Channel Myanmar

Liu Dan

Viva La Vida ( 2024 ) 6.8
Viva La Vida ( 2024 ) CMကနေ ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ကျောက်ကပ်ဝေဒနာရှင်ကောင်မလေးနဲ့ ဦးနှောက် အကျိတ်ရောဂါသည်ကောင်လေးတို့ကြားက သံယောဇဉ်လေးကို ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်ဝေဒနာကို ခံစားနေရတဲ့ ၂၅နှစ်အရွယ် ကောင်မလေးလင်မင်တစ်ယောက် လူငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုတွေပျောက်ဆုံးပြီး အတိုင်းအဆတွေနဲ့ အမှားယွင်းမခံတဲ့လူနေမှုဘဝထဲမှာ နေထိုင်ရင်း အသက်ဆက်ရှင်ဖို့ ကျောက်ကပ်အလှူခံခဲ့ပေမယ့်လည်း သူ့ထက်ရှေ့မှာလူတွေအများကြီးရှိနေတာကြောင့် မျှော်လင့်ချက်မဲ့နေခဲ့တဲ့ သူမ တစ်နေ့မှာတော့ သူမကို ကျောက်ကပ်လှူပေးနိုင်တဲ့‌ သူနဲ့ လက်ထပ်ယူပြီး အိမ်သားတွေကိုစောင့်ရှောက်ပေးပါ့မယ်ဆိုပြီး အကျိတ်ဝေဒနာရှင်ဂရုထဲကိုဗီဒီယိုပို့လိုက်ရာကနေမှ ဦးနှောက်အကျိတ်ဝေဒနာကိုခံစားနေရတဲ့ကောင်လေး လွီထူနဲ့ စတင်စုံစည်းခဲ့ပါတယ်လင်မင်က ဂရုထဲကို ဗီဒီယိုပို့ပြီး သိပ်မကြာခင်မှာပဲ ပြန်ဖျက်လိုက်ပေမယ့် လွီထူတစ်ယောက်က ဗီဒီယိုကို ကူးထားပြီး လင်မင်ကို သေချာလိုက်စုံစမ်းပါတော့တယ် စစချင်းမှာတော့ ဒီလုပ်ရပ်ဟာ လင်မင်အတွက် စိတ်အနှောင့်ယှက်ဖြစ်စေခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဝေဒနာရှင်အချင်းချင်းကိုယ်ချင်းစာပြီး ဖေးမရင်းကနေမှ ချစ်ခြင်းသံယောဇဉ်တွေပေါက်ဖွားလာခဲ့ပါတယ်ဒီလိုမျိုး ဝေဒနာရှင်နှစ်ယောက်ရဲ့ အဆုံးသတ်က လှပနိုင်ပါ့မလား သူတို့နှစ်ဦး ချစ်ခြင်းစွမ်းအားက အရာရာကိုကျော်ဖြတ်နိုင်ပါ့မလား ‌ ယနေ့ခေတ်မှာလူအများစုက ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူနေထိုင်မှုဘဝနဲ့ကျင့်သားရနေကြပြီး ဒီကားလေးကိုကြည့်ပြီးရင်တော့ ကိုယ့်ကျန်းမာရေးကို ပြန်ပြီးတော့ သတိမူလာမိစေနိုင်လောက်အောင် ကျောက်ကပ်ဝေဒနာရှင်တစ်ယောက်ရဲ့ ဒုက္ခတွေကို အသေအချာလေးရိုက်ကူးပြသထားပြီး ကျန်းမာရေးဗဟုသုတလည်းရ ဟာသအနှောလေးနဲ့ရိုက်ကူးထားတာမို့လို့ ရသမျိုးစုံကိုလည်းခံစားရမှာမို့လို့ တရုတ်ကားကြိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 2h 9 ...
movie

Viva La Vida ( 2024 )

All These Years ( 2023 ) 5.9
All These Years ( 2023 ) သင်ရည်းစားဟောင်းနဲ့ ပြန်တွေ့တဲ့ အခြေအနေကို စဉ်းစားခဲ့ဖူးလား။ ပြန်တွေ့ရင် ဖက်ထားမိမလား၊ ထွက်ပြေးမိမလား။ ဒီကားလေးကတော့ မိုးအေးအေးနဲ့ အေးအေးဆေးဆေးကြည့်လို့ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ငယ်ငယ်ကတည်းက တရုတ်တို့ ထုံးစံအတိုင်း သားကိုပဲ အလေးပေးပြီး သမီးကို ဂရုမစိုက်တဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ ချန်ကျန့်ရှဟာ မိသားစုကနေ ရုန်းထွက်ဖို့အတွက် စာကြိုးစားပြီး ခရိုင်အထက်တန်းကျောင်းဖြစ်တဲ့ ကျန့်ဟွာအထက်တန်းကျောင်းကို တက်ခွင့်ရခဲ့ပါတယ်။ ကျန့်ဟွာအထက်တန်းကျောင်းမှာ ဆိုးသွမ်းပေမယ့်လဲ စိတ်ထားကောင်းတဲ့ လီရန်နဲ့ ခင်မင်သွားခဲ့ပြီး သူမဘဝအတွက် တစ်ခုတည်းသော အလင်းရောင် ဖြစ်သွားခဲ့ပါတယ်။သူတို့ဟာ အချင်းချင်းအတွက် အလင်းရောင်တွေ ဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာ ခွဲခွါခဲ့ရပါတယ်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ပြန်တွေ့တဲ့အချိန်မှ "သူ့ကိုထပ်ခါထပ်ခါချစ်နေမိတယ် ထင်နေခဲ့တာ၊ တကယ်တော့ သူ့အပေါ်အချစ်တွေက မရပ်တန့်ခဲ့တာပါ။" ဆိုတာကို နားလည်သွားခဲ့ပါတယ်။အချစ်ကား ချိုချိုအေးအေးလေးကို မင်းသားရော မင်းသမီးရော ချောတာလေးမှ ကြိုက်တဲ့ပရိသတ်တို့အတွက် ဒီကားလေးကတော့ အကြည့်သင့်ဆုံး ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance , Family Runtime : ...
movie

All These Years ( 2023 )

Upcoming Summer ( 2021 ) 6.9
Upcoming Summer ( 2021 ) ဒီတစ်ခါတော့ The long Ballad ဇာတ်ကားနဲ့ ပရိတ်သတ်တွေအချစ်အားလုံးကိုသိမ်းပိုက်သွားတဲ့ မင်းသား Leo Wu ရဲ့ဇာတ်ကားလေးကို တင်ဆက်ပေးမှာပါနော် ဒီဇာတ်ကားလေးကတော့ ချစ်ဖို့ကောင်းတဲ့ ဆယ်ကျော်သက်အရွယ်သူငယ်ချင်းနှစ်ယောက်အကြောင်းကို ပုံဖော်ထားတာပါ ဇာတ်ကြောင်းလေးကတော့ ...ချန်ချန်ဟာ မိသားစုပြဿနာကြောင့် စာမေးပွဲမဖြေနိုင်လိုက်ဘဲတစ်နှစ်ပြန်နေဖို့ဖြစ်လာခဲ့ပါတယ် ကျန်းယွီရှင်း(Leo Wu) ကတော့စာမေးပွဲကိုတောင် လာမဖြေခဲ့လို့ နောက်တစ်နှစ်ပြန်နေရတဲ့အင်တာနက်ဆယ်လီတစ်ယောက်ပါ အရမ်းကိုထူးခြားတဲ့ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံပုံလေးကတော့... ကျန်းယွီရှင်းဟာ ကျောင်းစတက်တက်ချင်းနေ့မှာပဲသူ တစ်ခါမှ မမြင်ဖူးတဲ့ ချန်ချန်က သူ့ကောင်မလေးလို့ ကျောင်းမှာ နာမည်ကြီးသွားခဲ့ပါတယ် အဲ့ဒီအချိန်မှာ ချန်ချန်ကို စသတိထားမိသွားပြီးမိသားစုပြဿနာ အချစ်ရေးပြဿနာတွေကို ရင်ဖွင့်ရင်း နှစ်ဦးသား အမှန်တရားကိုလက်ခံနိုင်အောင်ဘယ်လိုကြိုးစားကြမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်ကျွန်တော်တို့အားလုံး တစ်ခါတစ်လေမှာ အမှန်တရားကို သိနေပေမဲ့လက်ခံနိုင်ဖို့ ခဲယဉ်းတဲ့အချိန်မျိုးမှာ လက်တွေ့ဘဝကို ငြင်းဆန်တတ်ကြပါတယ်ဒီလိုပဲ ဒီဇာတ်လမ်းလေးထဲမှာလည်း အဲ့လိုလူ့သဘာဝအကြောင်းလေးကိုထည့်သွင်းရိုက်ကူးထားတာကြောင့်မို့လို့ ကြည့်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါတင်မကဘူး ဟာသလေးတွေပါနှောထားတာကြောင့် တကယ်ကို အချိန်ကုန်မြန်စေမှာပါနော် Quality : WEB-DL 1080p, 720p , ...
movie

Upcoming Summer ( 2021 )