကြည်မှုပြန်ရနိုင်ဖို့ လူလိမ်မလေးနဲ့ ဉာဏ်ရည်ချင်းပြိုင်ရတော့တာပေါ့။ လူလိမ်မလေးနဲ့ ငအူလေးရဲ့တိုက်ပွဲကို အခွီလေးတွေနဲ့ပေါ့ပေါ့ပါးပါးတင်ဆက်ပေးလိုက်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Too Beautiful To Lie ( 2023 )
5.8
Godspeed ( 2023 )
ယခုတစ်ခေါက် CM ရဲ့ပရိသတ်တွေအတွက် မင်းသားချောလေး Fan Cheng Cheng နဲ့ မင်းသမီးချောလေး Zhang Jingyi တို့ရဲ့ ပေါ့ပေါ့ပါးပါးဟာသကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကုန်ကားအဖွဲ့ခေါင်းဆောင် ကျိုးတုန်းဟိုင်နဲ့ သူ့ဇနီး ဟော့မေမေတို့ဟာ ကိစ္စတချို့ကြောင့် သမီးဖြစ်သူ ကျိုးဝေးယွီနဲ့ သမီးရဲ့ရည်းစား ဝမ့်ရိဖန်နဲ့အတူ ကားမောင်းခရီးနှင်ခဲ့ပါတယ်။ လူမသိလမ်းမသိတဲ့ ခရီးကို စတင်ပြီး ကျိုးတုန်းဟိုင်ဟာ အခွင့်အရေးရတုန်း သားမက်လောင်းကို ဘက်ပေါင်းစုံကနေ စစ်ဆေးကြည့်ရှုဖို့ ဆုံးဖြတ်ထားပါတယ်။ဝမ့်ရိဖန်ကလည်း အမှားပေါင်းစုံကို လုပ်နေခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ ကျိုးတုန်းဟိုင်ရဲ့ ရန်သူကြီး ဌာနမှူးကျာရဲ့ အပန်းဖြေကားပြဿနာကြီးဖြစ်ခဲ့ပြီး ဝေးယွီရဲ့ ငယ်သူငယ်ချင်းကွမ်းကျီရဲ့ တောကြက်စံအိမ်မှာ အရက်မူးပြီး ပြဿနာကြီးဖြစ်ခဲ့ပါတယ်။လမ်းပေါ်က ဆီသူခိုးအဖွဲ့ကို ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပါသေးတယ်။ ဒီလိုရှုပ်ထွေးနေတဲ့ ခရီးလမ်းမှာ ကျိုးတုန်းဟိုင်တစ်ယောက် ဝမ့်ရိဖန်ကို သဘောကျနိုင်ပါ့မလားဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရှုခံစားကြရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Drama Runtime : 1h 40 min Subtitle : Myanmar Subtitle ( ...
movie
Godspeed ( 2023 )
5.9
Romantic Adventures ( 2023 )
အချစ်ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ်။ မမျှတတဲ့အိမ်ထောင်ရေးတစ်ခုဟာ တည်မြဲဖို့မလွယ်ပါဘူး။ တီခယ့်ဟာစီးပွားရေးအရာမှမဖြစ်ထွန်းပဲ သူ့ရဲ့မိန်းမကတော့လုပ်ငန်းပိုင်းမှာအရမ်းအောင်မြင်တာမလို့ တီခယ့်ဟာ အိမ်ထောင်ရှင်ယောင်္ကျားတစ်ယောက်တာဝန်ကို အပြည့်အဝယူရပါတယ်။သူကအိမ်မှာနေ ထမင်းဟင်းချက် အိမ်မှုကိစ္စတွေလုပ်ပြီးနေရတာကိုမပျော်ပါဘူး ယောင်္ကျားတစ်ယောက်အနေနဲ့အပြင်ထွက်ပြီးအလုပ်လုပ်ချင်ပါတယ်။ ဒါကိုသူ့ရဲ့မိန်းမကခါးခါးသီးသီးငြင်းဆန်ပါတယ်။ ဒီလိုနဲ့ပဋိပက္ခတွေဖြစ်ပြီး ကွာရှင်းဖို့အထိပါဖြစ်လာပါတယ်။လုပ်ငန်းမှာအရမ်းအောင်မြင်ပြီး ယောင်္ကျားကိုအထင်မကြီးတဲ့မိန်းမကို ပညာပေးဖို့အတွက် တီခယ့်ကလူတစ်စုနဲ့အတူပူးပေါင်းပြီး အပြိုင်ကမ္ဘာကတီခယ့်ဆိုပြီးဖန်တီးလိုက်ပါတယ်။ သူ့မိန်းမကိုလဲပြန်ခံစားရစေမယ်ဆိုပြီး ဟစ်ကြွေးလို့ပေါ့...... သူ့တို့ဆင်တဲ့ဇာတ်လမ်းကြောင့်လင်မယာကြားပြန်သင့်မြတ်သွားမလား...... ဒါမှမဟုတ်ပြဿနာတွေပဲပိုဆိုးလာမလားဆိုတာကိုတော့.... Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Romantic Adventures ( 2023 )
6
Keep You Safe ( 2023 )
ပိုင်ဆိုင်မှုအားလုံးကို မိဘမဲ့ဂေဟာသို့ လှူဒါန်းခဲ့တဲ့အတွက် နာမည်ကြီးသွားတဲ့ "အလှူရှင်အစ်မ" ကြီးဟာ တစ်ညအတွင်းမှာပဲ ကလပ်မှ "ကောင်မလေး" အဖြစ် သတင်းထွက်လာသောအခါ......အခုတစ်ခေါက် CM ပရိသတ်တွေအတွက် Keep you safe ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -သူငယ်ချင်းအတွက်နဲ့ ရန်ဖြစ်ပြီး ထောင်ကျခဲ့တဲ့ ဝေ့ဖျင်အန်းဟာ ထောင်ထွက်ပြီးနောက် သင်္ချိုင်းမြေရောင်းသူအဖြစ်နဲ့ အသက်မွေးနေခဲ့ပါတယ်။ လူလတ်အရွယ်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေတဲ့ ဝေ့ဖျင်အန်းဟာ သူ့ရဲ့ သေဆုံးသွားပြီဖြစ်တဲ့ ဖောက်သည်ဖြစ်သူ ဟန်လုရဲ့ ကောလာဟလ သတင်းကို ကြားသိခဲ့ရပါတယ်။ထို ကောလာဟလသတင်းကို ဖြေရှင်းနိုင်ရန်အတွက်၊ ကတိတစ်ခုအတွက် ဝေ့ဖျင်အန်းဟာ ကောလာဟလတွေရဲ့ အရင်းအမြစ်ကို လိုက်ရှာပါတော့တယ်။ လမ်းတစ်လျှောက်မှာ အခက်အခဲတွေနဲ့ ပြည့်နက်နေခဲ့တယ်။ သူ့ညီမဖြစ်သူ ဝေ့ရူရိကလဲ ကောလာဟလဖြန့်တဲ့ထဲ ပါနေပြီး ချမ်းသာကြွယ်ဝလှတဲ့ ဒါရိုက်တာဖုန်ရဲ့ လိုက်လံ နှောင့်ယှက်ခြင်းကိုလဲ ခံခဲ့ရပါတယ်။တဖြည်းဖြည်းနဲ့ သူဟာ "ကိုယ်မှန်တယ်ထင်တဲ့အရာကိုလုပ်ခြင်း" က ပိုပြီးတော့ စိတ်ချမ်းသာစေတယ်ဆိုတာ နားလည်လာခဲ့ပါတယ်။ ဝေ့ဖျင်အန်းတစ်ယောက် ကောလာဟလတွေကို ဖြေရှင်းနိုင်ပါ့မလား...... ဟန်လုရဲ့ သင်္ချိုင်းနေရာကိုရော ထိန်းသိမ်းထားပေးနိုင်မလာ...... ဆိုတာကို CM ရဲ့ ဘာသာပြန်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL ...
movie
Keep You Safe ( 2023 )
5.9
Dreams of Getting Rich ( 2021 )
“အသက် (၃၀) အရွယ် မိဘမဲ့တစ်ယောက်ဖြစ်သူ ၊ ရွာမှာ ရှိတဲ့ အလုပ်မှန်သမျှကို လုပ်ကိုင်ပြီး ရွာက ကျွေးတာကမ်းတာကိုပဲစားရသူ ၊ ဆင်းရဲပြီး အရပ်မှာ ၅ ပေပဲရှိလို့ လူစဥ်မမှီတဲ့ သူတစ်ယောက်အဖြစ် ရပ်တည်နေရသူ - စုန့်ရှောင်ပေါင်”စုန့်ရှောင်ပေါင်တစ်ယောက် ချမ်းသာချင်တဲ့အတွက် သူ့အစ်ကို(၂) ဖြစ်သူကို ပူဆာပြီး ရှန့်ကျန့်မြို့ကြီးဆီ ပိုက်ဆံရှာဖို့ထွက်လာခဲ့ပါတယ် ။ ပိုက်ဆံရှာဖို့ ထွက်လာတဲ့ ရှောင်ပေါင် တစ်ယောက် ပိုက်ဆံမရတဲ့အပြင် စွန့်ပစ်ခံထားရတဲ့ ကလေးငယ်တစ်ယောက်နဲ့ တွေ့ဆုံဖို့ ကံကြမ္မာက အကြောင်းဖန်လာခဲ့ပါတော့တယ် ။ ကိုယ်တိုင်ကမိဘမဲ့ တစ်ယောက်ဖြစ်တာမို့ ကလေးငယ်လေးကိုလဲ မစွန့်ပစ်ရက်ပဲ ဆင်းရဲမွဲတေတဲ့ ကြားကနေ မွေးစားခဲ့ပါတယ် ။ကလေးတစ်ယောက်နဲ့ နေစရာအိမ်မရှိတဲ့ ရှောင်ပေါင် နဲ့ အစ်ကို (၂) တို့နှစ်ယောက်ဟာ အဘိုးတစ်ယောက်ရဲ့ ကူညီမှုနဲ့ နေစရာရရှိခဲ့ပြီး တစ်ချိန်ထဲမှာပဲ ရှောင်ပေါင်ဟာ မာလုဆိုတဲ့ မိန်းကလေးနဲ့ တွေ့ဆုံခဲ့ပါတယ် ။ကလေးငယ်လေးနဲ့အတူ ကံကြမ္မာအရ တွေ့ဆုံကြရတဲ့ သူစိမ်းတွေဟာ ဆွေမျိုးရင်းလိုဖြစ်လာပြီး နွေးထွေးတဲ့ မိသားစုလေးအဖြစ်ပြောင်းလဲ လာခဲ့ပါတယ် ။ ဒါပေမဲ့လို့ ဒါတွေဟာ ကြာရှည်မခံခဲ့ပါဘူး ။ အရွယ်ယောက်လာတဲ့ ကလေးငယ်လေးဟာ ...
movie
Dreams of Getting Rich ( 2021 )
6
Moon Man ( 2022 )
ဒီဇာတ်ကားလေးဟာဆိုရင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှာ ရုံတင်ခဲ့ပြီးတော့ ရုံဝင်ငွေ ၂ ဘီလီယံကျော်ရရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ပြီးတော့ တောင်ကိုရီးယား ကာတွန်းရေးဆရာတစ်ယောက်ဖြစ်တဲ့ "Cho Seok" ဖန်တီးရေးသားထားသော "Moon You" ကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးဆိုရင်လဲမမှားပါဘူး အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေအနေနဲ့ကတော့-❏ အမည်မသိမထင်ရှားတဲ့ ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းငယ်လေးအဖြစ် - ချန်ထန် ❏ "လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် "ကို ကြီးကြပ်ရသူအဖြစ် - မာလိ တို့ကနေပြီးတော့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်ရှင် ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့-“လူသားတွေဟာ ဂြိုလ်ငယ်လေးတွေရဲ့ ဝင်ရောက်တိုက်ခတ်မှုကနေပြီးတော့ ကာကွယ်ပြီးတော့ ကမ္ဘာမြေကြီးကိုကယ်တင်ဖို့အတွက် "လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် " ကို လက်တွေ့ကျကျစီစဥ်ရေးဆွဲခဲ့ကြပါတယ် ဒါပေမဲ့လို့ မထင်မှတ်ထားပဲ ဥက္ကာခဲကြီးက ကြိုတင်ဝင်ရောက်လာခဲ့တဲ့အတွက် အဖွဲ့ဝင်လုပ်သားတွေအားလုံး အရေးပေါ်အခြေအနေအရ ထွက်ခွာနေရတဲ့အချိန်မှာ ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းတစ်ယောက်ဖြစ်သူ တူကူယွဲ့ဟာ မတော်တဆမှုတစ်ခုကြောင့် အဖွဲ့ခေါင်းဆောင် မာလန်ရှင်းရဲ့ အသိပေးချက်ကိုလွဲချော်ခဲ့ပြီး တစ်ယောက်ထဲ လကမ္ဘာပေါ်မှာကျန်ရစ်ခဲ့ပါတော့တယ်မထင်မှတ်ထားပဲ "လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် "ဟာ မအောင်မြင်သွားပဲ တူကူယွဲ့ဟာ စကြဝဋ္ဌာအတွင်းမှာ နောက်ဆုံးသော အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်သွားခဲ့ပါတော့တယ် အဲဒီမှာ သူ့ရဲ့ဘဝကို လကမ္ဘာပေါ်မှာ အချိန်ကုန်ရင်းနဲ့.....?”❏ ဘယ်လိုစိန်ခေါ်မှုတွေကို ကြုံတွေ့ ရင်ဆိုင်ရမလဲ ? ❏တစ်ယောက်ထဲ အထီးကျန်ဆန်တဲ့ဘဝကို ဘယ်လိုတွေကုန်ဆုံးမလဲ ? ❏ သူဒီစကြဝဋ္ဌာအတွင်းကနေရော ...
movie
Moon Man ( 2022 )
6.1
Too Cool to Kill (2022)
ရုပ်ရှင်သရုပ်ဆောင်ဖို့ အရူးအမူးဖြစ်တဲ့သူတွေ ဒီကားလေးက ကြည့်သင့်တဲ့ကားလေးပါ။ ရုပ်ရှင်ရိုက်ကွင်းအကြောင်းကို ပါးပါးလေးရှင်းပြထားတဲ့အပြင် ကင်မရာအယူအဆတွေကိုပါ ဒိုင်ယာလော့မှာပြောပြသွားတာမို့ ယူတတ်ရင်ပညာရပါတယ်။ ပြီးတော့ ပေါ့ပေါ့ပါးပါးလေးဖြစ်တဲ့ လူသတ်သမားကားကိုကြည့်ချင်ရင်လည်း ဒီကားကိုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ပြုံးစိပြုံးစိဖြစ်နေပါလိမ့်မယ် ....ရုပ်ရှင်သရုပ်ဆောင်ကို အရမ်းစွဲလန်းတဲ့ ဖြတ်လျှောက်တစ်ယောက်က လူသတ်သမားအဖြစ် အဓိကမင်းသားနေရာမှာသရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရပါတယ်။ လူသတ်သမားကားလ် အဖြစ်သရုပ်ဆောင်ရာမှာ ဇာတ်ညွှန်းလည်းမရှိပါဘူး။ ကင်မရာတွေလည်း ဖွက်ထားပါမယ်တဲ့။ ရုပ်ရှင်လောကကို တစ်ခေတ်ဆန်းစေမယ့်နည်းပညာအသစ်နဲ့ ရိုက်ကူးထားတာပါတဲ့... အဲ့ဒါနဲ့ပဲ ပီတိတွေဖြာ အီးအီးတွေပါပြီး ဝမ်းသာအားရ လက်ခံလိုက်ပါတယ်။သူလုံးဝမသိတာက သူသရုပ်ဆောင်တဲ့ လူသတ်သမားကားလ် ဆိုတာအပြင်မှာတကယ်ရှိနေပြီး သူကိုယ်တိုင်ကလည်း ဒုစရိုက်ဂိုဏ်းထဲမှာ အမှန်တကယ် ဝင်ရောက်သွားတာကိုပါ။ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်က လူသတ်သမားအဖြစ်ဘယ်လိုသရုပ်ဆောင်မလဲ.. ပြီးတော့ သူကိုယ်တိုင်ပါဝင်ထားတဲ့ ဇာတ်လမ်းကရော ဘယ်လိုအလှည့်အပြောင်းတွေလာဦးမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော် ... ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ )File Size__(1.9GB) / (1GB) Quality__WEB-DL_1080p, 720p IMDb ...
movie
Too Cool to Kill (2022)
6
Another Me ( 2022 )
အားလုံးစိတ်တွေမွန်းကြပ်နေတဲ့အချိန်မှာစိတ်ပြေလက်ပျောက်ကြည့်ဖို့ ဟာသကားလေးနဲ့ တင်ဆက်ပါရစေ။ဟိုးရှေးရှေးတုန်းက သားအဖ၂ယောက်ရှိသတဲ့။အဖေကဘုရင်ကြီး သားကအိမ်ရှေ့မင်းသားဖြစ်တယ်။ဘုရင်ကြီးမှာ မောင်းမမိဿံပေါင်း၃၀၀၀လောက်ရှိပေမယ့်သားတော်တစ်ပါးပဲဖွားမြင်ပါသတဲ့။သားတော်ရဲ့လုံခြုံရေးအတွက် မျက်ဖုံးတပ်ခိုင်းစေခဲ့တယ်။အိမ်ရှေ့မင်းသားရဲ့မျက်နှာကိုဘယ်သူမှမမြင်ဖူးပါဘူး ။ဘုရင်ကြီးသားတော်အပေါ်မျှော်လင့်ချက်ကြီးမားပြီးစာပေအမြောက်အများအတင်းသင်ယူခိုင်းပါတယ်။ ဒါပေမယ့်အိမ်ရှေ့မင်းသားကတော့ အပျော်အပါးပဲမက်ပြီးဇာတ်ပွဲကြည့်ရင်းသာအချိန်ဖြုန်းနေပါတော့တယ်။မြို့ပြင်တစ်နေရာမှာ တည်းခိုခန်းပိုင်ရှင်ရဲ့ယောင်္ကျား လီမောက်ဆိုတဲ့ရှိတယ်။သူကလဲတလွဲကောင်ပါပဲ။အမှုထမ်းလေးလီမောက်က ယောက္ခမရဲ့လေးစားမှုကိုရဖို့ရသမျှနည်းလမ်းနဲ့ ရာထူးတိုးရဖို့ကြံစည်နေပါတယ်။ထူးတာကတော့ သူရုပ်ရည်က အိမ်ရှေ့မင်းသားနဲ့ချွတ်စွပ်တူနေတာပါ။အပျော်အပါးမက်တဲ့ အိမ်ရှေ့မင်းသားနဲ့ ဂုဏ်မက်တဲ့လီမောက်တို့သူတို့၂ယောက်နေရာချင်းလဲပြီးဘာတွေတလွဲလုပ်ကြမလဲဆိုတာကို စိတ်ပြေလက်ပျောက်ကြည့်လိုက်ကြပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Duration : 1h 40min Genres : Drama , Comedy Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Encoded by LK
movie
Another Me ( 2022 )
5.6
Kill Mobile ( 2018 )
2016 ခုနှစ်က ထွက်ခဲ့တဲ့ အီတလီနာမည်ကြီးဇာတ်ကား Perfect Strangers ကိုRemake လုပ်ပြီးပြန်လည်ရိုက်ကူးထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်ဇာတ်ညွှန်းလေးကတော့ လင်မယား စုံတွဲ ၂တွဲ ..စုံတွဲတစ်တွဲ နဲ့ အပျိုကြီးတို့စုစုပေါင်းလူရယောက်ဟာ တခုသောညနေခင်းလေးမှာတွေ့ဆုံပွဲလုပ်ကြတယ်ဒီလိုနဲ့သူတို့ဟာဖုန်းတွေအားလုံးကိုအလယ်မှာထားပြီး ဖုန်းခေါ်တာတွေmessage တွေ wechat က ပို့တာတွေကို စာတိုတွေအားလုံးကို အားလုံးတူတူဖတ်ဖို့လက်ခံခဲ့ကြတယ်..ဒီလိုနဲ့သာမာန်တွေ့ဆုံပွဲလေးကနေမထင်မှတ်တဲ့အပြောင်းအလဲတွေဖြစ်လာတဲ့အခါ..ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးထဲကအတိုင်းအုပ်စုဖွဲ့ပြီးဂိမ်းကစားမယ်ဆိုရင်ပိုပြီးတောင် စိတ်လှုပ်ရှားဖွယ်ကောင်းမယ်လို့ထင်မြင်မိပါတယ်Review & Translated By Phyo ZawEncoded By LK
movie
Kill Mobile ( 2018 )
2018