Channel Myanmar

Luthero Almeida

Coração de Neon aka Neon Heart (2023) 7.2
Coração de Neon aka Neon Heart (2023) Coração de Neon (2023)ဖာနန်ဒိုလို့ခေါ်တဲ့ကောင်လေးဟာ သူ့အဖေနဲ့အတူတူ ကားတစ်စီးနဲ့ လှည့်လည်ပြီးတော့ သီချင်းသီဆိုဖျော်ဖြေရေးဝန်ဆောင်မှုကို လုပ်ကိုင်ပြီးအသက်မွေးဝမ်းကြောင်းပြပါတယ်။သူတို့လုပ်ငန်းရဲ့နာမည်ကတော့ နီယိုနှလုံးသားလို့ခေါ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ သားအဖနှစ်ယောက် ထုံးစံအတိုင်း ကားလေးတစ်စီးနဲ့ ဖောက်သည်တွေတောင်းဆိုထားတဲ့အတိုင်း သီချင်းလိုက်ဆိုကြရင်း အလုပ်များတဲ့အတွက် အိမ်တစ်အိမ်မှာ အဖေ့ကိုထားခဲ့ရင်း ဖာနန်ဒိုဟာ တခြားဖောက်သည်တစ်ယောက်ကို ဝန်ဆောင်မှုသွားပေးပါတော့တယ်။ဖာနန်ဒိုတစ်ယောက် အလုပ်ပြီးလို့ အဖေဖြစ်သူကို ဝင်ကြိုတဲ့အခါမှာတော့ အဖေဖြစ်သူက သူတို့ဝန်ဆောင်မှုပေးတဲ့အိမ်မှာပဲ သေနတ်ဒဏ်ရာရပြီး လဲနေတဲ့အခါမှာတော့ ..... ဒီသားအဖနှစ်ယောက်ကြားထဲကို ဘယ်လိုကံဆိုးမှုတွေ ဝင်ရောက်လာမလဲ ..... ဖာနန်ဒိုတစ်ယောက် ဒီကံဆိုးမှုတွေကို ဖြတ်သန်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~V~Alex~ToMo တို့ပဲ ဖြစ်ပါတယ်) File size…1.5GB / 731MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~Alex~ToMo
movie

Coração de Neon aka Neon Heart (2023)

2023
Private Desert (2021) 7.2
Private Desert (2021) Private Desert (2021) ~ IMDb - 7.2/10, Rotten Tomatoes - 100% ~ဘရာဇီးကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ အော်စကာဆုစာရင်းထဲမှာလည်းပါ၊ အော်စကာဆုများနဲ့လည်း ထိုက်တန်ပါတယ်လို့ ပြောဆိုမှုတွေရှိတဲ့ကြားက ဆုမချိတ်နိုင်ခဲ့ပေမဲ့ ကြည့်နေကြ ဟောလိဝုဒ်ထဲက ကွဲထွက်နေတဲ့ ဘရာဇီးကားလေးမို့ အရသာကတော့ အသစ်အဆန်းလေးပေါ့။မော်ဒန်ခေတ်သစ်ရဲ့ အသုံးပြုမှုအများဆုံး ဆိုရှယ်ပလက်ဖောင်းလို့ခေါ်တဲ့ လူမှုကွန်ယက်‌ပေါ်က အချင်းချင်းတွေ့ကြတဲ့ဇာတ်လမ်းပါပဲ။ ဒေါသကို ထိန်းချုပ်ရာမှာ ပြဿနာရှိတဲ့ ရဲလေ့ကျင့်ရေးအရာရှိတစ်ယောက်က သင်တန်းသားလူသစ်တစ်ယောက်ကို ဆုံးမရင်း လက်လွန်မတတ်ဖြစ်သွားလို့ အလုပ်ပြုတ် တရားရင်ဆိုင်နေရတာကနေ ဇာတ်လမ်းစပါတယ်။သူက အဖေအိုကြီးကို ပြုစုလုပ်ကျွေးနေသူတစ်ယောက်။ ရည်းစားမရှိ၊ မိန်းမမရှိ။ အွန်လိုင်းပေါ်ကတွေ့တဲ့ ကောင်မလေးကိုပဲ စွဲစွဲလမ်းလမ်း ချစ်နေတဲ့ လူပျိုကြီးပါပဲ။ သူတို့ဟာ လူချင်းမတွေ့ရပေမဲ့ လိုင်းပေါ်မှာကတော့ လင်မယားတွေလိုပဲ‌ပေါ့။ ကိုယ်တုံးလုံးပုံတောင် ကိုရဲကြီးက လှမ်းပို့သေးသတဲ့။ ဒါပေမဲ့ တစ်နေ့မှာ အကောင့်ပိုင်ရှင်လေးပျောက်ဆုံးလို့ စာမပြန် ဖုန်းမကိုင် သစ်စိမ်းချိုး ချိုးသွားတဲ့အခါမှာတော့...အလုပ်ပြုတ်တာ၊ ...
movie

Private Desert (2021)

2021