Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lisa Haydon
4.8
The Shaukeens (2014)
The Shaukeens (2014) "ခြောက်ဆယ်ကျော်အချစ်" IMDb - 4.8/10၁၉၈၂ခုနှစ်ကထွက်ရှိခဲ့တဲ့ Shaukeenကို ပြန်လည်ဆန်းသစ်ထားတဲ့ ၂၀၁၄ထွက် ဟိန္ဒူရုပ်ရှင်အဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။မင်းသားကြီးအက်ရှေးကူးမားနဲ့ ရုပ်ရှင်ကားကြီးတွေမှာ ဇာတ်ပို့နေရာကတွေ့ရတတ်တဲ့အဘိုးကြီးသုံးယောက်အဓိကပါဝင်ထားကြပါတယ်။လာလီ၊ ကေဒီနဲ့ ပင်ကီဆိုတဲ့ ခြောက်ဆယ်ကျော်အဘိုးကြီးသုံးယောက်။ ရတာမလို လိုတာမရနဲ့ ဘ၀မှာ အထီးကျန်နေကြပြီး အသက်ကြီးပေမဲ့ မပျက်စီးချင်ကြသေးဘဲ ရင်ခုန်သံတွေပျိုမြစ်လတ်ဆတ်နေတုန်းအချိန်။ သုံးယောက်တည်းမှာ လူပျိုကြီးဘ၀နဲ့ ဖြတ်သန်းလာခဲ့ရသူ ကေဒီက အချမ်းသာဆုံးနဲ့ တအားပွေးချင်တဲ့သူ။ သူငယ်ချင်း လာလီနဲ့ပင်ကီကိုမြှောက်ပေးပြီး သူ့အပန်းဖြေအိမ်မှာ စကီလေးတွေခေါ်ပြီးပျော်ပါးဖို့ ကြိုးစားရာကစ သူတို့တွေစွဲလန်းမိသွားတာ အဟာနာဆိုတဲ့ အမျိုးသမီးလေး။ အဟာနာက ဆိုရှယ်မီဒီယာကို တအားစွဲလန်းနေတဲ့သူတစ်ယောက်။ဒီမှာပဲ အက်ရှေးရဲ့ဖန်ဖြစ်တဲ့ အဟာနာကို အက်ရှေးနဲ့တွေ့ပေးဖို့အရေး အဘိုးကြီးသုံးယောက်ကြိုးစားရာကစဘယ်လိုအလွဲတွေကြုံရမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 3.2GB /1.4GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
The Shaukeens (2014)
8.3
Queen (2013)
IMDB....8.3 ဒီဇာတ်ကားလေးကတော့ ၂၀၁၃တုန်းကထွက်ခဲ့တဲ့ အိန္ဒိယဇာတ်ကားတစ်ကားဖြစ်ပါတယ်.... ဒီဇာတ်ကားမှာ ရာနီဆိုတဲ့ ကောင်မလေးက အနေထိုင်သိမ်မွေ့ပြီး ယဉ်ကျေးတဲ့ကောင်မလေးပါ.. သူမ မှာချစ်သူလဲဖြစ်သလို အိမ်ကလဲသဘောတူတဲ့ ဗီဂျေဆိုတဲ့ကောင်လေးနဲ့ လက်ထပ်ပွဲအတွက် အရမ်းကိုရင်ခုန်စိတ်လှုပ်ရှားနေပါတယ်... ဒါပေမဲ့ချစ်သူက လက်ထပ်ပွဲကို ငြင်းဆန်လိုက်တဲ့အခါ ရာနီအတွက် အရမ်းကိုစိတ်ထိခိုက်တုန်လှုပ်သွားခဲ့ပါတယ်.... သူမတိုးဝှေ့ခဲ့တဲ့ပခုံးကျယ်တစ်ခုက အနားမှာမရှိတော့အရာရာဟာ အဓိပ္ပါယ်မဲ့သွားတယ် ပန်းတွေလည်းရနံမဲ့ကုန်တယ် မိဘတွေရဲ့နှစ်သိမ့်မှု ဆွေမျိုးအသိုင်းအ၀န်း သူငယ်ချင်းမိတ်ဆွေကြားမှာ မွန်းကြတ်နေတယ်....ဖြစ်နိုင်ရင် အငွေပျံပျောက်လွင့်သွားချင်တဲ့အချိန် ...ဒါပေမဲ့ ဟန်းနီးမွန်းအတွက် သွားဖို့စီစဉ်ထားတဲ့ပဲရစ်မြို့လေးရှိတယ်...ဒီတော့ အားလုံးနဲ့ဝေးရာလည်းဖြစ် သွားဖို့စီစဉ်ထားတဲ့ပဲရစ်မြို့ကို ချစ်သူမပါဘဲ တစ်ယောက်ထဲထွက်လာတယ်.... မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် တစ်ဘ၀လုံးပုံအောပြီး ချစ်ခဲ့ ပြီးလက်ထပ်ဖို့ လက်တစ်ကမ်းအလိုမှ ပျက်စီးသွားရရင် တော်ရုံခံနိုင်ရည်မရှိကြပါဘူး...အထူးသဖြင့် မိန်းကလေးအဖို့ ပိုခံစားရပါတယ်..ဒီလိုပြောလို့ ဖိုမဝါဒီဆန်တယ်လို့မပြောလိုက်ပါနဲ့.... ကဲ ရာနီဆိုတဲ့ကောင်မလေးတစ်ယောက် ပဲရစ်မြို့မှာ အသိမိတ်ဆွေလည်း မရှိ ဘာသာစကားလည်းမကျွမ်းကျင် ဓလေ့စရိုက်တွေလည်းကွဲပြားဆိုတေ့ သူမအတွက် ဒုက္ခတွေအတော်ရောက်ပါတယ်.... ဒီကားလေးကအမျိုးသမီးတွေ အတွက်အထူးပညာပေးကားလေးမို့ ခံစားကြည့်လိုက်ပါဦး... ဘာသာပြန်သူနဲ့အညွှန်းရေးသူကတော့ မ Mie Mieပါ File ...
movie
Queen (2013)
2013
5.3
Housefull 3 (2016)
Housefull 3 ဇာတ်ကားသည် အိန္ဒိယတွင် အောင်မြင်ခဲ့သည့် Housefull နှင့် Housefull 2 ဇာတ်ကားတို့၏ နောက်ဆက်တွဲဖြစ်ပြီး ဒါရိုက်တာ Sajid-Farhad က ရိုက်ကူးထားသည်။ Housefull 3 ဇာတ်ကားသည် ဖခင်တစ်ဦး၏ သမီးသုံးဦးအပေါ်ထားရှိသည့် လွန်ကဲ သည့်မေတ္တာကြောင့် သမီးသုံးယောက်ကို အိမ်ထောင်ဖက်မပေးစားလိုဘဲ ကလေးငယ်များကဲ့ သို့ ရင်ဝယ်သားလိုစောင့်ရှောက်လိုသည့် ဖခင်နှင့် သမီးသုံးယောက်အား ချစ်ကြိုက်နေသည့် အမျိုးသားသုံးယောက်တို့အကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားသော ဘောလိဝုဒ်အချစ် ဟာသဇာတ်မြူးကားတစ်ကားဖြစ်သည်။ ဇာတ်လမ်းအနေဖြင့် ချောမောလှပသည့် သမီးသုံးယောက်ပိုင်ဆိုင်ထားသည့် ဖခင် တစ်ဦးမှာ သမီးငယ်များအား အိမ်ထောင်ဖက်ပေးစားလိုခြင်းမရှိပေ။ သမီးများ၏ ရည်းစား ဖြစ်သူ အမျိုးသားသုံးယောက်မှာ နည်းလမ်းမျိုးစုံဖြင့် ၄င်းတို့၏အိမ်တွင်းသို့ဝင်ရောက်ကာ သမီးများ၏ အသင့်တော်ဆုံးဖြစ်သည့် သတို့သားများဖြစ်ကြောင်း သက်သေပြကြရသည်။ နောက်ဆုံးမှာ ဖခင်၏ စိတ်ရှုပ်ထွေးမှုများနှင့် သတို့သားလောင်းများ၏ လိမ်လည်မှုများကို ဟာသနှောကာ ရိုက်ကူးထားသည့် အိန္ဒိယဘောလိဝုဒ် အချစ်ဟာသဇာတ်ကားတစ်ကား ဖြစ်သည်။ (Review credit to The Mirror ...
movie
Housefull 3 (2016)
2016