Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kouichi Yamadera
8.0
Ghost in the Shell (1995)
AI တွေဆိုတာဟာ အခုလိုခေတ်မှ ခေတ်စားလာတယ်ဆိုပေမယ့် ဒီ Ghost In The Shell ဆိုတဲ့ Anime ကားထဲမှာတော့ 1995 ခုနှစ်လောက်ထဲက စိတ်ကူးဉာဏ်ကွန့်မြူးပြီ ဒီ Anime ကို ဖန်တီးသူတွေက ပုံဖော်ခဲ့ကြတာပါ.ဇာတ်လမ်းအကြောင်းကိုပြောရရင်တော့ ရုပ်သေးဆရာဆိုတဲ့ AI က အစိုးရအဖွဲ့က လူကြီးတွေကို သူတို့စမ်းသပ်ထားတဲ့ တစ္ဆေဆိုတဲ့ ခန္ဓာကိုယ်တွေကိုသုံးပြီး ချိမ်းခြောက်အကျပ်ကိုင်တဲ့ ဇာတ်အိမ်မျိုးကို တည်ထားပါတယ်. ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်က မိုတိုကို ကူဆာနာဂီဆိုတဲ့ အမျိုးသမီး ဗိုလ်မှူူးတစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင်ကလည်း စက်ရုပ်တစ်ပိုင်း လူတစ်ပိုင်းခန္ဓာကိုယ်ဖြစ်တဲ့အပြင် အထူးပြုလုပ်ထားတဲ့ နည်းပညာတွေကို ပိုင်ဆိုင်ထားတဲ့ အေးဂျင့်တစ်ယောက်ပါ. သူတို့ လိုက်နေရတဲ့ လူက အင်တာနက်ကွန်ရက်ထဲကို လိုသလို သွားလာနိုင်ပြီး သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိတဲ့လူတွေကို စိတ်ရှိတိုင်း ခိုင်းစေလို့ရနေပေမယ့် အဲဒီ့ ရုပ်သေးဆရာလို့ခေါ်တဲ့ AI ဟာ ဘယ်လိုကိစ္စရပ်မျိုးတွေမှာ ပါဝင်ပတ်သက်နေမလဲဆိုတာကို ...
movie
Ghost in the Shell (1995)
1995
6.5
Dragon Quest: Your Story (2019)
Dragon Quest: Your Story (2019)========================IMDb Rating - 6.5/10#Unicodeဒီကားက 2019 တုန်းက Netflix ကထွက်ရှိခဲ့တဲ့ Anime ပဲဖြစ်ပါတယ်။ dragon quest ဂိမ်းကို animationအနေနဲ့ရိုက်ထားတာပါ။ ဇာတ်လမ်းအကျဥ်းပြောရရင် နည်းပညာတိုးတက်လာတဲ့နောက်မှာ လူသားတွေဟာဂိမ်းကို ကိုယ်တိုင်ဝင်ရောက်ပြီး ဆော့ကစားလာနိုင်တယ်။ ဒီကားထဲက ကောင်လေးက Dragon Quest ထဲကလူကာ ဇာတ်ကောင်နေရာကနေ စွန့်စားခန်းတွေ လုပ်ဆောင်သွားပုံကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာပါ။ လူကာအကြောင်းကတော့ Dragon Quest ကိုထိတွေ့ခဲ့ဖူးတဲ့ 90kids တွေဆိုရင်တော့ သိမှာပါ။ လူကာက မွေးဖွားခြင်းမှာ သူ့ရဲ့မိခင်ဟာ မိစ္ဆာရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ သူဟာ ဖခင်ရဲ့ လက်ထဲမှာပဲ ကြီးပြင်းလာခဲ့ရပေမယ့်တစ်နေ့မှာတော့ ဖခင်ပါ အသတ်ခံရတဲ့အခါ သူ့မိခင်ကို ရှာဖွေရမယ့် တာဝန်ဟာသူ့ထံရောက်လာပါတော့တယ်။ဇာတ်လမ်းတစ်ခုလုံးဟာ စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နှက်နေခဲ့ပြီး အတော်လေးကိုကြည့်လို့ကောင်းနေခဲ့ပါတယ်။ဒါပေမဲ့ အဲ့နောက်ကွယ်ကျန်နေသေးတာကတော့ အစမှာပြောခဲ့သလိုပဲ လူသားတွေဟာ VR World ...
movie
Dragon Quest: Your Story (2019)
2019
7.8
Kiki’s Delivery Service (1989)
၁၃နှစ်ပြည့်တဲ့စုန်းလေးတွေဟာ အိမ်ကထွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့ စုန်းတို့ရဲ့ရိုးရာအတိုင်း ၁၃နှစ်အရွယ်စုန်းမလေးခီခီဟာ တိမ်ကင်းစင်တဲ့လပြည့်ညတစ်ညမှာ သူ့ရဲ့ကြောင်နက်လေးဂျီဂျီရယ် အဖေ့ရေဒီယိုလေးရယ်နဲ့အတူ တံမြက်စည်းပျံစီးပြီး အိမ်ကထွက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ နာရီစင်ကြီးရှိတဲ့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ အခြေချဖို့ဖြစ်လာတဲ့အခါ စုန်းမလေးခီခီဟာ အခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ရပါတော့တယ်။ တဖြည်းဖြည်းနဲ့ ခီခီ့ရဲ့တစ်ပါးသူအပေါ်ကူညီပေးမှုတွေ၊ သနားကြင်နာတတ်မှုတွေကြောင့် လူချစ်လူခင်ပေါလာပြီး သူ့ကိုယ်ပိုင်ပစ္စည်းပို့လုပ်ငန်းလေးကိုလည်း တစ်နိုင်တစ်ပိုင်ထူထောင်လာနိုင်ပါတော့တယ်။ ဒီဇာတ်လမ်းမှာ ခီခီ့ရဲ့ ကိုယ်ပိုင်အလုပ်သစ်လေးမှာ အလုပ်အပ်သူတစ်ယောက်ပေါ်လာရင်ကို စိတ်လှုပ်ရှားနေတတ်တာမျိုးတွေ၊ သူငယ်ချင်းကြောင်နက်လေးဂျီဂျီ သူငယ်ချင်းအသစ်ရသွားတဲ့အခါ စိတ်ပျက်ဝမ်းနည်းပုံလေးတွေ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့အခါ အတက်အကျတွေအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ရပုံလေးတွေကို လူငယ်သဘာဝအလျောက် တွေ့မြင်ရမှာဖြစ်ပြီး ကိုရိုကိုဆိုတဲ့ ပင်လယ်ဆိပ်ကမ်းမြို့လေးရဲ့ သဘာဝအလှအပလေးတွေကိုလည်း စိတ်ချမ်းမြေ့ဖွယ်ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်... IMDb 7.8/10 Rotten tomatoes 98% ထိရရှိထားတဲ့ anime ဇာတ်ကားကောင်းလေးကို ကြည့်ရှုခံစားပေးကြပါဦး.... File Size - 1.4 GB Quality - BluRay 1080p Subtitle - Burmese (hardsub) Translator - May Thu Aung Encoder - Thit San Khant
movie
Kiki’s Delivery Service (1989)
1989
6.9
A Whisker Away 2020
A Whisker Away မူဂယ်ဆိုတဲ့ ကောင်မလေးသာ ဟီနိုဒယ်ဆိုတဲ့ သူ့ရဲ့အတန်းဖော်ကောင်လေးကို တစ်ဖက်သတ်ကြိုက်နေတယ် ဒါပေမယ့် ဟီနိုဒယ်ကတော့ သူ့ကို အဖတ်တောင်မလုပ်ရှာဘူး ဒါပေမယ့် မူဂယ်ဟာ အခွင့်အရေးတစ်ခုရခဲ့တယ် အဲ့ဒါကတော့ သူဟာ မှော်ဆန်တဲ့ မျက်နှာဖုံးတစ်ခုကို ရခဲ့တယ် အဲ့ဒီမျက်နှာဖုံးစွပ်လိုက်ရင် မူဂယ်ဟာ တာရိုဆိုတဲ့ကြောင်ကလေးအဖြစ်အသွင်ပြောင်းသွားပါတော့တယ် ပိုပြီးကံကောင်းတာက မူဂယ်ချစ်ရတဲ့ ဟီနိုဒယ်ဟာ မူဂယ်ဆိုတဲ့ လူသားအသွင်နဲ့ ကောင်မလေးကိုအဖက်မလုပ်ပေမယ့် တာရိုဆိုတဲ့ကြောင်မလေးအဖြစ်နဲ့ဆိုရင်တော့ သိပ်ကိုချစ်ပါတယ် ဒီလိုနဲ့ မူဂယ်ဟာ ကြောင်မလေးအသွင်နဲ့ နေ့တိုင်းအချိန်မှန် ဟီနိုဒယ်ဆီကို သွားပါတော့တယ် ဒါပေမယ့် မိသားစုနဲ့ပတ်သတ်ပြီး စိတ်ဒဏ်ရာရှိတဲ့ မူဂယ်ဟာ ကြောင်ဘ၀နဲ့ပဲနေချင်တယ်လို့ ဆန္ဒတစ်ခုပြုလိုက်ရာကနေ လူအသွင်ကို ပြန်ပြောင်းမရဘဲ ဖြစ်သွားပါတော့တယ် လူပြန်ဖြစ်ဖို့ဆိုရင် သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ သူ့ရဲ့ လူသားမျက်နှာဖုံးကို ပြန်ရှာဖို့ကြိုးစားရပါတော့မယ် ...... ဟီနိုဒယ်ကို သူ့ရဲ့ခံစားချက်တွေဖွင့်ပြောဖို့ရ သူလူပြန်ဖြစ်မှရမှာပါ .... တစ်ဖက်မှာလဲ မျက်ဖုံးရောင်းသွားတဲ့သူက မူဂယ်ရဲ့အသက်ကို လူဖြစ်ချင်တဲ့ကြောင်တစ်ကောင်နဲ့ ...
movie
A Whisker Away 2020
7.6
Ghost in the Shell 2: Innocence (2004)
2023ကအဖြစ်အပျက်တွေကိုအခြေခံထားပါတယ်BatouဟာUnit 9မှာတာဝန်ယူထားတဲ့cyborgရဲတစ်ယောက်ပဲဖြစ်ပါတယ်cyborgတွေဟာလူသားတွေရဲ့နေ့စဉ်ဘ၀မှာပုံမှန်ပါဝင်လာကြပြီးတစ်ရက်မှာတော့လိင်ပိုင်းဆိုင်ရာအတွက်ဖန်တီးထားတဲ့စက်ရုပ်မတစ်ကောင်ကပိုင်ရှင်ကိုပြန်သတ်တဲ့အမှုကိုBatouတစ်ယောက်ဖြေရှင်းဖို့ဖြစ်လာပါတော့တယ်လူသတ်သမားစက်ရုပ်ရဲ့တကယ့်သရုပ်အမှန်ကဘာဖြစ်နေမလဲဆိုတာ...File Size : (2 GB,1.4GB) Quality : Blu-ray 1080p,720p Running Time : 1h 23min Format : Mp4 Genre : Drama, Animation, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p Translated by Myo Nyunt Encoded by sithu
movie
2004
9.2
Dragon ball ဆိုတာ အောင်မြင်ကျော်ကြားပြီး ပရိသတ်အများအပြားရရှိထားတဲ့animation ကားလေးတွေပါ၂၀၁၈ခုနှစ်မှာတော့ Rating 8.3 အဆင့်ရှိတဲ့Dragon ball animation မှနောက်ဆုံးသောLegendary super saiyan တစ်ယောက်ကို မိတ်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားနာမည်ကိုက Dragon Ball Super:Broly ပါဒီဇာတ်ကားနာမည်အတိုင်းပဲ Broly ဟာ တိုက်ခိုက်ရေးမှာတော်တော်ကြမ်းပြီးမွေးကတည်းက unlimited battle power နဲ့မွေးဖွားခဲ့တဲ့ Saiyan တစ်ယောက်ပါသူ့လို စွမ်းအားကြီးတဲ့ Saiyan တစ်ယောက်ကဘာကြောင့်အခုမှပေါ်လာတာလဲ ဆိုတာကိုတော့ ဇာတ်ကားထဲမှာရှင်းပြသွားပါတယ်Broly ကမ္ဘာပေါ်ကို ရောက်လာခဲ့တာကလည်း Frieza ဆိုတဲ့ villain နဲ့ပေါင်းပြီးvegeta ဆီကိုလက်စားချေဖို့ရောက်လာခဲ့တာပါ ပြီးတော့Goku နဲ့ Vegeta တို့ရဲ့battle power ဟာ ထိပ်တန်းမှာရှိနေတဲ့သူတွေပါဒါပေမယ့် သူတို့တောင် ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရပါတယ်တိုက်ခိုက်ရေးမှာ အကြမ်းဆုံးဆိုတဲ့ Beerus ထက်ပိုကြမ်းသလား ဆိုတာကတော့မြုပ်ကွက်အနေနဲ့တမင်သက်သက်ကြီးကို ချန်ထားခဲ့တယ်Dragon ball ဆိုရင် Goku ကိုပဲပြေးမြင်မိမှာပါဒီဇာတ်ကားထဲမှာတော့ Goku ...
movie
Dragon Ball Super: Broly (2019)
2018
7.7
Paprika (2006)
Tomatometer- 84% Imdb - 7.7 ကျွန်တော်တို့ရဲ့အနက်ရှိုင်းဆုံးလျှိုဝှက်ချက်တွေဖြစ်တဲ့အိပ်မက်ထဲကို တစ်ယောက်ယောက်ကလာခိုးကြည့်လို့ရခဲ့မယ်ဆိုရင်ဘာတွေဖြစ်နိုင်မယ်ထင်ပါသလဲ အဲ့မေးခွန်းကိုဒီကားကအကုန်ဖြေထားပေးပါတယ် ဒီကားကိုရိုက်ကူးတဲ့ဒါရိုက်တာကPerfect Blueနဲ့Tokyo Godfathersတို့ရဲ့ဒါရိုက်တာပဲဖြစ်ပါတယ် သူရဲ့ကားအများစုဟာpsychological thrillerပိုင်းသွားတာမို့လို့ကာတွန်းကားဆိုပြီးအထင်တော့မသေးလိုက်ပါနဲ့ ဇာတ်လမ်းအကျဉ်းကတော့ ရောက်ရှိလာတော့မယ့် အနာဂတ်မှာ ခေတ်တစ်ခေတ်ရဲ့ အကောင်းဆုံးနည်းပညာလို့ပြောလို့ရတဲ့ လူသားအားလုံးရဲ့အိပ်မက်တွေကို ချိတ်ဆက်ပေးနိုင်မယ့် စိတ်ရောဂါကုသမှု စက်ပစ္စည်းတစ်ခုကို သုသေသနပညာရှင်တွေတီထွင်နိုင်ခဲ့ပါတယ် ဒါပေမယ့် ဒီပစ္စည်းဟာ တစ်နေ့မှာ ပျောက်ချင်းမလှ ပျောက်ဆုံးသွားတဲ့အချိန်မှာတော့ သုသေသနပညာရှင်တစ်ဖွဲ့လုံး ဒီပစ္စည်းကို ဘယ်လိုပြန်ရှာကြမလဲ ဘယ်သူကခိုးသွားတာလဲ အဲ့ပစ္စည်းနဲ့မဟုတ်တာတွေဘယ်လိုလုပ်မလဲ ပါပရီကာ ဆိုတဲ့ ဆံပင်နီနီ သွက်သွက်လက်လက်နဲ့ လူတွေကိုကူညီပေးနေတဲ့ကောင်မလေးကကောဘယ်သူလဲဘယ်ကလဲ... စတဲ့ လက်တွေ့နဲ့ အိပ်မက်ကြား ရုန်းကန်ကြရတဲ့ပုံကို သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုမြင်ကွင်းတွေနဲ့ ခံစားရမယ့် Rating ကောင်းကောင်း ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ် ဘာသာပြန်ပေးတာတော့Zin Thantဖြစ်ပြီးကျွန်တော်sithuကencodeပေးထားပါတယ်
movie
Paprika (2006)
2006
7.9
Tokyo Godfathers(2003)
Tokyo Godfathers(2003) IMDb....7.9,,,,,Rotten ...90 "Tokyo Godfathers" ဆိုတဲ့ animation ကားလေးကိုတော့ စာရေးဆရာ Peter B. Kyne ရဲ့ ပထမဆုံးလက်ရာဖြစ်တဲ့ " three godfathers" ဆိုတဲ့ဝတ္ထု အပေါ်အခြေခံပြီး ဒါရိုက်တာ Satoshi Kon က ရိုက်ကူးရေးဆွဲထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ မူရင်းဝတ္ထုနာမည်ဖြစ်တဲ့ " Three Godfathers" ဆိုတဲ့အတိုင်းပဲ တိုကျိုမြို့ပေါ်က အိမ်ယာမဲ့လူသား၃ဦးရဲ့ ဘယ်ကရောက်လာမှန်းမသိရတဲ့ လူမမယ်ကလေးတစ်ဦးအပေါ်မှာထားရှိတဲ့ မေတ္တာအတိမ်အနက်ကို ဖော်ပြထားတဲ့ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း -ချမ်းအေးလှတဲ့ ခရစ်စမတ်ညလေးတစ်ညမှာ တိုကျိုမြို့ပေါ်က အရက်သမားတစ်ယောက် ၊ ဟိုမိုတစ်ယောက် နဲ့ ဆယ်ကျော်သက်အရွယ်အိမ်ပြေးမလေးတစ်ယောက်တို့က စွန့်ပစ်ခံထားရတဲ့ ကလေးတစ်ယောက်ကိုတွေ့ရှိရာက ကလေးရဲ့မိဘတွေဆီကို ပြန်ပို့ပေးဖို့ ကြိုးစားခဲ့ပုံနဲ့ စတင်ခဲ့ပါတယ်။ ဒီလိုနဲ့ သွေးမတော်သားမစပ်လူမမယ်အရွယ်ကလေးတစ်ဦးအတွက် တိုကျိုမြို့ပေါ်က အေးခဲလွန်းလှတဲ့ လမ်းမတွေထက်မှာ မိဘရှာပုံတော်ဖွင့်နေရတဲ့ အိမ်ရာမဲ့လူသား၃ဦးရဲ့ ရုန်းကန်လှုပ်ရှားနေမှုများကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ လူတိုင်းမှာကိုယ်စီကိုယ်ငှ ဝမ်းနည်းရတဲ့အတိတ်မျိုးတွေ ရှိနေကြောင်း၊ မိဘနှင့်သားသမီးတို့ကြားရှိ ချစ်ခြင်းမေတ္တာနှင့် ခွင့်လွှတ်နားလည်မှုများအကြောင်း အပါအဝင် လူတိုင်းအတွက် မိသားစုဘဝဆိုတာအရေးကြီးကြောင်းကို ရိုက်ကူးပုံဖော်ပေးထားတာပဲ ဖြစ်ပါတယ်။ ကလေးလေးကိုရော ...
movie
Tokyo Godfathers(2003)
2003
7.1
Batman Ninja (2018)
"Batman ရဲ့ဇာတ်လမ်းအားလုံးကို သင်ကြားဖူးလား။အားလုံးကိုမကြားဖူးတာတော့သေချာပါတယ်။"တကယ်လည်းအကုန်မကြားဖူး မမြင်ဖူးဆိုတာကို သက်သေပြတဲ့အနေနဲ့ Warner Bros. ကနေပြီးတော့ ဂျပန်ဒါရိုက်တာ Junpei Mizusaki နဲ့အတူပေါင်းပြီး Batman ကို ဂျပန် Anime ပုံစံထုတ်လိုက်ပါပြီ။Trailer ထွက်တုန်းက Superhero fan တွေကြားမှာအရမ်းရေပန်းစားခဲ့ပြီးတော့ Series အဖြစ်ထွက်ရှိမယ်လို့ အများထင်ကြေးပေးခဲ့ပေမယ့် တကယ်ထွက်လာတဲ့အခါမှာ Movie အဖြစ်သာထွက်ရှိလာခဲ့ပါတယ်။Animation ဇာတ်ကောင်တွေကို Anime ဇာတ်ကောင်အဖြစ် ဖန်တီးထားတာကြောင့် အမြင်ဆန်းသစ်နေမှာဖြစ်ပြီးတော့ Anime တို့ရဲ့ထုံးစံအတိုင်း Fight Scene တွေဟာလည်း သာမန် Animation ကားတွေနဲ့မတူပဲ သာလွန်ပြီး ကွဲထွက်နေပါတယ်။ဇာတ်လမ်းအကျဉ်း ------------------ Batman ဟာ Gotham မြို့မှာ Gorila Grodd ကိုတိုက်ခိုက်နေပါတယ်။ ထိုအချိန်မှာ Grodd ရဲ့ အချိန်ယန္တရားအသက်ဝင်သွားတာကြောင့် ထိုအနီးအနားတစ်ဝိုက်မှာရှိတဲ့လူတွေအားလုံး ဂျပန်ပဒေသရာဇ်ခေတ်ကိုရောက်သွားကြပါတယ်။Batman ဂျပန်ပဒေသရာဇ်ခေတ်ကို ရောက်ရောက်ချင်းမှာပဲ ဆာမူရိုင်းတွေလိုက်ဖမ်းခြင်းကိုခံရကြောင့် ထွက်ပြေးရင်း တောထဲအရောက်မှာ Selina Kyle aka ...
movie
Batman Ninja (2018)
2018