Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Liu Lincheng
5.8
Dead Ahead ( 2024 )
ဇာတ်လမ်းအကျဉ်းကတော့ မြို့ငယ်လေးတစ်မြို့မှာ ပြည်သူတွေကအေးအေးချမ်းချမ်းနေနေခဲ့တယ်။ တစ်နေ့မှာ မင်္ဂလာပွဲကျင်းပဖို့ပြင်ဆင်နေခဲ့ကြပြီး အားလုံးပျော်ရွှင်စွာမင်္ဂလာယူနေကြတဲ့အချိန်မှာ ပြည်သူယောင်ဆောင်ထားတဲ့ဂျပန်တွေရောက်လာပြီးတော့ လူ၁၀၀ကျော်ကိုသတ်သွားခဲ့ပါတယ်။ဒီလိုနဲ့မင်္ဂလာဦးညမှာ ဇနီးနဲ့အဖေကိုဆုံးရှုံးလိုက်ရတဲ့သတို့သားဟာ ဂျပန်တွေကိုနာကျည်းမုန်းတီးပြီးတော့ လက်စားချေဖို့ဆုံးဖြတ်ချလိုက်ပါတယ်။ ဂျပန်တပ်ဖွဲ့နောက်ကိုလိုက်ရင်း တောင်ပေါ်လမ်းမှာ တော်လှန်ရေးတပ်နဲ့ဆုံသွားပြီးတော့ ဂျပန်တွေကို ပြန်ပြီးပညာပြ ချေမှုန်းပြီးလက်စားချေတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Filesize : 1.51 GB / 823 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , War Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Dead Ahead ( 2024 )
5.7
Flying Scrap Car ( 2024 )
ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ဟာသအမောပြေဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ Flying Scrap Car ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းလေးကတော့ ဖျောင်ယီရွာဆိုတာကတော့ ပြိုင်ကားပြိုင်ပွဲတွေကျင်းပတဲ့ ပြိုင်ပွဲကွင်းနေရာဖြစ်တာပေါ့။ ဒီရွာလေးရဲ့ထူးခြားချက်ကတော့ အသုံးမဝင်တဲ့ပစ္စည်းတွေကို ပြန်လည်အသုံးပြုတဲ့ ပြိုင်ကားသဖွယ်လုပ်ပြီး ပြိုင်ပွဲယှဉ်ပြိုင်ကြတာပေါ့။ အဲ့လိုပစ္စည်းတွေကို ပြန်တပ်ဆင်ပြုပြင်တဲ့စက်ရုံကို ပိုင်ဆိုင်ထားတဲ့ ဖန်းရှန့်ကတော့ အကြွေးတွေ ပတ်လည်ဝိုင်းနေပြီး ပျော်ပျော်နေတတ်တဲ့လူဖြစ်ပြီး ရိုးသားဖြူစင်တဲ့လူတစ်ယောက်ဖြစ်တယ်။သူနဲ့ဆရာတူအစ်ကိုတော် မာထာ့ဆွေကတော့ သူ့ဆရာနဲ့ပြိုင်ပြီးအနိုင်ရရှိသွားတဲ့လူဆိုပေမဲ့ ဖျောင်ယီရွာရဲ့ ပြိုင်ဘက် ဂလိုဘယ်လုပ်ငန်းစုကုမ္ပဏီဆီ သစ္စာတော်ခံခဲ့တာကြောင့် တရွာလုံးက သူ့ကိုသစ္စာဖောက်အဖြစ်မုန်းတီးနေကြတာပေါ့။ဒီလိုနဲ့တနေ့မှာ တကမ္ဘာလုံး ပြိုင်ကားပြိုင်ပွဲရဲ့ ပြိုင်ပွဲခွဲကျင်းပဖို့ကွင်းနေရာစကားတင်စာရင်းမှာ ဖျောင်ယီရွာနဲ့ ဂလိုဘယ်ကုမ္ပဏီနှစ်ခုက ထိပ်တန်းအကြိတ်အနယ်ယှဉ်ပြိုင်ကြတာပေါ့။ ကဲဒီတော့ ပြိုင်ဘက်ဂလိုဘယ်ကုမ္ပဏီနဲ့ ဖျောင်ယီရွာတို့ယှဉ်ပြိုင်မှုကြား ဘယ်သူအနိုင်ရရှိမလဲ။နောက်ဆုံးမှာ ဘယ်သူကိုရွေးချယ်သွားမလဲဆိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ယှဉ်ပြိုင်မှုတွေကို ဟာသအရောအနှောလေးနှင့် တင်ဆက်ထားတာဖြစ်တာကြောင့် အမောပြေဟာသဇာတ်လေးတစ်ပုဒ်ကောင်းကို လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie
Flying Scrap Car ( 2024 )
5.7
League of Gods: Leizhenzi ( 2024 )
ဒီတစ်ခါတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ယင်နှင့် ရှန်မင်းဆက်နှောင်းပိုင်းခေတ်မှာဖြစ်ပွားခဲ့ပါတယ် လိမ်းကျန့်ကျီလို့ခေါ်သူနဲ့ အားလုံးသိကြပြီးသားဖြစ်တဲ့ မြေခွေးမိစ္ဆာ စူးတာကျီတို့ရဲ့ ချပွဲလေးကိုအဓိကထားပြီး ရိုက်ကူးပြသထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်သာမာန်လူသားတစ်ယောက်လို ဘာသိုင်းပညာမှမတတ်ကျွမ်းတဲ့ လိမ်းကျန့်ကျီက သိုင်းပညာမြင့်မားတိုးတက်အောင် သင်ယူလေ့လာရင်းနဲ့ လိပ်ပြာလေးလို့ခေါ်သူ လိပ်ပြာနတ်လေးနဲ့တွေ့ရှိခဲ့ပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်စတင်ခဲ့ရာမှ Happy Ending ဖြစ်မလား Sad Ending ဖြစ်မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery , Fantasy Runtime : 1h 05 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Xing Xing Encoded by LK
movie
League of Gods: Leizhenzi ( 2024 )
5.7
Dragon Hunter ( 2023 )
တရုတ်တွေက မသေဆေးဖော်ဖို့စွဲလမ်းခဲ့တာ ဟိုးရှေးကတည်းကပါ.... သိပ္ပံပညာတွေထွန်းကားလာပေမယ့်လဲ ထာဝရနုပျိုနိုင်တဲ့ ဆေးဖော်ဖို့ကြိုးစားနေကြတုန်းပါပဲ။ နဂါးဆိုတာအမှန်တကယ်ရှိတယ်လို့ ယုံကြည်ပြီး နဂါးဝင်စားတဲ့ နဂါးသွေးပါတဲ့လူက ထာဝရနုပျိုတယ်လို့ဒဏ္ဍာရီရှိပါတယ်။သတင်းထောက်မလေးတစ်ယောက်ဟာ မထင်မှတ်ပဲ နှစ်(၂၀)ကြာအောင် ရုပ်ရင့်လာခြင်းမရှိတဲ့ လူတစ်ယောက်ကိုရှာတွေ့ခဲ့ပြီး သတင်းမှာဆောင်းပါးအဖြစ်နဲ့ထည့်ရေးလိုက်တယ်။ အဲဒီအချိန်မှာ နုပျိုဆေးဖော်နေတဲ့ပါမောက္ခကြီးက ဆေးကိုလက်တွေ့ကျကျ မဖော်နိုင်ဖြစ်နေတဲ့အချိန်နဲ့တိုက်ဆိုင်သွားတော့ ပါမောက္ခကြီးက အဲဒီလူကိုရရာနည်းနဲ့ခေါ်ပြီး နဂါးရှိတဲ့နေရာကိုလမ်းပြခိုင်းတော့တာပေါ့။ သူရှာနေတဲ့ မအိုမင်းနိုင်တဲ့နုပျိုဆေးဆိုတာတကယ်ရှိနိုင်ပါ့မလား...... ဒဏ္ဍာရီလာနဂါးတွေကရောတကယ်ရှိနိုင်ပါ့မလား Quality : WEB-DL 1080p , 720p Format : mp4 Genres : Science Fiction , Fantasy Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Dragon Hunter ( 2023 )
5.9
Grandpa Tea ( 2022 )
ဒီတစ်ခါမှာ CM Chinese Fansတွေကိုမြို့ပြရဲ့ပျားပိတုန်းတွေလို လူးလားခတ်အလုပ်ရှုပ်မှုတွေကိုခဏထားခဲ့ပြီး စိမ်းစိုပြီးသာယာအေးချမ်းတဲ့လက်ဖက်စိုက်ခင်းတောင်ပေါ်ကိုခေါ်သွာပေးပါရစေရှောင်ပိုင်ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ မြို့ကြီးတစ်ခုမှာနေထိုင်ပြီး Live Sale ရောင်းတဲ့အလုပ်လုပ်ပါတယ်။ အဖိုးရဲ့အသက်(၇၀)ပြည့်မွေးနေ့ကိုဂုဏ်ပြုဖို့အတွက်ရွာကိုပြန်လာတဲ့အခါမှာ လမ်းမှာကားဘီးပေါက်တော့ အူကြောင်ကြောင်ရွာသားတစ်ယောက်နဲ့တွေ့ပြီး မကောင်းကြံသူလို့ထင်မှားမိကာ မျက်လုံးကိုငရုတ်ရည်နဲ့ဖြန်းခဲ့မိပါတယ်။နောက်မှသိလိုက်ရတာကအဲဒီအူကြောင်ကြောင်ကောင်လေးဟာ သူ့အဖိုးရဲ့တပည့်ကျော်ဖြစ်နေတာပါပဲ။ မွေးနေ့ပွဲမှာရှောင်ပိုင်ရဲ့မထင်မှတ်ပဲလုပ်မိတဲ့အမှားကြောင့် အဖိုးဖြစ်သူကဆေးရုံတက်ရပါတော့တယ်။ အဲဒီလိုနဲ့ မြို့ကြီးသူနဲ့အူကြောင်ကြောင်ရွာသားလေးတို့က လက်တွဲပြီးအလုပ်လုပ်ဖို့ဖြစ်လာပါတော့တယ်။ မြို့ကြီးသူနဲ့ ရွာသားလေးတို့ဘယ်လိုအလွဲအလွဲအချော်ချော်ဖြစ်ကြဦးမယ်...... သူတို့၂ယောက်ကြားမှာအချစ်မီးပန်းတွေရောပွင့်လာနိုင်မလား... ဆိုတာကို စိမ်းစိုပြီးအရမ်းလှပတဲ့ရှုခင်းတွေကြည့်ရင်း ခံစားလိုက်ပါဦးနော် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 22 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Grandpa Tea ( 2022 )
6
Golden Spider City ( 2022 )
ဒီတစ်ခါစွန့်စားခန်းဖွင့်မယ့်နေရာကတော့ ရွှေပင့်ကူမြို့တော်ပဲဖြစ်ပါတယ်။ ရွှေမြို့တော်ကိုရောက်ရင်ထာဝရအသက်ရှင်နိုင်မယ်ဆိုတဲ့ ယုံတမ်းစကားတစ်ခုရှိပါတယ်။ အဲ့ဒီမြို့ဟာ ကျွန်းတစ်ကျွန်းရဲ့မြေအောက်မှာရှိတာဖြစ်ပြီး ရောက်ဖူးသူတစ်ယောက်မှမရှိသလို ၊ ပြန်ထွက်လာနိုင်သူလည်းမရှိပါဘူး။ဇာတ်လိုက်ကတော့ စစ်မာချုံဆိုတဲ့ကောင်လေးဖြစ်ပြီး အဖေဖြစ်သူ စစ်မာဟွေးကတော့ လွန်ခဲ့တဲ့၂၂နှစ်က ရွှေမြို့တော်ကိုသွားရင်းပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ တစ်နေ့မှာသူ့ရည်းစား လီဆာတစ်ယောက်ပြန်ပေးဆွဲခံရပြီး ၊ လီဆာရဲ့အသက်နဲ့ခြိမ်းခြောက်ကာ မြေအောက်ကမ္ဘာကိုသွားဖို့ အတင်းအကြပ်စေခိုင်းခြင်းခံရပါတော့တယ်။အဲ့ဒါတင်မကဘဲ ရွှေမြို့တော်ကိုပါသွားဖို့ဖိအားပေးလာတဲ့အခါ... ထူးဆန်းတဲ့လူတစ်ယောက်ပေါ်လာပြီး အသက်ကလည်းရွယ်တူလောက်ကို သူ့ကိုယ်သူ စစ်မာဟွေး(မင်းသားရဲ့အဖေ) ပါလို့ပြောလာတဲ့အခါ....သုံးယောက်သားဟာ ရွှေမြို့တော်ရှိရာ ကျွန်းသို့သွားဖို့ဖြစ်လာခဲ့ပါတယ်။ မင်းသားရဲ့အဖေဟာ တကယ်ပဲ ရွှေမြို့တော်ကနေပြန်ထွက်လာနိုင်ခဲ့လား... ရွှေမြို့တော်ရဲ့လျို့ဝှက်ချက်ကရောဘာလဲ။ ဧရာမပင့်ကူကြီးတွေကြား သည်းထိတ်ရင်ဖို စွန့်စားကြမယ့်ခရီးစဥ်ဟာ ဘယ်လိုအဆုံးသတ်လေမလဲ။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Thriller Runtime : 1h 27min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Minnie , Shwe Zin Oo Encoded by LK
movie
Golden Spider City ( 2022 )
3.6
Monster Hunters ( 2020 )
7 လပိုင်းကမှ ထွက်ထားတဲ့ သိုင်းဇာတ်ကားအသစ်လေးပါပဲပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းအမျိုးအစားပါအညွန်းလေးကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လောကမှာလူ့လောကမှာသောင်းကျန်းနေတဲ့ နတ်ဆိုးဘုရင်ကိုနတ်ဆရာထျန်းရွှမ်က သူ့တန်ခိုးစွမ်းအားနဲ့ ထိန်းချုပ်ပိတ်လှောင်နိုင်ခဲ့ပါတယ်..ဒီလိုနဲ့နှစ်ပေါင်းများစွာကြာချိန်မှာ လူ့လောကမှာအသတ်ခံရမှုတွေဆက်တိုက်ပြန်ဖြစ်လာပြီး နတ်ဆိုးဝိဉာဉ်ရောက်ရှိလာချိန်မှာတော့...ဘယ်လိုတွေရင်ဆိုင်ကြုံတွေ့လာရမှာလဲ........နတ်ဆိုးဘုရင်အစစ်ကဘယ်သူလဲ....နတ်ဆိုးဘုရင်ကိုနှိမ်နင်းနိုင်ပါ့မလား.ဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် Quality : WEB-DLSubtitle : Myanmar Subtitles ( Hardsub )Translated By Phyo ZawEncoded By LK
movie
Monster Hunters ( 2020 )