Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lee Eun-ju
8.1
Tae Guk Gi: The Brotherhood of War (2004)
IMdb Rating (8.0) / Rotten Tomatoes (80%)ဒါရိုက်တာရင်လို့သိကြတဲ့မင်းသားကြီး Jang Dong-Gun နဲ့ ထယ်ဆောက်လို့ သိကြတဲ့ မင်းသား Won Bin တို့ပါဝင်တဲ့ဒီဇာတ်ကားက လူကြိုက်များပြီးသား ကိုရီးယားစစ်ကားတစ်ကားဖြစ်ပါတယ်။သမိုင်းနောက်ခံ Fatherland Liberation War လို့ခေါ်တဲ့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြားမှာ 25ဇူလိုင်လ၁၉၅၀ကနေစပြီးဖြစ်ပွါးခဲ့ပါတယ် ၃နှစ်ကြာ(၁၉၅၀ ဇူလိုင် ၂၇မှ)ပြီးမယ့်ဒီစစ်ပွဲမှာ အမေရိကန်တွေက တောင်ကိုရီးယားဘက်ကဝင်တိုက်ပေးခဲ့သလို ဆိုဗီယက်အထောက်အပံ့ရထားတဲ့တရုတ်တွေကမြောက်ကိုရီးယားဘက်ကဝင်တိုက်ပေးခဲ့တယ်ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအရှိန်မြင့်နေတဲ့အချိန်မှာဖြစ်ခဲ့တဲ့ဒီစစ်ပွဲမှာ ၁၉၄၅စက်တင်ဘာလ၈ရက်နေ့ ဒုတိယဗိုလ်ချုပ်ကြီး အန်ချီယွန်ကိုရောက်လာပြီး လတ္တီကျူ38ဒီဂရီမျဉ်းနဲ့အပြိုင်ဒေသမှာ ဂျပန်တို့လက်နက်ချပွဲတက်ရောက်ခဲ့တယ် ၁၉၄၅ဒီဇင်ဘာလမှာ ဆိုဗီယက်အမေရိကန်ကော်မရှင်အဖွဲ့ကကိုရီးယားကိုအုပ်ချုပ်ခဲ့တယ် ဂျပန်ကိုအတူတိုက်ထုတ်ခဲ့ကြတဲ့ ကိုရီးယားနိုင်ငံသားတွေဟာတောင်မြောက်ကွဲပြီး သူသေကိုယ်သေတိုက်နေသလို စစ်အေးကာလသြဇာကြီးမားဖို့အတွက် အမေရိကန်နဲ့ဆိုဗီယက်တို့ကလဲအပြိုင်အဆိုင်တိုက်ကောင်းနေကြတဲ့အချိန်လဲဖြစ်တယ်ဇာတ်လမ်းအကျဉ်း အေးချမ်းပြီးပျော်ဖို့ကောင်းတဲ့မိသားစုတခုမှာ ဂျင်တေး ဂျင်ဆောက်ညီအကို၂ယောက်.... ညီအကို၂ယောက်ကတော့ ဒါရိုက်တာရင်နဲ့ထယ်ဆောက်လို့လူသိများတဲ့ နာမည်ကြီးမင်းသား နှစ်ယောက်ပဲဖြစ်ပါတယ်... သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း ဇာတ်ကားဟာ ပိုပြီးတော့ ရသမြောက်ခဲ့တယ်လို့ပဲဆိုရမှာပေ့ါ..... အဖေမရှိတော့ပေမယ့် သူတို့ကိုချစ်တဲ့စကားမပြောနိုင်တဲ့ အမေရယ် အကိုဂျင်တေးရဲ့စေ့စပ်ထားတဲ့မိန်းမရယ်သူ့မောင်လေး တွေနဲ့သူတို့မိသားစုကအတော်ကိုအေးချမ်းခဲ့တယ်ဖိနပ်ချုပ်ဖိနပ်တိုက်တဲ့အကိုဖြစ်သူကစာတော်ပြီးလိမ္မာရေးခြားရှိတဲ့ သူ့ညီကိုအတော်ကိုချစ်ခဲ့တယ်... ၁၉၅၀ခုနှစ် ကိုရီးယားစစ်ပွဲကသူတို့မိသားစုကို မမျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးတွေသယ်လာပေးခဲ့တယ် အသက်၁၈နှစ်ကနေ၃၀ကြား ယောက်ျားအားလုံးစစ်မှုထမ်းရမယ်ဆိုတဲ့ အမိန့်အောက်မှာညီဖြစ်သူဂျင်တေးအစားလိုက်သွားဖို့တောင်းဆိုရင်းကနေ ညီအကို၂ယောက်စလုံး စစ်ပွဲထဲပါခဲ့တယ် စစ်ဖြစ်နေတဲ့ကာလမှာညီဖြစ်သူကိုအိမ်ပြန်နိုင်အောင်ဘယ်လိုကြိုးစားခဲ့လဲ... သူချစ်တဲ့သူ့ဇနီးလောင်း..သူ့မိခင်ကြီးတို့ဘယ်လိုရုန်းကန်ခဲ့ရသလဲ... ဖိနပ်ချုပ်နေရင်းနဲ့သူ့ညီစာသင်ပေးခဲ့တဲ့ ကောင်လေးတယောက်က မြောက်ကိုရီးယား တပ်ထဲအတင်းသွင်းခံရတဲ့အခါမှာ သူတို့ဘယ်လိုတွေရင်ဆိုင်ခဲ့ကြလဲ... စစ်ပွဲသရုပ်ပေါ်လွင်အောင်ရိုက်ထားတဲ့စစ်ကားဖြစ်သလို အချစ်အမုန်းရသစုံအောင်ဇာတ်အိမ်ဖွဲ့ထားတဲ့ဒီစစ်ကားလေးဟာလည်း အပစ်အခတ်အကြမ်းအတမ်းတွေကြားမှာ ဂရုဏာသက်စရာ သနားစရာ ဇာတ်ဝင်ခန်းတွေကို ရိုက်ပြသွားတဲ့ ရိုက်ကွက်တွေဟာဆိုရင် တကယ်ကိုပြောင်မြောက်လွန်းပါတယ် IMDb rating ...
movie
Tae Guk Gi: The Brotherhood of War (2004)
2004
7.2
Bungee Jumping of Their Own (2001)
မင်းသားကြီး လီဗြောင်ဟွန်းရဲ့ ၂၁ ရာစု ခေတ်ဦးက BL ဇာတ်ကားပါ။ ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ မြန်မာက "အမျှင်" ဆိုပြီး ပြန်ရိုက်ခဲ့ပါတယ်။ ထိုင်းကတော့ ၂၀၁၉ ခုနှစ် "Dew" ဆိုတဲ့ နာမည်နဲ့ ပြန်ရိုက်ခဲ့ပါတယ်။ ပြန်ရိုက်ထားတဲ့ကားတွေကတော့ မြန်မာမှု၊ ထိုင်းမှု ပြုတာ ဖြစ်တဲ့အတွက် မူရင်းကားရဲ့အရသာနဲ့ မတူပါဘူး။ ဒါကတော့ "Dew" ဇာတ်ကားရဲ့လင့်ခ်ပဲ ဖြစ်ပါတယ်။ https://channelmyanmar.to/dew/ ဒီကားမှာတော့ ၁၉၈၀ ဝန်းကျင်က စထားပါတယ်။ ဆောအင်ဝူးဆိုတဲ့ ကောင်လေးဟာ လီထယ်ဟီး ဆိုတဲ့ ကောင်မလေးကို မြင်မြင်ချင်းပဲ ချစ်မိတယ် ဆိုတဲ့ အချစ်မျိုးနဲ့ ချစ်ခဲ့ပြီး တစ်သက်တာ ပေါင်းဖက်ဖို့အထိ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကံကြမ္မာရဲ့လှည့်စားမှုတွေကြောင့် မမျှော်လင့်ဘဲ ထယ်ဟီးတစ်ယောက် ဆုံးပါးခဲ့ရပါတယ်။ ၁၇ နှစ် အကြာမှာတော့ ဆောအင်ဝူးဆိုတဲ့ ကောင်လေးဟာ အိမ်ထောင်ရက်သားကျပြီး ကလေးတစ်ယောက်အဖေ ကျောင်းဆရာတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ခပ်ဆိုးဆိုးကျောင်းသားတွေရဲ့အတန်းပိုင်ဖြစ်လာတဲ့ ဆောအင်ဝူးဟာ ကျောင်းသား-ဆရာ ဆက်ဆံရေး အရမ်းကို အဆင်ပြေခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဆောအင်ဝူးတစ်ယောက် အင်ဟွန်ဘင် ဆိုတဲ့ ကျောင်းသားတစ်ယောက်အပေါ်ကို ကြွေမိသွားပါတော့တယ်။ ဒါတွေက ဘာကြောင့်များပါလဲ????? ဇာတ်လမ်းထဲမှာ ကျွန်တော်တို့ ဆက်ပြီး အဖြေရှာကြည့်ပါစို့ဗျာ။ ဇာတ်ဆောင် ...
movie
Bungee Jumping of Their Own (2001)
2001