Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Koichi Sato
5.8
We’re Broke, My Lord! (2023)
Koshiro ကတော့ Tanjousan Bun ဆိုတဲ့နေရာလေးမှာ အေးအေးချမ်းချမ်းအလုပ်လုပ်ရင်းလူချစ်လူခင်ပေါတဲ့ သူတစ်ယောက်ပါတစ်နေ့ အလုပ်က အရာရှိတွေက အိမ်ကို ရောက်လာပြီး Koshiro က Tanjousan Bun မှ လူချမ်းသာကြီး Daimyo Ikkosai ရဲ့ သားဖြစ်ကြောင်းလာပြောတယ်သူ့ကို ပိုင်ဆိုင်မှု့တွေ အကုန်လွှဲပေးလိုက်တော့ ချမ်းသာပြီထင်ခဲ့ပေမယ့် နောက်ကွယ်မှာ ဆပ်ရမယ့် အကြွေးအများကြီးရှိနေတာကို သိလိုက်ရတဲ့အခါ....File size_(2.4GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Comedy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao
movie
We’re Broke, My Lord! (2023)
6.2
Masked Hearts (2023)
Masked Hearts ( 2023 ) ==================== ဒီဂျပန်ကားက ကြည့်ရတာတော့ အရမ်းသွက်ချင်မှသွက်မှာပေမဲ့ ကြည့်ရင်းနဲ့ ဇာတ်ရည်လာတဲ့အချိန် အရသာတော်တော်လေးပေါ်လာမယ့် ရုပ်ရှင်မျိုးပါပဲ။ ဇာတ်လမ်းကတော့ ဒါရိုက်တာပေါက်စမလေးတစ်ယောက်ရဲ့ ရုပ်ရှင်လောကက အခက်အခဲတွေနဲ့ စထားတယ်။ သူ့ရဲ့ရုပ်ရှင်အပေါ် ရှုမြင်ပုံတွေ ဘာတွေနဲ့ စတယ်။ ဒါက စီးပွားရေးသမားတွေအတွက် အံမကိုက်တာလား သူ့ကိုအသုံးချလိုက်တာလားတော့မသိပေမဲ့ သူစဉ်းစားထားတဲ့ဇာတ်ကို သူရိုက်ခွင့်မရလိုက်ရဘူး။ ဒီလိုနဲ့ သူက အိပ်မက်တွေကို လက်လျှော့ထားတဲ့လူတစ်ယောက်နဲ့တွေ့တယ်။ သူတို့နှစ်ယောက်အတူတူ ဒါရိုက်တာမရဲ့ဇာတ်လမ်းအတိုင်းပဲ ကိုယ်ထူကိုယ်ထရိုက်ဖို့လုပ်ကြတယ်။ ဒီလိုလုပ်ရင်း သူ့ဇာတ်လမ်းကို သူ့ဘာသာတောင် နားမလည်ခဲ့တဲ့အချက်တွေကို ဒါရိုက်တာမလေးက နားလည်လာတယ်။ သူ့အပြစ်တင်ချင်ခဲ့သမျှတွေက သူထင်သလိုမဟုတ်နေတာကိုလည်းး နားလည်လာတယ်။ဇာတ်က အေးအေးလေးပေမဲ့ အဲဒီအေးအေးလေးကိုမှ စိတ်ဝင်စားစရာလည်းကောင်းသလို ကြာလေ ထိလေဖြစ်လာအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ ဂျပန်ရုပ်ရှင်တွေထုံးစံအတိုင်း သူ့ရဲ့လေးပင်တဲ့တန်ပိုကို စိတ်ရှည်နိုင်တဲ့ သူ့ပရိသတ်တွေနဲ့ပဲ ပိုကီးကိုက်ပါလိမ့်မယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p ...
movie
Masked Hearts (2023)
5.0
Nemesis the Movie: Mystery of Golden Spiral (2023)
Eiga Nemesis : Ougon Rasen no Nazo (2023) =======================================(2021)ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်စုံထောက်စီးရီး Nemesis ရဲ့နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်သွားပြန်ရှင်းပြထားပြီး ပါဝင်တဲ့အကြောင်းအရာတွေက အရမ်းကြီးဆက်စပ်မနေတာမို့ စီးရီးကိုမကြည့်ဖူးလည်း အခုမူဗီကိုကြည့်လို့ရပါတယ်။ 99.9 Criminal Lawyer လိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ဂျပန်စုံထောက်ကားဖြစ်ပါတယ်။ အောက်မှာဇာတ်ညွှန်းလာပါပြီ။ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ်သုတေသနကို အောင်မြင်သွားတဲ့ သိပ္ပံပညာရှင်တာချိဘနဟာဂျိမဲ အသတ်ခံရပြီးတဲ့နောက် ကမ္ဘာပေါ်မှာ သူ့အမွေဆိုလို့ သူ့သမီးတဖြစ်လဲ ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ် မီခမိအန်နာနဲ့ လည်ဆွဲထဲက သုတေသနဒေတာတွေပဲ ကျန်ခဲ့ပါတယ်။ အဲဒီဒေတာတွေကိုလိုချင်နေတဲ့ မသမာသူလူချမ်းသာတစ်စုက အန်နာ့နောက်ကို လိုက်ကြနေတာပေါ့။ အန်နာ့မှာ သူမတူတဲ့စွမ်းရည်တွေရှိပြီး Nemesis စုံထောက်အေဂျင်စီမှာ သူ့ဒုတိယအဖေတို့၊ သူငယ်ချင်းတွေတို့နဲ့အတူ အလုပ်လုပ်နေပါတယ်။ ဒါပေမဲ့ Nemesis ခမျာ နှစ်လလုံးလုံး အမှုအပ်သူမရှိတာကြောင့် မွဲကိန်းဆိုက်ပြီး ရုံးခန်းပါပြောင်းလိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ အန်နာဟာ ဒေတာတွေကိုလက်လွှဲမပေးရင် သူတန်ဖိုးထားရတဲ့သူတွေတစ်ယောက်ပြီးတစ်ယောက် အသတ်ခံရတဲ့ အိပ်မက်ဆိုးကို ညတိုင်းထပ်ခါထပ်ခါမက်နေရပါတယ်။ ...
movie
Nemesis the Movie: Mystery of Golden Spiral (2023)
6.9
Kingdom III: The Flame of Destiny (2023)
Kingdom III: The Flame of Destiny (2023)~ IMDb - 6.9/10, RT - 83%, MyDramaList - 8.1/10 ~အားလုံးစောင့်မျှော်နေကြတဲ့ Kingdom Live-Action ကားတွေရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Kingdom III: The Flame of Destiny ထွက်ရှိလို့လာပါပြီ။ Kingdom III: The Flame of Destiny (2023) ကိုမကြည့်ခင် Kingdom (2019) နဲ့ Kingdom II: Far and Away (2022) တို့ရဲ့ဇာတ်ကြောင်းကိုပြန်နွှေးကြရအောင်။ပထမကားကတော့ တရုတ်ပြည် ချင်ပြည်ထောင် (Qin State) က မိဘမဲ့လည်းဖြစ်၊ ကျွန်လည်းဖြစ်ပေမဲ့ တစ်မိုးအောက်စစ်သူကြီးဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ ရှင်း (Shin) နဲ့ တရုတ်ပြည်ကြီးကို ...
movie
Kingdom III: The Flame of Destiny (2023)
2023
6.5
[18+] Love Hotel (1985)
Love Hotel (1985)မှောင်နေတဲ့ထဲမှာ အမှောင်ခန်းတွေပါတဲ့ အချစ်ဇာတ်ကားလေးဖြစ်ပါတယ်။အချစ်ဟိုတယ်ဆိုတဲ့နာမည်အတိုင်း မင်းသားနဲ့ မင်းသမီးက အချစ်ဟိုတယ်မှာ စတွေ့ကြပါတယ်။ မင်းသမီးကတော့ အချိန်ပိုင်း ဖျော်ဖြေတဲ့သူဖြစ်ပြီးတော့ မင်းသားကတော့ အကြွေးတွေများလို့ စိတ်ဓာတ်ကျပြီး တစ်ယောက်တည်းသတ်သေရမှာပျင်းလို့ အဖော်ခေါ်သွားချင်တာနဲ့ ဖျော်ဖြေရေးခေါ်ရာကနေ တွေ့ကြပါတယ်။သတ်သေဖို့စီစဉ်ထားပေမဲ့ ကောင်မလေးမျက်နှာမြင်ပြီး စိတ်ပြောင်းသွားလို့ ကောင်မလေးကို ခုတင်ပေါ်မှာ ပစ်ထားပြိး လစ်ပြေးသွားပါတယ်။နောက်တော့ မင်းသားက တက္ကစီဒရိုက်ဘာလုပ်နေရင်း မင်းသမီးကို ပြန်တွေ့ပါတယ်။ မင်းသမီးက ဖျော်ဖြေရေးမလုပ်တော့ဘဲ တခြားအလုပ်လုပ်နေပေမဲ့ အတိတ်က အရိပ်ဆိုးရဲ့ ဖုံးလွှမ်းမှုကို ခံနေရပါတယ်။တက္ကစီဒရိုက်ဘာမင်းသားက သူ့ကိုယ်သူသတ်မသေအောင် စိတ်ပြောင်းပေးနိုင်တဲ့ မင်းသမီးကိုကြွေသွားပြီး မင်းသမီးကလည်း သူ့ကို မုဒိမ်းကျင့်သတ်ဖို့ စီစဉ်ပေမဲ့ မလုပ်ဖြစ်တဲ့ မင်းသားကို ကြိုက်သွားပါတယ်။ဒါပေမဲ့ သူတို့အချစ်ခရီးလမ်းက အိမ်ထောင်ရေးဖောက်ပြန်မှုလမ်းခွဲတွေ အများကြီး ကွေ့ဝင်ထားတာကြောင့် စိတ်ဝင်စားစရာ ဇာတ်ကွက်လေးတွေကို တဝကြီးကြည့်ရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို s မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 750MB Quality ...
movie
[18+] Love Hotel (1985)
1985
7.0
Fukushima 50 (2020)
Fukushima 50 (2020)အညွှန်း*************************ဂျပန်နိုင်ငံတစ်နိုင်ငံလုံး အားထားရတဲ့ အဏုမြူစွမ်းအင်ကို ထုတ်လုပ်ပေးနေတဲ့ ဖူကူရှိမား ဒိုင်အိချိ လို့ခေါ်တဲ့ အဏုမြူစက်ရုံကြီးရှိတယ်.....သိတဲ့ အတိုင်း ၂၀၁၁အင်အားကြီးတဲ့ ငလျင်ဒဏ်နဲ့ ဆူနာမီလှိုင်းဒဏ်တွေကြောင့်စက်ရုံတစ်ခုလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်ကာ ဓာတ်ပေါင်းဖိုတွေ အပူလွန်ကဲပြီး ပေါက်ကွဲတော့မယ့် အခြေအနေနဲ့ကြုံခဲ့ရပါတယ်။ဒီအခြေအနေကို ရှေ့တန်းက ရင်ဆ်ိုင်ဖြေရှင်းရသူတွေကတော့ဒိုင်အီချိ စက်ရုံက အလုပ်သမား ပညာရှင်တွေပါပဲ။ သူတို့တွေဘယ်လိုကြိုးစားမလဲ.... လူတွေဘယ်လောက်များ သေဘေးကြုံရမလဲ.... ဒီကားက ဖြစ်ရပ်မှန်ဇာတ်လမ်းပါ.... 1986 Chernobyl ဖြစ်ရပ်ထက်တောင်အများကြီးဆိုးတယ်လို့ သိရပါတယ်.... အသေအကြေတွေများသလို တကယ့်ကိုကြောက်စရာကောင်းတဲ့ ကပ်ဆိုးကြီးပါ... ဇာတ်လမ်းအစမှအဆုံးထိကို ရင်တထိတ်ထိတ်ကြည့်ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းမို့ခံစားကြည့်ကြပါဉီး...File Size :(930 MB) and (380 MB)Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung Encoded by Phyo Pyae
movie
Fukushima 50 (2020)
6.5
The Fable (2019)
ဂိုဏ်းတွေကြားမှာ အချင်းချင်းရှင်းချင်တဲ့အခါကြေးစားလူသတ်သမားတွေကို ငှားပြီး သတ်ခိုင်းကြတယ်။အဲလိုကြေးစားတွေကြားမှာ အခု တယောက်ကတော့ ဒဏ္ဍာရီ တပုဒ်ပဲ။တယောက်တည်းနဲ့ ဂိုဏ်း တွေအကုန်လုံးကို ရှင်းလင်းနိုင်တယ်။အဲဒါတင်မကဘူး။တယောက်ကို ပစ်ရင် သေနိုင်လောက်တဲ့ နေရာတွေကိုပဲတချက်တည်းနဲ့ မှန်အောင် ပစ်နိုင်တဲ့အထိ ကျွမ်းကျင်တယ်။အဲလိုနဲ့ သူတို့အဖွဲ့က ကြေးစားတွေကြား နာမည်ကြီးလာတဲ့အခါခနလောက် ဇာတ်မြှုပ်နေဖို့ ဖြစ်လာခဲ့တယ်။သူတို့ ဇာတ်မြှုပ်နေမယ့် နေရာကလည်း ဂိုဏ်းတခုနဲ့ ပတ်သက်နေပြီးအဲဒီဂိုဏ်းမှာလည်း အရှုပ်အထွေးတွေ ရှိလာတဲ့အခါမှာရော သူတို့ အဆင်ပြေပါ့မလား။သူတို့ဆရာကရော နာမည်ကြီးလာတာ တခုတည်းအတွက်ဇာတ်မြှုပ်နေခိုင်းတာ ဟုတ်ပါ့မလား။ဒဏ္ဍာရီ ရဲ့ နောက်ကြောင်းကရော ဘယ်လို ရှိမှာလဲ။သူက ဘာလို့ အဲလောက် တော်နေရတာလဲ။သူက ပုံမှန်ဘဝမှာ တကယ်ရော နေနိုင်ပါ့မလား။သူတို့ နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်နဲ့ ပတ်သတ်ပြီးတော့လည်းသူ့နောက်ကို ...
movie
The Fable (2019)