Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ludacris
6.2
No Strings Attached (2011)
No Strings Attached (2011) IMDb Rating (6.2) မင်းသမီး Natalie Portman နဲ့ မင်းသား Ashton Kutcher တို့ပါဝင်ထားပြီး အချစ်ရိုမန့်ရုပ်ရှင်တွေအကြောင်းပြောကြမယ်ဆိုရင် ချန်ထားလို့မရတဲ့ဇာတ်ကားလေးပါ။ အမ်မာ နဲ့ အာဒမ် တို့က သူငယ်ချင်းဆိုပေမယ့် သူငယ်ချင်းလိုလဲမဟုတ်ဘူး.... အတူအိပ်နေကြလို့ ချစ်သူတွေလားဆိုတော့လဲ မဟုတ်ပြန်ဘူး... တစ်ယောက်ယောက်က အဆင့်ပိုပြီး ချစ်မိမလာကြဖို့လဲ ၂ ယောက်လုံးက ကန့်သတ်ထားကြသေးတယ်.... ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဘဝကို သင့်တော်သလိုဖြတ်သန်းနေရင်းနဲ့ ဘယ်အချိန်မှာ တစ်ယောက်ကိုတစ်ယောက်မလွန်ဆန်နိုင်တဲ့အထိ သံယောဇဉ်တွေ ငြိတွယ်ကြမလဲဆိုတာ....။ တခုခုကိုရယူလိုခြင်းမရှိပေမယ့် ပေးဆပ်ခြင်းသက်သက်တွေက အချစ်ဆိုတဲ့နှောင်ကြိုးတွေဖြစ်တည်လာတဲ့အခါမှာတော့....။ Comedy Romance ဇာတ်လမ်းလေးမလို့ ရိုမန့်သီးသန့်မဟုတ်ဘဲ ရီလဲရီနေရပါတယ်။ကြည့်ကြည့်ပါ.အကြိုက်တွေကြမှာပါ။File size…(1.8 GB) / (910 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:47:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
No Strings Attached (2011)
2011
5
End of the Road (2022)
End of the Road ( 2022 )Fast and Furiousကားတွေနဲ့ လူသိများတဲ့ Ludacrisရဲ့ action , thrillerကားအသစ်ပါ။ အကြွေးတွေပိနေလို့ အိမ်ရောင်းဆပ်ပြီး အဘွားအိမ်ကိုပြောင်းဖို့ နှစ်ညအိပ်သုံးရက်ခရီးရှည်ကြီးကို အိမ်စီးကားလေးနဲ့သွားကြတဲ့ မိသားစုတစ်စုရဲ့ လမ်းတစ်လျှောက်က အခက်အခဲတွေအကြောင်းပါ။မတည့်မရှု့ဖြစ်နေတဲ့ သူတို့မိသားစုဟာ ဘုနဲ့ဘောက်နဲ့ ခရီးထွက်ကြရင်း လမ်းမှာ မိုတယ်တစ်ခုမှာ တစ်ညဝင်အိပ်ကြပါတယ်။ ဘေးခန်းက အသံတွေကြားလို့ သွားကြည့်တော့ လူတစ်ယောက်သေနတ်မှန်ထားလို့ ကယ်ဖို့လုပ်ရင်း သူထားခဲ့တဲ့ပိုက်ဆံလက်ဆွဲအိတ်လိုက်ကြီးကို တွေ့သွားကြတယ်။ ကယ်ဖို့လုပ်ကြပေမဲ့ မမီတော့ပါဘူး။ ငွေတွေယူပြီးပဲထွက်လာလိုက်ကြတယ်။ လမ်းခုလတ်ကျတော့ ငွေတွေရဲ့ပိုင်ရှင် မူးယစ်ရာဇာကြီးက သူ့ငွေတွေကိုပြန်တောင်းပါတယ်။ မူးယစ်ရာဇာကြီးက သူ့ကလေးတွေကိုပါပြန်ပေးဆွဲပြီးငွေတွေပြန်ရအောင်ကြံပါတယ်။ ဒီလိုနဲ့ အမေနဲ့ဦးလေးဟာ ကလေးနှစ်ယောက်အတွက် အဲဒီနယ်တစ်ခွင်က ဘယ်သူမှမော်မကြည့်ရဲတဲ့လူဆိုးကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့..File Size__(1.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:29:00 Type__Action, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie
End of the Road (2022)
5.7
Gamer (2009)
Gamer (2009) ===================== အင်မတန်ချမ်းသာပြီး နာမည်ကြီးရုံသာမက အာဏာပါကြီးလွန်းတဲ့ ကန်ကာဆယ် ဆိုတဲ့ လူတစ်ယောက်ဟာ စိတ်ကိုထိန်းချုပ်ရတဲ့ဂိမ်းတစ်ခုကို တီထွင်ခဲ့ပြီး လူတွေပါ၀င်ကစားလာဖို့ ဆွဲဆောင်ခဲ့ပါတယ်။ ဒီဂိမ်းဟာ သာမာန်ဂိမ်းမျိုးမဟုတ်ပဲ လူတစ်ယောက်ရဲ့လှုပ်ရှားမှုမှန်သမျှကို ကစားသမားကထိန်းချုပ်လို့ရတဲ့ဂိမ်းမျိုးဖြစ်ပါတယ်။ အထိန်းချုပ်ခံတဲ့သူက ပိုက်ဆံရမှာဖြစ်ပြီး ကစားတဲ့သူက ပိုက်ဆံပေးပြီး ကစားရတာပါ။ ဒါထက်အဆင့်မြင့်သွားတဲ့ စလေယာစ် ဆိုတဲ့ ဂိမ်းမှာတော့ သေဒဏ်ကျပြီးသားလူတွေဟာ သူတို့စိတ်ကိုထိန်းချုပ်ခံထားရပြီးတော့ အချင်းချင်းပစ်သတ်နေတဲ့ကြားကနေ အသက်ရှင်ဖို့ကြိုးစားရတာပါ။ အဆင့်၃၀လုံးအောင်တဲ့သူက သေဒဏ်ကနေလွတ်ကင်းပြီး အိမ်ကိုပြန်ခွင့်ရှိမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတာကတော့ ဂျွန်ကေဘယ်ဆိုတဲ့ လူဖြစ်ပါတယ်။ ဂျွန်ကေဘယ် ကို ဆိုင်မွန်ဆိုတဲ့ကစားသမားက ထိန်းချုပ်ကစားနေတာဖြစ်ပြီး သူတို့နှစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ အဆင့်အားလုံးကိုရော အောင်မြင်အောင်ကျော်ဖြတ်နိုင်မလားဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ ဒီကားရဲ့ တချို့အသုံးအနှုန်းလေးတွေကြမ်းပေမယ့် ဇာတ်ကားကိုက science fiction action အမျိုးအစားဖြစ်တာမို့ စိတ်ကူးယဉ်ဆန်ပြီး ကြမ်းတာမှကြိုက်တဲ့ကိုယ့်လူတို့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားလို့ညွှန်းလိုက်ပါရစေ။ File size…6.2GB/ 2.26GB / 1.12GB Quality…4k HEVC Bluray / 1080p BluRa Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Jaka
movie
Gamer (2009)
2009
4K HEVC
6.8
The Fate of the Furious (2017) Fast and Furious 8
Fast & Furious ပရိသတ်တွေအတွက် USD 250 million အကုန်အကျခံပြီး အကောင်းဆုံးတင်ဆက်ထားတဲ့အတွက် Box officie မှာ USD 1 Billion ကျော် ဝင်ငွေရပြန်ရခဲ့ပြီး IMDb 7.2 ထိ Rating ရထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး “ဒွန်မနစ်တိုရက်စ်တို” တစ်ယောက် သူရဲ့ ချစ်ဦးသူ “လတ်တီ” တို့ ကျူးဘားကျွန်းလေးမှာ ဟန်နီးမွန်းထွက်နေကြပါတယ်။ဒီအချိန်မှာ အမေရိကန်အစိုးရရဲ့ Electromegnatic Pulse –EMP လို့ခေါ်တဲ့စွမ်းအားမြင့်ဗုံးကို အခိုးခံလိုက်ရပြီးဘာလင်က လက်နက်ကုန်သည်တွေ လက်ထဲမှာရောက်နေပါတယ်လို့ သတင်းရထားပါတယ်။ဒီဗုံးနဲ့သာတိုက်ခိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်မြို့ကြီးမဆို စွမ်းအင်တွေပြတ်ပြီးကျောက်ခတ်ကလို ပြန်ဖြစ်သွားနိုင်တဲ့အတွက် အမေရိကန်အစိုးရ ကိုယ်လုပ်ထားတဲ့ဗုံးအတွက်ကိုယ်ပြန်ပူပန်နေရပါပြီ။တစ်ခြားနိုင်ငံတစ်ခု ပိုင်နက်မှာဆိုတာ့ အစိုးရအနေနဲ့ တရားဝင်အဖွဲ့အစည်းတွေလွတ်လို့မရတဲ့အတွက် “လုခ်ဟော့ခ်” ကိုပဲ ဦးဆောင်ခိုင်းပြီး ပြန်ခိုးခိုင်းလိုက်ပါတယ်။ဒီ EMP ဗုံးကို Furious အဖွဲ့သားတွေ အောင်မြင်အောင်ခိုးလာနိုင်ပေမယ့် ဇာတ်လိုက်ကျော်ကြီးဒွန်က သစ္စာဖောက်ပြီး ...
movie
The Fate of the Furious (2017) Fast and Furious 8
2017
7.2
Furious 7 (2015) Fast and Furious 7
Review မလုပ်ခင် တစ်ခုပြောချင်တာက ဒီကားက ၂ပတ်အတွင်းမှာတင် US မှာ သန်း ၂၆၀ ကျော်သွားပြီဖြစ်သလို၊ World Wide မှာ အပို သန်း ၇၀၀ နဲ့ စုစုပေါင်း သန်း ၁ထောင်ကျော်သွားပါပြီ။ ၂ပတ်အတွင်းမှာ မှာတင် All Time ဝင်ငွေအကောင်းဆုံးစာရင်းမှာ နံပါတ် ၂၀ ဖြစ်သွားပြီး၊ ဒီအတိုင်း ဆက်သွားရင် ထိပ်ဆုံး ၅ ကားစာရင်းဝင်မှာဖြစ်ပါတယ်။ ဒီကားက မင်းသား Paul Walker ရဲ့ နောက်ဆုံး ဇာတ်ကား ဖြစ်ပြီး၊ Fast & Furious ဇာတ်လမ်းတွဲရဲ့ ၇ကားမြောက်ဖြစ်ပါတယ်။ ဒီစီးရီးက Fast 5 ကနေစပြီး ဇာတ်လမ်း ပုံစံပြောင်းလိုက် ပြီးတဲ့နောက်မှာမှ လူတွေပိုစိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ပထမသုံးကားက ကားပြိုင်တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပြီး နံပါတ်လေးမှာ Tokyo Drift ဒါရိုက်တာ ...
movie
Furious 7 (2015) Fast and Furious 7
2015
7.1
Fast & Furious 6 (2013) Fast and Furious 6
Fast and Furious အဆက်အနေနဲ့ထွက်ရှိထားတဲ့ နံပါတ် ၆ ခုမြောက်ဇာတ်ကားဖြစ်ပါတယ်...ထုံးစံအတိုင်း နာမည်ကျော်မင်းသားမင်းသမီးတွေ ကားတွေ သေနတ်တွေနဲ့ အက်ရှင်အလန်းစားတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ File Size : (2.4 GB) / (1.3 GB) Quality : BluRay 1080p / 720p 5.1CH Running Time : 2hr 10min Format : MKV Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Chothet_mlmt Encoded by Nyeinsaeya Aung
movie
Fast & Furious 6 (2013) Fast and Furious 6
2013
7.3
Fast Five (2011) Fast and Furious 5
ရုပ်ရှင်မိတ်ဆက်ဒီတစ်ခါတော့ လူငယ်တွေကို ပြိုင်ကားတွေနဲ့ ရင်းနှီးစေခဲ့တဲ့ Fast & Furious ဇာတ်လမ်းတွဲတွေထဲက အကောင်းဆုံးလို့ ပြောလို့ရတဲ့ Fast Five နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီတစ်ခါ Review ကတော့ ထူးထူးခြားခြား ပရိတ်သတ်အားလုံးကို အမှတ်တရဖြစ်နေမှာပါ။ Fast & Furious ဇာတ်ကားတွေရဲ့ အဓိကမင်းသားအဖြစ် Vin Diesel နဲ့အတူ တွဲဖက်သရုပ်ဆောင် ခဲ့တဲ့ Paul Walker (Brian O'Conner) က နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၀၁၃ ခုနှစ်မှာ Santa Clarita, California မှာ ကား အက်ဆီးဒင့် ဖြစ်ပြီး သေဆုံးသွားပြီဖြစ်ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၄၀ ပဲရှိသေးပြီး သူငယ်ချင်းနဲ့ အတူ ဖီလစ်ပိုင်မုန်တိုင်း အတွက် Charity Event ကနေပြန်အလာမှာ ကားအက်ဆီးဒင့် ဖြစ်တာဖြစ်ပါတယ်။ ...
movie
Fast Five (2011) Fast and Furious 5
2011
5.9
2Fast 2 Furious (2003)Fast and Furious 2
F1 ကပြဿနာမျိုးစုံပြီးတဲ့နေက် ဘရိုင်ယန်တစ်ယောက် ရဲအလုပ်ကထွက်ပြီးအရပ်သားဘဝနဲ့ တရားမဝင်ကားပြိုင်ပွဲတွေမောင်းလိုက်ငွေဝင်မဲ့ အလုပ်ကိစ္စမျိုးစုံကို ငပွေးတစ်ကောင်လို လုပ်နေတယ်...အမှုငယ်ပေါင်းများစွာနဲ့ပေါ့...ဒီချိန်မှာပဲ မိုင်ယာမီမှာ သွင်းကုန်ထုတ်ကုန်နဲ့ပတ်သက်ပြီး လုပ်ငန်းရှင်ကြီးတစ်ယောက်က မူးယစ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီးသတင်းအရမ်းထွက်နေတယ်...သူ့ဆီမှာ မူးယစ်ဆေးများစွာသိုလှောင်ထားတယ်လို့သံသယရှိနေသလို ငွေမဲတွေကိုလည်းငွေဖြူအချီကြီးလုပ်ဖို့စီစဉ်နေတယ်လို့သတင်းရနေတယ်..ဒါကြောင့် ရဲတပ်ဖွဲ့ဟာ အမှုတွေပယ်ဖျက်ပေးမယ်ဆိုတဲ့မက်လုံးနဲ့ ဘရိုင်ယန်ကိုကမ်းလှမ်းပြီး မိုင်ယာမီက လူဆိုးကြီးကိုလိုက်ဖို့အသုံးချပါတော့တယ်.... File Size :(2.05GB), (0.99 GB)Quality : Blu-Ray1080P5.1CH 720pRunning Time : 1hr 46minFormat : Mp4Genre :Action, Crime, ThrillerSubtitle : Myanmar Subtitle (Hard Sub)Source : 1080p BluRay x264-SPARKSTranslated by Thura Zarni AungEncoded by Thanhtike Zaw
movie
2Fast 2 Furious (2003)Fast and Furious 2
2003
6.6
The Ride (2018)
The Ride (2018)==============IMDb Rating - 6.6/10 2018 ပေမယ့် 13 November 2020 (USA) မှထွက်လာတဲ့ ဇာတ်ကားကောင်းလေးပါ။ဒီဇာတ်ကားလေးကတော့ BMX စက်ဘီးစီးဖို့ စိတ်ဝင်စားတဲ့သူတွေနဲ့ ရသခံစားချင်သူတွေ ကြည့်သင့်တဲ့ IMDb 6.6 ရရှိထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပါ။ ငယ်စဥ်ကတည်းက လူငယ်ထိန်းသိမ်းရေးကျောင်းသို့ရောက်ခဲ့ရတဲ့ ဂျွန်မက်ကော့ဟာ ကျောင်းမှလူမည်းကလေးများနှိပ်စက်တာကို အလူးအလဲခံခဲ့ရရှာပါတယ်။ ဆယ်ကျော်သက်အရွယ်ကိုရောက်လာတဲ့အခါမှာ သူ့ကိုမွေးစားဖို့လာကြည့်ကြတဲ့မိဘတွေမှာယောက်ျားဖြစ်သူ အယ်လ်ဒရစ်ဂျ် (Ludacris) က လူမည်းတစ်ယောက်ဖြစ်နေလို့သူစိတ်ညစ်ခဲ့ရပါတယ်။ လူငယ်ထိန်းသိမ်းရေးကျောင်းမှစွန့်ခွာနိုင်မယ့် အခွင့်အရေးကိုလက်လွှတ်မခံနိုင်လို့သာ သူဟာလိုက်သွားဖြစ်ပေမယ့် စိတ်ထဲတော့သိပ်မကြည်လှပါဘူး။ဂျစ်ကန်ကန်နိုင်တဲ့ ဂျွန့်ကို အယ်လ်ဒရစ်ဂျ်တစ်ယောက် နည်းလမ်းမျိုးစုံနဲ့ ရင်းနှီးမှုရယူဖို့ကြိုးစားရာမှ သူစိတ်ဝင်စားနေတဲ့ BMX စက်ဘီးလေးဝယ်ပေးပြီး စက်ဘီးစီးသင်ပေးရာက မိသားစုတွင်းအဆင်ပြေသွားပါတယ်။ BMX ကို ဝါသနာအရ လေ့လာပြီး စီးကြည့်ရာကနေ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာဖို့အတွက် ကြိုးစားအားထုတ်မှုတွေနဲ့ သူ့ရဲ့စတန့်ကွတ်လှလှလေးတွေကို ခံစားကြည့်ရှုရမှာဖြစ်ပြီးတော့ မိသားစုဆိုတဲ့နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ရသကို အပြည့်အဝခံစားရပြီး Heart ...
movie
The Ride (2018)
2018
7.1
Crash 2004
Crash ဆိုတဲ့ ဇာတ်ကားကတော့ လော့စ်အန်ဂျလိစ်မြို့တော်တွင်း လူမျိုးရေးခွဲခြားမှုတွေ လူ့အသိုင်းအဝိုင်းကြားတင်းမာမှုတွေကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်လူဖြူ လူမည်းခွဲခြားမှုတွေကြားမှာ လူဖြူတွေကို မုန်းတီးပြီး အနုကြမ်းစီးတတ်တဲ့ Anthnoy ဟာ သူ့အဖော်နဲ့အတူ လူဖြူရှေ့နေ Rick နဲ့ သူ့ဇနီး Jean တို့ရဲ့ကားကို လုခဲ့ပါတယ်။ဒီဇာတ်ကားလေးထဲမှာိုသေနတ်နဲ့ခြိမ်းခြောက်ခံခဲ့ရတဲ့အတွက် လူမည်းတွေကို ကြောက်ရွံ့သွားပြီး သူ့အိမ်မှာအလုပ်လာလုပ်တဲ့ လူမည်းတွေကို မယုံကြည်နိုင်တော့တဲ့ Jeanကျည်ဆံသံတွေကြား အိမ်ခဏခဏပြောင်းခဲ့တဲ့ သော့ပြင်ဆရာ Danielသော့ပြင်ဆရာနဲ့အခြေအတင်စကားများပြီးနောက် လူမည်းသော့ပြင်ဆရာကြောင့် သူ့ဆိုင်ဖောက်ထွင်းခံရတယ် ယူဆထားသူ Farhandလူမည်းတစ်ယောက်ဖြစ်တဲ့အတွက် ဇနီးဖြစ်သူကို ရဲတစ်ဦး လက်သရမ်းတာကို ကြည့်နေခဲ့ရတဲ့ လူမည်းရုပ်ရှင်ဒါရိုက်တာ Cameronဖခင်ရဲ့ရောဂါကြောင့် ဆေးရုံမှတာဝန်ရှိသူ လူမည်းအမျိုးသမီးကို မကျေမနပ်ဖြစ်နေသူ ရဲအရာရှိ Ryanလူမျိုးရေးခွဲခြားမှုကြောင့် ဖြစ်ပေါ်လာတဲ့ လူသတ်မှုတစ်ခုကို စုံစမ်းနေသူ လူမည်းစုံထောက်တစ်ယောက်ဦး Graham watersစတဲ့ဇာတ်ကောင်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ အမေရိကန်လူ့အသိုင်းအဝိုင်းကြား ဖြစ်ရပ်တွေကို ပုံဖော်ထားတာတွေ့ရမှာပါ။ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ခရိုင်ရှေ့နေ Rick အဖြစ် Brendan ...
movie
Crash 2004
3.0
Show Dogs (2018)
CM က တိရစ္ဆာန်ချစ်သူတွေအတွက် တိရစ္ဆာန်စကားပြောဇာတ်ကားတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။Show Dog(2018) ပါတဲ့။ခွေးချစ်တတ်သူများသဘောကျမယ့်ကားမျိုးပါ။အဓိကဇာတ်ကောင်ကတော့ Rottweiler အမျိုးအစား ဒေါသကြီးပြီး တစ်ကိုယ်တော် အလုပ်လုပ်တတ်တဲ့ ရဲခွေး Max ပါ။သူကအခိုးခံလိုက်ရတဲ့ Panda လေးတစ်ကောင်ရဲ့ အမှုကိုစုံစမ်းနေရင်း ဥပဒေဘက်တော်သား အဖွဲ့မတူတဲ့ FBI က အေးဂျင့် Frank ရဲ့စစ်ဆင်ရေးကိုဖျက်စီးလိုက်သလိုဖြစ်သွားပါတယ်။သူတို့နောက်ထပ်ရတဲ့သဲလွန်စက ခွေးပြပွဲတစ်ခုမှာဖြစ်လို့ ပြိုင်ပွဲဝင်အဖြစ်အသွင်ယူဖို့ နှစ်ယောက်သားပူးပေါင်းပြီး ပန်ဒါလေးကို ရှာဖွေရင်း Max နဲ့ Frank တို့ ဘယ်လို မိတ်ဆွေသစ်တွေရပြီး ဘယ်လိုအချစ်ကိုတွေရှိကြတယ်ဘယ်လို အမြင်တွေပြောင်းလဲသွားတယ်ဆိုတာကို ဟာသအလွဲလေးတွေနဲ့ပြထားပြီးပန်ဒါလေးကိုကယ်နိုင်သွားမလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။စကားမစပ်ပန်ဒါလေးကအသေချစ်ဖို့ကောင်းတယ်ဗျာ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ)Quality : Blu-Ray 720p Running Time : 1hr 32min Format : Mp4 Genre : Adventure, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SAPHiRE Translated by d3mon Encoded by Thanhtike ...
movie
Show Dogs (2018)
2018