Channel Myanmar

Louise delos Reyes

Marita (2023) 7.4
Marita (2023) ဖိလစ်ပိုင်ရဲ့ဂုဏ်သတင်းအကြီးဆုံး နာမည်အကျော်ဆုံး တက္ကသိုလ်တစ်ခုရဲ့ပြဇာတ်ရုံထဲမှာ မာရီတာ ဆိုတဲ့ မင်းသမီးတစ်လက်ရှိခဲ့ဖူးပါတယ်။မာရီတာဟာ လှပသလို ပညာရပ်မှာကြွယ်၀တဲ့အတွက် သူပဲအမြဲတမ်းခေါင်းဆောင်၊ သူကသာ ကြယ်တစ်ပွင့်အဖြစ် အားလုံးလက်ခုပ်တီးအားပေးရတဲ့ ကာလတစ်ခုကို နှစ်ရှည်လများပိုင်ဆိုင်ခဲ့ဖူးပါတယ်။ဒါပေမယ့်လည်း အချိန်တွေတဖြည်းဖြည်းပြောင်းလာ ကာလတွေပြောင်းလာတဲ့နောက် ပိုပြီးအရည်အချင်းပြည့်၀သလို ပိုပြီးနုငယ်လှပတဲ့ လူငယ်လူသစ်တွေ သူတို့လောက ကိုဝင်ရောက်လာတဲ့နောက် သူ့နေရာကိုအစားထိုးခံလိုက်ရတဲ့အချိန်မှာတော့ မာရီတာတစ်ယောက် အဆုံးစွန်အထိပေါက်ကွဲခဲ့ပါတော့တယ်။သူ့နေရာကို အစားထိုးမယ့် ပြဇာတ်မင်းသမီးထက် ပိုပြီး နာမည်ကြီးမယ့်နေရာကို သူဝင်ယူလိုက်ပုံကတော့ စတိတ်စင်ပေါ်၊ ပရိသတ်ရှေ့မှာ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့တာပါပဲ။နောက်နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာတော့ သူ့ဇာတ်ကြောင်းဟာပါးစပ်ပြောရာဇဝင်တစ်ခုဖြစ်နေခဲ့ပါပြီ။အဲ့ဒါတွေကို မယုံကြည်တဲ့ ကျောင်းအုပ်အသစ်၊ပြဇာတ်အဖွဲ့ဝင်အသစ်တွေနဲ့ သူတစ်ချိန်က ကြီးစိုးခဲ့တဲ့ ပြဇာတ်ရုံကိုပြန်အသက်သွင်းဖို့ကြိုးစားတဲ့အချိန်မှာ မာရီတာ ဘယ်လိုတုန့်ပြန်မှာလဲ?မာရီတာဟာ တကယ်ပဲ အဲ့ဒီဇာတ်ရုံထဲမှာရှိနေဆဲလား? ဆက်လက်ရှုစားကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.2GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Marita (2023)

Deleter (2022) 5.9
Deleter (2022) Deleter (2022)~ IMDb - 5.9/10, Rotten Tomatoes - 83% ~" အဖေကပြောဖူးတယ် တစ္ဆေတွေဆိုတာ ကြောက်စရာမဟုတ်ဘူး။ တစ္ဆေတွေကိုမြင်တွေ့ရတယ်ဆိုတာ နောက်ဘဝရှိခြင်း၊ ပြီးတော့ ဘုရားရှိခြင်း၊ အကောင်းအဆိုးရှိနေခြင်းတွေရဲ့သက်သေပဲ။ အဲဒါတွေကြောင့် ကျွန်မဟာ ကမ္ဘာကြီးထဲက ရက်စက်ဆိုးယုတ်မှုတွေအကြောင်း နားလည်လာလိမ့်မယ်တဲ့။ ကျွန်မကတော့ အခုထိ တစ္ဆေတွေကိုရှာနေတုန်းပါပဲ။ "လိုင်ရာက ဆိုရှယ်မီဒီယာတွေပေါ်ကို အသုံးပြုသူတွေတင်လာကြတဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေထဲက ကြည့်ရှုဖို့မသင့်တော်အောင် ကြမ်းတမ်းရက်စက်တဲ့ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာတွေကို ပယ်သင့်တာပယ် ခွင့်ပြုသင့်တာခွင့်ပြုပေးရတဲ့ Content Moderator တစ်ယောက်ဖြစ်ပါတယ်။ အလုပ်ရဲ့သဘောသဘာဝအရ စိတ်ထိခိုက်စရာ၊ ခြောက်ခြားစရာတွေကို သူများတွေမကြည့်မိအောင် ကိုယ်တိုင်အစအဆုံးကြည့်ပေးရတဲ့အတွက် စိတ်ဖိစီးမှုများသလို ငယ်ဘဝရဲ့ဒဏ်ရာတွေကလည်း သူ့ကိုခြောက်လှန့်နေပါသေးတယ်။ဒါပေမဲ့လည်း အဲ့ဒီစိတ်သောကတွေကို ဘယ်သူမှမမြင်အောင်ဖုံးဖိထားနိုင်တဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို စိတ်ဓာတ်မာကြောသူလို့ယူဆကြပါတယ်။ အဲဒါတွေက သူတို့ရုံးတွင်း လုပ်ဖော်ကိုင်ဖက် အီလင်းဆိုတဲ့ကောင်မလေးတစ်ယောက် သူ့ကိုယ်သူ သတ်သေမသွားခင်အထိပဲဖြစ်ပါတယ်။ အားလုံးက ...
movie

Deleter (2022)

2022
For the Broken Hearted(2018) 6.8
For the Broken Hearted(2018) For the Broken Hearted(2018)လူတိုင်းက အချစ်ဦးကို မေ့လို့ရမှာမဟုတ်ဘူးထင်ပါရဲ့...အချစ်ဆိုတာ ချိုလား ခါးလား ရသမျိုးစုံ ခံစားနေကြလေရဲ့။ အချစ်ရှေ့မှာဒူးထောက်အရှုံးပေးကြသူရှိသလို အချစ်မှာပျော်ရွှင်နေကြသူလည်းရှိပါတယ်။ဒီဇာတ်ကားမှာလည်း လူသုံးယောက်ရဲ့အချစ်ရေးအကြာင်းကိုရိုက်ကူးပြသထားပါတယ်။သူတို့က ဘယ်လိုပုံစံနဲ့စတွေ့ခဲ့ပြီး ဘယ်လိုအချစ်မျိုးနဲ့တွေ့ကြုံခဲ့ပြီး ဘယ်လိုအဆုံးသတ်သွားကြတာလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစမှာတော့ အချစ်ရေးအဆင်မပြေလို့အန်တီအိမ်မှာသွားနေဖို့ ဆုံးဖြတ်လိုက်တဲ့ ဂျက်ခီနဲ့စတွေ့ရမှာပါ။ သူက ကားဂိတ်မှာ အတွေ့အကြုံတူညီတဲ့ကတ်နဲ့ဆုံခဲ့ပါတယ်။ ဒီလိုစကားပြောရင်း သူတိုနှစ်ယောက်က သူတို့ကြုံတွေ့ခဲ့တဲ့အကြောင်းတွေကို အချင်းချင်းပြောပြရင်ဖွင့်ခဲ့ပါတယ်။တကယ့်ကို ကြည့်ကောင်းပြီး လူငယ်ဘဝမှာကြုံတွေ့နိုင်တဲ့ အချစ်အကြောင်းတွေကို ချစ်စဖွယ်ရိုက်ကူးထားတဲ့အတွက်ကြောင့်စိတ်ဝင်တစားကြည့်ရှုအားပေးကြပါဦး။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ The One ပဲဖြစ်ပါတယ်...File Size : (900 MB) and (332 MB) Quality : WEB-L 720p Format…mp4 Duration…01:32:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by The One Encoded by Phyo Pyae
movie

For the Broken Hearted(2018)