Channel Myanmar

Lam Ching-Ying

The Dead and the Deadly ( 1981 ) 6
The Dead and the Deadly ( 1981 ) ဒါကတော့ ၁၉၈၂ခုနှစ်မှာ ထွက်ခဲ့တဲ့ ဟုန်ကျင်းပေါင် Sammo Hung ရဲ့သရဲဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဖိုးလေးနဲ့အတူကြီးပြင်းလာတဲ့ ကျူးဟုန်ယိဟာ အလုပ်လုပ်တဲ့နေရာမှာ ကပျက်ကချော်နိုင်ပေမယ့် သူငယ်ချင်းအပေါ်သစ္စာရှိတဲ့လူတစ်ယောက်ဖြစ်တယ်။အဖိုးလေးနဲ့အတူ ဈာပနာအခမ်းအနားသုံးစက္ကူရုပ်တွေလုပ်ကိုင်ရင်း အသက်မွေးဝမ်းကြောင်းခဲ့တယ်။ မမွေးခင်ကတည်းကစေ့စပ်ထားတဲ့ အားယွင်ဆိုတဲ့ကောင်မလေးရှိပေမယ့် ကျူးဟုန်ယိကသူ့ကိုအလေးမထားခဲ့ဘူး။တစ်နေ့မှာတော့ ကျူးဟုန်ယိရဲ့သူငယ်ချင်းတစ်ယောက်ဟာ ထူးထူးဆန်းဆန်းသေသွားခဲ့တယ်။ သူငယ်ချင်းသေတာမသင်္ကာစရာဖြစ်နေတော့ ကျူးဟုန်ယိတစ်ယောက်အယောင်ဆောင်လိုက်လံစုံစမ်းခဲ့တယ်။ သူငယ်ချင်းရဲ့ဇနီးနဲ့ယောက်ဖဆိုတဲ့သူတွေကငွေလိုချင်လို့ကြံစည်နေတာဖြစ်ပြီးတော့ လောဘကြောင့် နောက်ဆုံးမှာသူငယ်ချင်းကိုသတ်လိုက်တာဖြစ်နေတယ်။ ဒီလိုနဲ့သူငယ်ချင်းရဲ့ဝိဉာဉ်ဟာ ကျူးဟုန်ယိက သူ့ကိုကူညီပြီးလက်စားမချေမချင်း လိုက်ကပ်ပြီးနှောက်ယှက်ပါတော့တယ်။ မတတ်သာတဲ့အဆုံးသူငယ်ချင်းကိုအစားလက်စားချေဖို့ လက်ခံလိုက်ပြီး ဘာတွေဆက်ပြီးအလွဲလွဲအချော်ချော်ဆက်ဖြစ်နေမလဲ...... Filesize : 1.64 GB / 813 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy , Fantasy , Horror Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Dead and the Deadly ( 1981 )

Enter the Fat Dragon (1978) 6.5
Enter the Fat Dragon (1978) ဒီဇာတ်ကားလေးကလည်း ဟောင်ကောင်မင်းသားကြီးတစ်လက်လည်းဖြစ်သလို နာမည်ကြီးဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ Sammo Hung ရဲ့ လက်ရာကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ Ah lung လို့ခေါ်တဲ့ ဝက်‌မွေးမြူ‌ရေးလုပ်တဲ့ လူငယ်လေးက ဘရုစ်လီကိုအရမ်းကြိုက်ပြီး ငယ်ငယ်ကတည်းက ဘရုစ်လီလိုဖြစ်ရမယ်ဆိုပြီး ခြေလှမ်းကွက်တွေလက်သီးသိုင်းတွေကို ကြိုးစားပြီးလေ့ကျင့်နေတဲ့သူပါ။ဒါပေမဲ့ သူကိုယ်တိုင်ကညဝတုတ်လေးဖြစ်နေတော့ လေ့ကျင့်နေသမျှက ရယ်စရာတစ်ခုလိုဖြစ်နေပါတော့တယ် ။ ဒီလိုနဲ့ သူမြို့ကစားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ဖို့ထွက်လာတုန်း စားသောက်ဆိုင်မှာ လူရမ်းကားတစ်စုပြဿနာရှာနေတာနဲ့တိုးပါတော့တယ် ။ သူလည်းသူ့ကိုယ်သူသက်သေပြတဲ့အနေနဲ့ လူရမ်းကားတွေကိုတိုက်ထုတ်ပြီး စားသောက်ဆိုင်ကိုကယ်တင်ခဲ့ပါတယ် ။ အဲဒီအငြိုးကြောင့် မကျေနပ်တဲ့ လူရမ်းကားတွေဟာ သူ့ရဲ့အလုပ်ဖော်ကောင်မလေးကို ပြန်ပေးဆွဲသွားချိန်မှာ‌တော့...Ah lung တစ်ယောက် လူရမ်းကားတွေကိုနိုင်ပါ့မလား ? ထင်ထားသလိုရော သူ့ရဲ့သိုင်းပညာက မြင့်မားပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်လို့ အခုပဲကြည့်ရှုလိုက်ဖို့တိုက်တွန်းပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy  Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Reviewed By Kay Thwe Phyoe Encoded by ...
movie

Enter the Fat Dragon (1978)

The Millionaires’ Express ( 1986 ) 6.9
The Millionaires’ Express ( 1986 ) ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။‌Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ‌ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်‌ပါတော့တယ် ။အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : Bluray 1080p , 720p  ( HEVC ) Format : mp4 Genres ...
movie

The Millionaires’ Express ( 1986 )

Mr. Vampire 3 (1987) 7.1
Mr. Vampire 3 (1987) တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ၁နဲ့၂ ကိုတင်ဆက်ပေးပီးပါပြီဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ်၁ နဲ့ ၂ နဲ့ ၃ ကအဆက်အစပ်မရှိပါဘူး။ဦးလေးမင်ဆိုတဲ့ မောင်ရှန်းဆရာဟာ အစွမ်းမထက်ပေမဲ့ အကြံဉာဏ်မျိုးစုံရှိသူ ဖြစ်ပါတယ်။ သူ့အနားမှာ တာ့ပေါင်နဲ့ စေ့ပေါင်ဆိုတဲ့ သရဲနှစ်ကောင်ကို ခေါ်ထားပြီး လိုက်လိမ်နေသူ ဖြစ်ပါတယ်။ သူဌေးကြီး ထန်ပိုင်ဝမ့်အိမ်အတွက် သရဲနှင်ပေးတဲ့အချိန်မှာ သရဲမိသားစုနဲ့ တွေ့ပြီး ထွက်ပြေးခဲ့ရပါတယ်။ညအချိန်ကြီး ဦးလေးမင်ဟာ တိတ်ဆိတ်နေတဲ့ ရွာတစ်ခုထဲ ရောက်လာခဲ့ပါတယ်။ အဲ့ဒီရွာမှာ ဓားပြတွေ သောင်းကျန်းနေတဲ့အတွက် အစောင့်အကြပ်တင်းကျပ်နေချိန်ဖြစ်ပြီး ဦးလေးမင်ကို ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ဖမ်းဆီးခဲ့ပါတယ်။ တာအိုဆရာကြီး ဦးလေးကျိုက အချိန်မီရောက်လာလို့ ဦးလေးမင်လည်း အသက်ရှူချောင်ခဲ့ပါတယ်။ထိုအချိန်မှာပဲ ဓားပြတွေ ရောက်လာခဲ့ပြီး ရွာသားတွေက စည်းလုံးစွာနဲ့ ဓားပြတွေကို နှင်ထုတ်နိုင်ခဲ့ပြီး ဓားပြနှစ်ယောက်ကို ဖမ်းဆီးရခဲ့ပါတယ်။ ဓားပြတွေရဲ့ သွေးအရောင်ကို ကြည့်ပြီး ဓားပြတွေဟာ သာမန်လူမဟုတ်ကြောင်း ဦးလေးကျိုသတိထားမိသွားပါတယ်။ဦးလေးကျိုရဲ့ မွေးနေ့မှာ အလွှဲလေးတွေဖြစ်ပြီး တာ့ပေါင်နဲ့ စေ့ပေါင်က အဖမ်းခံလိုက်ရပါတယ်။ နောက်မှာ ဦးလေးကျိုရဲ့ ဆုံးမမှုကြောင့် ဦးလေးမင်ဟာ သရဲနှစ်ကောင်ကို လွတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ တာ့ပေါင်ကို ဓားပြတွေက အသုံးချဖို့ ဖမ်းသွားခဲ့ပါတယ်။ဓားပြတွေ တာ့ပေါင်ကို ...
movie

Mr. Vampire 3 (1987)

Mr. Vampire 2 ( 1986 ) 5.9
Mr. Vampire 2 ( 1986 ) တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ပထမကားကိုတင်ဆက်ပေးပီးပါပြီဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ်၁ နဲ့ ၂ ကအဆက်အစပ်မရှိပါဘူး။ Mr. Vampire II ရဲ့ဇာတ်လမ်းအကျဉ်းကတော့ လောဘသားပါမောက္ခနဲ့တပည့်နှစ်ယောက်က ရှေးဟောင်းအမွေအနှစ်ကိုရောင်းစားဖို့တူးဖော်ကြရင်း ရှေးဟောင်းအလောင်း(၃)ခုကိုရခဲ့ပါတယ်။စျေးကြီးကြီးနဲ့ပြန်ရောင်းဖို့ သယ်လာခဲ့ကြပြီးမှ သွေးစုပ်ဖုတ်ကောင်တွေ မှန်းသိလိုက်ရတယ်။ ကမောက်ကမတွေဖြစ်ပြီး အသေးလေးတစ်ကောင်လွတ်သွားခဲ့ပါတယ်။ ဖုတ်ကောင်မိဘလင်မယားက မြို့အနှံ့ကလေးလေးကိုလိုက်ရှာတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ Quality : Bluray 1080p , 720p Format : mp4 Genres : Horror , Comedy , Action Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Mr. Vampire 2 ( 1986 )

1986
Mr. Vampire ( 1985 ) 7.6
Mr. Vampire ( 1985 ) အားလုံးရင်းနှီးကျမယ့် တရုတ်သရဲကားတစ်ကားဖြစ်မှာပါ.. အလွယ်ခေါ်ရင်တော့ တရုတ်ခုန်ဆွ သရဲပေါ့ ငယ်စဉ်ကထဲက အားလုံးရင်းနှီပြီးသားဇာတ်ကားလေးတကားပါပဲ စုစုပေါင်း ၄ ကားရှိပြီး Bluray Quality Update တွေ အကုန်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီ ဇာတ်ကားလေးရဲ့ ရရှိထားတဲ့ IMDb Rate ကတော့ 7.3 ပဲဖြစ်ပါတယ်..မင်ကော်ခေတ်ဦးပိုင်းမှာ သူဌေးကြီးရန်ဟာ ဖုန်းရွှေဆရာရဲ့ သတိပေးချက်အရ နှစ် ၂၀ ကြာတဲ့အခါ အဖေ့ရဲ့အုတ်ဂူကို နေရာပြောင်းဖို့အတွက် ဦးလေးကျိုကို အကူအညီတောင်းခဲ့ပါတယ်။ အုတ်ဂူဖွင့်တဲ့နေ့မှာ သိလိုက်ရတာက သခင်ကြီးရန်ရဲ့ သင်္ချိုင်းရှိရာနေရာဟာ အလွန်ကောင်းတဲ့ ပုစဉ်းရေစက်ချနေရာဖြစ်ပေမဲ့ အရင်တုန်းက မြှုပ်နှံဖို့အကြံပေးခဲ့တဲ့ ဖုန်းရွှေဆရာရဲ့ ယုတ်မာမှုကြောင့် သူ့အလောင်းဟာ နှစ် ၂၀ ကြာတဲ့အထိ မပုပ်မသိုးဖြစ်နေပါတယ်။ဦးလေးကျိုဟာ သံသယဖြစ်မိပြီး အဲ့အလောင်းကို သူနေထိုင်ရာ အလောင်းစံအိမ်ကို ပြန်သယ်သွားပြီး စောင့်ကြည့်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ သခင်ကြီးရန်ရဲ့ အလောင်းဟာ ကျန်းရှီးသရဲဖြစ်သွားပြီး သူဌေးရန်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ခေါင်းဆောင်ကလည်း ပေါ့ပျက်ပျက်နဲ့ပဲ ဦးလေးကျိုကို အချုပ်ခန်းထဲ ဖမ်းဆီးသွားခဲ့ပါတယ်။အဲဒီညမှာပဲ သူဌေးရန်ရဲ့အလောင်းကလည်း ကျန်းရှီးသရဲဖြစ်သွားပြီး စခန်းက လူတွေကို လိုက်လံတိုက်ခိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း ထင်ထင်ကို ကာကွယ်ဖို့အတွက် ဝိန်ချိုင်တစ်ယောက် ကျန်းရှီးသရဲကိုက်တာ ခံလိုက်ရပြီး အလောင်းအဆိပ်တက်ပြီး ကျန်းရှီးသရဲဖြစ်သွားနိုင်ချေ ...
movie

Mr. Vampire ( 1985 )

Heart of Dragon (1985) 6.5
Heart of Dragon (1985)    ဟောင်ကောင်အက်ရှင်လောကရဲ့ ရွှေရောင်မျိုးဆက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ ဟုတ်ချင်းပေါင်(Sammo Hung)တို့အပြင် ဇာတ်ကားတွေမှာ မှော်ဆရာလုပ်နေကြ Lam Ching-ying တို့လို ဇာတ်ရံတွေ အများအပြားလဲပါဝင်ထားပါတယ်။အထူးရဲကွန်မန်ဒို ဂျက်ကီချန်းနဲ့ ကျပ်မပြည့်တဲ့သူ့အစ်ကို ဟုတ်ချင်းပေါင်တို့ကြားက သံယောဇဉ်ကို ရင်နင့်အောင် ပြီပြင်စွာ ပုံဖော်ထားပြီး ဟာသတွေ အက်ရှင်တွေနဲ့လဲ ဇာတ်လမ်းကို ခပ်သွက်သွက် ဆွဲခေါ်ထားပါတယ်။၏ဂျက်ကီချန်းရဲ့ ငယ်မူငယ်သွေးကို အထင်းသားမြင်ရမှာဖြစ်သလို Action,Comedy,Drama ကြိုက်သူတွေ လက်မလွတ်သင့်တဲ့ကားလေးပါပဲ...... IMDb Rating (6.5/10) ရရှိထားပြီး ဒါရိုက်တာကလဲ ဟုတ်ချင်းပေါင်ပဲဖြစ်ပါတယ်။ File size…(1.8 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hein Zaw & Thar Nyo Lwin 
movie

Heart of Dragon (1985)

1985
The Gods Must Be Crazy III: Crazy Safari (1991) 5.5
The Gods Must Be Crazy III: Crazy Safari (1991) The Gods Must Be Crazy III: Crazy Safari (1991)_____IMDb - 5.5/10  ဒီဇာတ်ကားကတော့ ပုလင်းဟာသလို့ လူသိများတဲ့ ဇာတ်ကားတွေရဲ့ နံပါတ် ၃ ဇာတ်ကားပါ။ ရှေ့ကဇာတ်ကားတွေကို " https://channelmyanmar.to/?s=the+gods+must+be+crazy " မှာဒေါင်းလို့ရပါတယ်။ ပုလင်းမင်းသားအကြောင်းဖတ်ချင်ရင်တော့ အောက်မှာဖတ်ပါ။   #Nixau_Toma ( ကမ္ဘာ့ရုပ်ရှင်လောကထဲ ဂင်းနစ်စံချိန်တင်ခဲ့သောလူရိုင်း(သို့) အောင်မြင်မှုငွေကြေးချမ်းသာမှုတွေကိုမသိခဲ့တဲ့မင်းသားတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ ) .…………………………………………………………… ” ပီတာက ဆိတ်၇ကောင်ပေး မယ်ဆိုလို့ကျတော်လိုက်လာတာ ရုပ်ရှင်ဆိုတဲ့စကားကိုကျတော်အခုမကြားဖူးတာဗျ။ ဒီမှာ နေအခါ၃၀ ဝင်တဲ့အထိနေရမယ်ပြောတယ်။ ပြီးရင်ကျတော် စန်တို့ရှိတဲ့ဆီကို ဆိတ် ၇ကောင်ယူပြီးပြန်မယ်။ ”N!xau Toma တောင်အာဖရိကတိုက်အစွန် နမီးဘီးယားဆိုတဲ့နိုင်ငံသေးသေးလေးအပြင်မြို့ပြနဲ့မိုင် ပေါင်းများစွာဝေးတဲ့ အာဖရိကတောတွင်းတနေရာမှာ စန်ဆိုတဲ့အာဖရိကလူရိုင်းရွာလေးတရွာရှိခဲ့တယ်။ ဒီရွာလေးက နမီးဘီးယားနိုင်ငံထဲကကာလာဟာရီ သဲကန္တာရထဲမှာရှိပြီး အာဖရိယလူရိုင်းမျိူးနွယ်တွေထဲမှာ ခေတ်နောက်အကျဆုံးလူမျိူးစုတွေထဲက ၁၂ရာစုလူနေမှုစနစ်လိုနေထိုင်ကြတဲ့ ဘာဆာဝါ ဆိုတဲ့လူရိုင်းမျိူးနွယ်စုရဲ့ရွာလေးပါ။ အမဲလိုက် ပျားအုံဖွတ် ငါးဖမ်းရင်း အသက်မွေးကြပြီး လယ်ယာမြေစိုက်ပျိူးမှုကိုတောင်မသိရှိသလို သူတို့ဘာသာစကားဟာလူ၁သောင်းတောင်မသိတဲ့ဘာသာစကားတခုကို ပြောကြတဲ့လူရိုင်းမျိူးနွယ်ပါ။ ၃နှစ်လောက်နေမှမြို့ပြအမဲလိုက်အဖွဲ့တွေကိုတွေ့ရလေ့ရှိပြီး ဒါကိုကသူတို့အတွက်အထူးအဆန်းဖြစ်လေ့ရှိတဲ့ ...
movie

The Gods Must Be Crazy III: Crazy Safari (1991)

1991