Channel Myanmar

Liu Haocun

Remember Me ( 2024 ) 6.3
Remember Me ( 2024 ) Remember Me ဆိုတဲ့ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင် သားတစ်ယောက်ကို ဆုံးရှုံးပြီး သားသေတာနဲ့ နောက်ယောက်ျားနောက်လိုက်ပြေးသွားတဲ့ ချွေးမလက်ထဲကို သူ့မြေးမလေး ကျားရိကို မထည့်ပေးခဲ့တဲ့ အဖွားအတွက်... ဘဝကို အဖွားတစ်ခု မြေးမလေးတစ်ခု ကျော်ဖြတ်မယ်လို့ ဆုံးဖြတ်ထားပြီးကာမှ... မြို့ထဲ အင်္ကျီဝယ်ရင်း မြေးမလေးကို ပျောက်သွားခဲ့တယ်...တစ်ခါပျောက်တာ အနှစ် ၂၀ ကြာသွားခဲ့တယ်... ကျားရိကို ပြန်ရှာတွေ့ချိန်မှာ ကျားရိက ဘာကြောင့်လည်းတော့မသိ ခိုးတတ်ဝှက်တတ်တဲ့ ကလေကချေမလေးဖြစ်နေခဲ့တာပေါ့... သူနဲ့ခင်တဲ့ သူငယ်ချင်းဆိုးတွေလက်ထဲက ထွက်ပြေးလာနိုင်ခဲ့ချိန်မှာ အဖွားနဲ့ ပြန်ဆုံခဲ့တယ်...ကျားရိက တကယ် ဖွားဖွားရှာနေတဲ့ကျားရိပဲလား... သူတို့ပြန်ဆုံတော့ ဘာတွေဖြစ်မှာလဲ... ကျားရိတစ်ချိန်က ခင်ခဲ့တဲ့ သူငယ်ချင်းဆိုးတွေကရော ဘာတွေလုပ်ဦးမှာလဲ... နှလုံးသားရှိတဲ့သူတိုင်း ငိုမိမှာမို့ တစ်သျှူးလေးဆောင်ပြီး ဇာတ်ကားလေးကို ကြည့်လိုက်ကြပါတော့ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Family Runtime : 1h 56 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Remember Me ( 2024 )

Just For Meeting You ( 2023 ) 5.8
Just For Meeting You ( 2023 ) ဒီတစ်ခေါက်တော့ CM ရဲ့ ပရိသတ်တွေအတွက် ကျောင်းသား အချစ်ရုပ်ရှင်ချိုချိုလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကျောင်းပြောင်းလာတဲ့ ရွှီညန့်ညန့်ဟာ ယန်ရိနဲ့ အထင်လွှဲမှုတစ်ခုကြောင့် ရန်ငြိုးထားခံရပြီး ပြဿနာလုပ်ခံရပါတယ်။ မတည့်အတူနေ နှစ်ယောက်ဟာ အချင်းချင်းပြိုင်ဆိုင်နေကြပါတယ်။ အနိုင်လိုချင်စိတ်ကြောင့်လို့ ထင်နေကြပေမယ့် မသိမသာအတွင်းမှာ ချစ်မေတ္တာတွေ ပေါက်ဖွားလာခဲ့ပါတယ်။ကောင်မလေးနဲ့ ကောင်လေးတို့ဟာ ဒီလိုနဲ့ တက်ကြွတောက်ပပြီး မေ့လို့မလွယ်တဲ့ အထက်တန်းအချိန်တွေကို အတူတူဖြတ်သန်းခဲ့ကြပါတယ်။ ဒါပေမယ့်လဲနောက်ဆုံးမှာတော့ ခွဲခွါခြင်းနဲ့ အဆုံးသတ်ခဲ့ရပါတယ်။အချင်းချင်းမေ့မရတဲ့ နှစ်ယောက်သား ပြန်တွေ့တဲ့အချိန်မှာ သတ္တိရှိစွာနဲ့ အခက်အခဲအားလုံးကို ကျော်ဖြတ်ပြီး ကိုယ့်ရင်ထဲက အချစ်တွေကို ရင်ဆိုင်နိုင်ကြမလား ဆိုတာကို ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 1h 48 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie

Just For Meeting You ( 2023 )

A Little Red Flower ( 2020 ) 6.6
A Little Red Flower ( 2020 ) ကင်ဆာဝေဒနာရှင်တွေရဲ့ ဘဝနဲ့ ဝေဒနာရှင်တွေရဲ့မိသားစုတွေကြုံတွေ့ရတဲ့ ဘဝကိုပုံဖော်ရိုက်ကူးထားတဲ့ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ ဝေယိဟန်ဆိုတဲ့ဦးနှောက်ကင်ဆာအဆင့် ၂ ခံစားနေရသူကအကျိတ်ခွဲထုတ်ပြီးပေမယ့်လည်း ဘဝကြီးကိုမျှော်လင့်ချက်မဲ့ကာ အရှုးပေးဖို့ကြိုးစားနေသူပေါ့...အသက်နဲ့ မလိုက်အောင် အပေါင်းသင်းမိတ်ဆွေလည်းမထား မိတ်ဖွဲ့ဖို့လည်းမကြိုးစားဘဲဖုန်းတစ်လုံးပဲ အဖော်ပြုနေသူတစ်ယောက်ပေါ့ဒါပေမယ့် မိသားစုရဲ့တွန်းအားနဲ့ ဆရာဝန်ရဲ့အကြံပေးချက်ရယ် နောက်ပြီးကင်ဆာဝေဒနာရှင်စုစည်းရာဂရုကိုတည်ထောင်ထားတဲ့ဝူရှောင်မိန်ရဲ့ အကူအညီနဲ့ဝေယိဟန်တစ်ယောက် မာရှောင်ယွမ်နဲ့အမှတ်မထင်ဆုံခဲ့ရာကနေ သူ့ဘဝမှာမကြုံဖူးတဲ့ အတွေ့အကြုံတွေ မခံစားဖူးတဲ့ခံစားချက်တွေ နောက်ပြီးမမျှော်လင့်ရဲတဲ့ အနာဂတ်ဘဝတွေ ကိုစိတ်ကူးပုံဖော်တတ်လာခဲ့တယ်...ဝေယိဟန်နဲ့မာရှောင်ယွမ်တို့ဘာတွေကြုံတွေ့ရမယ်ဆိုတာရယ်...ကင်ဆာဝေဒနာရှင်နဲ့ သူတို့မိသားစုတွေဘယ်လိုခက်ခဲပြီး ဘယ်လိုဒုက္ခတွေရင်ဆိုင်ရတယ်ဆိုတာရယ်နောက်ပြီးဘယ်လိုဖေးမပေးသင့်တယ်ဆိုတာအတွေးလေးတစ်စရမှာပါ...ဒီကားလေးက အဓိကပေးချင်တာကတော့မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်ကာအသက်ရှင်နေသေးတာကိုက ကံကောင်းခြင်းတစ်ခု ဆိုတာပါပဲ  Quality : WEB-DL 1080p Format : mp4 Duration : 2h 2min Genres : Drama , Family Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu Encoded By LK
movie

A Little Red Flower ( 2020 )