Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Leslie Cheung
7.0
A Chinese Ghost Story 2 ( 1990 )
A Chinese Ghost Story 1 ရဲ့အဆက်ပဲဖြစ်ပါတယ်..စုစုပေါင်းသုံးကားတိတိရှိပြီး ဒီလင့်မှာ သုံးကားလုံးကိုရှာနိုင်ပါတယ်နင့်ချိုင်ချန်ရဲ့ ချစ်သူတစ္ဆေမလေး နင့်ချိုင်ချန်တစ်ယောက် နောက်ဘဝကို ကူးသွားပြီးတဲ့နောက်မှာတော့ နှစ်အနည်းငယ် အကြာကနေ ဇာတ်လမ်းပြန်ဆက်ပြီးရိုက်ကူးထားပါတယ်..အကြွေးလိုက်တောင်းတဲ့အလုပ်အဖြစ် တာဝန်ယူရတဲ့နင့်ချိုင်ချန်တစ်ယောက် ဇာတိမြေကို ပြန်အရောက်မှာ အားလုံးအပြောင်းအလဲတွေဖြစ်ကုန်ပါပြီ.. မတရားမှုတွေကြီးစိုးပြီး သရဲတစ္ဆေတွေ ပေါများလှတဲ့ နယ်မြေတစ်ခုမှာ နင့်ချိုင်ချန်တစ်ယောက် ဘယ်လိုအသက်ရှင်အောင်ကြိုးစားရမလဲ. ပြီးတော့ နင့်ချိုင်ချန်နဲ့ပတ်သတ်တဲ့အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်မလဲဆိုတာတော့ ဆက်လက်ခံစားကြည့်ရှုပါ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Action , Comedy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie
A Chinese Ghost Story 2 ( 1990 )
1990
6.8
Nomad (1982)
Nomad (1982)၁၉၇၉ မှာ ဟောင်ကောင် New Wave စတင်ခဲ့ပြီး ၁၉၈၀မှာတော့ ဒီနယူးဝေ့ရဲ့အရှိန်နဲ့ ဟောင်ကောင်ရုပ်ရှင်လောက တစ်ချိုးတကွေ့ပြောင်းလဲခဲ့တယ်။ အဲဒီအပြောင်းအလဲရဲ့နောက်မှာ ခင်ဗျားတို့ ကျွန်တော်တို့ သိပ်ကြိုက်ပါတယ်ဆိုတဲ့ ဟောင်ကောင်ရုပ်ရှင်တွေအများကြီးထွက်လာခဲ့တယ်။ First New Wave မှာတော့ Ann Hui, Tsui Hark, Patrick Tam, Allen Fong တို့ရဲ့ ရုပ်ရှင်တွေထွက်ရှိခဲ့တယ်။ Ann Hui နဲ့ Tsui Hark ကိုတော့ အားလုံးကောင်းကောင်းသိကြမှာပါ။ Tsui Hark ကတော့ A Chinese Ghost Story ကိုရိုက်ခဲ့တဲ့၊ A Better Tomorrow ကို ပရိုဂျူဆာလုပ်ခဲ့တဲ့ဘဲပါပဲ။ဟောင်ကောင်ရုပ်ရှင်ရဲ့ Second New Wave ကတော့ 1984 မှာစတင်ခဲ့ပြီး လက်ရှိကာလအထိအကျုံးဝင်နေပါသေးတယ်။ ပထမနယူးဝေ့ကနေ အားယူပြီး ထွက်ပေါ်လာတဲ့ ...
movie
Nomad (1982)
1982
6.6
The Phantom Lover (1995)
The Phantom Lover (1995)~ IMDb - 6.6/10, Rotten Tomatoes - 60% ~လတ်စလီချောင်ရဲ့ သမိုင်းတစ်လျှောက်က အရမ်းမခမ်းနားရင်တောင် လတ်စလီချောင်ကားမို့ အလိုလိုခမ်းနားသွားတဲ့ ရုပ်ရှင်တွေထဲကတစ်ကားပေါ့။ ဒါပေမဲ့ The Phantom Lover က တကယ်ဆို တော်တော်ခမ်းနားတဲ့ ကလပ်စစ်ကားဖြစ်သွားသင့်တာကို မဖြစ်သွားခဲ့တာဆိုတော့ နှမြောစရာတော့ကောင်းတယ်။ ဘာလို့ဆို The Phantom Lover ဟာ နာမည်ကျော် The Phantom of the Opera ဝတ္တုကိုပဲ မှီးပြီးရိုက်ခဲ့တာမို့ပါပဲ။ အင်္ဂလိပ်ကားတွေလည်း တစ်သီတစ်သန်းကြီး ထွက်ခဲ့ဖူးတဲ့ ဝတ္တုပေါ့။ The Phantom Lover ဟာတော့ ဒါရိုက်တာလည်းကောင်း သရုပ်ဆောင်တွေလည်းကောင်းပေမဲ့ သရုပ်ဆောင်နှစ်ယောက်ကြားက Chemistry က ပေါ်သင့်သလောက်မပေါ်သွားတာကြောင့် ကလပ်စစ်တန်းဝင်ကားတော့ မဖြစ်သွားခဲ့ဘူး။ ဒီလိုဆိုလို့ ဒါရိုက်တာမကောင်းလို့လားဆိုတော့ မဟုတ်ပြန်ဘူး။ The ...
movie
The Phantom Lover (1995)
1995
6.7
Temptress Moon (1996)
Temptress Moon (1996)~ IMDb - 6.7/10, Rotten Tomatoes - 62% ~Farewell My Concubine အပြီး Chen Kaige နဲ့ လတ်စလီချောင် ဂေါင်လီအတွဲ ပြန်ဆုံတဲ့ ရုပ်ရှင်ပေါ့။ သူလည်း ကိန်းမှာပြခဲ့ပြန်၊ Palme d'Or အတွက် ပြိုင်ခဲ့ပြန်တာပဲ။ ဒါပေမဲ့ ရတော့မရသွားခဲ့ပါဘူး။ ထပ်ပြီး တူတာက သူလည်း တရုတ်ပြည်မှာ ဘန်းခံထိထားတယ်။မထူးခြားနားပါပဲ။ ပုရီနန်းစွန့်ပြီးနောက်ပိုင်း ၁၉၁၂မှာ ဇာတ်အိမ်စတယ်။ မင်းရိပ်မင်းရှိန်မကင်းတဲ့အိမ်တစ်အိမ်က ဘိုးဘေးနတ်ကွန်းထဲ အဲဒီအိမ်က ကလေးမလေးက ကစားရင်းဝင်လာလို့ အကုန်ပွက်လောရိုက်နေတာနဲ့ စဖွင့်ထားတယ်။ အဲဒီကလေးမလေးက ဂေါင်လီရဲ့ဇာတ်ကောင် ဖန်းယုရီ။ တရုတ်မှူးမတ်အိမ်တော်ဆိုတော့ အဲဒီအိမ်ရိပ်လာခိုတဲ့ ဆွေရိပ်မျိုးရိပ်မကင်းတဲ့ ကလေး၂ယောက်ရှိတယ်။ တစ်ယောက်ကကျ လတ်စလီချောင်ရဲ့ ဇာတ်ကောင် ကျန်းလိန်။ သူက အဲဒီအိမ်က ဖန်းယုရီအစ်ကို ဖန်းအိမ်တော်က သခင်လေးရဲ့မိန်းမရဲ့မောင်။ ...
movie
Temptress Moon (1996)
1996
6.7
Once a Thief (1991)
Once a Thief (1991)~ IMDb - 6.7/10, Rotten Tomatoes - 60% ~အနောက်တိုင်းက မာစတာပိစ်ကားတွေလို သတ်မှတ်ခဲ့ကြတဲ့ Léon: The Professional တို့ The Departed တို့လို ကားတွေရဲ့ မြစ်ဖျားခံရာလို့ ပြောလည်းမမှားတဲ့ Heroic Bloodshed Genre ရဲ့ ပဲ့ကိုင်ရှင်နဲ့ ဒီ Genre ကို ပိုထင်ရှားအောင် လုပ်ပေးခဲ့တဲ့သူဖြစ်တဲ့ ဂျွန်ဝူးရိုက်ခဲ့တဲ့ ကားတွေထဲကမှ ဟောင်ကောင် Heroic Bloodshed ကားတွေကို မနှစ်ကတည်းက တဖြည်းဖြည်းချင်းတင်ဆက်ပေးခဲ့တာ A Better Tomorrow ကားတွေ၊ The Killer, Hard Boiled, Bullet in the Head စသဖြင့် အတော်များခဲ့ပါပြီ။ စတီဖင်ချောင်ပါပါတဲ့ Just Heroes နဲ့ ...
movie
Once a Thief (1991)
1991
5.8
Fatal Love (1988)
Fatal Love (1988)မနေ့က စက်တင်ဘာ ၁၂ဟာ တိုနီလျောင်ချူဝေ၊ Takeshi Kaneshiro, ချန်းချန်၊ အန်ဒီလောင်၊ ချောင်ယွန်ဖတ်၊ စတီဖင်ချောင်၊ ဂျက်လီ၊ ဂျက်ကီချမ်း စသဖြင့် သူနဲ့ခေတ်ပြိုင်တွေ မတိမ်းမယိမ်းတွေ သရုပ်ဆောင်ဖော် သရုပ်ဆောင်ဖက်တွေ အကုန်လုံးသက်ရှိထင်ရှားရှိကြသေးပေမဲ့ တစ်ယောက်တည်းကွက်ပြီး အရွယ်မတိုင်မီ ရွေ့လျော အခါနှောင်းသွားခဲ့တဲ့ လတ်စလီချောင်ရဲ့ မွေးနေ့ပါပဲ။ တစ်ရက်နှောင်းသွားပေမဲ့လည်း လတ်စလီကိုချစ်တဲ့သူတွေအတွက် သူ့ရဲ့အစောပိုင်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ နောက် သူ့အကြောင်းနည်းနည်းပါးပါးရောပေါ့။ ဇာတ်ကားအကြောင်းကတော့ လတ်စလီကိုချစ်တဲ့သူတွေ သဘောကျမယ့်ကားလို့ပဲ ပြောချင်ပါတယ်။လတ်စလီချောင်ဟာ သူ့နာမည် လတ်စလီကို Gone With The Wind ထဲက သူ့အကြိုက်ဆုံးသရုပ်ဆောင်ဖြစ်တဲ့ အက်ရှလေနေရာက သရုပ်ဆောင်ခဲ့တဲ့ Leslie Howard နာမည်ကိုယူပြီးပေးထားတာပါ။CNN’s Icon Gallery (Music) စာရင်းမှာပါတဲ့ တစ်ဦးတည်းသောအဆိုတော်ဖြစ်ပြီး No.3 လည်းချိတ်ခဲ့တယ်ဆိုပါတယ်။ တခြား ၁ကနေ ၅စာရင်းဝင်တဲ့ အဆိုတော်တွေကတော့ ...
movie
Fatal Love (1988)
1988
6.6
Shanghai Grand (1996)
Shanghai Grand (1996)ဟောင်ကောင်ရုပ်ရှင်တွေကို ချစ်တဲ့လူတိုင်း ဟောင်ကောင်မင်းသားတွေကို သဘောကျကြမှာပဲ။ ကျွန်တော်လည်း ဟောင်ကောင်မင်းသား အတော်များများကို သဘောကျပါတယ်။ ဒီထဲ ကျွန်တော်အကြိုက်ဆုံးမင်းသားက လတ်စလီချောင်ပါပဲ။ ဒီတော့ လတ်စလီချောင်ကားဟောင်းတွေ စိတ်ပေါက်တိုင်းရှာကြည့်ဖြစ်တယ်။ သူ့မှာမာစတာပိစ်ကားတွေလည်း မနည်းပါဘူး။ ရိုးရိုးအချစ်ကားတွေလည်း မနည်းဘူး။ ရိုးရိုးအချစ်ကားတွေတောင် လတ်စလီချောင်ပါနေရင် အတော်လေးကြည့်ကောင်းပါတယ်။ သူ့ကိုချစ်တဲ့စိတ်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အခု ရှန်ဟိုင်းဂရန်းမှာတော့ လတ်စလီချောင်အပြင် Andy Lauလည်းပါပါတယ်။ ဟောင်ကောင်ရဲ့ဆရာတွေထဲက နှစ်ပါးပေါ့။ သူက ဂန်းကားဆိုပေမဲ့ ၁၉၃၀ကာလမှာ ဇာတ်အိမ်တည်ထားပြီး ထိုင်ဝမ်ရဲ့တော်လှန်ရေးအကြောင်းကိုလည်း ပါးပါးစွတ်ထားတယ်။ ဂန်းကားပီပီသသ ဂန်းကားတို့အခေါင်ကြီး Godfatherက ဇာတ်ဝင်ခန်းတစ်ချို့ကိုတောင် မှီးထားသေးတယ်။ နည်းနည်းမှီးထားတဲ့ကားဆိုတော့ မာစတာပိစ်တော့မဖြစ်လှပေမဲ့ တော်တော်ကြည့်ကောင်းတဲ့ ကားကောင်းစာရင်းတော့ဝင်ပါတယ်။ ဟောင်ကောင်ဂန်းကားကြိုက်တဲ့သူတွေအတွက် ရွှေလို့ပြောရမယ်။ သူ့ဇာတ်ဝင်တေးကလည်း အတော်များများရင်းနှီးပြီးသားသီချင်းဖြစ်သလို တကယ့်နာမည်ကြီး သီချင်းပါပဲ နားထောင်ကြည့်ရင်သိမှာပါ။ ဒီထဲကဗားရှင်းကိုတော့ Andy Lauကိုယ်တိုင် ပြန်ဆိုထားတယ်ထင်ပါတယ်။ရှန်ဟိုင်းဂရန်းဟာ ဟောင်ကောင်ဂန်းကားကောင်းဖြစ်သလို လတ်စလီနဲ့ ...
movie
Shanghai Grand (1996)
6
Okinawa Rendez-vous (2000)
Okinawa Rendez-vous (2000)ဇာတ်အိမ်ကရိုးရိုးလေးပဲ။ ဂိုဏ်းစတားတစ်ကောင်ရယ်၊ သူခိုးတစ်ကောင်ရယ် (လတ်စလီ)၊ ရဲတစ်ကောင်ရယ် (ခဖိုင်)၊ ကောင်မလေး၂ယောက်ရယ်ရဲ့ နဖူးစာမင်ရည်ကျဲ၏ မကျဲ၏ ဇာတ်လမ်းသက်သက်ပဲ။ ချစ်ကြတယ်။ လွဲကြတယ်။ ဝေးကြတယ်။ ဒါကိုပဲ ဂိုဏ်းစတားနဲ့ သူခိုးနဲ့ ဂိုဏ်းစတားရဲ့ ရည်းစားဟောင်း (Faye Wong) ကြားက ဇာတ်ရှုပ်နဲ့ ချိတ်ဆက်ပေးထားတယ်။ ဇာတ်ကားနာမည်ကိုက အိုခိန၀ဆုံစည်းခြင်း ဆိုတော့ အိုခိန၀ရဲ့ကောင်းကင်အောက် တွေ့ကြတယ်။ ကွဲကြတယ်။ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြတယ်။ ဒါပါပဲ။ ဒါပေမဲ့ Faye Wong နဲ့ Leslie Cheung တို့ လိုက်ဖက်ညီသဟဇာတ ဖြစ်နေတာက ဒီရုပ်ရှင်ကို ပိုအရသာရှိစေတဲ့ အဓိက အချက်လို့ဆိုရပါမယ်။ သူတို့၂ယောက်ကပေးတဲ့ ရသကို အမြည်းခံစားကြည့်ချင်ရင်တော့ အောက်ကစာ စာသားကို နမူနာမြည်းစမ်းကြည့်နိုင်ပါတယ်။" နှစ်လက်မတစ်စိတ် အကွာအဝေး၏ မိုင်သန်းပေါင်း လေးသောင်းနှစ်ထောင်ဆီမှ အရူးအမူးချစ်ခြင်းဖြင့် ဂျွမ်းထိုးမှောက်ခုံ ပြုတ်ကျလာခြင်းကြောင့် ...
movie
Okinawa Rendez-vous (2000)
2000
7.8
Happy Together (1997)
[Unicode]Happy Together (1997) ==================IMDb Rating - 7.8/10ဝေါင်ကာဝေးရဲ့ ရုပ်ရှင်တွေက ဇာတ်ညွှန်းကို စဆုံးရေးပြီးမှရိုက်တဲ့ ရုပ်ရှင်တွေမဟုတ်ဘူး။ အများအားဖြင့်တော့ သူ့ခေါင်းထဲမှာရှိတဲ့ အချက်အလက်တွေကို ညဘက်ရိုက်ကွင်းမတိုင်ခင် နေ့ဘက်မှာရေးထားတာတွေ။ အရမ်းကြီး ကြိုတင်စီမံမှုမရှိဘူး။ပြောရရင် ကဗျာရေးသလိုပေါ့။ ဒါကြောင့်ပဲ Ashes Of time အပြီး သူပေါ့ပေါ့ပါးပါးရိုက်လိုက်တဲ့ Chungking Expressက သူက ပေါ့ပေါ့ပါးပါးပဲရိုက်လိုက်တာဆိုပေမဲ့အတော်တာသွား သွားတယ်။ ပြောရရင် ကဗျာရေးသလိုရိုက်တာဆိုတော့ သူ့ရုပ်ရှင်တစ်ခုနဲ့ တစ်ခုရဲ့ကွာခြားမှုက ကဗျာရေးသလို အခွင့်အခါလိုတယ်။ ခံစားမှုအပေါ်အခြေခံပြီး စာသားကောင်းကောင်းထွက်လာဖို့ အခွင့်အခါလိုသလိုပေါ့။ သူပြောတာကတော့ အခွင့်အခါမဟုတ်ဘူး။ " တရုတ်ဘာသာစကားကနေ အင်္ဂလိပ်ဘာသာကိုပြန်ဆိုဖို့ ခက်တဲ့ဝေါဟာရတစ်ခုဗျာ။ အဲ့ဒီ ဝေါဟာရက အခွင့်အလမ်းလို သဘောမျိုးပဲ။ သဘောကဗျာ ကျုပ် ဒီမှာထိုင်ပြီး ခင်ဗျားနဲ့အင်တာဗျူးလုပ်နေတယ်။ ဒါပေမဲ့ တကယ်လို့ဒီလိုသာ မဟုတ်ခဲ့ရင် ကျုပ်တစ်ခြားတစ်ယောက်ယောက်နဲ့ အင်တာဗျူးလုပ်မိမှာလည်းဖြစ်နိုင်တယ်။ ဘာကြောင့် ကျုပ်တို့ ဒီအချိန်ဒီနေရာမှာ တွေ့သင့်တာလဲ။ ဒါက အခွင့်အခါကြောင့်ပဲလေ။ ကျုပ်ရုပ်ရှင်တွေအကုန်လုံးကလည်း အခွင့်အခါကြောင့်ဖြစ်လာတယ်ပဲထင်တယ်" တဲ့ အဲ့ဒီအခွင့်အခါကြောင့်ပဲဖြစ်ပါလိမ့်မယ် Happy Togetherက Cinematographyတွေဟာ တခြားဝေါင်ကာဝေးကားတွေနဲ့ ကွဲတယ်။ ရိုက်တာကတော့ ...
movie
Happy Together (1997)
7.6
Days of Being Wild (1990)
[Unicode]IMdb Rating. = 7.6/10"အရိုင်းဆန် နေ့ရက်များ"၁၉၆၀ ဧပြီလ၁၆ရက်နေ့ သုံးနာရီထိုးဖို့ တစ်မိနစ်အလို ဇာတ်ကောင်ဟာ မိန်းကလေးနဲ့အနီးဆုံးရပ်နေပြီး နာရီရဲ့စက္ကန့်လက်တံ သုံးနာရီအတိထိ တစ်ချက်ချင်းသွားတာကို သူတို့အတူကြည့်နေကြတယ်။ ဒီတစ်ခေါက် စက္ကန့်လက်တံ ရှေ့တွန်းလိုက်တာဟာ မိနစ်လက်တံတစ်ချောင်းတည်းတော့မဟုတ်ဘူး။ ကြားဖူးတယ်မလား တစ်ခါတလေကျ တစ်မိနစ်ဆိုတာ တစ်ဘဝလုံးလောက်လည်း ရှည်ကြာနိုင်တယ်။ဇာတ်ကောင်ဟာ မိန်းကလေးကိုပြောလိုက်တယ်။ " မင်းကြောင့်ငါ ဒီတစ်မိနစ်ကို အမြဲအမှတ်ရနေတော့မှာ"တဲ့။ တစ်မိနစ်တာစတင်မှုဟာ အခုတော့ မိန်းကလေးအတွက် သူနဲ့တစ်နေ့တစ်နာရီ နှီးနှောမှုအသွင်ပြောင်းလဲသွားခဲ့ပြီ။ တစ်လွှာချင်းပြန်ဝတ်ရတဲ့ အဝတ်အစားတွေအတွက် မိန်းကလေးမှာ မေးစရာစကားလုံးနှစ်လုံးရှိတယ်။ လက်....ထပ်....။ ဇာတ်ကောင်ဟာ ရဲတင်းတယ်။ ထီမထင်ဘူး။ ဇာတ်ကောင်ဟာ လက်ထပ်ယူတတ်တဲ့စရိုက်မျိုးမရှိဘူး။ ဒီတော့ မိန်းကလေးဟာဒီကိုပြန်လာစရာအကြောင်းမရှိဘူး။ ဇာတ်ကောင်ဟာ အပူအပန်မရှိဘူး။ လွမ်းဆွေးမှုမရှိဘူး။ သွေးအေးတယ်။ "ရှင် ကျွန်မကို တကယ်ချစ်ခဲ့ဖူးလား"တဲ့ မိန်းကလေးက ဇာတ်ကောင်ကိုမေးတယ်။ ဇာတ်ကောင်ဟာအေးစက်တယ်။ခံစားချက်မဲ့တယ်။ " ငါ့ဘဝမှာ နောက်ထပ်မိန်းမ ဘယ်နှယောက်ကို ချစ်မိဦးမလဲ ငါမသိနိုင်ဘူး ငါ့ဘဝနောက်ဆုံးအချိန်မရောက်သေးခင်အထိ ငါ့အချစ်ဆုံးက ဘယ်တစ်ယောက်လဲ ငါသိဦးမှာမဟုတ်ဘူး"တဲ့ ဖြေတယ်။ ဒီလိုနဲ့ သူတို့ကျောခိုင်းသွားကြပြီ။စစလာကတည်းကိုက ဘဝဟာဝေဒနာပဲမဟုတ်လား။ ဇာတ်ကောင်ဟာဒဏ်ရာများတယ်။ ဇာတ်ကောင်ဟာ ငှက်ကလေးတစ်ကောင်ဖြစ်တယ်။ ဇာတ်ကောင်မှာ အသိုက်မရှိဘူး။ ဒါဆို ဘယ်လိုငှက်မျိုးလဲ။ ဇာတ်ကောင်ပြောတာကတော့..... "ခြေထောက်မရှိတဲ့ ငှက်တစ်မျိုးရှိတဲ့အကြောင်း ကျုပ်ကြားဖူးတယ်။ သူလုပ်နိုင်တာဆိုလို့ ပျံပြီးရင်းပျံဖို့ပဲရှိတယ်။သူမောပန်းလာတဲ့အခါကျ လေထဲမှာ အိပ်တယ်။အဲ့ဒီငှက်က ...
movie
Days of Being Wild (1990)
1990
7.2
Ashes of Time (1994)
Ashes of Time (1994)===============IMDb Rating - 7.2/10#Unicodeခမ်းနားကြီးကျယ်မှုတွေဟာလည်း အချိန်ကာလရဲ့ တိုက်စားမှုတွေထဲ လွင့်ပျောက်ပျက်ပြယ်ကြရတာပါပဲ။အချိန်စီးကြောင်းတွေကြား လွင့်မျောပျက်ပြယ်နေကြတဲ့ ပြာမှုန်တွေထဲ အခမ်းနားဆုံးလူသားတွေလည်းမလွတ်ကင်းခဲ့ပါဘူး။ ဒီရုပ်ရှင်မှာ တရုတ်ပြည်ရဲ့ နာမည်ကျော် Art House Directors ဝေါင်ကာဝေးဟာလွင့်ပြယ်ခဲ့ပြီးသား နာမည်ကျော်တွေရဲ့ အတိတ်ဆီ ကျွန်တော်တို့ကို ပြန်ခေါ်သွားမှာပါ။ ကျင်းယုံရဲ့ သူရဲကောင်းတို့ရဲ့ဒဏ္ဍာရီ ဝါမက်မွန်မြေကချစ်တေးတစ်ပုဒ်လို့ လူသိများတဲ့ The Legend of the Condor Heroesကဇာတ်ကောင်တွေကို ကျောရိုးယူထားတဲ့အတွက် မကြည့်ရသေးခင်ကတည်းက ရင်းနှီးနေမှာပါပဲ။ ဒီရုပ်ရှင်ဟာTimelineအရတော့ တိမ်လွှာနဂါးသူရဲကောင်းများနဲ့ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီတို့ကြား မရှေးမနှောင်းကာလလောက်မှာပါ။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီမှာ ပြောပဲပြောပြီးမပြခဲ့တဲ့ လက်ကိုးချောင်းသူဖုန်းစားဂိုဏ်းချုပ်ဟုန်ချီကုန်းရဲ့ လက်တစ်ချောင်းပြတ်ခဲ့ရတဲ့အကြောင်း၊ဓားမကိုင်ရတဲ့ အကြောင်း၊အိုးရန်ဖုန်နဲ့ သူ့မရီးကြားကဖြစ်ရပ်၊ ဟွမ် မက်မွန်ကျွန်းသခင်ဟွမ် မက်မွန်ကျွန်းသခင် ဖြစ်လာရတဲ့အကြောင်းအရင်းတို့ကို။ရိုက်ပြသွားပါတယ်။အရှေ့ပိုင်းထိပ်သီး မက်မွန်ကျွန်းသခင်ဟွမ် အနောက်ပိုင်းထိပ်သီး အဆိပ်ဘုရင် အိုးရန်ုဖုန်း မြောက်ပိုင်းထိပ်သီးသူတောင်းစားဂိုဏ်ချုပ် ဟုန်ချီကုန်း တို့ရဲ့ ...
movie
Ashes of Time (1994)
1994
7.1
Rouge (1987)
Zawgyi******IMDb 7.1 ရရှိထားတဲ့ ခေတ်ဟောင်းကားလေးနဲ့ မိတ်ဆက်ပေးပါရစေ...ဟောင်ကောင်အနုပညာလောကရဲ့ ဆရာတစ်ဆူဖြစ်ခဲ့တဲ့Leslie Cheung ရဲ့ ဇာတ်ကားကောင်းတစ်ခုပါ...ဇာတ်ကားလေးနာမည်က Rouge တဲ့.... ဒီဇာတ်ကားလေးထဲမှာရူဟွားဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ ချစ်ရတဲ့ ချစ်သူသခင်လေး ၁၂ ကို လာရှာဖို့ ဟောင်ကောင်မြို့ကို ရောက်လာခဲ့ပါတယ်...ရူဟွားအတွက် သခင်လေးကို ရှာဖို့ လူပျောက်ကြော်ငြာထည့်ဖို့တောင်ကြေးပြားမလုံလောက်တဲ့အခါမှာတော့ သတင်းစာတိုက်ကယွမ်ဆိုသူနှင့် ယွမ်၏ချစ်သူ ခြူးတို့နဲ့ သိကျွမ်းခဲ့ပြီးယွမ်တို့ချစ်သူနှစ်ဦးကပါ ကူညီလာခဲ့တော့တယ်...ရူဟွား သခင်လေး၁၂ အပေါ်ထားတဲ့အချစ်ကဘယ်လောက်တောင် ကြီးမြတ်တယ်ဆိုတာရယ်...ရူဟွားတို့ ပြန်လည် ဆုံတွေ့မှာလား ဆိုတာကတော့... ဇာတ်လမ်းလေး ကြည့်ဖို့လိုမယ်နော်... Translated & Review By Chu ChuEncoded By LK Unicode*******IMDb 7.1 ရရှိထားတဲ့ ခေတ်ဟောင်းကားလေးနဲ့ မိတ်ဆက်ပေးပါရစေ...ဟောင်ကောင်အနုပညာလောကရဲ့ ဆရာတစ်ဆူဖြစ်ခဲ့တဲ့Leslie Cheung ရဲ့ ဇာတ်ကားကောင်းတစ်ခုပါ...ဇာတ်ကားလေးနာမည်က Rouge တဲ့.... ဒီဇာတ်ကားလေးထဲမှာရူဟွားဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ ချစ်ရတဲ့ ချစ်သူသခင်လေး ၁၂ ကို လာရှာဖို့ ...
movie
Rouge (1987)
1987
7.3
All’s Well, Ends Well (1992)
IMDb Rating (7.3) ရရှိထားတဲ့ မင်းသားကြီး စတီဖင်ချောင်ရဲ့ ဟာသဇာတ်ကားလေးပါ။စတီဖင်ချောင်အပြင် အခြား မင်းသားမင်းသမီးသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ညီအစ်ကိုသုံးယောက်အကြောင်းကို အခြေပြုလို့ ချစ်ခြင်းမေတ္တာကို ပုံဖော်ထားတာ ဇာတ်အိမ်ကျနလှတာမို့နောက်ပိုင်းတွေမှာ ဒီနာမည်နဲ့ပဲ ဒီလိုဇာတ်လမ်းတွေ ထပ်မံရိုက်ကူးခဲ့ကြတာ တွေ့ရမှာပါ။မိသားစုဟာသဇာတ်ကားမျိုးဖြစ်ပြီး သရုပ်ဆောင်တွေရဲ့ တုံးကျကျ ပြားကျကျသရုပ်ဆောင်ချက်တွေကို တဝကြီးကြည့်ရှုရမှာပါ။File size…(900 MB) Quality…WEB-DL Rip 720p Format…mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by May Thu
movie
All’s Well, Ends Well (1992)
1992