Channel Myanmar

Liu Haojunlong

The Bravest Escort Group II: Howling Wind ( 2021 ) 5.8
The Bravest Escort Group II: Howling Wind ( 2021 ) 2018 မှာထွက်ခဲ့တဲ့ The Bravest Escort Group ( 2018 ) ရဲ့ အဆက်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကို လိုရင်းတိုရှင်းပြောရရင် ကိုယ်ရံတော်လိုလို အထောက်တော်လိုလို အဖွဲ့ခေါင်းဆောင် ယန်လျိုဖန်းဟာဆိုရင် အမိန့်တော်အရ မိဖုရားတစ်ပါးနဲ့ ပျောက်ဆုံးနေတဲ့ ရတနာမြေပုံကို လိုက်ပါပို့ဆောင်ပေးရာကနေ မာစစ်သူကြီးက လက်နက်ချ တိုက်ပွဲကို ရပ်စဲလိုက်တာနဲ့ကြုံတွေ့ခဲ့ရတာပေါ့...ဒါပေမယ့် တစ်ဖက်က စစ်ပွဲအေးချမ်းမှာကို မလိုချင်တဲ့ မနာလိုသူတွေကတော့ ဒီကိစ္စကို လက်မခံနိုင်ဘဲ မိဖုရားနဲ့ ရတနာမြေပုံကို အလုအယက် လိုက်ရှာနေကြတာပေါ့... ဒီလို တိုင်းရေးပြည်ရာပြဿနာတွေကြားထဲမှာ ယန်လျိုဖန်းတစ်ယောက် ရင်းလိုက်ရတာကတော့ ယန်တစ်အိမ်သားလုံးရဲ့အသက်အပြင် သူ့ဇနီးသည်ရဲ့ အရှက်ဂုဏ်သိက္ခာပါ အဆစ်ပါသွားခဲ့တာပေါ့...လျိုဖန်းတစ်ယောက် ဘာတွေဆက်ဖြစ်မလဲ... ဒီတိုင်းပြည်ရေးရာအမှုတွဲထဲကနေ ရှောင်နိုင်ပါ့မလား... နောက်ပြီး သူ လက်စားချေနိုင်ပါ့မလား.. Quality : WEB-DL 1080p , 720p Format : mp4 Genres : Action Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie

The Bravest Escort Group II: Howling Wind ( 2021 )

Queen of Triads 2 – Infinite Sneak ( 2023 ) 5.9
Queen of Triads 2 – Infinite Sneak ( 2023 ) Queen of Triads 2 ဆိုတဲ့ အက်ရှင်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီကားလေးက ထုံးစံအတိုင်း ဟောင်ကောင် မူးယစ်ဈေးကွက်လောကကို အခြေခံရိုက်ကူးထားတာပေါ့... ဟောင်ကောင် မူးယစ်ဈေးကွက်မှာ ဦးဆောင်နေတဲ့ နာမည်ကြီး လုပ်ငန်းရှင် ၄ ဦးထဲက ဖေးခွင်း ခေါ် အစ်ကိုခွင်းနဲ့ အစ်ကိုဟောက်တို့ကြားက ယှဉ်ပြိုင်မှုအပိုင်းအစလေးမှာ နှင်းဆီဆိုတဲ့ သူလျိုတစ်ယောက်ဝင် ဂယက်ရိုက်တာကို ကွင်းဆက်မိမိ ဇာတ်အိမ်ခိုင်ခိုင်နဲ့ တင်ဆက်ထားတာပါ...နှင်းဆီ ဆိုတဲ့ နာမည်အတိုင်း လှလည်းလှ ဆူးလည်းရှိတဲ့ အမျိုးသမီးတစ်ယောက်ပေါ့ ... သူက ဖေးခွင်း လက်မှာ သေခဲ့ရတဲ့ အဖေ ရဲအရာရှိသွေး အပြည့်အဝပါသူမို့ လေ့ကျင့်ရေးမှာလည်း အမှတ်ကောင်းပြီး သူလျို့စစ်ဆင်ရေးအတွက် အရွေးချယ်ခံခဲ့ရသူလေးပေါ့...နှင်းဆီနဲ့ အစ်ကိုခွင်းဟာဆို မိဘကို သတ်ခဲ့တဲ့ သွေးရန်ငြိုးရှိနေသေလိုပဲ... တစ်ချိန်က အစ်ကိုခွင်း လက်အောက်ငယ်သားဖြစ်သူ အစ်ကိုဟောက်ကလည်း တစ်ချိန်က နှင်းဆီကို ကယ်ခဲ့သူဖြစ်နေတာပေါ့...ဒီလိုနဲ့ နှင်းဆီတစ်ယောက် အစ်ကိုဟောက်နားရောက်လာပြီး ဘယ်လို စစ်ဆင်ရေးလှုပ်ရှားမယ်ဆိုတာ စိတ်ဝင်စားစရာကောင်းတာမို့ မပျက်မကွက် ကြည့်လိုက်ကြနော်.. Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime Runtime : ...
movie

Queen of Triads 2 – Infinite Sneak ( 2023 )

The New Painted Skin ( 2022 ) 6.1
The New Painted Skin ( 2022 ) CM chinese ဖန်တွေအတွက် အခုထပ်ပြီး လူနဲ့မိစ္ဆာကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ the new painted skin ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... painted skin ဆိုတာနဲ့ မျက်လုံးထဲ version အမျိုးမျိုး ပေါ်လာမယ်လို့ ယုံပါတယ်... ဒီကားလေးက အရင် version တွေနဲ့ အရမ်းကြီး ကွဲလွဲသွားတာတော့မရှိပါဘူး...သို့ပေမယ့် တင်ဆက်မှုပုံစံလေးပြောင်းထားတာတော့ရှိတာပေါ့.. ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင် အသက်သခင်ကျေးဇူးရှင် ဆိုယန်ကို ပြန်လာရှာတဲ့ ချန်မြန်ဆိုတဲ့ မိစ္ဆာမလေးတစ်ယောက် ကိုယ့်ကျေးဇူးရှင်ကို ချစ်မိသွားပေမယ့် ကျေးဇူးရှင်မှာက ဇနီးလောင်း ချိုးစန်းရှိနေတာကို သိခဲ့ရတယ်...ဒီလိုနဲ့ အကြောင်းကြောင်းကြောင့် ချိုးစန်း ဆုံးသွားချိန်မှာတော့ချန်မြန်တစ်ယောက် ချိုးစန်းသားရေနဲ့ ချိုးစန်းအဖြစ် ဆိုယန် အနားရောက်လာပြီး ဆိုယန်နဲ့အတူ မိစ္ဆာဘုရင်ကို ရင်ဆိုင်တာပေါ့...ကဲ ဆိုယန်တစ်ယောက် အနားရောက်လာတဲ့ ချိုးစန်းအယောင်ဆောင်ကို သတိထားမိမှာလား... ကြားထဲ ဘာလှည့်ကွက်တွေရှိနေဦးမလဲ... နောက်ပြီး မိစ္ဆာဘုရင်ကိုရောဆိုယန်တို့ချေမှုန်းနိုင်မှာလား.... Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Fantasy Runtime : 1h 31 min Subtitle : Myanmar Subtitle ...
movie

The New Painted Skin ( 2022 )

A Man Called Hero 2 ( 2022 ) 6.1
A Man Called Hero 2 ( 2022 ) ဒီနေ့တော့ CM ချစ်ပရိသတ်တွေအတွက် ဟွားယင်းရှုံရဲ့သား ဟွားကျန့်ရှုံအကြောင်းလေးကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်တယ်...ကျုံးဟွားအိမ်တော်နဲ့ နိုင်ငံခြားရောက်အခက်တွေ့နေတဲ့ တရုတ်အနွယ်ဝင်တွေကို ကာကွယ်ပေးတဲ့ ဟွားယင်းရှုံအကြောင်းကို အရင်တစ်ခေါက်ကဘာသာပြန်တင်ဆက်ခဲ့ပါတယ်... အခုတစ်ခေါက်မှာတော့ဟွားကျန့်ရှုံအကြောင်းပေါ့... ဟွားကျန့်ရှုံဟာ အဖေတူသားပီပီ တရုတ်သွေးအပြည့်နဲ့ တရုတ်အနွယ်ဝင်တွေ ဒုက္ခခံစားရတာကို ကာကွယ်ဖို့ အချိန်ပြည့် ကြိုးစားအားထုတ်နေကြသူပေါ့...ဟွားယင်းရှုံနဲ့ ဝူတီတို့ တိုက်ပွဲအပြီးမှာ ဟွားယင်းရှုံ ပျောက်ချင်းမလှပျောက်ခဲ့တဲ့အတွက် ကျုံးဟွားအိမ်တော်နဲ့တရုတ်အနွယ်ဝင်တွေဟာ အင်္ဂလိပ်အရာရှိနဲ့ လော့ရှုံဂိုဏ်းခေါ် ဂျပန်တွေရဲ့ ပူးပေါင်းဒုက္ခပေးမှုကို ခံစားနေရတာပေါ့... ဘယ်လောက်တောင်လဲဆို...လော့ရှုံဂိုဏ်းဟာ ဝူတီပြီးနောက် ကျင်းပေါင်တိုင် ဆက်ခံခဲ့ပြီးချိန်မှာတော့ ကျင့်စဉ်တွေကျင့်နိုင်ဖို့ ကလေးတွေရဲ့စိတ်ဝိညာဉ်ကို ဖမ်းစားရမယ်ဆိုတဲ့ အယူသီးမှုကြောင့် လော့ရှုံဂိုဏ်းဟာ တရုတ်အနွယ်ဖွားကလေးတွေကို အဓမ္မနည်းနဲ့ လိုက်ဖမ်းခဲ့ပါတယ်...ဒါကို သည်းမခံနိုင်တဲ့ ကျန့်ရှုံတစ်ယောက် ကလေးတွေရဲ့ အနာဂတ်ကို ကယ်တင်နိုင်မလား... ဟွားယင်းရှုံကရော ဘယ်ရောက်နေတာလဲ... သူရဲကောင်းဖြစ်ဖို့ ဘာတွေပေးဆပ်ရဦးမှာလဲ... ဒီလိုပေးဆပ်ရတာ တန်ရဲ့လားဆိုတာ ဆက်လက်စောင့်ကြည့်ပါဦး Quality : WEB-DL 1080p ,480p Format : mp4 Genres : Action , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK  A Man Called Hero 1 ...
movie

A Man Called Hero 2 ( 2022 )

A Man Called Hero ( 2022 ) 5.5
A Man Called Hero ( 2022 ) a man called hero 2022 ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒါက ဟောင်ကောင် ကာတွန်းကို သရုင်ဖော် ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ ယင်းရှုံဆိုသူရဲ့ အတ္ထုပတ္တိဆို ပိုမှန်မှာပေါ့လေ... ယင်းရှုံဆိုသူက သိုင်းပညာမှာ ပါရမီထူးပါပြီး နာမည်နဲ့လိုက်အောင် အားလုံးရဲ့ သူရဲကောင်းဖြစ်ဖို့အတွက် သိုင်းပညာကို ကြိုးစားသင်ယူနေသူတစ်ယောက်ပေါ့....ဒါပေမယ့် သူမေ့နေတာက သူရဲကောင်းဆိုတာ အထီးကျန်မှုနဲ့ ပေးဆပ်မှုတွေကို မလွဲဧကန်ကြုံရမယ့်ကံပါလာတယ်ဆိုတာပါပဲ.... သူ့မိဘနဲ့ ဆရာကို တစ်ချိန်တည်းဆုံးရှုံးခဲ့ရချိန် သူကြောက်ခဲ့တယ် တွေဝေခဲ့တယ် ရင်ဆိုင်ဖို့ကြိုးစားခဲ့တယ်....ဒါပေမယ့် ရှေ့ရေးအတွက် ရေရှည်အစီစဉ် အကောင်အထည်ဖော်နိုင်ဖို့အတွက် သူနဲ့ သူ့ဇနီး ထိုင်းဖက်ကို ထွက်ပြေးခဲ့ရတယ်... တိုင်းတစ်ပါးကို ထွက်ပြေးသွားတဲ့ သူရဲကောင်းက သူရဲကောင်းမြည်သေးလား.. သူရဲကောင်းဆိုတာ တကယ် အထီးကျန်မှုတွေ ပေးဆပ်မှုတွေနဲ့ပဲ ရင်ဆိုင်နေရမှာလား...အဆုံးသတ်မှာ ရေရှည်အစီစဉ်ကို အကောင်ထည်ဖော်ဖို့ တကယ်ပဲ ပြည်ကိုပြန်လာပြီးတာဝန်ထမ်းဆောင်မှာလား.... အဖြေလေးကိုတော့ ဇာတ်လမ်းလေးကြည့်ပြီး မှန်းထားတာနဲ့တူမတူတိုက်လိုက်နော်.... Quality : WEB-DL 1080p , 480p Format : mp4 Duration : 1h 25 min Genres : Action Subtitle : Myanmar Subtitle ( Hardsub ) Translated by Chu ...
movie

A Man Called Hero ( 2022 )