Channel Myanmar

Leni Lan

The New Dragon Inn: Heroes Awakening ( 2024 ) 5.8
The New Dragon Inn: Heroes Awakening ( 2024 ) နန်းတွင်းမှာ မင်းကြီးနာမကျန်းဖြစ်နေပြီး မိန်းမစိုးတွေ စိတ်တိုင်းကျချယ်လှယ်နေတဲ့အချိန်မှာ ကျိုးမိသားစုတစ်ခုလုံးဟာလည်း အပြစ်ရယ်လို့ ကြီးကြီးမားမားမလုပ်မိဘဲ ပုန်ကန်သူအဖြစ် ခေါင်စဉ်အတပ်ခံရပြီး မတရားဖမ်းဆီးခံခဲ့ရပါတယ် ။အဲဒီအချိန် ကျိုးမျိုးဆက်ဖြစ်တဲ့ ကျိုးဟွိုင်အန်းကို မိန်းမစိုးလက်ထောက်က ရှီးချန်မှာ တစ်အိမ်လုံးအသတ်ခံလိုက်ရတဲ့ ချွီမိသားရဲ့အငယ်ဆုံးသမီးကို ရှီးချန်ကလူတွေလက်‌ထဲမရောက်ခင် ပြန်လုလာခဲ့ပေးဖို့နဲ့ လာမဲ့တစ္ဆေပွဲတော်နေ့မှာ တာဝန်ခံဖုန်ဆီကို လုံမန်ကျွန်း လုံမန်တည်းခိုဆောင်မှာ လွှဲပြောင်းပေးဖို့ တာဝန်ပေးလိုက်ပါတော့တယ် ။ဒီတာဝန်သာအောင်မြင်ရင် သူ့မိသားစုဝင်တွေရဲ့ စီရင်ချက်က တစ်မျိုးပြောင်းသွားနိုင်တာမလို့ အခွင့်အရေးကို လက်လွှတ်မခံဖို့ပါမှာကြားလိုက်ပါတော့တယ် ။ ဇာတ်လမ်းထဲမှာတော့ ဟွိုင်အန်းတစ်ယောက် ချွီအိမ်ရဲ့သမီးအငယ်ဆုံးလေးကို ဘယ်လိုကယ်တင်လာမယ်ဆိုတာရယ် လုံမန်တည်းခိုဆောင်မှာ ဘယ်လိုလျို့ဝှက်ချက်တွေ ဘယ်လိုအန္တာရာယ်တွေကစောင့်ကြိုနေမလဲဆိုတာရယ် ချွီအိမ်ကသမီးငယ်လေးကိုရော ဘာလို့လိုက်သတ်နေကြလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုဖို့မမေ့ပါနဲ့နော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Mystery Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by ...
movie

The New Dragon Inn: Heroes Awakening ( 2024 )

Blasting ( 2022 ) 6.1
Blasting ( 2022 ) ဒီတစ်ခါ ကြမ်းမှရမ်းမှကြိုက်တယ်ဆိုတဲ့ CMပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးမဲ့ကားလေးကတော့ Blastingဆိုတဲ့ မှုခင်းကားလေးတစ်ကားပါရှောင်ကွေ့တိုညီအစ်ကိုနှစ်ယောက်ဟာ ဒုစရိုက်သမားသောင်းယွီချင်ရဲ့ ဖိအားပေးခံရမှုကြောင့် ပေါင်ဖူရတနာဆိုင်ကို လုယက်ဖိုပါသွားခဲ့ကြပါတယ်အစ်ကိုဖြစ်သူဟာ လောင်သောင်းရဲ့လှည့်စားမှုခံရပြီး ရတနာဆိုင်ထဲမှာတင် ပေါက်ကွဲပြီးသေဆုံးသွားသောအခါ တာဝန်ထမ်း ဆောင်နေစဥ်အတွင်း ရတနာဆိုင်ပေါက်ကွဲမှုအတွက် ဓားစာခံသွားကယ်ခဲ့သော ရဲသားရွှ ရဲသားတစ်ယောက်ပေမဲ့ တစ်ဖက်ရန်သူက လက်နက်ချပြီး သူ့ကိုကယ်ဖိုအကြိမ်ကြိမ်တောင်းဆိုသောကြောင့် ဗုံးကိုဖြုတ်ပြီးကယ်ဖို အစွမ်းကုန်ကြိုးစားပေးပေးခဲ့ပါတယ်ဒါပေမဲ့ သူကဗုံးဖြုတ်မကျွမ်းကျင်ဒါကြောင့် မကယ်တင်လိုက်နိုင်ပဲ ရှောင်ကွေ့အစ်ကိုကသေဆုံးသွားခဲ့ရပါတော့တယ် မသေဆုံးခင်မှာ ရှောင်ကွေ့ကိုကယ်တင်ပေးဖို သူ့အစ်ကိုက နောက်ဆုံးအနေနဲ့ ဟစ်အော်မှာကြားခဲ့သောအခါနောက်ခုနှစ်အကြာမှာတော့ အဲ့ကိစ္စကိုမမေ့နိုင်လို့ ကြိုးစားခဲ့တဲ့ ကပ္ပတိန်ရွှ ပိုက်ဆံဝေစုမပေးဘဲ လိမ်လည်ပုန်းရှောင်နေသော ဒုစရိုက်သမားသောင်းယွီချင် သွေးကြွေးအတွက် လိုက်ရှာနေသော ရှောင်ကွေ့ ကဲဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ဇာတ်လမ်းလေးပဲ ကြည့်လိုက်ရအောင်နော် [ Reviewed By Kong Hou ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime , Action Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Blasting ( 2022 )