Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lee Jung-jae
6.8
The Face Reader (2013)
The Face Reader (2013)_____IMDb - 6.8/10အရာအားလုံးကဖြစ်ဖို့ကံပါလာရင် ဘယ်အရာကမှတားဆီးလို့မရပါဘူး။ ကင်နမ့်ဂျောင်းဟာ လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ အဲ့လူတစ်ယောက်ရဲ့စိတ်အခြေအနေတွေ အမူအကျင့်တွေအနာဂတ်မှာဖြစ်နိုင်တာတွေကို ပြောနိုင်တဲ့ Face Reader ကြီးပါ။ လူသတ်မှုတစ်ခုကိုဖော်ထုတ်ပေးရာကနေ ဘုရင်ကခေါ်တွေ့ပြီး ထီးနန်းလုနိုင်တဲ့လူတွေကိုမျက်နှာကိုဖတ်ပြီးဖော်ထုတ်ခိုင်းပါတော့တယ်။ ကင် ဘယ်လိုအခက်အခဲတွေတွေ့မယ်။ သြဇာအာဏာကြီးတဲ့လူနှစ်ယောက်ဖြစ်တဲ့ ကင်ဂျောင်ဆိုနဲ့ မင်းသားဆုရန်းကြားမှာဘယ်လိုတွေဆုံးဖြတ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ပေါ့ဗျာ။ ဝင်ငွေအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။ IMDb rating လည်း 6.8/10 ရရှိထားပါတယ်။ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုတွေနဲ့အတူဆုပေါင်း ၅ဆုကို အကြိမ် ၅၀မြောက် Grand Bell Awards မှာရရှိထားတာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Saw Wuua ပါ)File size… 1.9 GB / 1 GB Quality… WEB-DL 1080p / 720p Format… mkv / mp4 Duration…. 2h 22m Genre ..... History / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Saw Wunna
movie
The Face Reader (2013)
2013
6.3
Svaha: The Sixth Finger (2016)
Svaha: The Sixth Finger (2016)IMDb Rating (6.3) / Rotten Tomatoes (75%)ဒီကိုရီးယားကားကတော့ Netflix ဇာတ်ကားလေးဖြစ်ပြီး Squid Game ထဲက မင်းသား Lee Jung-Jae နဲ့ မင်းသား Park Jung-Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဘာသာရေးကျမ်းတွေ နတ်တွေ မကောင်းဆိုးဝါးတွေကို အခြေခံပြီး လူသတ်မှု လူသေမှုတွေကို စုံစမ်းဖော်ထုတ်တဲ့ဇာတ်လမ်းမျိုး ရိုက်ကူးထားလို့ Horror, Thriller အမျိုးအစားလို့ပဲ ပြောရမှာပါပဲ...ဇာတ်လမ်းကတော့... ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်နေသူဖြစ်ပါတယ်။ ဒီလိုနဲ့ သူလိုက်နေတဲ့အမှုတစ်ခုဟာ ဘာသာရေးဗန်းပြပြီး လူသတ်မှုတွေနဲ့ပါဝင်ပတ်သတ်နေတာကို တွေ့ရပါတော့တယ်။ လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့ လူသတ်နေတဲ့ (စတုလောကပါလ) နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကို အယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေ ပါနေတဲ့အတွက် အများကြီး ...
movie
Svaha: The Sixth Finger (2016)
2019
6.8
[18+] An Affair (1998)
An Affair (1998)~ IMDb - 6.8/10, MyDramaList - 7.5/10 ~(ကိုရီးယားခေတ်ဟောင်းကားတွေထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 720p ကိုပဲ ကြည့်ရအဆင်ပြေအောင် ဖန်တီးပေးလိုက်ပါတယ်ခင်ဗျာ)သိပ်မကြာသေးခင်ကပဲ Squad Game နဲ့ Emmy ဆု ရခဲ့တဲ့ လီဂျောင်ဂျေး နုငယ်စဉ်တုန်းက ရုပ်ရှင်ပါ။ City of the Rising Sun ကိုမရိုက်ခင် တစ်နှစ်တည်းမှာ ဒီကားကိုရိုက်ခဲ့ပြီး ဒီရှေ့မှာ သူအောင်မြင်ခဲ့တဲ့ရုပ်ရှင်ဆိုလို့ ကျွန်တော် သိသလောက် Sandglass ဇာတ်လမ်းတွဲပဲ ရှိတော့ ဒီကားဟာ သူတော်တော်ဝါနုသေးတဲ့အချိန်က ကားပါ။ ဝါနုသေးပေမဲ့ ပါရမီတော့ မနုကြောင်း ဒီရုပ်ရှင်ထဲက ဇာတ်ကောင်နဲ့ ပနံသင့်နေတဲ့ သူ့ဟန်ပန်တွေကြည့်ရင် သိသာပါတယ်။ နောက်ပိုင်းမှာ အကြမ်းပတမ်းကားတွေပဲ အရိုက်များလာတဲ့ လီဂျောင်ဂျေးဟာရိုမန့်မှာလည်း မခေကြောင်း သိနိုင်မယ့်ကားလည်းဟုတ်ပါတယ်။ဇာတ်လမ်းကတော့ ညီအစ်မနှစ်ယောက်ရှိတယ်။ ညီမက အမေရိကန်မှာ။ သူ့ကောင်လေးက ...
movie
[18+] An Affair (1998)
1998
7.3
Hunt (2022)
Hunt (2022)(1080p ရပါပြီ)Squid Game မင်းသားကြီး Lee Jung Jae ၊ Steel Rain မင်းသားကြီး Jung Woo Sung ၊ SearchWWW နဲ့ Stranger2 တို့က မင်းသမီးကြီး Jeon Hye Jin တို့အပြင် Alchemy of Souls ထဲက နာ့ဆူလေး Go Yoon Jung တို့ အဓိက ပါဝင်ထားပြီး Heo Sung Tae ၊ Jung Man Shik တို့ကလည်း supprot role ကနေပါဝင်သလို ဧည့်သရုပ်ဆောင်တွေအဖြစ် Along with The Gods မင်းသားကြီး Joo Ji Hoon ၊ Snow Drop ထဲက ...
movie
Hunt (2022)
2022
6.8
The Thieves (2012)
ဒီဇာတ်ကားကို ၂၀၁၂ ဇူလိုင်လမှာ စပြီဖြန့်ချီခဲ့ပါတယ် ။IMBd rating 6.8 ရရှိခဲ့ပြီး Rotten Tomatoes 64% နဲ့Metacritic 75% အထိရရှိခဲ့ပါတယ်။ဒီဇာတ်ကားမှာကိုရီးယားရဲ့ထိပ်တန်းဖြစ်လာမယ့်သရုပ်ဆောင်တွေနဲ့ထိပ်တန်းဖြစ်ခဲ့တဲ့သရုပ်ဆောင်တွေအများကြီးပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုရီးယားနိုင်ငံ ရဲ့movie indrustry တိုးတက်လာတာနဲ့အမျှရိုက်ကူးလာတဲ့ ဇာတ်ကားတွေရဲ့အရည်အသွေးတွေလဲ ထိပ်တန်းရောက်လာနေပါတယ်။ Budget ကို ကန်ဒေါ်လာ ၁၄.၁ မီလီယံ နဲ့ရိုက်ကူးခဲ့ပြီး Box office မှာ ကန်ဒေါ်လာ ၈၆ သန်းကျော် ပြန်လည်ရှာဖွေပေးနိုင်ခဲ့ပါတယ် ။ စတင်ဖြန့်ချီခဲ့တဲ့ ၂၀၁၂ ကနေစပြီး ၂၀၁၃ အထိ ရုပ်ရှင်ဇာတ်ကား ဆုပေးပွဲပေါင်း ၉ခု မှာ ဆုအတွက်လျာထားခြင်းခံခဲ့ရပါတယ်။ ဆုပေးပွဲ ၉ခု မှာ ဆုပေါင်း၃၁ ခုအတွက်လျာထားခြင်းခံခဲ့ရပါပြီး ၁၃ဆုကို ရယူနိုင်ခဲ့ပြီး ၁၈ ဆုကိုတော့ဇကာတင်စရင်းဝင်နိုင်ခဲ့ပါတယ်။ အနောက်နိုင်ငံတွေမှာပြသခဲ့ပေမယ့် အာရှနိုင်ငံတွေမှာသာ ဆုရယူနိုင်ခဲ့ပါတယ်။ အဓိကဇာတ်ဆောင်တွေအနေနဲ့ဆုသိပ်မရခဲ့ဘဲ စက်ပိုင်းဆိုင်ရာတွေ ဒါရိုက်တာဆု တွေနဲ့ဖန်တီးမှုတွေအတွက်ရတဲ့ဆုကပိုများပါတယ်။ နောက်ကပံ့ပိုးပေးတဲ့သူတွေ တော်တော်များများဆုရခဲ့တာပါ...ကိုရီးယားရုပ်ရှင်သမိုင်းမှာ ၂၀၀၆ ခုနှစ်က ထွက်ခဲ့တယ့် The Host ...
movie
The Thieves (2012)
2012
7.0
Deliver Us from Evil(2020)
Deliver Us from Evil(2020)NIS အေးဂျင့်ဟောင်းဖြစ်သူ ဂင်အင်နမ်တစ်ယောက် အေးဂျင့်လောကကနေအနားယူတော့ သူဆက်လုပ်တဲ့အလုပ်က ဆန်းတယ်လို့ပြောရမလား....အတိုက်အခိုက်အသတ်အပုတ် ကျွမ်းကျင်တော့ ကြေးစားလူသတ်သမားဆက်လုပ်တယ်....ဒီလိုကြေးစားဘဝကနေ နောက်ဆုံးအနေနဲ့ ငွေကြေးအလုံးလိုက်အခဲလိုက်ယူပြီးလူတစ်ယောက်ကို သတ်ခဲ့လိုက်တယ်.....နောက်ပိုင်းအနားယူမယ်လို့ စီစဉ်ခါမှ သူသတ်ခဲ့တဲ့သူရဲ့ ညီဖြစ်သူ ရေးဆိုတဲ့ သူက လက်စားြပန်ချေဖို့ကြိုးစားပါတော့တယ်...ရေးဆိုတာကလည်း ဒီလောကမှာ ဆရာတစ်ဆူ...ဉာဏ်ကောင်းထက်မြက်တဲ့အပြင်အတိုက်အခိုက်မှာလည်းဆရာကျတဲ့သူ...သူတို့(၂)ယောက်ထိပ်တိုက်ဆုံကြတဲ့အပြင်တခြားပြဿနာကြီးတစ်ခုကပါ ထပ်တိုးလာတဲ့အခါမှာတော့....ဒီကားက ကိုးရီးယားတို့ရဲ့ အထင်ကရမင်းသားကြီး(၂)ယောက်ဖြစ်တဲ့ Jung-min Hwang နဲ့Jung-jae Leeတို့အပြုင်ကျဲထားတဲ့ကားပါ....အက်ရှင်ခန်းတွေလည်း အတော်မိုက်သလို ကလေးသူငယ်တွေနဲ့ခပ်နုနုသူတွေမကြည့်သင့်ပါဘူး...လည်လှီးခန်းတွေ ဗိုက်ကိုဓားနဲ့ထိုးပြီး ဆွဲမွှေ့တဲ့အခန်းတွေသွေးထွက်သံယိုခန်းပေါင်းများစွာပါဝင်ပါတယ်...အခြား အက်ရှင်မင်းသားကားတွေ ကြံဖန်သတ်ပုတ်နေတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းကောင်းကောင်းနဲ့လိုအပ်တဲ့အချိန်လိုအပ်တဲ့အခါမျိုးမှရှယ်ဗျင်းတဲ့ကားမို့ လက်မလွှတ်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ... File Size :(900 MB) and (328MB) Quality : FHDRip 720p Format…mp4 Duration…01:48:00 Genre : Crime , Action Subtitle : Myanmar Subtitle (Hard Sub) Translated by Phu Nge Nge Thein Encoded by ...
movie
Deliver Us from Evil(2020)
6.2
Big Match(2014)
Big Match(2014)CM fan တွေအတွက် action ဇာတ်လမ်းလေးတစ်ခုကို ထပ်ပြီးတင်ဆက်ပေးလိုက်ပါတယ် ...ဇာတ်လမ်းအကျဉ်း ချွဲအီဂိုဟာ နာမည်ကြီး MMA Fighter တစ်ယောက်ဖြစ်ပါတယ်...ဒီမတိုင်ခင်မှာ နိုင်ငံဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့ပြီး သူ့ရဲ့ ဒေါသကြီးတဲ့စိတ်ကြောင့် အနီကတ်ပြခံခဲ့ရပါတယ် ...အဲ့နောက်မှာတော့ ဘောလုံးကစားသမားအဖြစ်ကနေ နှုတ်ထွက်ပြီး အစ်ကိုဖြစ်သူရဲ့ နည်းပြပေးမှုနဲ့ MMA Fighterဖြစ်လာခဲ့ပါတယ် ....ဒီလိုပြိုင်ပွဲတွေဆင်နွဲနေတုန်း ချွဲအီဂိုရဲ့အစ်ကို ပြန်ပေးဆွဲခံခဲ့ရပါတယ်...အဲ့နောက်မှာ ပြန်ပေးဆွဲသူဟာ ချွဲအီဂိုကို ထူးထူးဆန်းဆန်း ကိစ္စတွေကို ဆက်တိုက်ခိုင်းပါတော့တယ်..ချွဲအီဂိုခမျာ ပြန်ပေးဆွဲသမားရဲ့ ခိုင်းတာတွေကို အသဲအသန်လုပ်ရ အစ်ကိုြဖစ်သူကို ကယ်ဆယ်ဖို့လည်း ကြိုးစားရနဲ့...ချွဲအီဂိုတစ်ယောက် သူ့အစ်ကို ကို ကယ်တင်နိုင်မှာလား...ဘာကြောင့် သူ့အစ်ကို ပြန်ပေးဆွဲခံရတာလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုကြပါနော်..ဇတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်...File Size : (1.02 GB) and (394 MB) Quality : HDRip 720p Format…mp4 Duration…01:52:00 Genre : ...
movie
Big Match(2014)
7.7
Il Mare (2000)
Il Mare (2000)့" ငါတို့ခံစားနေရတဲ့ အကြောင်းရင်းက အချစ်တွေရပ်တန့်သွားလို့ မဟုတ်ဘူး ၊ ဆက်ချစ်နေသေးလို့ပဲ "—————Kim Eun Joo ဆိုတဲ့ အသံသရုပ်ဆောင်တစ်ယောက်ဟာ Il Mare ကနေပြောင်းတော့ စာတိုက်ပုံးထဲမှာ စာလေးတစ်စောင် ချန်ထားခဲ့တယ် ။" ကျွန်မက ဒီအိမ်မှာ ရှင့်အရင် နေခဲ့တဲ့သူပါ ၊ အမှန်တကယ်တော့ ကျွန်မရှင့်ကို အကူအညီတောင်းမလို့ပါ ၊ ကျွန်မ စာအချို့ကိုမျှော်နေတာပါ ၊ ကျွန်မနာမည်နဲ့ စာအချို့ရောက်လာရင် ဒီလိပ်စာအတိုင်း ကျွန်မဆီကို ပို့ပေးနိုင်မလားရှင့် ၊ အဲလိုလုပ်ပေးမယ်ဆိုရင် ကျွန်မအမှန်တကယ်ကို ကျေးဇူးတင်မိမှာပါ "December 21, 1999 'Il Mare' မှာကံကောင်းပါစေလို့ ဆန္ဒပြုလျက် Kim Eun Joo( ခွေးကလေးရဲ့ ခြေရာတွေက ကျွန်မ ပြောင်းမလာခင်ကတည်းက ရှိနေတာပါ ၊ ကျွန်မကြိုးစားဖျက်ကြည့်ပါသေးတယ် ဒါပေမဲ့မရဘူး ၊ ရှင်သိပ်မကြာခင် ...
movie
Il Mare (2000)
2000
6.9
Along With the Gods: The Last 49 Days (2018) Blu-Ray 1080p 5.1 CH x264
Blu-Ray 1080p 5.1 CH x264 အားလုံးစောင့်မျှော်နေကြတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ စိတ်ကူးယဉ်အက်ရှင်ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်.....မြန်မာပရိသတ်သဘောကျခဲ့တဲ့ Along With The Gods ဇာတ်ကားရဲ့ အဆက်အဖြစ် ထွက်ရှိလာတာ လည်း ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အဓိကပါဝင်ထားသူတွေကHa Jung Woo, Ju Ji Hoon, Kim Hyang Gi, Ma Dong Seok, Kim Dong Wookစသူတွေပဲဖြစ်ပါတယ်။မရဏတိုင်းပြည်က အ စောင့်အရှောက်သုံးဦးဖြစ်တဲ့ ဂမ် ရင်း၊ ဟယ်ဝန်မက်နဲ့ လီဒေါ့ချွန်း တို့ဟာ သူတို့ရဲ့ ၄၉ ဦးမြောက် ဝိညာဉ်ဖြစ်တဲ့ကင်ဆိုဟုန်ကို မြေ အောက်ကမ္ဘာကို လမ်းပြပို့ဆောင် ပေးရမယ့်အကြောင်း တင်ဆက် ထားတာပါ။ကင်ဆိုဟုန်ဟာ အရင်ဇာတ် ကားထဲက မီးသတ်သမား ဂျာဟုန် ရဲ့ ညီတပ်သားဆိုဟုန်ဖြစ်ပြီးဂမ် ရင်းဦးဆောင်တဲ့ အစောင့်အ ရှောက်သုံးဦးဟာ ဆိုဟုန်ရဲ့ ဝိညာဉ်ကိုလည်းမရဏကမ္ဘာမှာ တရားစီရင်ဖို့အတွက် ...
movie
Along With the Gods: The Last 49 Days (2018) Blu-Ray 1080p 5.1 CH x264
2018
6.9
Along With the Gods: The Last 49 Days (2018)
အားလုံးစောင့်မျှော်နေကြတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ စိတ်ကူးယဉ်အက်ရှင်ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်.....မြန်မာပရိသတ်သဘောကျခဲ့တဲ့ Along With The Gods ဇာတ်ကားရဲ့ အဆက်အဖြစ် ထွက်ရှိလာတာ လည်း ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အဓိကပါဝင်ထားသူတွေကHa Jung Woo, Ju Ji Hoon, Kim Hyang Gi, Ma Dong Seok, Kim Dong Wookစသူတွေပဲဖြစ်ပါတယ်။မရဏတိုင်းပြည်က အ စောင့်အရှောက်သုံးဦးဖြစ်တဲ့ ဂမ် ရင်း၊ ဟယ်ဝန်မက်နဲ့ လီဒေါ့ချွန်း တို့ဟာ သူတို့ရဲ့ ၄၉ ဦးမြောက် ဝိညာဉ်ဖြစ်တဲ့ကင်ဆိုဟုန်ကို မြေ အောက်ကမ္ဘာကို လမ်းပြပို့ဆောင် ပေးရမယ့်အကြောင်း တင်ဆက် ထားတာပါ။ကင်ဆိုဟုန်ဟာ အရင်ဇာတ် ကားထဲက မီးသတ်သမား ဂျာဟုန် ရဲ့ ညီတပ်သားဆိုဟုန်ဖြစ်ပြီးဂမ် ရင်းဦးဆောင်တဲ့ အစောင့်အ ရှောက်သုံးဦးဟာ ဆိုဟုန်ရဲ့ ဝိညာဉ်ကိုလည်းမရဏကမ္ဘာမှာ တရားစီရင်ဖို့အတွက် ပို့ဆောင် ပေးခဲ့ပြန်ပါတယ်။ဒီလိုနဲ့ မရဏကမ္ဘာမှာ အ ...
movie
Along With the Gods: The Last 49 Days (2018)
2018
7.5
Along with the Gods: The Two Worlds (2017)
ဒါရိုက်တာ ကင်ယုံဟွာက ကာတွန်းဆရာ ဂျိုဟိုမင်ရဲ့ဝက်ဘ်ကာတွန်းစီးရီးကို အသက်သွင်းရိုက်ကူးပြီး ရုပ်ရှင်ကိုနှစ်ပိုင်းခွဲဖြန့်ချိမှာဖြစ်ကာ ဒုတိယပိုင်းကို ၂၀၁၈ မှာ ထုတ်လုပ်မယ်လို့ ဆို ပါတယ်။အဓိကသရုပ်ဆောင်တွေက Ha Jung-woo၊ Cha Tae-hyun၊ Ju Ji-hoon၊ Lee Jung-jae၊ Do Kyung-soo၊ Kim Hyang-gi တို့ဖြစ်ပြီး Lotte Entertainment က ဖြန့်ချိထား တာပါ။ မီးသတ်သမား ကင်ဂျာဟုန် ဟာ တာဝန်ထမ်းဆောင်ရင်း မမျှော်လင့်ဘဲ သေဆုံးခဲ့ပြီး ဘ၀ ကူးပြောင်းသွားတဲ့ ဂျာဟုန်ဟာ မရဏတိုင်းပြည်က အစောင့်အ ရှောက်သုံးယောက်နဲ့ ဆုံပါတယ်။ အဲဒီသုံးယောက်ထဲမှာ ဂန်ရင်းက ခေါင်းဆောင်ဖြစ်ပြီး လူသားတွေ ပေါ် ခင်မင်ကြင်နာစိတ်ရှိပါတယ်။လူတစ်ယောက်ယောက် သေဆုံးပြီဆိုရင် မရဏနိုင်ငံကို သွားဖို့ အစောင့်အရှောက်တွေ အတူလိုက်ပါလေ့ရှိပြီး သေဆုံးသူ ဟာ လူ့ပြည်လား၊ ငရဲလား၊ ကောင်းကင်ဘုံလား ဆက်သွားရ ...
movie
Along with the Gods: The Two Worlds (2017)
2017
5.5
Tik Tok (2016)
Tik Tok (2016)_____IMDb - 5.5/10 IMDb 5.5 ရထားတဲ့ တရုတ် - ကိုရီးယားဖက်စပ်အက်ရှင်ဇာတ်ကားအလန်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် လူဆိုတာမျိုးကယုံကြည်ချက်သန်ရာသန်ရာကိုလိုက်တတ်တဲ့သူမျိုးပါ ဒါပေမယ့်ဘယ်ကိစ္စမဆို ယုံကြည်ချက်အစွန်းရောက်သွားပြီး နာကျင်မှုတွေပါပေါင်းစပ်လိုက်တဲ့အခါ ရလဒ်မကောင်းတတ်တာကို ဒီကားလေးထဲမှာတွေ့မြင်နိုင်မှာဖြစ်ပါတယ် ဇာတ်လမ်းကျဉ်းကဆိုရင်ဖြင့် ကိုးတစ်တနဲ့ကိုးကျစ်ဟွားတို့က ညီအစ်ကို ၂ယောက်ထဲက အစ်ကိုဖြစ်သူ ကိုးကျစ်တ က လောင်းကစားအလုပ်ကိုစွဲလမ်းရူးသွပ်သူပါ ဘယ်လောက်တောင်ရူးသွပ်သလဲဆို လူကသာစိတ်ကစဉ့့်ကလျားဖြစ်သွားတယ် လောင်းကစားစိတ်ကပျောက်မသွားပါဘူးတစ်ခုရှိတာက သူ့မှာငယ်ငယ်လေးထဲက အနိုင်ရလိုမှု ဆိုက်ကိုပါ ရှိနေလေတော့ သူ့ရဲ့စိတ်ဝေဒနာဟာတစ်နေ့တစ်ခြားဆိုးရွားလာပါတော့တယ် "ကံဆိုးမသွားရာမိုးလိုက်လို့ရွာ"ဆိုသလိုပဲ ကုမ္ပဏီပျက်စီးပြီးကြွေးတွေပိ လူကလဲစိတ်ဝေဒနာရသွားလေတော့ ညီဖြစ်သူကလည်း ရွာလည်တော့တာပေါ့ ဒီလိုဒုက္ခတွေကြားထဲကရုန်းထွက်နိုင်အောင်လို့ အစ်ကိုဖြစ်သူကိုးကျစ်တကအကြံကြီးကြီးမားမားတစ်ခုအကောင်အထည်ဖော်ခဲ့ပါတယ် လက်တလုံးခြားလှည့်ကွက်တွေနဲ့ ကိုရီးယားရဲတွေဒုက္ခပေးပါတော့တယ် နောက်ပိုင်းကော ကိုးကျစ်တနဲ့ ကိုးကျစ်ဟွားတို့ဘာဆက်ဖြစ်ကြမလဲ ပဲလှော်ကြားဆားညှပ်ခဲ့ရတဲ့သူတွေကကောဘယ်သူတွေဖြစ်မလဲ ကိုရီးယားရဲတွေကကောဘယ်လို ဖြေရှင်းကြမလဲ ပီပြင်လှတဲ့ နောက်ဆုံးလှည့်ကွက်ကြီးကိုကော ဘယ်လိုတောင်တအံ့တသြခံစားကြရမလဲဆိုတာကတော့ ပြီးခါနီးလေးအထိသေချာစောင့်ကြည့်ကြပါစို့ဗျာ တစ်ခုတော့ရှိတယ်ဒေါက်တာမလေးကိုတော့မကြွေမိကြအောင်ထိန်းကြပေါ့ဗျာ....:P Qty - 720p Web dl Type - Mp4 Duration - 1hr 45min Gern - Crime / Mystery Subtitle - Myanmar Hardsub Translator - Pyae Xein Sett Review - Pyae Xein Sett Encoder - Kyaw Ye Aung
movie
Tik Tok (2016)
2016
7.3
Warriors of the Dawn .Aka Daeripgun (2017)
ကဲဒီတစ်ခါတော့ IMDb 7.3 ရထားပြီး ထွက်ထားတာ မကြာသေးတဲ့ ကိုရီးယား စစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ််းလေးကတော့ ၁၅၉၂ ပတ်ဝန်းကျင် ဂျိုဆွန်း ခေတ်ကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပြီး ထိုခေတ်ထို အခါက နိုင်ငံရေးအခြေအနေတွေ လူနေမှုပုံစံ နဲ့ ကြေးစားစစ်သားစျေးကွက် အနေအထားတွေကို ရိုက်ကူးပြထားတာပါ အဲ့ဒီခေတ်က ဘုရင်တွေဟာဆင်းရဲသားတွေထဲက အစွမ်းအစရှိတဲ့ သူတွေကို စျေးကောင်းပေးပြီးတော့ သူတို့ ရဲ့ စစ်သားအဖြစ်သာမက ပဲ ခက်ခဲတဲ့ အသက်စွန့်ရမယ့် အမိန့်တွေကို ခိုင်းစေဖို့ အတွက်ပါ ငှားရမ်းစေခိုင်းကြပါတယ် ဒီကားထဲမှာတော့ ကိုရီးယားကို ဂျပန်က ကျူးကျော်တဲ့ကာလ ကိုအသားပေးရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၅၉၂ ခုနှစ် ဂျိုဆွန်း ပြည်မှာ တော ဟာ အငှားစစ်သား ကြေးစားအဖြစ်အသက်မွေးပါတယ် သူ့တာဝန်ကတော့ ဂျပန်တွေ ကျူးကျော်လာချိန်မှာ တောင်ပိုင်းဒေသကို အထောက်အပံပေးဖို့ဖြစ်ပါတယ် အဲ့ဒီအချိိန်မှာပဲ ဂျိုဆွန်း ဘုရင်ကတော့့ တရုတ်ကိုသွားရောက်ခိုလှုံဖို့ ဆုံးဖြတ်ခဲ့ပြီး ထွက်ပြေးသွားခဲ့ပါတယ် ကျန်ရှိနေတဲ့ တိုင်းပြည်ကာကွယ်ဖို့ အမိန့်တွေနဲ့ စစ်တပ်ကိုတော့ ၁၈နှစ်သား မင်းသား ဂွမ်ဟဲက ...
movie
Warriors of the Dawn .Aka Daeripgun (2017)
2017
7.6
New World (2013)
New World (2013) IMDb - 7.6/10_____Rotten - 63% IMDb 7.6 ရထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ။ ရုပ်ရှင်ဆန်ကာတင်ဆုတွေရော ရထားတဲ့ ဆုတွေရော အပုံလိုက်ပါပဲ။ ရဲတွေနဲ့ လူဆိုးဂိုဏ်းတွေကြားက ပဠိပက္ခတွေကို အသွင်ယူထားတဲ့ Undercover တစ်ယောက်ရဲ့ အမြင်ကနေ ပြသွားတာပါ။ ခံစားစရာ တွေးစရာတွေ ကျန်ပါလိမ့်မယ်။ ကိုရီးယားကားများစွာထဲက အကောင်းတွေထုတ်နှုတ်ပြီးဘာသာပြန်ပေးနေတဲ့ ကို Htet Linn Kyaw လက်ရာပါ။ File Size : 970 MB Format : mp4 Duration : 2: 15: 14 Quality : Bluray 720p Translator : Htet Lin Kyaw Encoder : Littleneo
movie
New World (2013)
2013