Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lawrence Ko
7.6
Lust, Caution (2007)
Lust, Caution (2007)IMDb Rating (7.6) / Rotten Tomatoes (73%)အန်းလီဟာ သူ့ရဲ့ အင်တာနေရှင်နယ်အနေနဲ့ အအောင်မြင်ဆုံးရုပ်ရှင်လို့ဆိုလို့ရနိုင်တဲ့ Brokeback Mountains ရုပ်ရှင်အောင်မြင်ပြီးတဲ့နောက် Eileen Changရဲ့ Lust, Caution ကို ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့တယ်။ Lust , Cautionရဲ့ မူရင်းဝတ္တုကိုက တကယ့်အပြင်မှာရှိခဲ့တဲ့ တရုတ်စပိုင် ကျန်းဖင်းယု (Zheng Pingru)ကို အခြေခံထားတယ်။ Eileen Changကို အန်းလီမှတ်ချက်ပေးတာက Eileen Changလောက် တရုတ်စကားလုံးတွေကို ရက်ရက်စက်စက်သုံးတဲ့ စာရေးဆရာမျိုး သူမတွေ့ဖူးဘူးတဲ့။ ဒါကြောင့်ပဲထင်ပါတယ်။ အန်းလီရဲ့ Lust, Caution ဟာလည်း လိင်မှုခန်းတွေရဲ့နောက်ကွယ်မှာ တော်တော်လေးရက်စက်တဲ့အသွင်ကိုဆောင်နေတယ်။ Lust, Caution ဟာ ဘယ်လိုရုပ်ရှင်မျိုးလဲဆို နိုင်ငံရေးနဲ့ ကိုယ်ပိုင်ခံယူချက်တွေရဲ့ မျဉ်းပေါ် နှလုံးသားရေးရာတွေရဲ့ ဆုံမှတ်တစ်နေရာကို ပြထားတဲ့ရုပ်ရှင်လို့ဆိုရမယ်။ ဒါပေမဲ့လည်း သစ္စာဖောက်တွေကို ...
movie
Lust, Caution (2007)
2007
5.9
S-Girl ( 2022 )
နည်းပညာတွေ တိုးတတ်နေတဲ့ ခေတ်ကြီးမှာ ပတ်ဝန်းကျင်နေရာတိုင်းလိုလို စက်ပစ္စည်းတွေနဲ့ အစားထိုးလို့လာခဲ့ပါတယ် ။ လျိုကျားချီလို့ ခေါ်တဲ့ အမျိုးသားဟာ မိသားစုတွေကိုလဲ အချိန်မပေးပဲ သူ့ရဲ့ စက်ပစ္စည်းတွေနဲ့ပဲ အချိန်တွေကုန်ဆုံးလို့နေခဲ့ပါတယ် ။ တစ်နေ့မှာတော့ ဇနီးဖြစ်သူဟာ ရောဂါနဲ့ ရုတ်တရက်ဆုံးပါးသွားခဲ့ပါတယ် ။ဇနီးသည်ဆုံးပါးသွားပြီးတဲ့နောက်မှာလဲ ကျန်ရစ်တဲ့ သမီးငယ်လေးတွေကို ကလေးထိန်းနဲ့ ထားကာ သူကတော့ မိသားစုကို အချိန်မပေးပဲ အလုပ်တွေနဲ့ ဗျာများနေတုန်းပါပဲ ။ ဒီလို ကြပ်တည်းနေတဲ့အချိန်မှာ သူတို့ ကုမ္ပဏီကနေပြီးတော့ လူသားလို တစ်ထပ်ထဲ ပြုမူနိုင်တဲ့ လူသားစက်ရုပ်တစ်ရုပ်ကို တီထွင်ခဲ့ပါတယ် ။စက်ရုပ်ကို ဒီဇိုင်းရေးဆွဲသူ လျိုကျားချီဟာ သေဆုံးသွားတဲ့ ဇနီးသည်နဲ့ ဆင်တူ စက်ရုပ်တီထွင်ပြီး အိမ်မှာ သမီးလေးတွေကို စေ ာင့်ရှောက်ဖို့ ထားခဲ့တဲ့အခါမှာတော့...? အသက် ၁၇ နှစ်အရွယ် သမီးအကြီးဖြစ်သူဟာ ဒီစက်ရုပ်ကို လုံးဝလက်မခံနိုင်ပေမဲ့ ဘာမှမသိနားမလည်တဲ့ ၅ နှစ်အရွယ် ညီမလေးကြောင့် လက်ခံခဲ့ပါတော့တယ် ။ ဒီတော့ ...-❏ မိသားစုကို အချိန်မပေးနိုင်တဲ့ ဖခင် နဲ့ သမီးလေး ၂ယောက် ဘယ်လိုရှေ့ဆက်ကြမလဲ ...
movie
S-Girl ( 2022 )
6.9
Three Times (2005)
Three Times (2005) Directed by Hou Hsiao-Hsienတမြေ့မြေ့အောက်မြေ့ခြင်းကြားက ငါတို့ရဲ့ အခါခါလွဲခဲ့ကြခြင်းတွေ။ ပထမဆုံးရက်စွဲတစ်ဖြစ်လည်း နောက်ဆုံးရက်စွဲမှာ တို့ရဲ့အနက်ရောင်ဖဲထီးကလေးပေါ်မှာ မိုးရိပ်တွေလည်းဖြာလို့။ တစ်ခါတလေကျ နဖူးစာဟာ ကံကြမ္မာဆိုတာထက် ပိုပါတယ်။ ဆန္ဒပေါ့။ မနီးစပ်ခြင်းတွေကို အနီးဆုံးဆွဲကပ်ပစ်လိုက်နိုင်တာ လူနှစ်ယောက်ရဲ့ နီးစပ်ချင်စိတ်ပဲမို့လား။ သုံးခေတ်သုံးဖန် သုံးကြိမ်သုံးလီ နီးလာခြင်း ဝေးသွားခြင်း မျက်ရည် မိုးစက်များ တိုင်ပေရဲ့ နီယွန်ည နှုတ်ခမ်းဖျားမှာ ခေတ်အဆက်ဆက်ဟာ စုထုံးလို့။ စီးကရက်နဲ့မိုးစက်တွေကို တစ်သားတည်းအဖြစ် မှတ်ယူလိုက်ကြတာပေါ့။ ဘောလုံးနဲ့ ၀င်ကျင်းဟာ ကျူတံရဲ့အတွေ့မှာ ဆုံစည်းကြရမှာပဲမလား။ ငါတို့သာသေချာခဲ့ရင် အရာရာဟာ သေချာနေပြီးသား။Three Timesဟာ world cinemaရဲ့ leading figure တစ်ယောက်ဖြစ်သလို ထိုင်၀မ် New Wave Cinemaရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Hou Hsiao-Hsienရဲ့ Second New Waveခေတ်အလွန်မှာ ရိုက်ခဲ့တဲ့ကားပါပဲ။ Houဟာ ...
movie
Three Times (2005)
8.4
A Brighter Summer Day (1991)
[Unicode]A Brighter Summer Day (1991)IMDB - 8.4 Rotten Tomatoes -100%A Brighter Summer Dayဟာ တရုတ်ဂန္တဝင်စာပေတွေဖြစ်တဲ့ ခန်းဆောင်နီအိပ်မက်တို့ လက်ဖက်ရည်ဆိုင်တို့လို ဇာတ်ကောင်အခြေပြု ခေတ်အရိပ်ထင်ဟပ်တဲ့ ရုပ်ရှင်ပါပဲ။ အက်ဒ်ဝတ်ယန်းဟာ ဒီရုပ်ရှင်အတွက် မျက်နှာသစ်သရုပ်ဆောင်၁၀၀ကိုသုံးခဲ့ပြီး ဒီရုပ်ရှင်ဟာ လေးနာရီအတိနီးပါရှိပါတယ်။ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်စိုက်ရာခေတ်ကာလကတော့ ၁၉၅၉ပါ။ ၁၉၄၉မှာ မော်စီတုန်းခေါင်းဆောင်တဲ့ ကွန်မြူနစ်တွေဟာ ပြည်မကြီးအပါအဝင် တရုတ်ပြည်ရဲ့သုံးပုံတစ်ပုံ ကိုသိမ်းပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုစထောင်လိုက်ပါတယ်။ အမျိုးသားအစိုးရနဲ့အတူ လူအများဟာ ထိုင်ဝမ်ကို ပြောင်းရွှေ့လာခဲ့ပြီး ဘဝအသစ်စတင်ကြရပါပြီ။ ဒီလိုပြောင်းရွေ့ရာ အခြေမကျသေးတဲ့ပတ်ဝန်းကျင်မှာကြီးပျင်းလာရတဲ့ လူငယ်တွေရဲ့ဘဝဟာလည်း လွယ်ကူမနေခဲ့ပါဘူး။ လူငယ်တွေရဲ့ အခြေအနေကို ဗဟိုပြုပြီး ၁၉၅၉ခုနှစ် ထိုင်ဝမ်ရဲ့ရွှေအိုရောင်မသန်းခဲ့တဲ့ အတိတ်တွေအကြောင်းပါးပါးလေး ပုတ်ပြထားပါတယ်။ဒီရုပ်ရှင်ဟာ လက်တွေ့ထက်ကို အတော်လက်တွေ့ဆန်တယ်လို့ ဆိုရပါမယ်။ မသိစိတ်ရဲ့ လိင်အာသီသတွေ၊ မိန်းမတွေကိုကြည့်တဲ့ ပတ်ဝန်းကျင်ရဲ့ မျက်လုံးတွေ။ လူရဲ့စရိုက်တွေဟာ သူများအိမ်ကို နံရံကလိုင်ပေါက်ကနေ ချောင်းကြည့်နေရသလိုပါပဲ။ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ လူကောင်းတွေရဲ့ ဇာတ်သိမ်းမလှမှုတွေနဲ့ အဆင်မပြေတဲ့ခေတ်ကြီးထဲက ခါးသက်သက်အဖြစ်အပျက်တွေကြားမှာ သားဘက်က အမြဲရှိပေးတဲ့အဖေတွေ၊ သူငယ်ချင်းကောင်းတွေ၊ အနစ်နာခံတတ်တဲ့အကိုတွေကို ...
movie
A Brighter Summer Day (1991)