Channel Myanmar

Li Xiaochuan

Soul Snatcher ( 2020 ) 6.2
Soul Snatcher ( 2020 ) ဒီတစ်ခေါက်မှာ 2020 ရဲ့ နာမည်ကြီးဇာတ်ကား တစ်ကားလို့ ဆိုနိုင်တဲ့ နာမည်ကြီး မိန်းမပျိုဝိညာဉ်လို့ နာမည်ကြီးပြီး version စုံထွက်တဲ့ တရုတ်ဇာတ်လမ်းကြီးကို အခြေခံပြီး ပုံစံတစ်မျိုးပြောင်းထားတဲ့ ဇာတ်ကားကောင်းလေးပေါ့...ဒီကားကို အဓိကကြည့်သင့်တာကတော့ go go squid မှာ နာမည်ကြီးခဲ့တဲ့ ပျိုတိုင်းစွဲ လီရှန့် နဲ့ nine percent က မန်ဘာဟောင်း မားမားတို့ရဲ့ ကလေးလေး နုံနုံ (ခ) ချန်လိနုံတို့ သရုပ်ဆောင်ထားတာကြောင့်ပါ ဒါဟာ နုံနုံရဲ့ ပွဲဦးထွက်ကားလေးမို့ အားလုံးက အချစ်ပိုပြီး အားပေးနေကြတာပေါ့ဇာတ်လမ်းလေးနည်းနည်းပြောပြမယ် ဒီကားလေးက အရင်အတိုင်း အမှုထမ်းစာမေးပွဲဖြေဖို့ ကြိုးစားနေတဲ့ စာကြမ်းပိုးလေးနဲ့ လေလွင့် မိန်းမပျိုဝိညာဉ်ကြားက အချစ်ဇာတ်လမ်းလေးပါပဲဒါပေမယ့် မိန်းမပျိုလေးကတော့ ဇာတ်လိုက်မဟုတ် ဇာတ်လိုက်က နတ်ဖြစ်ဖို့ ကြိုးစားပြီး အမြုတေလိုက်ရှာနေတဲ့ မြေခွေးလေးပေါ့ ဖြစ်ချင်တော့ အမြုတေပိုင်ရှင်က စာကြမ်းပိုးလေးဖြစ်နေတော့ မြေခွေးလေးနဲ့ စာကြမ်းပိုးကြားက သူငယ်ချင်းသံယောဇဉ်ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးလို့ဆိုနိုင်မယ်ပါးပါးလေး bromance လည်းပါလို့ မှန်ဘီလူးမလေးတို့လည်း ကြည့်ကြည့်လိုက်ပါဦး Filesize : 5.22 GB / 1.88 GB ...
movie

Soul Snatcher ( 2020 )

4K HEVC
Life Hotel ( 2024 ) 6
Life Hotel ( 2024 ) အားလုံးအတွက် ဒီနေ့မှာတော့ ဘဝတစ်ကွေ့အကြောင်း ပုံဖော်ရိုက်ကူးပြထားတဲ့ Life Hotel ဆိုတဲ့ ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်... ထိခိုက်စေမှုနဲ့ ထောင်ကျထားတဲ့ မိဘကလည်း လျစ်လျူရှုထားတာခံနေရတဲ့ ထောင်ထွက်တစ်ယောက်... ထောင်သက်တမ်းလွတ်လို့ ထွက်လာချိန်မှာ အိမ်ကလည်း တာဝန်မယူသလို... မိသားစုကလည်း လက်မခံ... ထောင်မကျခင်ကတော့အစ်ကိုဆိုပြီး မြှောက်စားခဲ့တဲ့ ညီအစ်ကိုတွေလည်း ဆက်သွယ်တာတောင် လက်မခံကြတော့ဘူး...ဒီအသိုင်းအဝိုင်းကလည်း ပြစ်မှုမှတ်တမ်းဆိုတာ အရေးကြီးတော့ ပြစ်မှုမှတ်တမ်းရှိသူကို တော်ရုံ အလုပ်လက်မခံကြဘူး... နှိမ့်ချချင်ကြတယ်... ဒီတော့ ဇာတ်လိုက် စန်းချင်းတစ်ယောက် ဘယ်မှာ အလုပ်ရသွားလဲဆိုတော့ ဆေးရုံနားက လိုင်ဖူဟိုတယ်ဆိုတဲ့ ငွေကြေးမပြေလည်လို့ ဆေးရုံမတက်နိုင်တဲ့သူတွေကို ငှားပေးတဲ့ တည်းခိုခန်းမှာ အလုပ်ရသွားတယ်...ဒီအလုပ်ကို သူလုပ်တာ အကြောင်းရင်းတစ်ခုတော့ ရှိနေတယ်... ဒီတော့ စန်းချင်းတစ်ယောက် ဒီဟိုတယ်မှာ အလုပ်လုပ်ရင်း ဘာတွေရမှာလဲ... သူမူလဦးတည်ချက်အတိုင်း ပြည့်ဝနိုင်မှာလား .. စိတ်ကူးပြောင်းသွားမလား...ဒီလိုင်ဖူဟိုတယ်ကရော တကယ်ပဲ ရိုးရိုးဟိုတယ်တစ်ခုလား... နှလုံးသားကပြောတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မလို့ နှလုံးသားလေးနဲ့ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်... Filesize : 1.48 GB / 888 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama ...
movie

Life Hotel ( 2024 )

The Fallen Bridge ( 2022 ) 6.4
The Fallen Bridge ( 2022 ) "တရားမျှတမှုနဲ့ အမှန်တရားဆိုတာ အမြဲတစေဆိုသလို ဒွန့်တွဲနေတဲ့အရာတစ်ခုပါ အမှန်တရားဆိုတာ ဘယ်လိုမှ ဖုံးဖိလို့မရတဲ့ အရာတစ်ခုဆိုလဲမမှားဘူး"ဖခင် သေဆုံးမှူအတွက် အမှန်တရားကို အပူတစ်ပြင်းရှာဖွေနေတဲ့ တက္ကသိုလ်ကျောင်းသူလေး - ဝမ်ရှောင်းယွီ ဝမ်ရှောင်းယွီရဲ့ ဖခင်သေဆုံးမှုက မျက်မြင်သက်သေ တစ်ယောက်ဖြစ်တဲ့ စက်ပြင်သမားလေး - မုန့်ချောင်းကျုံးနမ်တံတားဟူသည် ဟွမ်ချွဲ့မြို့ကြီးရဲ့ အဓိက ပေါင်းကူးတံတားဆိုရင်လဲ မမှားပါဘူး တစ်နေ့မှာ တံတားကြီး ပြိုကျပျက်ဆီးသွားခဲ့တဲ့အခါ ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်အဲ့တာကတော့ တံတားအတွင်းမှာ လူသေအရိုးစုတစ်ခု တွေ့ရှိခဲ့ရခြင်းပါပဲ အဲဒီသေဆုံးသူကတော ဝမ်ရှောင်းယွီရဲ့ ဖခင်ဖြစ်သူ ဝမ်လျောင့်ပါ တစ်နေ့မှာတော့ မုန့်ချောင်းရဲ့ အကူအညီပေးမှုနဲ့အတူ ဖခင်ရဲ့သေဆုံးမှုဟာ သွေးရိုးသားရိုးမဟုတ်တဲ့အကြောင်း ဝမ်ရှောင်းယွီသိရှိသွားခဲ့ပါတော့တယ် နစ်မြုပ်နေတဲ့ သဲလွန်စ တစ်စချင်းဆီနောက်ကို နှစ်ယောက်သား အတူတူလိုက်လံရှာဖွေရင်း ဝမ်ရှောင်းယွီရဲ့ မွေးစားအ​ဖေဖြစ်သူ ကျူးဖန်းကျန့် ကလူသတ်သမားဖြစ်နိုင်​ချေရှိတဲ့ အကြောင်း သိရှိသွားချိန်မှာတော့.....?❏ ဘာတွေဆက်ဖြစ်ကြမလဲ ? ❏ နောက်ကွယ်က လျို့ဝှက်ဆန်းကြယ်တဲ့ အရာတွေကရော ဘာတွေဖြစ်လာမလဲ ? ❏ လူသတ်သမားကရော သူတို့ထင်ထားတဲ့အတိုင်းဖြစ်နေနိုင်ပါ့မလား ? ❏ သူတို့တွေ အပူတပြင်းရှာနေတဲ့ အမှန်တရားကရော ထွက်ပေါ်လာပါ့မလား ? ဆိုတာ စိတ်ဝင်စားဖွယ် ရင်တထိတ်ထိတ်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်ရှင်သရုပ်ဆောင်တွေအနေနဲ့ကတော့ တရုတ်ပြည်မကြီးမှာ နာမည်ကြီးအဖွဲ့တစ်ခုဖြစ်တဲ့ TFBOYS အဖွဲ့ရဲ့ ...
movie

The Fallen Bridge ( 2022 )

The House That Never Dies ( 2014 ) 6.3
The House That Never Dies ( 2014 ) CM ချစ်ပရိသတ်တို့အတွက် ဒီတစ်ခေါက် စိတ်လှုပ်ရှားဖွယ်ရာ The House ThatNever Dies ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးကို ဘာသာပြန်ရင်းနဲ့မှာ ဇီဝေကောကောလို့ မှတ်ကျောက်တင်ကျန်ခဲ့တဲ့ ruby lin တစ်ယောက် ဘာလို့Light the Night မှာ Tony Yang နဲ့ loveline အဖြစ်ပြန်သုံးခဲ့တယ်ဆိုတာ...ကဲ ဇာတ်လမ်း အကျဉ်းလေးကို ပြောပြရရင် ပေကျင်းက အိမ်အမှတ် ၈၁ ဆိုတဲ့ နာမည်ကြီး သရဲခြောက်တဲ့ အိမ်ကြီးကို မိသားစုတစ်စုပြောင်းလာတယ်ကနေ စပြောရမယ်... အိမ်အမှတ် ၈၁ မှာ မူလအိမ်ပိုင်ရှင်ရဲ့ ဇနီးဟာ သတို့သမီးဝတ်စုံနဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ပြီးနောက်မှာ တစ်မိသားစုလုံး ထူးခြားဆန်းပြားစွာ ရှေ့ဆင့်နောက်ဆင့် သေကုန်ကြတာကြောင့် ဒီအိမ်ကြီးဟာ သရဲခြောက်တယ်လို့ ပါးစပ်ရာဇဝင်တွင်ခဲ့တာကြောင့် အိမ်ကြီးဟာ ကာလပေါက်ဈေးထက်ကို ထူးခြားစွာ ဈေးသက်သာနေခဲ့ပါတယ်...ဒါကြောင့်လည်း ရွှီလော့ချင်းတို့မိသားစု ပြောင်းလာခဲ့တာလို့ ဆိုနိုင်မယ်... တိုက်တိုက်ဆိုင်ဆိုင်ပါပဲ... ဒီအိမ်ကြီးမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ အိမ်ပိုင်ရှင်ဇနီးနဲ့ ရုပ်ချင်းခွဲမရအောင်တူနေတာကို သိပြီးနောက်... ရွှီလော့ချင်းတစ်ယောက်ဟာပုံရိပ်ယောင်တွေလိုမြင်လိုက်... အသံတွေကြားလိုက်... အနီရောင်ဝတ်စုံတွေနဲ့ လူတွေပေါ်လာလိုက်... ဒါတွေအပြင်... ခင်ပွန်းသည်ကိုပါ ဖောက်ပြန်နေတယ်လို့ အကြိမ်ကြိမ် သံသယဝင်လာပြီး ဒီအိမ်ပြောင်းလာပြီးတည်းက လင်မယားနှစ်ဦး မကြာခဏရန်ဖြစ်ပြီး ကွာရှင်းဖို့အထိတွေပါ ဖြစ်လာခဲ့တာပေါ့...ဒီလို ...
movie

The House That Never Dies ( 2014 )

The Dead End (2015) 7.2
The Dead End (2015) [Unicode]မင်းသားလည်းဟုတ် ဒါရိုက်တာလည်းဟုတ်ပြီး သရုပ်ဆောင်တဲ့နေရာမှာ သူများနဲ့မတူတမိုထူးတဲ့ပုံစံနဲ့ မင်းသားChao Deng ကိုသိကြမယ်ထင်ပါတယ် ။ တော်တော်များများကတော့ သူ့ကို The Mermaid (2016) တို့ Detective Dee တို့နဲ့ သိကြတာပါ ။ ဒီတစ်ခေါက်မှာတော့ 2015 မှာ ထွက်ရှိခဲ့တဲ့ The Dead End ဆိုတဲ့ movie လေးကိုတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအကျဉ်းရှီလုံမှာ မိန်းကလေးတစ်ယောက် အဓမ္မကျင့်အသတ်ခံရပြီး သူမရဲ့ မိသားစု ၄ ယောက်လည်း ရက်ရက်စက်စက် အသတ်ခံရတဲ့ ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပါတယ် ။ ဒီလူသတ်မှုမှာ အဓိက သံသယဖြစ်ဖွယ် တရားခံ ၃ ယောက်ရှိတယ်လို့ ခန့်မှန်းထားပြီး ၇ နှစ်ကြာတဲ့အထိ ဒီအမှုကို မဖြေရှင်းနိုင်ခဲ့ဘူး... ဒါပေမယ့် စုံထောက် 'ရီ' ကတော့ ဒီအမှုကို လက်မလျှော့ခဲ့ပါဘူး ။သူပထမဆုံးကိုင်ရတဲ့ အမှုကြီး ဖြစ်တာကြောင့် တရားခံကို အခုထိ ...
movie

The Dead End (2015)

2015
Extraordinary Mission (2017) 6.4
Extraordinary Mission (2017)   ဒီတစ်ခါတော့ Channel Myanmar ပရိတ်သတ်တွေအတွက် ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကား တစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်Extraordinary mission ဆိုတာကတော့ ရဲအရာရှိ လင်ခိုင် ရဲ့ မစ်ရှင် တစ်ခုပါ...သူ့ရဲ့ မစ်ရှင်က တော့ မူးယစ်ဆေးဝါးဂိုဏ်းအကြီးစား တစ်ခုကို နှိမ်နင်းဖို့ပါဒီဂိုဏ်းကို လက်ပူးလက်ကြပ် ဖမ်းဖို့က မလွယ်တဲ့ ကိစ္စတစ်ခုပါဒီတော့ ရဲအရာရှိကြီး ဟာ မူးယစ် ဆေးဝါး ဂိုဏ်းထဲကို သူလျိုတစ်ယောက် အနေနဲ့ ဝင် ဖို့ ဆုံးဖြတ်လိုက်ပါတယ်လူအသစ် တစ်ယောက်ကို ဘယ်သူက ကော လွယ်လွယ်ယုံမှာလဲ... ဂိုဏ်းအကြီးစား ဆိုတော့ ပိုဆိုးပြီပေါ့..ဒါနဲ့ လင်ခိုင် ဟာ သူ့ကိုယ်သူ မူးယစ်ဆေး အစွဲ ခံပြီး မူးယစ်ဆေးဝါးဂိုဏ်းက ယုံအောင် သက်သေ ပြရပါတယ် ( extraordinary ဘဲဗျာ )သူ့ရဲ့ ကြိုးပမ်းမှု ဟာ အရာထင်မလား???ဂိုဏ်းက သူ့ရဲ့ အကြံကို ရိပ်မိသွားမလား ...
movie


2017