Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Kang-woo
5.6
High Society (2018)
High Society (2018)(ကိုရီးယား Drama က မင်းသားမင်းသမီးကြီးတွေပါဝင်ပေမယ့် +18 အခန်းများလဲပါဝင်တာမို့ မိသားစုနဲ့ကြည့်ရှုရန် မသင့်တော်ပါ)လိုချင်တပ်မက်မှုဆိုတဲ့ စိတ်ခံစားချက်ကို အလိုလိုက်ခဲ့မိလို ဘဝဒုက္ခပင်လယ်ဝေခဲ့ရတဲ့သာဓကတွေကို ပရိသတ်ကြီးတို ကြားဖူးမြင်ဖူးနေကျဖြစ်မှာပါ ဒီ High Society ဆိုတဲ့ဇာတ်ကားကလည်း ဂုဏ်သရေရှိ လူထုအသိုင်းအဝိုင်းထဲဝင်ဆံ့ချင်ပြီး ရာထူးအာဏာကို မက်မောမိလို့ စိတ်အလိုလိုက်ခဲ့ကြတဲ့ လင်မယားနှစ်ယောက်ရဲ့ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ဂျန်ထယ်ဂျွန်းဟာ စီးပွားရေးမေဂျာသင်ကြားပြသတဲ့ တက္ကသိုလ်ကျောင်းဆရာတစ်ဦးဖြစ်ပြီး သူ့အတန်းချိန်ဆို နေရာလွတ်ဆိုတာ မမြင်ရလောက်တဲ့အထိ မေဂျာပေါင်းစုံက ကျောင်းသားပေါင်းစုံလာတတ်ကြတဲ့ နာမည်ကြီးပါမောက္ခတစ်ဦးပါ နိုင်ငံရေးဆိုင်ရာအကြောင်းအရာတွေကို ဝါသနာထုံပြီး နိုင်ငံရေးလောကထဲ ခြေဆန့်ဖို ကြိုးစားနေတဲ့သူပါအိုဆူယွန်းကတော့ မီရယ်ယဉ်ကျေးမှုစင်တာမှာ လက်ထောက်ဒါရိုက်တာတာဝန်ကို ထမ်းဆောင်နိုင်ပြီး ဒါရိုက်တာရာထူးကို တပ်မက်နေတဲ့သူပါ ကိုယ်စီလိုအင်ဆန္ဒတွေနဲ့ လင်မယားနှစ်ယောက်ဟာ ဖြစ်ချင်တဲ့ဆန္ဒလမ်းကို လမ်းလျှောက်ဖို အလင်းတန်းပေါ်လာချိန်မှာ လောဘရှေ့တန်းတင်ကာ ရတဲ့အခွင့်အရေးကို ဖမ်းဆုပ်ရင်း လောဘနွံထဲတိုးဝင်ကြပါတော့တယ်တစ်ဖက်မှာလည်း သူတိုအလုပ်ဝင်လုပ်နေတဲ့ အဖွဲအစည်းကြီးတွေဟာ အကျင့်ပြခြစားမှုများစွာရှိပြီး ငွေမည်းခဝါချမှုတွေအပြင် ပြည်သူ့အသက်ကို ခုတုံးလုပ်ဖိုဝန်မလေးကြပါဘူး....... မကောင်းမှုတွေကြီးစိုးနေတဲ့အမှောင်ထုထဲမှာ လင်မယားနှစ်ယောက် ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို ကြည့်ရှုရမယ့်အပြင် မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့လူ့သဘာဝ လောဘရဲ့နိဂုံး မိမိကိုယ်ကို ပြန်ကယ်တင်လိုရတဲ့နည်းလမ်းတွေကိုပါ ပရိသတ်ကြီးတို Message ...
movie
High Society (2018)
2018
6.3
Tabloid Truth (2014)
Tabloid Truth 2014ကောလဟာလသတင်း ဆိုတာ နာမည်ကြီးသူတွေရဲ့နယ်ပယ်မှာ သေစေနိုင်လောက်တဲ့ လက်နက်တစ်ခုဆိုတာ အသေအချာပါအခုလို အိုင်တီအင်တာနက် တွင်ကျယ်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာတော့ ဘာပြောကောင်းမလဲ လက်ချောင်းလေးတွေ ဖွဖွ လှုပ်ရှားလိုက်ရုံနဲ့တင် လူတစ်ယောက်ရဲ့ဘဝကို ဖြိုလဲနိုင်သလို ကောင်းစားစေနိုင်တာပေါ့ဒီဇာတ်ကားလေးထဲမှာတော့ ''Tipsheet''လို့ ခေါ်တဲ့ လျှို့ဝှက်အီးမေးလ်သတင်းတိုတွေအကြောင်းနဲ့ နိုင်ငံရေးလောကကြား အရှုပ်တော်ပုံ...လက်နက်တစ်ခုလို အချိန်မရွေး အသက်သေ ...အသက်မသေတောင် ဘဝသေစေနိုင်တဲ့ ကောလဟာလသတင်းတွေရဲ့ ကြောက်စရာကောင်းပုံကို ရိုက်ကူးပြသထားပါတယ်အောင်မြင်မှုအတွက် အောက်ခြေကစပြီး အလုပ်ကြိုးစားရုန်းကန်ခဲ့တဲ့ တက်သစ်စသရုပ်ဆောင် ချွဲမီဂျင်နဲ့ မန်နေဂျာ အီအူဂွန်း...တစ်နေ့ တရိပ်ရိပ် အောင်မြင်နေပြီဖြစ်တဲ့မီဂျင်တစ်ယောက် လွှတ်တော်အမတ်နမ်ဂျောင်အင်နဲ့ ဇာတ်လမ်းဖြစ်ခဲ့ကြတယ်ဆိုတဲ့ မကောင်းသတင်းထွက်လာပြီး...အဲ့သတင်းကြောင့် မီဂျင်သေကြောင်းကြံစည်ခဲ့တော့ မီဂျင်ရဲ့ မတရားမှုကို ကလဲ့စားချေဖို့ မန်နေဂျာဖြစ်တဲ့ အူဂွန်က သတင်းဖြစ်ပေါ်လာရတဲ့ နောက်ကွယ်က လူတွေကို ဖော်ထုတ်စုံစမ်းတဲ့အခါ...ကဲ ဒီဇာတ်ကားထဲမှာ မျက်တောင်မခတ်စတမ်း ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ...
movie
Tabloid Truth (2014)
5.8
Guimoon: The Lightless Door ( 2021 )
၁၉၉၀ခုနှစ် လူသတ်မှုဖြစ်ပြီး နောက်ပိုင်း ထူးဆန်းစွာ လူတွေဆက်တိုက်သေနေလို့ပိတ်လိုက်ရတဲ့ ဂွီဆာရီ စင်တာအဆောက်အဦးကြီး ၁၉၉၆ခုနှစ်မှာထိုအဆောက်အဦးကို ဗီဒီယိုပြိုင်ပွဲဝင်ပြိုင်ဖို့ လာစူးစမ်းကြတဲ့ ဟေယောင်းတို့သူငယ်ချင်းသုံးယောက် ထို အဆောက်အဦးကြီးက မကျွတ်မလွတ်သေးတဲ့ဝိညာဉ်တွေကိုနှိမ်နှင်းဖို့လုပ်ရာမှ သေဆုံးသွားတဲ့ အမေဖြစ်သူရဲ့ ကျန်ရစ်ခဲ့တဲ့ တာဝန်တွေကိုဒိုဂျင်းတစ်ယောက် ပရလောကနဲ့ လူ့လောကဆုံရာမှာ တည်ရှိနေတဲ့ဂွီဆာရီစင်တာထဲ မိခင်ရဲ့ဒေါသတွေပြေလျော့စေဖို့ ကျန်ရစ်တဲ့ တာဝန်တွေဆက်လုပ်ဖို့ပရလောကဝင်ပေါက်မှတဆင့် ပရလောကထဲ ဝင်ရောက်သွားတဲ့အခါမှာရော ဘာတွေဖြစ်မလဲ မိခင်ရဲ့ တာဝန်တွေကို ပြီးပြတ်အောင်လုပ်နိုင်ခဲ့မလားဝင်သွားတဲ့လူတိုင်း ပြန်ထွက်မလာကြတော့လို့ ပရလောသို့ဝင်ပေါက်ဟုနာမည်ကြီးနေတဲ့ ဂွီဆာရီစင်တာထဲ ဝင်ရောက်သွားတဲ့ ဒိုဂျင်းတစ်ယောက်ပြန်လည်လွတ်မြောက်နိုင်ပါ့မလား ၁၉၉၆ခုနှစ်ကတည်းကနေ အခုထိဂွီဆာရီစင်တာထဲမှာ ပိတ်မိကာ တဝဲလည်လည်ဖြစ်နေတဲ့ ဟေယောင်းတို့သူငယ်ချင်းသုံးယောက်ကရော ပြန်လည်လွတ်မြောက်နိုင်ပါ့မလား Quality : WEB-DL 1080pFormat : mp4During : 1h 25minGenres : MysterySubtitle : Myanmar Subtitle ( Hardsub )Translated By OakkarEncoded By ...
movie
Guimoon: The Lightless Door ( 2021 )
5.9
Doomsday Book (2012)
[Unicode]ဒီဇာတ်ကားလေးကတော့ Korean science fiction anthology film အမျိုးအစားလေးဖြစ်ပြီး လူသားတွေရဲ့ပျက်စီးခြင်းသဘောတရားကို ဇာတ်အိမ်သုံးမျိုးနဲ့ချပြထားတဲ့ကားလေးဖြစ်ပါတယ်The Brave new World: ဇွန်ဘီတွေပါဝင်နေတဲ့လောကကြီးThe Heavenly Creature: စက်ရုပ်လေးတစ်ရုပ်ရဲ့ လူသားနဲ့မခြားနားတဲ့ အသိတရားပိုင်ဆိုင်ထားခြင်းHappy Birthday: ကမ္ဘာပျက်ကိန်းကြုံခါနီးအချိန် မိသားစုတစ်စုရဲ့ဆန်းကြယ်တဲ့ဖြစ်ရပ်ကြားက အသက်ရှင်ကျန်မှုမတူညီတဲ့ဇာတ်အိမ်သုံးမျိုးနဲ့ မတူညီတဲ့စိတ်ခံစားမှုတွေကိုခံစားရစေမှာပါ( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) [Zawgyi]ဒီဇာတ်ကားလေးကတော့ Korean science fiction anthology film အမျိုးအစားလေးဖြစ်ပြီး လူသားတွေရဲ့ပျက်စီးခြင်းသဘောတရားကို ဇာတ်အိမ်သုံးမျိုးနဲ့ချပြထားတဲ့ကားလေးဖြစ်ပါတယ်The Brave new World: ဇွန်ဘီတွေပါဝင်နေတဲ့လောကကြီးThe Heavenly Creature: စက်ရုပ်လေးတစ်ရုပ်ရဲ့ လူသားနဲ့မခြားနားတဲ့ အသိတရားပိုင်ဆိုင်ထားခြင်းHappy Birthday: ကမ္ဘာပျက်ကိန်းကြုံခါနီးအချိန် မိသားစုတစ်စုရဲ့ဆန်းကြယ်တဲ့ဖြစ်ရပ်ကြားက အသက်ရှင်ကျန်မှုမတူညီတဲ့ဇာတ်အိမ်သုံးမျိုးနဲ့ မတူညီတဲ့စိတ်ခံစားမှုတွေကိုခံစားရစေမှာပါ( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) File size__( ...
movie
Doomsday Book (2012)
6.6
The Vanished ( 2018 )
အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့စပိန်ဇာတ်ကား The Body ကို ပြန်လည်ရိုက်ကူးထားတဲ့psychological thriller အမျိုးအစားရုပ်ရှင်လေးပဲဖြစ်ပါတယ်။ထက်မြက်လှပပြီး ကြွယ်ဝချမ်းသာမှုတွေကိုပိုင်ဆိုင်ထားတဲ့ဘာရွန်ဆေးဝါးကုမ္ပဏီရဲ့ ဥက္ကဌ ယွန်းဆိုဟီး(Kim Hee-ae)ဟာရုတ်တရက် သေဆုံးသွားခဲ့ပြီးသူမရဲ့အလောင်းဟာ ထူးဆန်းစွာပျောက်ဆုံးခဲ့ပါတယ်။ပတ်ဂျင်ဟန်( Kim Kang-woo )ဟာ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီးဇနီးသည်ယွန်းဆိုဟီးရဲ့ဆေးဝါးကုမ္ပဏီမှာလည်း မန်နေဂျင်းအဖြစ် လုပ်ကိုင်နေသူပါ။ဇနီးသည် ယွန်းဆိုဟီးရဲ့အလောင်း ပျောက်ဆုံးခဲ့ပြီးနောက်မှာတော့လူတိုင်းအားကျနေရတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့သူတို့စုံတွဲရဲ့နောက်ကွယ်က အိမ်ထောင်ရေးအရှုပ်အရှင်းတွေနဲ့အတူယွန်းဆိုဟီးရဲ့ သေဆုံးမှုနောက်ကွယ်ကခင်ပွန်းသည်ရဲ့လုပ်ကြံဆောင်ရွက်မှုတွေကို ပရိသတ်ကြီးရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ဒါ့အပြင် အောင်မြင်ချမ်းသာပြီး လူတိုင်းအားကျရတဲ့သူဌေးစုံတွဲရဲ့လျှို့ဝှက်ထားတဲ့အကြောင်းအရာတွေကိုဖော်ထုတ်ရင်းစုံထောက် ဝူဂျောင်ရှစ်( Kim Sang- Kyung)တစ်ယောက်သူ့ချစ်သူရဲ့ပျောက်ဆုံးမှုအကြောင်းအရင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ဖော်ထုတ်သွားမလဲဆိုတာကိုပါ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာမို့ဇာတ်လမ်းအဆုံးအထိ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ထိတ်လန့်ဖွယ်ရာသည်းထိတ်ရင်ဖိုကားလေးတစ်ကားကိုလက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်နော်ဇာတ်ကားထဲမှာပါဝင်တဲ့သူတွေကတော့ယွန်းဆိုဟီးအဖြစ် အခုလက်ရှိ The world of married coupleဇာတ်လမ်းနဲ့ နာမည်ကြီးနေတဲ့ မင်းသမီး Kim Hee-aeပါမောက္ခ ပတ်ဂျင်ဟန်အဖြစ် Kim Kang-wooစုံထောက် ဝူဂျောင်ရှစ်အဖြစ် Kim Sang- Kyung တို့က အဓိကပါဝင်ထားကြပါတယ်။ပရိသတ်အားပေးမှုရရှိထားတဲ့ ဇာတ်ဆောင်တွေရဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ လျှို့ဝှက်သည်းဖိုဇာတ်လမ်းကောင်းလေးဖို့ကြည့်ဖြစ်အောင်ကြည့်ဖို့ မမေ့နဲ့နော်။ Translated ...
movie
The Vanished ( 2018 )
6.6
The Gifted Hands (2013)
ဒီကားလေးကတော့ IMDB 6.6 ရရှိထားတဲ့ Sci-Fi ကားကောင်းလေးတစ်ကားလဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့စုံထောက်ယန်ဟာ အယောင်ဆောင်ကုမ္ပဏီတစ်ခုနဲ့ပတ်သတ်မိပြီး အပိုငွေရှာခဲ့မိတဲ့အတွက် အထက်လူကြီးတွေရဲ့ ငြိုငြင်မှုကို ခံနေရတဲ့ရဲတစ်ယောက်ပါ အလုပ်လုပ်တာညံ့ဖျင်းတဲ့အတွက်လည်း အထင်သေးခံနေရပါတယ်။ တစ်နေ့မှာတော့ ကလေးမိခင်တစ်ယောက်ဟာ သူမကလေးပျောက်ဆုံးနေတဲ့အတွက်တိုင်ကြားဖို့ ရဲစခန်းကို ရောက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်းရဲတွေက ကလေးပျောက်ဆုံးနေတာကို အရေးတယူဆောင်ရွက်ခဲ့တာမျိုး မလုပ်ခဲ့ပါဘူး။ သုံးပတ်လောက်အကြာမှာတော့ ပျောက်ဆုံးနေတဲ့ကလေးငယ်အလောင်းကို လူငယ်တစ်ခုကမမျှော်လင့်ပဲ တွေ့ရှိခဲ့ပါတော့တယ် အဲ့ဒီအချိန်မှာတော့ ပြည်သူတွေကရဲတွေကို ပြင်းပြင်းထန်ထန်အပြစ်ပြောဆိုလာပါတော့တယ်။ ကင်ဂျွန်ဆိုတဲ့ ဂရက်ဖက်တီသမားတစ်ယောက်ဟာ အခင်းဖြစ်ပွားတဲ့နေရာကို ဂရက်ဖက်တီနဲ့ပုံဖော်ပြီး ပန်းချီဆွဲခဲ့ပါတယ် ဒါကို ယန်ကမမျှော်လင့်ပဲသိရှိသွားပြီး ကင်ဂျွန်ကိုစုံစမ်းစစ်ဆေးမှုတွေလုပ်ပါတော့တယ်။ စုံစမ်းနေတုန်းမှာပဲ ဒါဟီးလို့ခေါ်တဲ့ ကလေးငယ်တစ်ယောက်ထပ်ပြီးပျောက်ဆုံးသွားပါတော့တယ်။ စုံထောက်ယန်ကရော ဒီအမှုကို ဘယ်လိုဆက်လက်ပြီးစုံစမ်းဖော်ထုတ်မလဲ ကင်ဂျွန်ကရော အခင်းဖြစ်ပွားတဲ့နေရာကို ဘယ်လိုဖြစ်ပြီးရဲတွေထက်အရင် သိနေရတာလဲ တရားခံအစစ်ကရော ယန်ထင်နေတဲ့ ကင်ဂျွန်လား တခြားသူတစ်ယောက်လား? သမီးငယ်လေး ဒါဟီးကိုရော ယန်ကအသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်မလားဆိုတဲ့ ခံစားချက်အစုံအလင်ကို ပေးစွမ်းနိုင်တဲ့ ရုပ်ရှင်ကားတစ်ကားပါ သဲထိတ်ရင်ဖို ကြိုက်တဲ့ CM fan တွေအနေနဲ့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနှင့်ဘာသာပြန် သူကတော့ Yuki Aurora ဖြစ်ပီ Arkar Phyo မှ Encoded လုပ်ပေးထားပါတယ်။) (မှတ်ချက် - 720 ဖြစ်တာမို့ small နဲ့မတင်ပေးထားပါဘူး ...
movie
The Gifted Hands (2013)
2013
6.1
Mr. Go (2013)
အသက်၁၅နှစ်ပဲရှိသေးတဲ့ ဆပ်ကပ်ဆရာမလေးwei weiဟာ သူ့အဖိုးဆုံးပါးသွားတဲ့အချိန်မှာ ဆပ်ကပ်ကနေဂေါ်ရီလာLing Lingနဲ့ အတူထွက်လာပါတော့တယ် သူ့အဖိုးဟာဘေ့စ်ဘောကိုအရမ်းကြိုက်တဲ့သူဖြစ်ပြီး Ling Lingကိုလည်းနေ့စဉ်လေ့ကျင့်ပေးခဲ့ပါတယ် အဲ့တာတွေကြောင့်ပဲLing Lingရဲ့ဘေ့စ်ဘောရိုက်ချက်တွေဟာ လူတကာမျက်စိကျစရာဖြစ်လာပါတော့တယ် တကယ်လက်တွေ့သမား အေးဂျင့်Sung Chung Suဟာသိသိချင်းပဲ တောင်ကိုရီးယားရဲ့မေဂျာလိဂ်မှာဝင်ကစားစေခဲ့ပါတယ် အောင်မြင်ဖို့မပြောနဲ့ ပုံမှန်နေရာရဖို့တောင်မလွယ်ကူခဲ့ပါဘူး တကယ့်မေ၈ျာလိဂ်ကြီးမှာLing Lingနဲ့သူ့အုပ်ထိန်းသူWei weiတို့နေရာတစ်နေရာကို ရပါမလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်ဗျ ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ ThinZar Htet ဖြစ်ပြီး အညွှန်းကို စည်သူ မှ ရေးပေးထားပါတယ်
movie
Mr. Go (2013)
2013