Channel Myanmar

Kingdom Yuen

The Drunken Prodigy ( 2024 ) 6
The Drunken Prodigy ( 2024 ) ရှောင်လင်ဘုန်းကြီးလေး Ashton Chen ရဲ့ 2024 မှာထွက်တဲ့ကားသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ သိုင်းပညာကိုအရူးအမူးဖြစ်နေတဲ့ လူ့ပေါ်ကျော့သူဌေးသားလေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။သူဌေးသားလင်ယောက်ဟာ ငယ်ငယ်ကတည်းကသိုင်းလေ့ကျင့်ခဲ့ပြီးတော့ သူ့ကိုယ်သူအရမ်းတော်တဲ့သူတစ်ယောက်လို့ထင်နေခဲ့တယ်။ တကယ်တော့ သူ့အဖေကနောက်ကွယ်ကနေလာဘ်ထိုးပြီး တခြားသူတွေကိုအရှုံးပေးခိုင်းခဲ့တာဆိုတာကိုသူမသိခဲ့ဘူး။ တစ်နေ့မှာတော့ လူလိမ်တစ်ဖွဲ့က လင်မိသားစုပိုင်အိမ်ကိုမျက်စိကျပြီးတော့ သူဌေးသားလေးကိုအကွက်ဆင်ပြီးလိမ်လိုက်ကြတယ်။သူဌေးသားလေးကလဲ ပိုင်ဆိုင်မှုတွေအားလုံးကိုဆုံးရှုံးလိုက်ရတဲ့အချိန်မှပဲ သူဟာဘာမှမဟုတ်ခဲ့ဘူးဆိုတဲ့အမှန်တရားကိုသိလိုက်ရတယ်။ သူပိုင်ဆိုင်တဲ့အရာတွေကိုပြန်ရဖို့ တရားမျှတမှုပြန်ရယူဖို့ အရက်မူးသမားသိုင်းကိုလေ့ကျင့်ပြီး ပြန်ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ရှောင်လင်ဘုန်းကြီးလေးတို့ထုံးစံအတိုင်း အက်ရှင်ပိုင်ပိုင်နိုင်နိုင်နဲ့ ချပြသွားတဲ့အတွက် သိုင်းလောကသားတွေအကြိုက်တွေ့ကြမှာဖြစ်ပါတယ်။ Filesize : 1.52 GB / 916 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Drunken Prodigy ( 2024 )

One Hundred Million Plan ( 2024 )
One Hundred Million Plan ( 2024 ) အိမ်မွေးတိရိစ္ဆာန်ကုမ္ပဏီတစ်ခုရဲ့ဥက္ကဌဖြစ်တာ မကြာသေး ကုမ္ပဏီဒေဝါလီခံလိုက်ရတဲ့ ……ချီဖေး ကုမ္ပဏီလည်ပတ်နိုင်ဖို့ကြံရာမရဖြစ်နေတဲ့အချိန်မှာ ဆုကြေးဒေါ်လာသန်း(၁၀၀)ရမယ့်အခွင့်အရေးတစ်ခုကိုရှာတွေ့သွားခဲ့တယ်။အဲဒီလိုနဲ့ကျွန်းနိုင်ငံလေးတစ်ခုကိုရောက်လာခဲ့တယ်။ တကယ်တော့ ဆုကြေးဒေါ်လာသန်း(၁၀၀)ရမယ့်အခွင့်အရေးဆိုတာ ခရီးသွားတွေကိုလိမ်စားနေတဲ့ လူလိမ်၂ယောက်ရဲ့ ပိုက်ဆံလိမ်ချင်တဲ့အကြံမှန်း သူမသိခဲ့ဘူး။လူလိမ်တွေဖန်တီးထားတဲ့ သူဌေးရစ်ချက်ဟာ မှောင်ခိုအရောင်းအဝယ်တွေကို နောက်ကွယ်ကနေချုပ်ကိုင်နေတဲ့ ရစ်ချက်နဲ့နာမည်သွားတူနေတော့ သူတို့(၃)ယောက်ဟာ မှောင်ခိုစိန်ရောင်းဝယ်မှုထဲပါသွားခဲ့တဲ့အခါ အလွဲအလွဲအချော်ချော်တွေကြားမှာ ဆက်လွဲရင်း အခက်အခဲတွေဖြေရှင်းသွားတဲ့ပုံကို ရိုက်ထားတဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

One Hundred Million Plan ( 2024 )

Kung Fu Ping Pong ( 2024 ) 5.8
Kung Fu Ping Pong ( 2024 ) ဂရိတ်ဗြိတိန်မှာ တစ်နှစ်ပတ်လုံးမိုးတွေအရမ်းရွာသွန်းခဲ့တဲ့အချိန်မှာ တင်းနစ်ကစားရတာကိုအရမ်းကြိုက်တဲ့ တော်ဝင်မျိုးနွယ်ဝင်တစ်ယောက်က အပြင်ထွက်စရာမလိုဘဲကစားလို့ရတဲ့ တင်းနစ်ကစားနည်းနဲ့တူတဲ့ကစားနည်းတစ်မျိုးကိုတီထွင်ခဲ့ပါတယ်။ အဲဒီကစားနည်းကို စားပွဲတင်တင်းနစ်လို့ခေါ်ပါတယ် ။ချင်းမြို့တော်ကိုနိုင်ငံခြားသားတွေနဲ့ဂျပန်တွေရောက်လာပြီးတော့ စားပွဲတင်တင်းနစ်ကစားပွဲလာရောက်ကျင်းပတဲ့အချိန်မှာ တရုတ်ပြည်က ဝင်ပြိုင်တဲ့သူမရှိတဲ့အတွက် ဂျပန်တွေကတရုတ်ပြည်သူပြည်သားတွေကို နှိမ်ခဲ့ပါတယ် ။အဲဒီလိုနဲ့ အဲဒီလိုနှိမ်တဲ့စကားတွေကိုမခံချင်တဲ့ မမလေးရုန်ကနေအစပြုပြီး စားပွဲတင်းနစ်ဆော့ဖို့ ကစားသူတွေလိုက်လံစုဆောင်းတဲ့အခါမှာ ခေါက်ဆွဲဆိုင်က စာပေသမားတစ်ယောက်ရယ် ၊ မီးဖိုးချောင်ကခေါက်ဆွဲချက်တဲ့ စားဖိုမှူး‌တစ်ယောက်ရယ် ၊ သူခိုးလေးတစ်ယောက်ရယ် ၊ ဓားပြစုံတွဲ၂ယောက်ရယ်စားပွဲတင်တင်းနစ်လေ့ကျင့်ဖို့ဖြစ်လာပါတော့တယ် ။သူတို့တွေပေါင်းပြီး ဂျပန်တွေကို ပြိုင်ပွဲမှာ ဘယ်လိုတွေအနိုင်ယူသွားမလဲ ? သူတို့လိုအခုမှ စလေ့ကျင့်တဲ့ အသစ်လေးတွေက လက်ရွေးစင်ကစားသမားတွေကိုအနိုင်ယူသွားမလားဆိုတာ စိတ်ဝင်စားစွာဖြင့်လိုက်ပါကြည့်ရှုလိုက်ကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

Kung Fu Ping Pong ( 2024 )

Shaolin Popey II: Messy Temple ( 1994 ) 5.9
Shaolin Popey II: Messy Temple ( 1994 ) ကလေးဘဝတုန်းကအရမ်းသဘောကျခဲ့ရတဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ ရှောင်လင်ကိုယ်တော်လေးနှစ်ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။ စုစုပေါင်းသုံးကားရှိပြီး ပထမကားကိုတင်ဆက်ပေးပြီးဖြစ်ပါတယ် ၃ ကားလုံးကို ဒီလင့်မှာရှာလို့ရပါတယ်Shaolin Popey 2 က Shaolin Popey 1 နဲ့ အဓိက သရုပ်ဆောင်တွေတူပေမယ့် ဇာတ်လမ်းကတော့အဆက်အစပ်မရှိပါဘူး။ 2 မှာ ရှောင်လုံနဲ့ရှောင်ဝိန်တို့ဟာ ဝူးလုံကျောင်းကကိုယ်တော်လေးတွေပဲဖြစ်ကြတယ်။သူတို့ဟာ နေ့ဓဒူဝ ကျောင်းတော်မှာ ကွန်ဖူးလေ့ကျင့်ရင် ဝေရာဝစ္စတွေလုပ်ရင်းနေလာခဲ့ကြတယ်။ တစ်နေ့မှာတော့ ရှောင်လင်ကျောင်းနဲ့မိစ္ဆာဂိုဏ်းကြားက ရန်ငြိုးကြောင့် မိစ္ဆာဂိုဏ်းကလူသတ်သမားတစ်ယောက်ဟာ ဝူးလုံကျောင်းကိုလာပြီးလုပ်ကြံခဲ့တယ်။ လုပ်ကြံတာမအောင်မြင်တော့ မိန်းမလှလေးတစ်ယောက်ကို လွှတ်ပြီး ဟန်ဆောင်မြူစွယ်သိမ်းသွင်းဖို့ကြိုးစားလာခဲ့တယ်။ ကိုယ်တော်လေးရဲ့ကွန်ဖူးအစွမ်းနဲ့ မိစ္ဆာဂိုဏ်းရန်ကို ဘယ်လိုရှင်းကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။စုစုပေါင်းသုံးကားရှိပါတယ် 2 ကားတင်ဆက်ပြီးပြီဖြစ်လို့ နောက်ဆုံးပိုင်းကိုမကြာခင်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Reviewed By Nu Mon Encoded by LK
movie

Shaolin Popey II: Messy Temple ( 1994 )

Shaolin Popey I ( 1994 ) 6.4
Shaolin Popey I ( 1994 ) ကလေးဘဝတုန်းကအရမ်းသဘောကျခဲ့ရတဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ ရှောင်လင်ကိုယ်တော်လေးနှစ်ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။ နှစ်ရှည်လများကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် အကောင်းဆုံးရနိုင်တဲ့ DVD Quality ကိုပဲတင်ဆက်ပေးလိုက်ရပါတယ် ဇာတ်လမ်းကိုအများကြီးမိတ်ဆက်ပေးစရာလိုမယ်တော့မထင်ပါဘူးပြန်နွှေးပေးရရင်တော့ အထက်တန်းကျောင်းသားဘဝမှာ အလှဆုံးကျောင်းသူလေးကိုချစ်မိသွားတဲ့ကောင်လေးတစ်ယောက်နဲ့ ကျောင်းမှာအာဏာရှိတဲ့ခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်ကြားက ယှဉ်ပြိုင်ပွဲတစ်ခုအကြောင်းဖြစ်ပါတယ်။ မိသားစုခရီးထွက်ရင်း ကစားမက်တဲ့ကတုံးလေးကြောင့် အကြောင်းတိုက်ဆိုင်ပြီး ရှောင်လင်ကျောင်းမှာကွန်ဖူးသင်ခဲ့ရပြီးတော့ ကျောင်းမှာပြန်ပြီး ပညာပြတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။စုစုပေါင်းသုံးကားရှိပြီး ၃ ကားလုံးကို ဒီလင့်မှာရှာလို့ရပါတယ် Quality : DVDRip Format : mp4 Genres : Action , Comedy Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Reviewed By Nu Mon Encoded by LK
movie

Shaolin Popey I ( 1994 )

Doubao Magistrate ( 2024 ) 5.8
Doubao Magistrate ( 2024 ) ဒီတစ်ခါCMကတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့ ရှေးခေတ်ဟာသကားလေးပဲဖြစ်ပါတယ် ဇာတ်ကားလေးကတော့ ခရိုင်လူကြီးမင်းဖြစ်သူ ငယ်နာမည်သုန့်ပေါင်းခေါ် ယွီချင်းဖုန်းနဲ့ သုန့်ပေါင်းပြောနေကြဖြစ်တဲ့ နတ်သမီးရှုံးအောင်လှပရတဲ့ သူ၏ဇနီး ကျောက်ယွီဖုန့်တို့ရဲ့ ပျော်ရွှင်စရာမိသားစုအကြောင်းကို အဓိကထားပြီးရိုက်ကူးပြသပေးထားတာဖြစ်ပါတယ်သူတို့လင်မယားနှစ်‌ယောက်ကတော့ ကလေးယူချင်တဲ့စိတ်ကြောင့် ဇနီးဖြစ်သူနှင့် အလုပ်အချိန်ပိုဆင်းမယ်ဆိုတဲ့အချိန်မှာ ကြုံတွေ့ရမဲ့ဟာသအနှောက်ယှက်လေးတွေနဲ့ ခရိုင်လူကြီးမင်းဖြစ်သူက ပြဿနာပေါင်းသောင်းခြောက်ထောင်ကို စည်းစနစ်ကျကျ ဟာသနှောပြီး ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အမောပြေဟာသကားလေးတကားဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Xing Xing Encoded by LK
movie

Doubao Magistrate ( 2024 )

The Story of the Night Watcher ( 2023 ) 6
The Story of the Night Watcher ( 2023 ) ဒီတစ်ခါတင်ဆက်ပေးမယ့် ရုပ်ရှင်‌လေးကတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ မကောင်းဆိုးဝါးနှင်တဲ့ကား‌လေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းကို ပြောပြရမယ်ဆိုရင် ရှေးရှေးတုန်းက အိမ်ထဲမှာ ထီးမဆောင်းရတို့ ညဘက်မိုးကြီးတဲ့အချိန်ဆို သူစိမ်းတွေကိုတည်းခိုခွင့်မပြုရဆိုပြီး အစရှိတဲ့အယူအဆတွေရှိခဲ့ကြပါတယ် ဘာလို့လဲဆိုရင်တော့ မကောင်းဆိုးဝါးတွေကို အလွယ်တကူ အိမ်ထဲဝင်လို့ရစေနိုင်လို့ပါတဲ့ပြီးတော့ မသန်စွမ်းတဲ့ခေါင်မိုးပြင်လက်သမားတွေကို မစော်ကားရပါဘူးတဲ့ ဘာလို့လဲဆိုရင် သူတို့တွေက လူပန်း(လက်သမား)ကျိန်စာ တိုက်တတ်လို့ပဲဖြစ်ပါတယ် ဒီကားလေးကတော့ အဲ့လို အယူအဆတွေ အောက်လမ်းအတတ်တွေ အဆိပ်ပိုးကောင်အတတ်တွေ မတိမ်ကောသေးတဲ့ တရုတ်ပြည်သူ့သမ္မတနှစ်အစောပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အမှုကိစ္စတွေအကြောင်းကို နောက်ခံထားရိုက်ကူးထားတာပဲဖြစ်ပါတယ်အဲ့ဒီခေတ်အခါဆိုရင် ညဘက်ကင်းလှည့်ရတဲ့သူကတော့ သန့်စင်တဲ့ယန်ဓာတ်ပါတဲ့လူဖြစ်ရပါမယ် ဘာလို့ဆို အဲ့ဒီကင်းလှည့်သူတွေက မကောင်းဆိုးဝါးနှင်တဲ့အတတ်ကိုပါ တက်မြောက်ထားရပြီး ကင်းလှည့်ရင်း မကောင်းဆိုးဝါးတွေကိုပါ ဖမ်းရတာမို့လို့ဖြစ်ပါတယ် ရှန်ရှောင်ဟန်လို့ခေါ်တဲ့ လူငယ်လေးကတော့ သူ့ဆရာဆုံးပါးသွားပြီးနောက်မှ ာ သူ့ဆရာရဲ့တာဝန်ဖြစ်တဲ့ ကင်းလှည့်ပြီး မကောင်းဆိုးဝါးဖမ်းတဲ့အလုပ်ကို တာဝန်ယူရပါတယ်အဲ့နောက်မှာတော့ သူ့ဆီကို ဆရာဦးလေးဖြစ်သူကရောက်ရှိလာခဲ့ပြီး သူ့ဆရာချန်ခဲ့တဲ့ ဘုံကျောင်းအပျက်ကြီးထဲမှာ ဆေးခန်းဖွင့်ပြီး ရွာသားတွေကို ကုသပေးခဲ့ပါတယ် တစ်နေ့မှာတော့ သူတို့နေတဲ့လင်အိမ်တော်မြို့ရဲ့ လင်ယွင်ရွာလေးမှ ာ ညတွင်းချင်းမှာပင် လူပေါင်း(၁၀)ယောက်ကျော်ဟာ အကြောင်းရင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ပါတယ် အဲ့တော့ ဒီအမှုကို ဆက်လက်ဖော်ထုတ်ဖို့ကြိုးစားရာကနေ ဘယ်လိုကိစ္စတွေနဲ့ ဆက်နွယ်လာမှာလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ရာသီဥတုအေးအေးလေးလေးမှာ ကွေးကွေးလေးနဲ့ကြည့်ရှုခံစားလို့ရမယ့်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller Runtime : ...
movie

The Story of the Night Watcher ( 2023 )

[18+] Lover of the Last Empress (1995) 5.6
[18+] Lover of the Last Empress (1995) Lover of the Last Empress (1994)Chingmy Yau ကို တော်တော်များများ နာမည်နဲ့တွဲမသိကြရင်တောင် လူကိုရင်းနှီးပြီးသားဖြစ်နေမှာပါ။ သူဟာ ၁၉၈၀နှောင်းပိုင်းနဲ့ ၁၉၉၀ကာလ ဟောင်ကောင်ရုပ်ရှင်ရဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသမီးတွေထဲက တစ်ယောက်ဖြစ်ပြီး မက်ဂီချောင်တို့ ဘရစ်ဂစ်တီလင်းတို့ကိုတော့မမီပေမဲ့ သူတို့လောက်နီးနီးနာမည်ကြီးခဲ့တဲ့သူပါပဲ။ ဟောင်ကောင်ရဲ့ ထိပ်တန်းမင်းသားတွေဖြစ်တဲ့ ချောင်ယွန်ဖတ်ရဲ့ God of Gamblers Returns, စတီဖင်ချောင်ရဲ့ Lawyer Lawyer နဲ့ Royal Tramp I & II, ဂျက်ကီချမ်းရဲ့ City Hunter, ဂျက်လီရဲ့ Kung Fu Cult Master, အန်ဒီလောင်ရဲ့ Casino Tycoon, အာရွန်ကော့ရဲ့ Legend of the Liquid Sword တို့လိုကားတွေလည်းရိုက်ခဲ့သလို Naked Killer တို့လို Category III ...
movie

[18+] Lover of the Last Empress (1995)

1995
Future Cops (1993) 5.9
Future Cops (1993) Future Cops (1993)~ IMDb - 5.9/10, MyDramaList - 7.5/10 ~ဒီကားက တကယ်ဆို ငစားကား။ ဘယ်လိုစားသတုန်းဆို အာနိုးရဲ့ Terminator ကားလို စတိုင်ကိုမှ Dragon Balls တွေ၊ Street Fighters တွေ၊ Fantastic Four ထဲက Reed Richards, Hulk ဘာညာ သာရကာ အကောင်စုံ ပလောင်စုံ ထည့်ထားတယ်။ အချောင်အနေနဲ့ စတီဖင်‌ချောင်ပါ ပါပါသေးတယ်။ စခွက်ပြောင်ပြီး ရိုက်ထားတယ်ဆိုပေမဲ့ သရုပ်ဆောင်တွေကတော့ ပေါ့ပေါ့သေးသေးတွေ မဟုတ်ပါဘူး။ ဟောင်ကောင် ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးလို့တင်စားကြတဲ့ အိုင်ဒေါဘဲတွေဖြစ်တဲ့ အန်ဒီလောင်၊ အာရွန်ကော့၊ ဂျက်ကီချောင် နောက် သူတို့ထဲ ကားရိုက်အနည်းဆုံးဖြစ်တဲ့ လီယွန်လိုင် ဒီလေးယောက်စလုံးပါတယ်ပြောရမယ်။ ပထမသုံးယောက်ကတော့ အကောင်လိုက်ကြီး ဝင်ပေါကြပေမဲ့ လီယွန်လိုင်ကတော့ နာမည်နဲ့ပဲ ဝင်ပေါသွားတာပါ။ ...
movie

Future Cops (1993)

1993
The God of Cookery (1996) 7.3
The God of Cookery (1996) The God of Cookery (1996)~ IMDb - 7.3/10, Rotten Tomatoes - 86% ~ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးကနေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါတယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ ...
movie

The God of Cookery (1996)

1996
Fight Back to School (1991) 7.2
Fight Back to School (1991)  စတီဖင်ချောင်ရဲ့ ဒီဇာတ်ကားကတော့ IMDb Rating (7.2) ထိရရှိထားတဲ့ Action/Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။စတီဖင်ချောင်က ဒီဇာတ်လမ်းတွေထဲမှာ ရဲစုံထောက်။ Fight Back to School ဇာတ်လမ်းတွေက အမှုအထူးအဆန်းတွေကို စုံစမ်း ဖြေရှင်းရတာ။ ဒီလိုဖြေရှင်းတဲ့နေရာမယ် စတီဖင်ချောင်နဲ့သူ့တွဲဖက်နဲ့ ရဲညီနောင်တွေ တက်ညီလက်ညီ တလွဲတွေလုပ်ပုံကို သွက်သွက်လက်လက်တင်ဆက်ထားတာပါ။ဒီပထမဇာတ်ကားထဲမှာတော့ အမှုက ထူးဆန်းပါတယ်…ရဲမှူးကြီးရဲ့ ပစ္စတိုပျောက်သွားတာပါ (:P) သံသယရှိတဲ့နေရာက စာသင်ကျောင်းထဲဖြစ်နေတော့ နာမည်ကျော်စုံထောက် စတီဖင်ချောင်ကို သွားစုံစမ်းခိုင်းပါတယ်။ စာမသင်ချင်လို့ ရဲထဲဝင်လာတဲ့ စတီဖင်ချောင်တစ်ယောက် အထက်တန်းကျောင်းထဲ စာသွားသင်ရင်း ဘယ်လိုတွေစုံစမ်းမယ်ဆိုတာ…။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.to/category/stephen-chow/   မှာကြည့်လို့ရပါတယ်။  File size…(2.2 GB) and (1.1 GB) Quality….BluRay 1080p 5.1CH and 720p Format…mkv Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Hlaine ...
movie

Fight Back to School (1991)

1991
Justice, My Foot! (1992) 7.0
Justice, My Foot! (1992) Justice, My Foot ဇာတ်ကားဟာ ၁၉၉၂ ခုနှစ်ကထွက်ရှိထားတဲ့နှစ်ချို့ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။IMDb rating 7/10 ထိရရှိထားပြီး ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ ဟာသမင်းသားကြီး စတီဖင်ချောင်နဲ့Anita Mui တို့ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... Sung ဟာဘယ်လိုနည်းနဲ့ဖြစ်ဖြစ်အမှုအနိုင်ရအောင်လုပ်တက်တဲ့ကွမ်တုန်းနယ်က နာမည်ကြီးရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်လဲ သူ့သားသမီးတွေဟာ ဘေးရန်ကျရောက်ပြီး တစ်နှစ်မပြည့်ခင်မှာပဲ အသက်ဆုံးရှုံးရရှာပါတယ်။၁၃ယောက်မြောက်ကလေးသေဆုံးပြီးနောက်တော့ စိတ်ပျက်ပြီး အလုပ်မှနားကာ ရေနွေးကြမ်းဆိုင်ဖွင့်လိုက်ပါတော့တယ်။ဒါပေမယ့် မစွန့်လွှတ်နိုင်တဲ့ဝါသနာအရ မိန်းမတစ်ဦးရဲ့ခင်ပွန်းအသတ်ခံရတဲ့အမှုတစ်ခုကိုပါဝင်ပက်သက်မိရာက........နောက်ကွယ်ကနေ အမှုမှန်ဖုံးကွယ်ဖို့ကြိုးစားနေတဲ့အရာရှိတွေနဲ့ ထိပ်တိုက်တွေ့လာသောအခါ...။ဇာတ်လမ်းစဆုံး စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် comedy,drama ဇာတ်ကားကောင်းလေးပါ။++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.to/category/stephen-chow/ မှာကြည့်လို့ရပါတယ်။  File size…(2.2 GB) and (1 GB) Quality….BluRay 1080p 5.1CH and 720p Format…mkv / mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ei Pyae  
movie

Justice, My Foot! (1992)

1992
Can’t See Me Love You ( 2018 ) 5
Can’t See Me Love You ( 2018 ) ဒီကား​လေးဟာchinese bဝx officeမှာ $326131​ကျော်​ဝင်​​ငွေရရှိထားတဲ့ 2018ထွက်​ဇာတ်​ကား​ကောင်း​လေးတစ်​ပုဒ်​ဖြစ်​ပါတယ်​..ဟယ်​ရီးရီးဆိုတဲ့​ကောင်​မ​လေးတစ်​​ယောက်​ဟာမျက်​ကြည်​လွှာအစားထိုးကုသပြီး​နောက်​မှာသရဲတစ်​​ကောင်ကိုမကြာခဏမြင်​​တွေ့​နေရပြီး​ခြောက်​လန့်​ခံ​နေရပါတယ်​...ဒီလိုနဲ့ပ​ယောဂဆရာမ​ကျောက်​နဲ့သူ့အဖွဲ့သားလျန်​ချိန်​နဲ့ယိထျန်း​တို့ရဲ့ စစ်​​ဆေးချက်​အရဒီသရဲဟာ သူ့ရဲ့မျက်​လုံးကိုရီးရီးဆီကပြန်​လာ​တောင်း​နေတယ်​ဆိုတာသိလိုက်​ရတဲ့အခါ...ရီးရီးရဲ့ညီမ စန်းစန်းနဲ့ သူ့ချစ်​သူဝမ်​ယွမ်​တို့နှစ်​​ယောက်​ ဒီသရဲရဲ့​နောက်​ကွယ်​ကအ​ကြောင်းအရာ​တွေကိုလိုက်​လံစုံစမ်းရင်းဘာ​တွေသိလာရမလဲ...ဘယ်​လိုလှည့်​ကွက်​မျိုး​တွေရှိ​နေတာလဲ ...ဇာတ်​ကားတစ်​ခုလုံးကိုစိတ်​ဝင်​စားဖွယ်​ကြည့်​ရှုရမှာဖြစ်​ပါတယ်​ Translated & Review By Phyo ZawEncoded By LK
movie


2019
The Flirting Scholar (1993) 7.6
The Flirting Scholar (1993) IMDb Rating (7.6) ထိ ရရှိထားတဲ့ မင်းသားကြီး စတီဖင်ချောင်ရဲ့ Epic ဇာတ်ကားတစ်ကားပါ။မင်းသမီးကလဲ ဂေါင်လီဆိုတော့ ကြည့်သင့်နေပြီဆိုတာ သေချာပါတယ်။စာပေအနုပညာအရာမှာ သူမတူအောင် ထူးချွန်သူ စတီဖင်ချောင်ဟာ သူ့ခေတ်မှာပေါ်ထွန်းတဲ့ ပညာရှိ ၄ ယောက်ထဲက အကျော်ကြားဆုံး ပညာရှင်ပါ....လူတိုင်းက သူ့ကို လေးစားအားကျရလောက်အောင် မိန်းမကလဲ ၈ ယောက်တောင် ရှိပါတယ်။ဒါပေမယ့် အရမ်းကို နက်နဲတဲ့ သူ့ဘဝကို တော်ယုံလူက မစာနာတတ်ဘဲ လိုတိုင်းရဘဝလို့ ထင်ကြပါတယ်။သူ့မှာ အဓိက လိုအပ်နေတာ တစ်ခုရှိပါတယ်...ချစ်ခြင်းမေတ္တာပေါ့။မိန်းမ ၈ ယောက်နဲ့ မလုံလောက်တဲ့ သူ့အချစ်တွေ ဘယ်သူ့ဆီမှာ ကျရှုံးမလဲဆိုတာ........။အသေရီရတဲ့ ဇာတ်ကားပါ...တစ်ချိန်လုံး သွားမစေ့ရပါဘူး။သူ့ရဲ့ ဟာသဖန်တီးနိုင်စွမ်းကို ဒီဇာတ်ကားမှာ တစ်ချိန်လုံးမြင်နေရပါတယ်..အသေးအဖွဲလေးတွေက အစ ရီရဖို့ လက်လွတ်မခံထားပါဘူး။ဟာသရသ မကျန်ရစ်ရအောင် စာသံကဗျာသံတွေမှာလဲ အတတ်နိုင်ဆုံး ဆက်စပ်ပြီး ဘာသာပြန်တင်ဆက်ထားပါတယ်။ခံစားအားပေးကြပါဦး။  File size…(999 MB) and (470 ...
movie

The Flirting Scholar (1993)

1993
Always Be with You (2017) 6.4
Always Be with You (2017) ​သေငယ်​​ဇောဖြစ်​နေတဲ့အချိန်​မှာအစွဲအလမ်းတစ်​ခုဆိုတာဟာသိပ်​ကို​ကြောက်​ဖို့​ကောင်းပါတယ်​ဒီဇာတ်​ကား​လေးထဲမှာ​တော့သရဲဆိုတာထက်​အစွဲအလမ်း​ကြောင့်​ဖြစ်​ရတဲ့ဝိညာဉ်​ဆိုတာကိုအသား​ပေးရိုက်​ပြထားပါတယ်​ဇာတ်​လမ်းအကျဉ်း​လေးက​တော့ တစ်​ရက်​ လမ်း​ထောင့်​​တစ်​​နေရာမှာအမူးလွန်​မဆင်​မခြင်​​မောင်းနှင်​တဲ့​ရောဂါကျွမ်းအမူးသမား​ကြောင့်​ဆိုးဝါးတဲ့အက်​ဆီးဒင့်​တစ်​ခုဖြစ်​ပွားခဲ့ပါတယ်​အဲ့ဒီအက်​ဆီးဒင့်​မှာ အ​ဆောက်​အဦး​ပေါ်က​နေခုန်​ချသတ်​​သေသွားတဲ့အမျိုးသမီးတစ်​​လောင်းရယ်​ ​စေ့စပ်​ထားတဲ့လက်​ထပ်​ခါနီးသတို့သား​လောင်းရယ်​ နာမည်​ကြီးခါစ​အဆို​တော်​မ​လေးတစ်​​ယောက်​ရယ်​ ပါသွားခဲ့ပါတယ်​ ​သူတို့ရဲ့ဝိညာဉ်​​တွေဟာ မကျွတ်​လွတ်​ဘဲသက်​ဆိုင်​ရာ​နေရာ​တွေမှာရှိ​နေခဲ့ပါတယ်​ ဒီအက်​ဆီးဒင့်​ကိုမျက်​မြင်​ကြုံခဲ့ရတာက​တော့စုံ​ထောက်​လင်​မယားနှစ်​​ယောက်​မိသားစုပါ​နောက်​ပိုင်း​ကော ဒီအမှုက​နေဘာ​တွေဆက်​ဖြစ်​ကြမလဲစုံ​ထောက်​လင်​မယားနှစ်​​ယောက်​​ကောဘယ်​လိုမထင်​မှတ်​ထားတဲ့ထူးဆန်းတာ​တွေကြုံကြမလဲသတို့သား​လောင်းရဲ့​စေ့စပ်​ထားတဲ့​ဒေါက်​တာမ​လေးခမျာ​ကောပူ​ဆွေး​သောကဘယ်​​လောက်​​တောင်​ဂရုဏာသက်​ဖွယ်​ကြုံရမလဲ ဆိုတဲ့ဇာတ်​ကွက်​​တွေနဲ့အတူ ဇာတ်​လမ်းရဲ့အဓိကအလှည့်​အ​ပြောင်း​လေးကို​တော့ဇာတ်​သိမ်းပိုင်းကျမှနားလည်​သ​ဘော​ပေါက်​ကြမှာမို့ပြီးတဲ့အထိမျက်​​တောင်​တစ်​ချက်​မခတ်​ဘဲနဲ့အား​ပေးကြရ​အောင်​လားဗျာမျက်​​တောင်​ခတ်​မိရင်​လည်း​ပြန်​ကြည့်​ကြပါလို့စ်​...ငိငိ File Size : (850 MB) and (320 MB) Quality : Blu-Ray 720p Running Time : 1hr 38min Format : Mp4 Genre :Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p BluRay x264-WiKi Translated by Pyae Xeinn Sett Encoded by Thanhtike Zaw
movie

Always Be with You (2017)

2017
Forbidden City Cop (1996) 7.1
Forbidden City Cop (1996) IMDb Rating (7.1) ထိ ရရှိထားတဲ့ စတီဖင်ချောင် ဟာသဇာတ်ကားပါ။ဇာတ်ကြောင်းကတော့..လင်လင်ဖတ်ဟာ ဘုရင့်ကိုယ်ရံတော်ဂိုဏ်းက တီထွင်ပါရဂူဖြစ်ပေမယ့်ထိပ်တန်းသိုင်းပညာရှင်တွေကြားထဲမှာ သူ့ကို ဂေါက်သီးတစ်ယောက်လို့ပဲထင်ခံရသူပါ။ဂေါက်သီးတို့ထုံးစံအတိုင်း ဘုရင့်ရှေ့မယ် တလွဲတွေလုပ်ပြမိတာကြောင့်ဘုရင်ရဲ့ အမျက်တော်ရှပြီး နေပြည်တော်ကနေ မောင်းထုတ်ခံရပါတယ်။လင်လင်ဖတ်ဟာ ပေါ့သေးသေးဂေါက်သီးမဟုတ်တဲ့ တီထွင်ပါရဂူတစ်ယောက်ဖြစ်နေပေမယ့်ဘုရင်တို့ထုံးစံအတိုင်း ပညာရှိကို အထင်မကြီးတာကြောင့် မင်းနေပြည်တော်ကနေ လစ်သွားပြီး OG ဆရာဝန်သွားလုပ်နေပါတယ်။အခါတစ်ပါးမှာတော့ ဂန်နိုင်ငံက မျက်နှာမရှိ/မျက်နှာများ သိုင်းပညာအုပ်စုက ရှင်ဘုရင်ကို လုပ်ကြံဖို့ ကြံစည်ပါတယ်။ဒါကို ဘုရင့်ကပ်ပါးလျက်ဖားတွေက လူမိုက်တို့ထုံးစံအတိုင်း မဆင်မခြင် မြှောက်ထိုးပင့်ကော်လုပ်တာကိုရှင်ဘုရင်ဟာလဲ ဘုရင်တို့ထုံးစံအတိုင်း လူမိုက်စကားနားယောင်ပြီး ဂန်နိုင်ငံကလှည့်ကွက်ထဲ တန်းတန်းကြီးဝင်သွားပါတော့တယ်။ဒါကို လင်လင်ဖတ်တစ်ယောက် သူ့ရဲ့ တီထွင်ဥာဏ်စွမ်းတွေနဲ့ ဂေါက်သီးတို့ထုံးစံအတိုင်း သွားကယ်မလားဆိုတာကတော့....။  File Size…(900MB) and (290MB)Quality…BluRay 720p Format…mp4 Duration…01:31:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung Translated by Pyae Xeinn Sett
movie

Forbidden City Cop (1996)

1996