Channel Myanmar

Liang Yuan

Detective Dee and the Phantom of Waning Moon ( 2024 ) 6
Detective Dee and the Phantom of Waning Moon ( 2024 ) ညတစ်ညမှာ ထန်တိုင်းပြည်ကြီးရဲ့မင်းသမီးလေးဟာ ထူးဆန်းတဲ့အိပ်မက်တစ်ခုကိုမက်ခဲ့တယ်။ အိပ်မက်ကိုအဓိပ္ပါယ်ဖော်ခိုင်းလိုက်တော့ နတ်မြင်းပျံထွက်ပေါ်လာတဲ့အတွက် မင်္ဂလာနိမိတ်ကောင်းဆိုပြီးလျှောက်တင်တဲ့အတွက် မင်းသမီးကသဘောကျသွားခဲ့တယ်။အဲဒီလိုလျှောက်တင်ခဲ့တဲ့ ဆရာမကြီးရွှမ်ကမင်းသမီးလေးရဲ့အပစားပေးတာကိုရခဲ့တယ်။ အဲဒီအချိန်မှာပဲ မိသားစုလိုက်သတ်ခံရတဲ့အမှုတစ်ကို စုံထောက်ကြီးဒီးရန်ကျယ်ကလိုက်နေခဲ့တယ်။ မိသားစုလုံး စုစုပေါင်း(၁၈)ယောက်သတ်ခံရတဲ့အမှုကို ဟာကွက်တွေအများကြီးနဲ့ ပေါ့ပေါ့တန်တန်အမှုပိတ်ခံလိုက်ရတော့။စုံထောက်ကြီးဒီးဟာ အမိန့်ကိုဆန့်ကျင်ပြီး ဒီအမှုကိုဆက်လိုက်နေခဲ့တယ်။ သူထင်တဲ့အတိုင်းပါပဲ ဒီအမှုရဲ့နောက်ကွယ်မှာပိုပြီးကြီးတဲ့အကြံရှိနေခဲ့တယ်။ မင်းသမီးလေးရဲ့အိပ်မက်နဲ့ ဒီအမှုဟာပတ်သက်နေတယ်ဆိုတာကိုတွေ့လိုက်ရတယ်။ မင်းသမီးလေးရဲ့အိပ်မက်နဲ့ ဒီအမှုဟာဘယ်လိုပတ်သက်နေတာလဲ...... နောက်ကွယ်ကတရားခံကဘယ်သူများဖြစ်နေမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Mystery Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Detective Dee and the Phantom of Waning Moon ( 2024 )

Doctor Qin Ming: Rain Killer ( 2023 ) 5.9
Doctor Qin Ming: Rain Killer ( 2023 ) ဒီဇာတ်ကားလေးကတော့ မှုခင်းဆရာဝန်ဒေါက်တာချင်မင်ရဲ့ ထူးဆန်းတဲ့မိုးညလူသတ်မှုအကြောင်းလေးဖြစ်ပါတယ်။ ဒီအမှုဟာ မြို့ပြင်ကစွန့်ပစ်ကစားကွင်းတစ်ခုမှာ မီးကျွမ်းနေတဲ့ အလောင်းတစ်ခုတွေ့ရာကနေ စတာပဲဖြစ်ပါတယ်။အာရုံမတက်ခင်မနက်(၃)နာရီလောက်မှာ မိုးရွာခဲ့တာဖြစ်တဲ့အတွက် မှုခင်းနေရာကခြေရာလက်ရာတွေက မိုးရေနဲ့အတူပျောက်ကွယ်သွားခဲ့တယ်။ မီးကျွမ်းနေတဲ့အလောင်းဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ ကောင်မလေးတစ်ယောက်ရဲ့အလောင်းဖြစ်နေပါတယ်။သေပြီးသားလူကိုဘာကြောင့် မီးရှို့တာလဲ အဖြေမထုတ်နိုင်ခင်မှာပဲ နောက်ထပ်အလောင်းအပိုင်းအစတွေကို မြို့ပြင်မှာရှာတွေ့ပြန်တယ်။ အရိုးမပါတဲ့ အလောင်းအပိုင်းအစတွေရဲ့ပိုင်ရှင်ဟာဘယ်သူဖြစ်နေမလဲဆိုတာ ဘယ်လိုများဖော်ထုတ်ရပါ့မလဲ။ဒီအမှုနှစ်ခုကရောဘယ်လိုဆက်စပ်နေမလဲ ဆိုတာကို ဒေါက်တာချင်မင်တို့ဟာလိုက်လံစုံစမ်းရင်း ဒါကလက်စားချေဖို့လူသတ်မှုဆိုတာသိလိုက်ရတယ်။ဒီလိုရက်ရက်စက်စက်လက်စားချေရအောင် နောက်ကွယ်က အကြောင်းအရင်းဟာဘယ်လိုတွေများဖြစ်နေမလဲဆိုတာ ဆက်ပြီးခံစားလိုက်ပါဦးနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Doctor Qin Ming: Rain Killer ( 2023 )

Journey To The East: The Eight Immortals ( 2023 ) 5.9
Journey To The East: The Eight Immortals ( 2023 ) နတ်ဆိုးတွေဟာ လူ့လောကကိုအစဥ်အနှောင့်အယှက် အဖျက်ပြုနေခဲ့ပါတယ်၊ နတ်ဆိုးအရှင်ဟွမ်ယွမ်ဟာ လွန်ခဲ့တဲ့နှစ်‌‌ထောင်ချီများစွာက ရှေးဟောင်းနတ်သီကျွင်းရဲ့ ချိတ်ပိတ်မှုကို ခံခဲ့ရပါတယ်၊ သို့သော် အဖျက်အမှောင့်စိတ်ကတော့ အတောမသတ်ခဲ့ပါဘူး...မိစ္ဆာစိတ်ကိုအသုံးချပြီး ဘယ်လိုသားကောင်တွေကို ပစ်မှတ်ထားဝါးမျိုသွားမလဲ.... တစ်ဖန်-အမတနတ်မင်း ရှစ်ပါးထဲကတစ်ပါးဖြစ်တဲ့ လွီသုန့်ပင်းဟာ နတ်ဆိုးအရှင်ဟွမ်ယွမ်နဲ့တိုက်ပွဲမှာ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် ဟယ်ရှန်းနတ်မိမယ်ကို နတ်သက်ကြွေစေခဲ့မိပါတယ်သို့သော် နတ်မိမယ်ရဲ့နာမ်ဝိညာဉ်အပိုင်းအစဟာ လူ့လောကရဲ့ လူသားတစ်ယောက်ခန္ဓာကိုယ်မှာရှိနေတယ်ဆိုတဲ့ ပြောကြားချက်အရ လွီသုန့်ပင်းတစ်‌ေယာက်လူ့ပြည်ဆင်းပြီး ကပ်ဘေးကျော်ဖြတ်ရင်း ဟယ်ရှန်းနတ်သမီးကို လိုက်လံရှာဖွေခဲ့ပါတယ်-ထုံးစံအတိုင်း ဘယ်လိုတွေဆက်ဖြစ်မလဲ -ဇာတ်လမ်းတစ်ပုဒ်မှာ ဘယ်လိုမြှုပ်ကွက်ဇာတ်ကောင်တွေ ရှိနေဦးမလဲ... ဆိုတာ ဆက်လက်ကြည့်ရှုခံစားပါ။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Clytie Encoded by LK
movie

Journey To The East: The Eight Immortals ( 2023 )

Geocentric Crisis ( 2023 ) 5.9
Geocentric Crisis ( 2023 ) ကမ္ဘာမြေကြီးရဲ့ ဗဟိုချက် စွမ်းအင်တွေကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် အသက်ဆက်လက်ရှင်သန်နိုင်ဖို့ အရေး ကြိုးစားခဲ့ကြတဲ့ မြေအောက်ကမ္ဘာနေထိုင်သူတစ်ချို့...!ကမ္ဘာမြေကြီးရဲ့ ဗဟိုချက် စွမ်းအင်တွေကုန်ဆုံးလာရင် ဆက်လက်ရှင်သန်လို့မရနိုင်မှာ စိုးသည့်အတွက် မြေအောက်ကမ္ဘာနေထိုင်သူ ပါရဂူ တွေဟာ စမ်းသပ်တီထွင်မှုတွေ ပြုလုပ်ခဲ့ပါတယ် ။ ဒီစမ်းသပ်မှုတွေဟာ မအောင်မြင်သည့်အပြင် အမှားမှား အယွင်းယွင်းတွေဖြစ်ပြီး ဧရာမ မကောင်းဆိုးဝါးတွေပါ ဖြစ်ပေါ်စေခဲ့ပါတော့တယ် ။တစ်နေ့မှာတော့ မူကွဲအစီအစဥ်နဲ့ ရထားတစ်စင်းစီစဥ်ကာ ကမ္ဘာမြေကြီးရဲ့ မြေမျက်နှာပြင်ပေါ်ကို သွားရောက်ဖို့ စီစဥ်ခဲ့ကြပါတယ် ။ ဒီလိုမျိုး ကမ္ဘာမြေကြီးရဲ့ မြေမျက်နှာပြင်ပေါ်သွားရာလမ်းကြောင်းမှာပဲ ပဋိပက္ခတွေနဲ့အတူတူ မကောင်းဆိုးဝါး အကောင်ကြီးတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ကြရင်း...?မြေအောက်ကမ္ဘာနေထိုင်သူတွေ ကမ္ဘာမြေကြီးရဲ့ မြေမျက်နှာပြင်ပေါ်ကို အောင်မြင်စွာ ရောက်ရှိနိုင်ပါ့မလား? အရာအားလုံးရဲ့ ဖြစ်စဥ် နောက်ကွယ်အမှန်တရားကရော ဘာဖြစ်မလဲ? အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရအောင်ပါလားရှင်။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Science Fiction Runtime : 1h 10 min Subtitle : ...
movie

Geocentric Crisis ( 2023 )

Lich Hand To Destroy Flowers ( 2020 ) 5.9
Lich Hand To Destroy Flowers ( 2020 ) ခံစားချက်ဆိုတာ  အသွေးအသားအတွက် ဓားချက်နှလုံးသားအတွက် အဆိပ်ဆေး..."ဒါကို ယုံကြည်တယ်ဆို ဒီကားကြည့်လိုက်တော့နော်။တရုတ်က အမြဲ ချစ်တတ်ကြတဲ့ မသေမျိုးနဲ့ လူသားကြားက အချစ်ဇာတ်လမ်းတွေကိုပုံဖော်ရိုက်ကူးနေကြပါ။ ဒီတစ်ခေါက်လည်း ပန်းနတ်သမီးလေးနဲ့ ပန်းတွေကိုချစ်တတ်တဲ့ လူသားကြားက အချစ်ကို ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးလို့ပြောရမယ်။ဇာတ်လမ်းလေးကတော့ မိန်းမပျိုလေးတွေ အသွေးသားတွေ စုပ်ယူခံရပြီးအကြောင်းမဲ့သေခဲ့တဲ့ အမှုကိုလိုက်တဲ့ မင်းမှုထမ်းလေးတစ်ယောက် စုန့်ယိချန်ဒီအမှုကိုလိုက်ရင်း သစ်ပင်မိစ္ဆာတိုက်ခိုက်တာ ခံလိုက်ချိန်မှာ ပန်းနတ်သမီးလေးကျောက်ဖေးက ကယ်သွားခဲ့ပြီး သူတို့ အချစ်ဇာတ်လမ်းလေး နိဒါန်းပျိုးခဲ့တာပေါ့ Translated & Review By Chu ChuEncoded By LK
movie

Lich Hand To Destroy Flowers ( 2020 )