Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lam Ka-tung
6.4
Mad Fate (2023)
Mad Fate (2023)============"ကံလမ်းကြောင်းက ခင်းပြီးသားပေမဲ့ လျှောက်လှမ်းမဲ့ပုံစံကို ရွေးချယ်လို့ရတယ်" လူငယ်လေးတစ်ယောက်ရဲ့ဇာတာကိုကြည့်ပြီးနောက် လူသတ်ပြီးထောင်ကျကိန်းရှိနိုင်တဲ့အတွက် ဗေဒင်ဆရာကအရမ်းထိတ်လန့်သွားပြီး ကူညီပေးချင်စိတ်တွေပေါ်သွားတယ်။ အကြောင်းကတော့ အဲ့လူငယ်လေးက မကောင်းတဲ့နက္ခတ်တွေနဲ့ယှဉ်ပြီးမွေးဖွားလာတဲ့အတွက် လူသတ်ချင်စိတ်တွေအမြဲဖြစ်ပေါ်လေ့ရှိပြီး ကံအညံ့တွေနဲ့ပဲကြုံရမှာပဲဖြစ်တယ်။ အစကတော့ ဒါတွေကိုမယုံသလိုလိုနဲ့ ဂျစ်ကန်ကန်ဖြစ်ခဲ့ပေမဲ့ ထောင်မကျချင်တဲ့ဆန္ဒလေးတစ်ခုကြောင့် ဗေဒင်ဆရာဖြစ်သူကိုအကူအညီတောင်းလာပါတော့တယ်။ သူတို့နှစ်ယောက် ကံကြမ္မာကိုဘယ်လိုပြောင်းလဲကြမလဲ ပြောင်းလဲလို့ရောရပါ့မလားဆိုတာကြည့်ရှုရမဲ့ ဟောင်ကောင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.6GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie
Mad Fate (2023)
6.1
I Did It My Way ( 2024 )
ဒီဇာတ်ကားလေးကတော့ ဆိုက်ဘာပြစ်မှုကျူးလွန်မှုကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ။ အထဲမှာ fight scene တွေ action ခန်းတွေကလည်းရှယ်ဆိုတော့ ကြည့်ကိုကြည့်သင့်နေပါပြီ ။ICU ( အင်တာနက်ဆိုက်ဘာကျူးလွန်မှုများအားဖမ်းစီးရေး) အဖွဲ့ရဲ့ စုံစမ်းချက်တွေအရ ၂၀၂၃ ခုနှစ်မှာ အင်တာနက်မှာ မှောင်ခိုဝက်ဘ်ဆိုက်တွေထောင်ပြီး မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေမှုတွေအများကြီးရှိလာပါတယ် ။ ခန့်မှန်းချေ မူးယစ်ဆေး ၇တန်ကျော် ၊ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ဖိုးနဲ့ Web ပေါင်း ၇သိန်းကျော်ထိရှိလာခဲ့တာပါ ။အဲဒီမှောင်လိုဝက်ဘ်ဆိုက်တွေက တစ်ကမ္ဘာလုံးကိုပြစ်မှတ်ထားတာဖြစ်ပြီး အာရှတိုက်တစ်ခုလုံးကိုပါ ပျံ့နှံ့လာခဲ့ပါတယ် ။ မူယစ်ရာဇာတွေကို တစ်ယောက်ယောက်ပြီးတစ်ယောက်ဖမ်းမိခဲ့ပါတယ် ။ ဒါပေမဲ့ လက်ရှိစုံစမ်းစစ်ဆေးချက်တွေအရ အာရှတိုက်မှာနာမည်ကြီးနေတဲ့ မှောင်ခိုဝက်ဘ်ဆိုက်ရဲ့ founder "လောင်ပန်" အမည်ရှိသူကိုတော့ဖမ်းလို့မမိသေးပါဘူး ။ICU ရဲ့စုံစမ်းချက်အရ လောင်ပန်ရဲ့နောက်လာမဲ့ပစ်မှတ်က ဟောင်ကောင်ဖြစ်နေချိန်မှာတော့... ဟောင်ကောင်က ဆိုက်ဘာပြစ်မှုစုံစမ်ူရေးရဲတွေရယ် ၊ အတွင်းသူလျိုတွေရယ်ပေါင်းပြီး လောင်ပန်ကိုဘယ်လိုဖော်ထုတ်သွားမလဲ ? ဘယ်လိုအမှုမျိုးတွေကိုဖမ်းဆီးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime ...
movie
I Did It My Way ( 2024 )
5.9
Rob N Roll ( 2024 )
ဟောင်ကောင်မင်းသားကြီး Aaron Kwokတစ်ယောက်သွားခေါကြီးနဲ့ အထာကျကျကြမ်းတဲ့ အက်ရှင်ဟာသကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ Gordon Lam နဲ့ Richie Jenတို့လို ဝါရင့်မင်းသားကြီးတွေလဲ အတူတွဲသရုပ်ဆောင်ထားပါသေးတယ်။အဖြစ်မရှိတဲ့လူလတ်ပိုင်းတွေဖြစ်တဲ့အားဟွေးနဲ့အားစုံဟာ အရမ်းကြပ်တည်းနေတဲ့အချိန် အားဟွေးမျက်စိရှေ့မှာဖြစ်သွားတဲ့ ဓားပြမှုမှာ ဓားပြတွေပိုက်ဆံအများကြီးယူသွားတာကိုအားကျပြီး ဓားပြတိုက်ဖို့ကြံစည်ကြတယ်။အဲဒီအချိန်မှာ အားဟွေးအားကျတဲ့ဓားပြမှုရဲ့ ဓားပြကြီးကတော့ ပြေးရင်းလွှားရင်း ငွေအိတ်ကြီးပျောက်သွားတဲ့အတွက် ခေါင်းမီးတောက်အောင် လိုက်ရှာရင်း သူတို့နှစ်ယောက်နဲ့သွားဆုံပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် (၃)ယောက်သားဓားပြအတူပြန်တိုက်ဖို့ဖြစ်သွားခဲ့ကြတယ်။ သူတို့ရဲ့နောက်မှာကတော့ အမှုအကြီးကြီးကိုအရမ်းလိုက်ချင်နေတဲ့ ရဲမေတစ်ယောက်ရှိနေပြီး ဒီဓားပြတွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ဖမ်းဆီးနိုင်ဖို့ကြိုးစားနေတယ်။တိုက်တိုက်ဆိုင်ဆိုင် လွဲချော်နေကြတဲ့ သူတို့တွေဟာ ဘယ်လိုဖြစ်လာကြမလဲ....... ဒီဇာတ်ကားမှာ မင်းသားကြီးတွေဖြစ်နေပေမယ့် ဇာတ်လမ်းကအရမ်းကြီးလေးပင်မနေပဲ ပေါ့ပေါ့ပါးပါးခံစားလို့ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 38 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Rob N Roll ( 2024 )
7.2
Exiled (2006)
Exiled (2006)~ IMDb - 7.2/10, RT - 80%, Meta - 73% ~Directed by "Johnnie To"ဂျွန်နီတိုရဲ့ ဒါရိုက်တာဘဝအစောပိုင်းမှာ ခုလို Crime Action ရုပ်ရှင်တွေကို စရိုက်ခဲ့တာတော့မဟုတ်ဘူး။ ကနဦးသူ့ရုပ်ရှင်တွေမှာ ဟာသနဲ့အက်ရှင်အရောကားတွေ ချောင်ကားတွေအထိ ရိုက်ခဲ့တယ်။ နောက်ကျ မှုခင်းအက်ရှင်ဘက် ပိုကူးလာတာတွေ့ရတယ်။ ဒါပေမဲ့ နှောင်းပိုင်းမှာတော့ Crime Action ကားတွေပဲ အရိုက်များလာခဲ့သလို အဲဒီကားတွေကလည်း သူ့မာစတာပိစ်ဖြစ်လာခဲ့တယ်။ ကနဦးအားဖြင့်တော့ သူက စတားတွေအသုံးများခဲ့တယ်။ ဒါပေမဲ့ သူ့တကယ့်မာစတာပိစ်ဆိုတာတွေကတော့ စတားတွေ မသုံးထားတာတွေပဲ။ သို့ပေမဲ့ သရုပ်ဆောင်ကောင်းတဲ့ သူသုံးနေကျလူတွေပါပဲ။ The Misson နောက်ပိုင်းကတည်းက ဒီလိုပုံစံမျိုးမှာ ဒီလူတွေကို သူခဏခဏသုံးလာခဲ့တယ်။ သူ့ကားတွေများပေမဲ့ ဒီလူတွေပါရင်ကို သူ့မာစတာပိစ်ကားလို့သတ်မှတ်လိုက်လို့ရတယ်။Exiled (2006) ကလည်း ဂျွန်နီတို့ တစ်ချို့ရုပ်ရှင်တွေလိုမျိုး ရဲတွေဝင်မပါရဲတာကို ...
movie
Exiled (2006)
2006
6.5
Vengeance (2009)
Vengeance (2009)~ IMDb - 6.5/10, Rotten Tomatoes - 68% ~Directed by "Johnnie To"ဂျွန်နီတိုဟာ အတော်ဆုံး ဟောင်ကောင်အက်ရှင်ဒါရိုက်တာတွေထဲပါပေမဲ့ သူ့တင်ပြပုံက ကျန်တဲ့အတော်ဆုံးတွေနဲ့ မတူအောင်ကွဲပြားနေသလို ဂိုဏ်းတွေကြားက ပြဿနာတွေကို ရက်ရက်စက်စက် လှလှပပ ပြနိုင်တဲ့ ဒါရိုက်တာပါပဲ။ ပုဂ္ဂလိကအမြင်အရတော့ ဟောင်ကောင် Crime Action လိုင်းမှာ သူ့ထက်သာတဲ့လူရှိတယ်လို့ မမြင်မိဘူး။ သူ့အရသာမျိုးရိုက်နိုင်တဲ့ ဒါရိုက်တာကိုလည်း မမြင်ဖူးဘူး။ ယုတ်စွအဆုံး လက်ရှိခေတ်ထနေတဲ့ K Industry မှာတောင် Infernal Affairs ကို မူရင်းထက် လူကြည့်ပျော်အောင် ခဏခဏဆိုသလို ရိုက်ပြနေကြပေမဲ့ ဂျွန်နီတိုလိုတစ်ကားလောက်ရိုက်ပြနိုင်တဲ့လူမရှိဘူး။အဲဒီကားတွေထဲမှာ Vengeance ကတော့ ထူးထူးခြားခြားပါပဲ။ ဂျွန်နီတိုက ဒီကားမှာ သူသုံးနေကျလူတွေဖြစ်တဲ့ Anthony Wong, Gordon Lam, Lam Suet နဲ့ ...
movie
Vengeance (2009)
2009
6.1
Dust To Dust ( 2023 )
တရားခံကိုဖမ်းနိုင်ဖို့ (၂၁)နှစ်ကြာခဲ့တဲ့ (၁၉၉၅)ခုနှစ်မှာဖြစ်ခဲ့တဲ့ ဘဏ်ဓားပြမှုကိုအခြေခံပြီးရိုက်ထားတဲ့ မှုခင်းဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါ။(၁၉၉၅)ခုနှစ် ကွမ်းတုံရဲ့ ငွေစုဘဏ်လေးတစ်ခုမှာ လူနှစ်ယောက်သေနတ်နဲ့ဝင်ပြီးဓားပြတိုက်တဲ့အမှုဖြစ်ခဲ့တယ်။ သိပ်မကြာတဲ့အချိန်မှာပဲ ဘဏ်ရဲ့ငွေသယ်ယာဉ်ကိုဓားပြတိုက်မှုဖြစ်သွားပါတယ်။ တစ်ခါမှာတော့ ဘဏ်ဝန်ထမ်း(၃)ယောက်သေခဲ့ပြီး ငွေပမာဏဟာလဲအဲဒီအချိန်မှာ အများဆုံးအဖြစ်စံချိန်တင်သွားပါတယ်။နယ်မြေ(၃)ခုကရဲတွေဟာပူးပေါင်းပြီးစုံစမ်းခဲ့လို့ တရားခံ(၅)ယောက်ကို အမြန်ဖမ်းနိုင်ခဲ့ပေမယ့် ကျန်တဲ့နှစ်ယောက်ကတော့ ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတယ်။ (၂၁)နှစ်ကြာပြီးမှ တရားခံတစ်ယောက်ကို နယ်စပ်မြို့တစ်မြို့မှာ ပြန်တွေ့လိုက်ရတဲ့အခါ အမှုကပြန်ပြီးအသက်ဝင်လာပါတော့တယ်။ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ထားတာဖြစ်တဲ့အတွက် ဇာတ်လမ်းတစ်ခုလုံးကိုကစိတ်ဝင်စားဖို့ကောင်းပြီး ဒါရိုက်တာကလဲ ကောင်းကောင်းတင်ဆက်ပေးနိုင်တဲ့အတွက် မှုခင်းဇာတ်ကားကောင်းလေးတွေကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 1h 51 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie
Dust To Dust ( 2023 )