Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lee Lichun
6.2
The Coldest City ( 2023 )
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်နိုင်ငံကို ကျူးကျော်ထားတဲ့ ဂျပန်တွေဟာ လက်နက်ချခဲ့ပါတယ်အဲဒီအချိန် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသက တုန်းပေဆိုတဲ့ မြို့လေးမှာ အုပ်ချုပ်သူမဲ့နေတဲ့ အခြေအနေမှာ ဒုစရိုက်သမားတွေနဲ့ ပြည့်နှက်နေသလို မကောင်းတဲ့ အင်အားစုတွေဟာ ဒီမြို့လေးမှာ ကြီးစိုးနေပါတယ်။ သူငယ်ချင်းရဲ့ မိသားစုဖြစ်တဲ့ ဖန်းမိသားစုတစ်စုလုံး အသတ်ခံလိုက်ရတာအပြင် ဖူရှန်းဘဏ်က လူ ၃၇ ယောက် အသက်ပေးလိုက်ရတဲ့ အမှုကြောင့် လက်စားချေဖို့အတွက် ပင်းမြို့ကို ရောက်လာခဲ့တဲ့ လက်ဖြောင့်သေနတ်သမား ကုညန့်၊ဒီကိစ္စရဲ့ အဓိက တရားခံဖြစ်တဲ့ လီမိသားစုက သခင်ကြီး လီဟွမ်နဲ့ သားဖြစ်သူ လီချင့်၊ ကုညန့်ကို ကူညီပေးမယ့် လုပ်ကြံသတ်ဖြတ်သူ လောင်ကျောင်း၊ ပင်းမြို့မှာ နေရာရဖို့ မကောင်းမှုအားလုံးကို ကျူးလွန်နိုင်တဲ့ လောဘဇောတိုက်နေတဲ့ စီးပွားရေးသမားတွေ...တစ်မြို့လုံးမှာ ရှုပ်ယှက်ခတ်နေတဲ့ အခြေအနေတွေကြားမှာ ကုညန့်ရဲ့ လက်စားချေဖို့ အစီအစဥ်ဟာ အောင်မြင်နိုင်ပါ့မလား လုပ်ကြံသတ်ဖြတ်သူဖြစ်တိုင်း မကောင်းတဲ့သူမဟုတ်ဘူးဆိုတာကို သက်သေပြသွားမယ့် လောင်ကျောင်းကရော ကုညန့်ကို ဘယ်လောက်အထိ ကူညီသွားမလဲ ဆိုတာ ဒီဇာတ်ကားလေးမှာ အားပေးကြပါဦးဒီဇာတ်ကားဟာ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲကာလမှာ တိုင်းပြည်ကာကွယ်ရေးမှာ တစ်တပ်တစ်အားပါဝင်ခဲ့ကြတဲ့ လုပ်ကြံသတ်ဖြတ်သူတွေနဲ့ သေနတ်သမားတွေကို ကိုယ်စားပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် Quality : ...
movie
The Coldest City ( 2023 )
5.9
Geocentric Crisis ( 2023 )
ကမ္ဘာမြေကြီးရဲ့ ဗဟိုချက် စွမ်းအင်တွေကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် အသက်ဆက်လက်ရှင်သန်နိုင်ဖို့ အရေး ကြိုးစားခဲ့ကြတဲ့ မြေအောက်ကမ္ဘာနေထိုင်သူတစ်ချို့...!ကမ္ဘာမြေကြီးရဲ့ ဗဟိုချက် စွမ်းအင်တွေကုန်ဆုံးလာရင် ဆက်လက်ရှင်သန်လို့မရနိုင်မှာ စိုးသည့်အတွက် မြေအောက်ကမ္ဘာနေထိုင်သူ ပါရဂူ တွေဟာ စမ်းသပ်တီထွင်မှုတွေ ပြုလုပ်ခဲ့ပါတယ် ။ ဒီစမ်းသပ်မှုတွေဟာ မအောင်မြင်သည့်အပြင် အမှားမှား အယွင်းယွင်းတွေဖြစ်ပြီး ဧရာမ မကောင်းဆိုးဝါးတွေပါ ဖြစ်ပေါ်စေခဲ့ပါတော့တယ် ။တစ်နေ့မှာတော့ မူကွဲအစီအစဥ်နဲ့ ရထားတစ်စင်းစီစဥ်ကာ ကမ္ဘာမြေကြီးရဲ့ မြေမျက်နှာပြင်ပေါ်ကို သွားရောက်ဖို့ စီစဥ်ခဲ့ကြပါတယ် ။ ဒီလိုမျိုး ကမ္ဘာမြေကြီးရဲ့ မြေမျက်နှာပြင်ပေါ်သွားရာလမ်းကြောင်းမှာပဲ ပဋိပက္ခတွေနဲ့အတူတူ မကောင်းဆိုးဝါး အကောင်ကြီးတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ကြရင်း...?မြေအောက်ကမ္ဘာနေထိုင်သူတွေ ကမ္ဘာမြေကြီးရဲ့ မြေမျက်နှာပြင်ပေါ်ကို အောင်မြင်စွာ ရောက်ရှိနိုင်ပါ့မလား? အရာအားလုံးရဲ့ ဖြစ်စဥ် နောက်ကွယ်အမှန်တရားကရော ဘာဖြစ်မလဲ? အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရအောင်ပါလားရှင်။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Science Fiction Runtime : 1h 10 min Subtitle : ...
movie
Geocentric Crisis ( 2023 )
6
Marble Mountains ( 2022 )
ဒီတစ်ခါ CM ရဲ့ တရုတ်ကားကြိုက်သူလေးတွေအတွက် အစဉ်အလာမပျက် စွန်းဝူခုန်းဇာတ်ကြောင်းကို version တစ်မျိုးနဲ့ တင်ဆက်ထားတဲ့ Marble Mountain ဆိုတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့... စွန်းဝူခုန်းဇာတ်ကြောင်းကို အရင်ဇာတ်ကားတွေလို မက်မွန်သီးခိုးစားလို့ လူ့ပြည်ရောက်လာတာလည်းမဟုတ်... အချစ်ဇာတ်လမ်းလေးကြောင့် စွန်းဝူခုန်းဖြစ်လာတာမျိုးမဟုတ်ဘဲ...လက်နက်မဲ့ ပြည်သူတွေအတွက် စွန့်စွန့်စားစား မိစ္ဆာတွေကို ချေမှုန်းခဲ့ရာကနေမှ တရားစစ် တရားမှန်ကို သဘောပေါက်နားလည်ပြီး စွန်းဝူခုန်းဖြစ်လာခဲ့တာလို့ ပြောင်းလဲ တင်ဆက်ပြထားတာပေါ့...ဒီဇာတ်လမ်းထဲမှာ တခြားဇာတ်ကောင်တွေနဲ့ တခြား ပုံစံဆန်းလေးတွေ တင်ဆက်ပြထားတာမို့ အက်ရှင်ကားတွေကြိုက်ပြီး စွန်းဝူခုန်းကားကိုမှကြည့်ချင်တယ်ဆိုသူတွေ ဒေါင်းကြည့်သင့်တာမို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြနော်... Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Adventure , Action Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Marble Mountains ( 2022 )