Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kristoffer Joner
8.0
The Revenant (2015)
အော်စကာဆု ရွှေကမ္ဘာလုံးဆု တွေ အပါအဝင်ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ အတွက်လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကား ရဲ့ အဓိက မင်းသား လီယိုနာဒို ရဲ့သရုပ်ဆောင် သက်တမ်းတစ်လျှောက်အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်းဖြစ်လာနိုင်ပါတယ်။ အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်။ ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ကြိုးစားအားထုတ်မှုတွေ အပြင်ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများ ကျခံပြီး ရိုက်ကူးထားမှုတွေ ရုပ်ရှင်တစ်ဖွဲ့သားအားလုံး ရဲ့ အပင်ပန်းခံ ပြီး ပရိသတ်တွေ အပေါ် စေတနာဘယ်လောက် ထား ခဲ့တယ်ဆိုတာတွေပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ယောကျ်ားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူယောကျာ်းကောင်းတစ်ယောက်မှာရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိ လုပ်ရည်ကိုင်ရည် တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ Hugh Glass (လီယိုနာဒို) ရဲ့အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကိုအားရကျေနပ်ဖွယ် ကောင်းလောက်အောင်ရိုက်ပြထားတာပါ။ မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကိုပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကိုအားလုံးတွေ့မြင်ရမှာပါ။ ဒီဇာတ်ရုပ်ဟာ လီယိုနာဒိုကို အခြား အော်စကာ ဆန်ကာတင်မင်းသားတွေနဲ့ ယှဉ်လိုရင် ပိုသာ သွားအောင်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ survival adventure ...
movie
The Revenant (2015)
2015
6.4
The Quake (2018)
Natural disaster movie တွေကို ကြိုက်နှစ်သက်တဲ့ CM ပရိတ်သတ်ကြီးအတွက်ဒီတစ်ခါတင်ဆက်ပေးမှာကတော့Rating 6.4 ရရှိထားတဲ့နော်ဝေကား The Quake ပါဒီကားထဲမှာ ခရစ်စတင်းဆိုတဲ့ နာဆာက ဘူမိဗေဒပညာရှင်ဟာသဘာဝဘေးတစ်ခုမှာ ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ရပါတယ်သူ့မိသားစုနဲ့ လူတော်တော်များများကိုလဲ ကယ်တင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ အခြားလူတွေရာနဲ့ချီသေဆုံးခဲ့ရတဲ့အတွက် သူ့ကိုယ်သူ အပြစ်မကင်းဘူးဆိုပြီးတောမြို့လေးမှာပဲ နေထိုင်ခဲ့ပါတော့တယ်သူ့မိန်းမ၊ သားသမီးတွေရဲ့ အဝေးမှာပေါ့ တစ်နှစ်လောက်ကြာပြီးတဲ့အခါနော်ဝေနိုင်ငံက လိုဏ်ခေါင်းတစ်ခုထဲမှာ မတော်တဆမှုဖြစ်ပြီးသူ့ရဲ့လုပ်ဖော်ကိုင်ဖက် ကိုနော့ ဆုံးပါးသွားပါတယ်ခရစ်စတင်းက ကိုနော့ လိုဏ်ခေါင်းထဲမှာ ဘာသွားလုပ်နေတာလဲဆိုတာကိုသံသယဝင်စုံစမ်းရင်း လွန်ခဲ့တဲ့တစ်နှစ်ကထက် အဆပေါင်းများစွာပိုပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်တော့မယ်ဆိုတာကို ရှာဖွေတွေ့ရှိသွားတဲ့အခါ.....ဘယ်လာက်ထိတောင် အင်အားပြင်းထန်တဲ့ငလျင်နဲ့ ကြုံတွေ့ရမှာလဲ....ဒီတစ်ခါသဘာဝဘေးမှာရော သူ့မိသားစုနဲ့ လူတွေကို ကယ်တင်နိုင်ဦးမလား....ဆိုတာတွေကို ပြည်သူတွေအတွက်တွေးပေးတဲ့ ဘူမိဗေဒပညာရှင်၊ဖခင်မေတ္တာ၊ မိသားစုစိတ်ဓာတ်တွေနဲ့ ဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်... File Size : (894 MB) and (274 MB)Quality : WebDL 720pRunning Time ...
movie
The Quake (2018)
2018