Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lou Yujian
5.8
Off the Stage ( 2024 )
ဒီတစ်ခါမှာတော့ CM ကနေတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ တရုတ်ရိုးရာဇာတ်အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် သားနှစ်ယောက်နဲ့သမီးတစ်ယောက်ရှိတဲ့ နာမည်ကြီးဇာတ်မင်းသမီးတစ်ယောက် အောင်မြင်မှုရလာတာနဲ့အမျှ ယောက်ျားတွေနဲ့ ပွေလီဖောက်ပြန်တတ်လာပါတယ် အဆိုးဆုံးကတော့ ကလေးသုံးယောက်ကိုပစ်ပြီး ဇာတ်အဖွဲ့ကနေလည်းနှုတ်ထွက်ပြီး အပျော်နောက်ကို လိုက်သွားခဲ့တာပေါ့နော်သားသမီးတွေဒုက္ခရောက်နေချိန်မှာ တစ်ချက်ပြန်မလာဘဲ ငွေပဲပို့ပေးခဲ့တဲ့ အမေတစ်ယောက်ကို သူ့သားအကြီးဆုံးချိုးရှန်းကတော့ အရိုးထဲထိကို မုန်းနေခဲ့ပါတယ် သူ့အမေရဲ့လျစ်လျူရှုမှုတွေကြောင့် သူ့ညီမဖြစ်သူက စိတ်မနှံ့တဲ့သူတစ်ယောက်ဖြစ်သွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ထောင်၆နှစ်ကျခဲ့ရပါတယ်သူတို့အမေပြန်လာခဲ့တဲ့အချိန်ကတော့ သူမမှာ ကင်ဆာနောက်ဆုံးအဆင့်ဖြစ်ပြီး မကြာခင်သေရတော့မယ်ဆိုတာကိုသိရတဲ့အချိန်ပဲဖြစ်ပါတယ် သူ့သားတွေကတော့ သူ့အမေပြောတာကို ဇာတ်မင်းသမီးပီပီ လီဆယ်ပြောတယ်လို့ပဲမှတ်ပြီး မယုံကြပါဘူးဒီကားလေးထဲမှာ အောင်မြင်မှုနွံထဲမှာ နစ်ခဲ့တဲ့ ဇာတ်မင်းသမီးတစ်ယောက်ရဲ့ မိသားစုဘဝကို နောက်ခံထားပြီး ဇာတ်ကဖို့ဆိုတာ နောက်ကွယ်မှာ အများကြီးကြိုးစားအားထုတ်မှုတွေရှိကြောင်းကို သနားစရာဇာတ်လမ်းလေးအဖြစ်ရိုက်ကူးထားတာဖြစ်လို့ ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ကြည့်ရှုချင်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့လို့ ကြည့်ရှုခံစားဖို့ CM ကနေတင်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Family Runtime : 2h 3 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded by LK
movie
Off the Stage ( 2024 )
5.8
Blood on the Nameless River ( 2023 )
ကိုရီးယားအမေရိကန်စစ်ပွဲကိုအခြေခံထားတဲ့ သွေးနဲ့ရေးတဲ့စစ်ပွဲဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ရန်သူအမေရိကန်စစ်တပ်တွေကိုတားဆီးနိုင်ဖို့အတွက်ဆိုရင် သူတို့ရဲ့ရိက္ခာအထောက်အပံ့တွေကိုဖြတ်ပစ်လိုက်တာဟာ ခြေထောက်နှစ်ချောင်းကိုဖြတ်ပစ်သလိုပဲထိရောက်ပါလိမ့်မယ်။အဲဒါကြောင့် တုချွမ်းတို့တပ်စုဟာရိက္ခာဖြည့်တဲ့ထောက်ပို့စခန်းတစ်ခုကိုဝင်စီးကြပါတယ်။ အဲဒီထောက်ပို့စခန်းကိုဝင်စီးလိုက်တဲ့အချိန်မှာ မထင်မှတ်ပဲ ရန်သူရဲ့စစ်ကြောင်းကိုသိလိုက်ရပါတယ်။ တရုတ်ပင်မစခန်းကြီးကို အမေရိကန်တွေရဲ့အမြှောက်တပ်ကြီးရောက်မသွားအောင် တုချွမ်းတို့တပ်စုဟာအစွမ်းကုန်ကြိုးစားရဖို့တာဝန်ဖြစ်လာပါတယ်။ရန်သူနဲ့အင်အားမမျှတဲ့အတွက် သူတို့တပ်စုလေးဟာ ဘယ်လိုနည်းဗျူဟာတွေသုံးပြီး အမေရိကန်တွေကိုတားမလဲဆိုတာ စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်။ ပီပြင်တဲ့ဆက်တင်နဲ့သရုပ်ဆောင်ချက်တွေကြောင့် စစ်ကားကြိုက်တတ်တဲ့သူတွေရဲ့ ကျေနပ်စရာကောင်းတဲ့ကားလေးတစ်ကားဖြစ်မှာသေချာပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , War Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Blood on the Nameless River ( 2023 )
5.9
Cross the Yalu River ( 2021 )
ဒီတခါတော့ CM ကနေပြီးတော့ 1950 ခုနှစ်ပတ်ဝန်းကျင်လောက်က စစ်ကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-1950 ခုနှစ် 6 လပိုင်းတွင် ကိုးရီးယားပြည်တွင်းစစ်ကြီး စတင်ခဲ့ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂစစ်တပ်မှ တရုတ်နိုင်ငံကို နံပါတ် ၇ စစ်သင်္ဘောနဲ့ စစ်လေယာဉ်များကို လွှတ်ပြီး ရှန်းတုန်းနှင့် တုန်းပေတို့ကို ပစ်ခတ်ဖောက်ခွဲခဲ့တဲ့အတွက် လူအများအပြား ဒဏ်ရာရခဲ့ရပါတယ်။တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မော်စီတုန်းမှ ဦးဆောင်တဲ့ အရာရှိတွေက အမေရိကန်ကို တိုက်ခိုက်ပြီး ကိုးရီးယားကို ကူညီပေးဖို ကြေငြာခဲ့ပါတယ်။အချိန် ၂ နှစ်ကျော် တိုက်ခိုက်ခဲ့ရတဲ့ စစ်ပွဲကြီးကို ကိုယ်တိုင် ပါဝင်တိုက်ခိုက်နေရသလို ခံစားစေရအောင် ရိုက်ကွက်လှလှလေးတွေနဲ့ ရိုက်ပြပေးထားတဲ့အတွက် ဒီကားလေးကိုလဲ စစ်ကားတွေ ကြိုက်တတ်တဲ့ ပရိသတ်တို့ကို ကြည့်ဖို တိုက်တွန်းပါရစေ။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 2h 34 min Subtitle : Myanmar ...
movie
Cross the Yalu River ( 2021 )