Channel Myanmar

Luxi Chen

Iron Lady Sniper ( 2024 ) 5.7
Iron Lady Sniper ( 2024 ) ဇာတ်ကားလေးကိုတော့ တရုတ်ပြည်မှာ ဂျပန်တွေကြီးစိုးနေတဲ့ခေတ် 1950နှောင်းပိုင်းကိုအခြေခံပြီးရိုက်ကူးထားပါတယ် ။ ဇာတ်ကားလေးက Action ဆန်ဆန် ဇာတ်လမ်းတွေ ကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်တော့ ဇာတ်ကားကောင်းလေးဖြစ်မယ်ဆိုတာ ပြောရဲပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ စက်တင်ဘာ 18 ဆူပူမှုကြီးအပြီးမှာ တရုတ်ပြည်ရဲ့ အင်အားအကြီးဆုံးစစ်တပ်ဖြစ်တဲ့ တုန်းပေစစ်တပ်ဟာ ဂျပန်တွေကို မတိုက်ခိုက်တော့ဘဲ ခုခံဖို့မူဝါဒကိုချမှတ်လိုက်ပါတယ် ။ဒါကိုမကျေနပ်ကြတဲ့ တုန်းပေစစ်တပ်က စစ်သားတွေဗိုလ်ကြီးတွေ တော်တော်များများက တုန်းပေစစ်တပ်ကထွက်ခွာပြီး ပြည်သူ့တော်လှန်ရေးတပ်ထဲဝင်ကြပါတော့တယ် ။ ဂျပန်တွေကလည်း မန်ချူးတွေရဲ့အကူအညီနဲ့ရဲတင်းပြီး တရုတ်ပြည်က တော်လှန်သူမှန်သမျှကို ရက်ရက်စက်စက်လိုက်လံသုတ်သင်နေတဲ့အချိန်လည်းဖြစ်ပါတယ် ။အဲဒီတော်လှန်သူတွေထဲမှာ မင်းသမီးရဲ့မိဘတွေကလည်းအပါအဝင်ဖြစ်ပြီး သူတို့ရဲ ရဲဘော်ရဲဘက်တစ်ယောက်ကို ဖွက်ထားပေးမိလို့ အသေနှိပ်စက်ခံခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ် ။ဒါကိုမျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရတဲ့ လန်ရွှယ် ( မင်းသမီး ) လေးဟာ တစ်ဘဝလုံး ဂျပန်တွေကိုမုန်းတဲ့စိတ်နဲ့ကြီးပြင်းလာခဲ့ပြီးတော့ အဲဒီကယ်လိုက်တဲ့ရဲဘော်ရဲဘက်ဗိုလ်ကြီးဆီမှာ သေနတ်ပစ်နည်းကို ကျွမ်းကျင်သည်အထိသင်ခွင့်ရခဲ့ပါ‌တယ် ။သူပညာရည်ပြည့်စုံပြီး ထိပ်တန်းစနိုက်ပါတစ်ယောက်ဖြစ်လာခဲ့ချိန်မှာတော့ မိဘတွေအတွက်ဘယ်လိုလက်စားချေသွားမလဲ ? ဂျပန်တွေကိုရော ဘယ်လိုတော်လှန်သွားမလဲဆိုတာကို စိတ်ဝင်စားစွာ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှူပေးကြပါအုံးနော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , War Runtime : 1 h 12 min Subtitle : Myanmar Subtitle ...
movie

Iron Lady Sniper ( 2024 )

You Are My Champion ( 2022 ) 6.2
You Are My Champion ( 2022 ) CM ပရိသတ်ကြီးကို ဘဝအတွက်လမ်းပျောက်နေတဲ့အချိန်မှာ အိပ်မက်တွေကိုပြန်လည်အကောင်အထည်ဖော်ဖို့ အားဖြစ်စေမယ့်ကျောင်းသားကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့ Chen Xing ဆိုတဲ့ တိုက်ရိုက်တင်ဆက်မှုနဲ့အွန်လိုင်းမှာနာမည်ကြီးနေတဲ့ အထက်ကျောင်းသူလေးဟာ အရင်တုန်းက လက်ရွေးစင်ဒိုက်ဗင်အားကစားသမားဖြစ်ဖို့ကြိုးစားခဲ့ဖူးပါတယ်။လက်ရွေးစင်ရွေးချယ်ပွဲအချိန်မှာ မိဘတွေကွာရှင်းခဲ့တဲ့အတွက်ကြောင့် စိတ်ဒဏ်ရာရပြီးကောင်းကောင်းမလုပ်နိုင်ခဲ့တဲ့အတွက် ဒိုက်ဗင်အားကစားကိုလက်လျော့ခဲ့လိုက်ရပါတယ်။Chen Xing တို့အထက်တန်းကျောင်းက ကာယဆရာJiဟာ Chen Xingရဲ့စွမ်းရည်ကိုမထင်မှတ်ပဲသိသွားတဲ့အချိန်မှာ ကျောင်းကရေကူးကန်ကိုမဖျက်ရဖို့အတွက် သူ့အလုပ်တည်မြဲဖို့အတွက် Chen Xingကို ဒိုက်ဗင်အားကစားကိုပြန်ကြိုးစားဖို့နားချပါတော့တယ်။ငယ်ကစိတ်ဒဏ်ရာကြောင့် လက်လျော့ခဲ့တဲ့Chen Xingဟာ အိပ်မက်ကိုပြန်အကောင်အထည်ဖော်ဖို့ကြိုးစားပါတော့တယ်။ အခက်အခဲအမျိုးမျိုးတွေကိုဆရာတပည့်၂ယောက်အတူကြိုးစားကျော်ဖြတ်ရင်း အိပ်မက်ကိုအကောင်အထည်ဖော်ကြတာကိုကြည့်ပြီး CMပရိသတ်ကြီးလဲ မိုတီတွေရလိမ့်မယ်လို့မျှော်လင့်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Comedy Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

You Are My Champion ( 2022 )