Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lee Chun-hee
6.2
Collective Invention (2015)
Collective Invention (2015) ************************** အခုတစ်ခေါက် ချန်နယ်မြန်မာကနေ ပြန်လည်တင်ဆက်ပေးသွားမယ့် ဇာတ်လမ်းကတော့၂၀၁၅ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Collective Invention ဇာတ်ကားလေးပဲဖြစ်ပါတယ်Comedy, Sci-fi အမျိုးစားဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ကလည်း running man fanတွေရဲ့ အချစ်တော် အီဂွမ်ဆူအပြင်၊မင်းသမီးဘတ်ဘိုယောင်းနဲ့ အီချွန်းဟီးတို့ဆိုတော့ မရယ်ရမှာတော့ စိုးရိမ်စရာမလိုပါဘူးဇာတ်လမ်းအကြောင်းကတော့ဆေး၀ါးစမ်းသပ်မှုတစ်ခုမှာ အစမ်းသပ်အခံအဖြစ် ၀င်ပါခဲ့တဲ့ ဘတ်ဂူဆိုတဲ့ အမျိုးသားတစ်ယောက်ထိုဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ပဲ လူစင်စစ်ကနေ ငါးတစ်ပိုင်းလူတစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ရာကနေစတင်ထားပါတယ်။ထိုအကြောင်းကို ဘတ်ဂူရဲ့ချစ်သူဖြစ်တဲ့ ဂျူဂျင်ဆိုတဲ့မိန်းကလေးတစ်ယောက်က အွန်လိုင်းပေါ်ဖြန့်လိုက်ရာကနေဆောဆန်း၀မ်ဆိုတဲ့ သတင်းထောက်ဖြစ်ချင်နေတဲ့လူတစ်ယောက်က တွေ့သွားပြီးငါးတစ်ပိုင်းလူတစ်ပိုင်းလည်းတစ်ဖြစ် ဘတ်ဂူရဲ့အကြောင်းကိုစတင်စုံစမ်းပါတော့တယ်။ဒီလိုနဲ့ ငါးလူသားဘတ်ဂူနဲ့ ဆောဆန်း၀မ်တို့ ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ငါးလူသားဘတ်ဂူကရော ပျော်စရာအဆုံးသတ်ကိုရသွားနိုင်ပါ့မလားဆိုတာကိုတော့ Collective Invention ဆိုတဲ့ဇာတ်လမ်းမှာ အဖြေရှာလိုက်ကြတာပေါ့။File size…1.09 GB / 485 MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 34m Genre ….. Comedy, Drama, Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Translated by Double M Encoded by ...
movie
Collective Invention (2015)
N/A
Deja Vu ( 2018 )
လူခြေတိတ်ဆိတ်တဲ့ညတစ်ညမှာ ဂျီမင်က ခင်ပွန်းလောင်းဝူဂျင်နဲ့အတူကားမောင်းထွက်တုန်း ဝူဂျင်ကကားနဲ့ကျောင်းသူလေးတစ်ယောက်ကိုတိုက်မိခဲ့ပြီးအဲ့ဒီကျောင်းသူလေးကအခင်းဖြစ်ရာမှာပဲသေဆုံးသွားခဲ့ပါတယ်...ဝူဂျင်နဲ့ဂျီမင်တို့က သေဆုံးသွားပြီဖြစ်တဲ့ကျောင်းသူလေးကိုဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတစ်နေရာမှာလူမသိအောင်မြုပ်ထားပစ်လိုက်ပါတော့တယ်...အဲ့နေ့ကစပြီး ဂျီမင်တစ်ယောက်ထင်ယောင်ထင်မှားတွေမကြာခဏမြင်ကြားနေရပြီးသေသွားတဲ့ကျောင်းသူလေးကိုလည်းမကြာခဏသူ့ရှေ့ပေါ်လာတာကိုမြင်နေရလို့စိတ်ဂယောင်ခြောက်ခြားတွေဖြစ်နေခဲ့ပါတယ်....ဂျီမင်ကရဲစခန်းကိုသွားပြီး စုံထောက်အင်ထက်ဆီကိုအဲ့နေ့ကကားတိုက်မှုအကြောင်းကိုသွားတိုင်ကြားတဲ့အခါ အဖြစ်မှန်ကဒီတိုင်းပေါ်လာမှာလား....အဲ့ဒီသေဆုံးသွားတဲ့ကျောင်းသူလေးမှာ အဖေလိုတစ်ဖုံအစ်ကိုလိုတစ်ဖုံညီမလေးကိုအရမ်းချစ်တဲ့အစ်ကိုရှိနေမှန်းသူတို့မသိကြသောအခါ...အဲ့ဒီအစ်ကိုကရောသူ့ညီမလေးအတွက်ဘယ်လိုကလဲ့စားပြန်ချေပေးမှာလဲ....ဆိုတာဆက်လက်စောင့်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါရစေ... Translated & Review By XiaoEncoded By LK
movie
Deja Vu ( 2018 )
2018
5.9
Door Lock (2018)
ဂင်ဂျောင်းမီဆိုတဲ့ အမျိုးသမီးဟာ နယ်မြို့ကနေ ဆိုးလ်ကိုအလုပ်လာရောက်လုပ်ကိုင်နေတဲ့သူတစ်ဦးပါ အလုပ်ကြိုးစားသူဖြစ်ပေမယ့် အားနာပြီးကြောက်တတ်တဲ့သူဖြစ်လို့ အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လူလည်ကြမှုကိုလည်း အမြဲခံရလေ့ရှိပါတယ် အဲ့ဒီလို ကြောက်ရွံ့အားငယ်တတ်တဲ့ ဂင်ဂျောင်းမီ တစ်ယောက် သူနေထိုင်ရာတိုက်ခန်းဟာ ထူးဆန်းပြီးထိတ်လန့်ဖို့ကောင်းနေတယ်ဆိုတာ သိလာရတဲ့အခါ ဖြေရှင်းဖို့ ကြိုးစားရပါတော့တယ် ဒီ Door Lock 2018 ဇာတ်ကားဟာ လျှို့ဝှက်သည်းဖို ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး တစိမ့်စိမ့်နဲ့တွေးပြီး ကျောစိမ့်လာစေမယ့် ဇာတ်ကားတစ်ကားပါ လူတိုင်းအတွက်တော့ ကိုယ်နေထိုင်တဲ့ အိမ်ဆိုတာ ကိုယ့်အတွက် အကောင်းဆုံးနားခိုရာပါ မိဘအိမ်မဟုတ်ဘဲ ရပ်ဝေးမှာအလုပ်လုပ်နေရရင်တောင် ကိုယ်ငှားနေတဲ့ အဆောင် ဒါမှမဟုတ် တိုက်ခန်းဟာ တစ်နေ့တာပင်ပန်းနွမ်းနယ်သမျှကို အတိုးချအနားယူနိုင်တဲ့ နေရာလေးပါ ဒါပေမယ့် အဲ့ဒီနေရာက ထူးဆန်းပြီး ကြောက်ဖို့ကောင်းနေမယ် ဆိုရင်တော့…… ( မိသားစုနဲ့ နေတဲ့သူတွေအတွက်တော့ မသိပေမယ့် တစ်ယောက်တည်းနေတဲ့သူတွေအတွက်ကတော့ ဒီဇာတ်ကားကြည့်ပြီးရင် မအိပ်ခင် တံခါးလော့ကို သုံးခေါက်လောက်စစ်မိကြမယ်လို့ ထင်ပါတယ်) ရုပ်ရှင်ကို ဘာသာပြန်ပေးပြီး အညွှန်းရေးပေးသူကတော့ Aung TayZa ဖြစ်ပါတယ်
movie
Door Lock (2018)
2018