Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Laurie Holden
6.9
The Majestic (2001)
The Majestic (2001)~ IMDb - 6.9/10, Rotten Tomatoes - 42% ~ဒီရုပ်ရှင်နဲ့ ပတ်သက်ရင် ပြောစရာတွေများပါလိမ့်မယ်။ ဝေဖန်သံဆူသလောက် ချီးမွမ်းသံညံခဲ့တဲ့ရုပ်ရှင်ပါ။ The Shawshank Redemption, The Green Mile နဲ့ The Mist တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီး Frank Darabont လက်ရာကို အသည်းစွဲခဲ့ဖူးတဲ့လူတွေကတော့ "ဆရာကြီး ခင်ဗျားဒီတစ်ခါ နည်းနည်းလက်ချော်သလိုပဲနော်" လို့ ပြောချင်ကြမှာပေါ့။ အနုပညာလက်ရာအားဖြင့်ဆိုတာထက် အပေါ်ကလို Box Office မှာ ဝင်ငွေအရကော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာကြီးက Jim Carrey ကို မင်းသားတင်ရိုက်တာတောင် ဝင်ငွေအရ 49 သန်းလောက် ရှုံးခဲ့လို့ပါတဲ့လေ။ရုပ်ရှင်ကားတစ်ကားကို ဝေဖန်ဖို့ Box Office လေးတစ်ခုတည်းကိုပဲ ကြည့်လို့မရမှန်း အနည်းနဲ့အများတော့လက်ခံကြမှာပါ။ လူတွေရဲ့အမြင်နဲ့ရပ်တည်ချက်တွေကိုတော့ ...
movie
The Majestic (2001)
2001
7.2
The Mist (2007)
ဒီလို မိုးအေးတဲ့ ညမျိုးမှာ အကြောင်းတိုက်ဆိုင်စွာဖြင့်တင်ပေးချင်တဲ့ ရုပ်ရှင်တစ်ကားတော့ ရှိပါတယ်နာမည်ကျော် စာရေးဆရာကြီး Stephen King ရဲ့ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့The Mist ဆိုတဲ့ ရုပ်ရှင်ကားပါဒီဇတ်လမ်းကို ကြည့်မယ်ဆို အရင်ဆုံး မီးတွေ မှိတ်လိုက်ပါပြီးရင် လဖ္ဘက်သုပ် ဖြစ်ဖြစ် စားစရာ တစ်ခုခု အနားယူပါစောင်ကို ကွေးနေအောင် ခြုံပါ(FA ဆိုရင်ပေါ့) :Pကိုယ့်အနားမှာ ဖက်စရာခွေးလေး ကြောင်လေးတွေ ရှိရင် ဖက်ထားပါဒါမှမဟုတ် ချစ်သူ ရှိရင် လက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ထားပါပြီးရင် ဒီရုပ်ရှင်ကို စ ကြည့်လို့ရပါပြီ...တစ်နေ့သော ညမှာ မြို့ငယ်လေး တစ်ခုရဲ့ ဆိုးရွားလှတဲ့ မုန်တိုင်းဝင်ရောက် တိုက်ခက်တဲ့ အချိန်ရေကန်ငယ်လေး ရဲ့ နံဘေးကပန်းချီဆရာ ဒေးဗစ် ရဲ့ အိမ်ကိုသစ်ပင်ပိကာ Studio ခန်း ပြိုကျသွားခဲ့ပါတယ်မနက်ခင်း မှာတော့ ဒေးဗစ် တို့ မိသားစုနိုးလာတဲ့ အခါမှာတော့ အရာအားလုံးဟာမြူခိုးစတွေ ဖုံးလွှမ်းနေတာကို တွေ့ရပြီးအပျက်အစီးတွေကို ရှင်းလင်းကြရပါတယ်သဘာဝ ဘေးကို ရင်ဆိုင်ဖို့ အတွက်အစားအသောက်က အရေးကြီးတာကြောင့်အိမ်နီးချင်း ...
movie
The Mist (2007)
2007
4.3
Arctic Dogs (2019)
ပေါ့ပေါ့ပါးပါးနဲ့ တစ်ကားလုံးထိုင်ရာမထကြည့်ချင်အောင်ဆွဲခေါ်သွားတဲ့ ကာတွန်းကားလေးပါ...မြောက်ဝင်ရိုးစွန်းဒေသအစွန်ဆုံးမှာတိုင်ဂတ်ဗယ်လီ ဆိုတဲ့ ရွာလေးတစ်ရွာရှိတယ်အဲ့ရွာလေးမှာ ပစ္စည်းပို့ဝန်ဆောင်မှု လုပ်ငန်းကပစ္စည်းပို့တဲ့ မြောက်ဝင်ရိုးစွန်းခွေး ကြီးတွေက ကလေးတိုင်းအားကျရ တဲ့ သူတွေပေါ့ဆွစ်ဖတီ ဆိုတဲ့မြေခွေးလေးကတော့အဲ့ခွေးကြီးတွေလို မသန်မာပေမဲ့ပစ္စည်းပို့တဲ့သူဖြစ်ဖို့ကသူ့အိပ်မက်ပဲ အဲ့လုပ်ငန်းမှာ တခြားနေရာကနေ ဝန်ထမ်းဝင်လုပ်ရင်းတနေ့မှာ ခွေးကြီးတွေက ပြန်ပေးဆွဲခံရတော့ သူဖြစ်ချင်တဲ့ပစ္စည်းပို့သူဖြစ်လာတဲ့အခါမှာ ပြန်ပေးဆွဲခံရတဲ့အကြောင်းရင်းတွေကို စုံစမ်းသိရှိသွားပြီးဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုခံစားလိုက်ပါ File Size : ( 868 MB , 429 MB )Quality : WEB-DL 720p Running Time : 1 hr 32 min Format : Mp4 Genre : Animation , Adventure , Comedy Subtitle ...
movie
Arctic Dogs (2019)
6.6
Silent Hill ( 2006 )
Silent Hill ဆိုတဲ့ နာမည်က Oldie Gamer တွေနဲ့ သိပ်မစိမ်းမှာသေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Silent Hill(2006) Horror ဇာတ်ကားလေးကKonami ရဲ့ ၁၉၉၉ ကထုတ်ထားတဲ့ Silent Hill ဆိုတဲ့ ဗီဒီယိုဂိမ်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ပါပဲ။ ဗီဒီယိုဂိမ်းကို ဇာတ်ကားအနေနဲ့ပြန်ဖန်တီးထားလို့ စကားပြောတွေမကောင်းဘူး၊ ဇာတ်အိမ်ပရမ်းပတာဖြစ်တယ်၊ ပြသချိန်ကြာလွန်းတယ်လို့ ဝေဖန်မှုတွေဖြစ်ခဲ့ပါသေးတယ်။ဘယ်လိုပဲဝေဖန်ဝေဖန် ကြည့်လို့ကောင်းတယ််ဆိုတဲ့ မှတ်ချက်ကိုတော့ ပေးသွားကြတာချည်းပါပဲ။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်ကတော့ ဒီဇာတ်ကားကို တော်တော်လေးကောင်းတယ်လို့ထင်ပါတယ်။ Horror ဆိုတာထက် Mystery, Thriller ဖြစ်တယ်လို့ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Da Silver လင်မယားကကောင်မလေးတစ်ယောက်ကို မွေးစားထားပါတယ်။ သူတို့ရဲ့ မွေးစားသမီးလေးကို သမီးအရင်းလေးလိုပဲချစ်ကြပါတယ်။ ကောင်မလေးက အိပ်ရင်းလမ်းလျှောက်ပြီးတော့ဆိတ်ငြိမ်တောင်ကုန်းဆိုတဲ့နေရာက သူ့ကို ဆွဲခေါ်နေသလိုဖြစ်ရပ်တွေကို ကြုံလာရပါတယ်။ အဲဒီအချိန်မှာ အမေလုပ်သူက သမီးဖြစ်သူ နေကောင်းလာဖို့အတွက် ဆိတ်ငြိမ်တောင်ကုန်းကိုခေါ်သွားပါတော့တယ်။ သူတို့အဲဒီကိုရောက်တဲ့အချိန်မှာ ...
movie
Silent Hill ( 2006 )
2006
7.1
Dragged Across Concrete (2018)
သည်းထိတ်ရင်ဖိုမှုခင်းဇာတ်ကားတွေကို ကြည့်ရှုချင်တဲ့ ပရိသတ်တွေအတွက် ၂၀၁၈ခုနှစ်ထွက် Dragged Across Concrete ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်…IMDb -7.3/10 နဲ့ Rottem tomatoes 73 တောင်ရရှိထားပြီး ရင်တမမနဲ့ တကယ်မိုက်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်ရစ်ဂျမန်းနဲ့ အန်သနီဆိုတဲ့ ရဲအရာရှိနှစ်ယောက်တို့ဟာ တရားခံဖမ်းတဲ့နေရာမှာ ကြမ်းတမ်းစွာ ကိုင်တွယ်ဖြေရှင်းခဲ့တာတွေကိုအရပ်သားတစ်ဦးက ဗီဒီယိုရိုက်ယူခဲ့အပြီးမှာတော့ တီဗီသတင်းထဲအထိ ဟိုးလေးတကြော်ကြော်ဖြစ်ပြီးအလုပ်ကနေ လစာမဲ့ လေးပတ် ခေတ္တရပ်စဲခံရပါတယ်။စုံထောက်ရစ်ဂျမန်းဟာ နောက်လမှာ အသက် ၆၀ပြည့်ပင်စင်ယူရတော့မှာဖြစ်ပြီးပင်စင်ယူချိန်ရောက်ရင် နေမကောင်းတဲ့ ဇနီးနဲ့ ဆယ်ကျော်သက်သမီးလေးကိုထောက်ပံ့ဖို့ ငွေရေးကြေးရေး အခက်အခဲရှိနေသူပါ။အန်သနီကလည်းမကြာခင် လက်ထပ်တော့မှာဖြစ်ပြီး သူ့ရှေ့ရေးအတွက် နဲ့ ရည်းစားကို ရွှေပေါ်မြတင်ထားချင်သူအနေနဲ့သူကလည်း ပိုက်ဆံတစ်နည်းနည်းနဲ့ လိုအပ်နေပါတယ်။ပိုက်ဆံလိုနေကြတဲ့ အလုပ်လက်မဲ့ ရဲစုံထောက်နှစ်ယောက်ဟာ တစ်နေ့မှာ မသင်္ကာတဲ့ ကားတစ်စီးနောက်ကိုလိုက်ရင်းရာဇဝတ်မှုတစ်ခုထဲ ခုန်ဆင်းလျက်သားဖြစ်နေပါတော့တယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : ...
movie
2018
5.9
Pyewacket (2017)
IMDB.....5.8/10ဒီတစ်ခါမှာတော့ CM ရဲ့ပရိသတ်တွေကို thriller ကားကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်...ဒီကားကိုတော့ director Adam MacDonal ကရိုက်ကူးထားပါတယ်လီယာရဲ့အမေက သူ့ယောကျာ်းဆုံးပြီးတဲ့နောက် သူ့ရဲ့တစ်ဦးတည်းသောသမီးကို ထပ်မဆုံးရှုံးချင်လို့ အရမ်းဂရုစိုက်ပါတော့တယ်ဒါပေမယ့် ဆယ်ကျော်သက်ကောင်မလေး လီယာအတွက်တော့ အဲ့လို တစ်ချိန်လုံးစောင့်ကြည့်ခံရတာလို့ သူ့အမေကို အမြင်မကြည်ဖြစ်လာပါတော့တယ်တစ်ရက်လည်းကျရော သူ့အမေနဲ့စကားများရာကနေ "ကျမ်းကျွံရင် နှုတ်လို့ရတယ် စကားကျွံရင် နှုတ်လို့မရဘူး" ဆိုတဲ့အတိုင်း သူ့အမေပြောမိလိုက်တဲ့စကားတစ်ခွန်းကြောင့် သတ်ချင်လောက်အောင် ဒေါသထွက်သွားပါတော့တယ်တိုက်တိုက်ဆိုင်ဆိုင် သူဖတ်မိသွားတဲ့စာအုပ်က မှော်အတတ် စုန်းအတတ်တွေအကြောင်းရေးထားတဲ့ စာအုပ်ဖြစ်နေတဲ့အခါမှာ သူ့အမေကိုသတ်ဖို့ အဲ့စာအုပ်ထဲမှာပါတဲ့ ဂါထာနဲ့ မကောင်းဆိုးဝါးကို ခေါ်မိလိုက်တဲ့အခါမှာတော့............. (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Esther ပါ) File Size : (750 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 30min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar ...
movie
Pyewacket (2017)
2017
5.7
Fantastic Four (2005)
movie
Fantastic Four (2005)
2005