Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kevin Pollak
6.5
Hostage (2005)
ဒီကားကတော့ မင်းသားကြီး Bruce Willis ကို နာမည်ကြီး လာစေတဲ့ ကားတွေထဲက တစ်ကားပါပဲဒီကားထဲမှာလည်း သူရဲ့ သရုပ်ဆောင်နေကျ ဇာတ်ကောင်အတိုင်း အမှု့စစ်ရဲအရာရှိဟောင်း တစ်ယောက် အဖြစ်ပါ၀င်ထားပါတယ်ဇာတ်လမ်းကတော့ မိသားစုတစ်စု ဓားစာခံအဖြစ် ဖမ်းဆီးခံရပြီး သူကိုယ်တိုင်က ရဲမှုးဟောင်းဆိုတော့ အရှုပ်အရှင်းကြားထဲ ၀င်ပါမိတာပေါ ့အဲ့ကနေ ဇာတ်လမ်းစတာပါပဲ... သူ့မိသားစုကိုပါ လူဆိုးတွေက ပြန်ပေးဆွဲသွားတဲ့နောက် ....သူ့အနေနဲ့ မိသားစုကို ကယ်မလား မသိတဲ့သူစိမ်းတွေကို ကယ်မလား...ခပ်မိုက်မိုက်လေးကြည့်ရှု့ရမှာဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ mark ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:54:00 Genre_Action, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie
Hostage (2005)
7.7
A Few Good Men (1992)
A Few Good Men(1992) IMDb.....7.7,,,,,Rotten.....82% Rules of Engagementဆိုတဲ့ စစ်ကား ကိုတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်တယ်...အဲ့လိုကားမျိုးကို သဘောကျတဲ့ဆိုရင်တော့ ဒီကားကိုကြည့်သင့်တယ်.....ဒီကားက နယ်ခြားစောင့်စစ်တပ်မှာ စစ်သည်တစ်ယောက်သေဆုံးတဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ပြီးရိုက်ကူး ထားတယ်....စစ်သည်အချင်းချင်းအပြစ်ပေးရာကနေ မတော်တဆသေဆုံးသွားတယ်.... ဒီအမှုကို ကိုင်တွယ်ဖို့ စစ်တရားရုံးရှေ့နေအဖြစ် Tom Cruise ကိုတာဝန်ပေးခြင်းခံရတယ်...ဒီကားက ကျွန်တော်ကြည့်ခဲ့တဲ့ စစ်ကားထဲမှာ အကောင်းဆုံးစာရင်းဝင်လို့တောင်ပြောလို့ရတယ်..အယ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတဲ့ကားတော့မဟုတ်ဘူး....သို့ပေမယ့် စကားလုံးတွေနဲ့ စွမ်းအားကတော့ လက်နက်ကြီးထက်ပြင်းထန်ပုံရတယ်... ဇာတ်လမ်းက စစချင်းကိုဆွဲဆောင်မှုရှိတယ်....ကျွန်တော်ပြောရင် Spoiler ဖြစ်သွားမှာစိုးလို့ ခံစားကြည့်လိုက်ပါဦး....ဒီကားရဲ့ ဒိုင်ယာလော့တွေကို အတတ်နိုင်ဆုံး အလှပဆုံး မြန်မာမှုပြုပေးတဲ့ ဘာသာပြန်ကတော့ Ko Ye Pye Sone ပါ.... IMDbရော Rotten ရော အမြင့်ဆုံးမှာရှိနေသလို သရုပ်ဆောင်တွေကလည်း. Tom Cruise, Jack Nicholson, Demi Mooreတို့ဖြစ်လို့ ဒေါင်းကြည့်သင့် မသင့် ဆုံးဖြတ်ကြပေတော့..... ------------------------------------------------ File Size :(2.1GB) (748MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…02:18:00 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye ...
movie
A Few Good Men (1992)
1992
7.4
Buffalo ’66 (1998)
Buffalo '66 (1998)~ IMDb - 7.4/10, Rotten Tomatoes - 76% ~အဟောင်းအကောင်း Old but Gold ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ IMDb Rating (7.4/10) ရထားတဲ့ ဒီဒရာမာ ဟာသ ရိုမန့်စ်ကားလေးက ဆုပေါင်း(၆)ဆုဆွတ်ခူးထားပြီး Nomination တွေလည်း (၁၁)ခုထိ ၀င်ထားခဲ့ပါသေးတယ်။ ကြည့်ရှုသူများကလည်း ကြည့်ဖူးသမျှထဲမှာ အကောင်းဆုံး Independent Film လို့ရည်ညွှန်းခံရတဲ့ကားလေးပါ။ဘီလီဘရောင်းဆိုတဲ့သူက ထောင်ငါးနှစ်ကျပြီး ထွက်လာခဲ့တာပါ။ မိဘတွေကို ထောင်ကျခဲ့တာလို့မပြောဘဲ အလုပ်ကိစ္စကြောင့်အဝေးရောက်နေပြီး အိမ်ထောင်လည်းကျနေပြီလို့ လိမ်ညာခဲ့မိတာကြောင့် မိဘအိမ်ပြန်ဖို့လိုလာတဲ့အချိန် ပြစရာဇနီးလိုလို့ လမ်းကြုံကောင်မလေးတစ်ယောက်ကို ပြန်ပေးဆွဲရာကနေ ဒီဇာတ်လမ်းက စတင်လာခဲ့ပါတယ်။ဒီကားလေးက သရုပ်ဆောင်နယ်ပယ်မှာ နာမည်ကြီးပြီး ဆုတွေအများကြီးလည်းရဖူးတဲ့ Golden Lion ဆုအတွက်လည်း Nomi အကြိမ်ကြိမ်၀င်ဖူးတဲ့ Vincent Gallo ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ခဲ့တဲ့ကားလေးဖြစ်ပါတယ်။ ...
movie
Buffalo ’66 (1998)
1998
6.7
The Whole Nine Yards (2000)
The Whole Nine Yards (2000)~ IMDb rating - 6.7/10 ~Nicholas "Oz" Oseransky ဟာ လူချစ်လူခင်များပြီး စိတ်ထားကောင်းတဲ့ ကူညီတတ်တဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အိမ်မှာတော့ သူ့ကိုတစ်ချိန်လုံးထိုင်နှိပ်စက်နေတဲ့ဇနီးဆိုးနဲ့ ယောက္ခမဆိုးတွေကြောင့် ဒီအိမ်ထောင်ရေးကနေထွက်ပေါက်ရှာချင်နေတဲ့သူပါ။တစ်နေ့မှာတော့ သူတို့ဘေးအိမ်ကိုပြောင်းလာတဲ့လူဟာ သူ့ဂိုဏ်းခေါင်းဆောင်ကိုလက်ထောက်ချပြီး လာရှောင်တိမ်းနေတဲ့ နာမည်ကျော် ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy The Tulip ဆိုတာကို သူသိလိုက်ရပြီး သူ့မိန်းမကိုပြောပြမိခဲ့ပါတယ်။ အဲဒီမှာပဲ မလည်ရှုပ်လုပ်ချင်တဲ့ သူ့မိန်းမဟာ ကြံကြီးစည်ရာလို့ပြောရမယ့် အကြံကြီးတစ်ခုကိုစိတ်ကူးပေါက်ပြီး သူ့ကိုအတင်းအကျပ်ခိုင်းပါတော့တယ်။ အဲဒီအကြံကတော့ Jimmy ရဲ့ ဂိုဏ်းကိုသွားဆက်သွယ် Jimmy ကို လက်ထောက်ချပြီး ဂိုဏ်းကပေးတဲ့ဆုကြေးကိုထုတ်ဖို့ပါပဲ။ ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy ကတော့ Oz ကိုခင်ခင်မင်မင်လာပေါင်းတဲ့အတွက် Oz ကသူ့ဇနီးခိုင်းတာကိုမလုပ်ချင်ပေမယ့် မလွန်ဆန်နိုင်တဲ့အတွက် ရှေ့ဆက်တိုးရတဲ့အခါမှာတော့...ကြေးစားလူသတ်သမားဖြစ်ချင်တဲ့ Oz ရဲ့ လက်ထောက်ကောင်မလေး Jill, ...
movie
The Whole Nine Yards (2000)
2000
5.8
End of Days (1999)
End of Days (1999)ငယ်စဉ်တောင်ကျေး ကလေးဘဝက အထိတ်တလန့်ကြီး ကြားလိုက်ရတယ်။ ကမ္ဘာပျက်မယ်တဲ့။ ဟင် ဘာလား။ ပျော်စရာကြီး။ ကမ္ဘာပျက်ရင် သူငယ်ချင်းတွေနဲ့ အတူတူထိုင်ကြည့်မယ်ပေါ့။ တိုင်ပင်ကြ။ ပြင်ဆင်ကြ။ မုန့်တွေ သစ်သီးတွေ စုဆောင်းသိမ်းဆည်းကြ။ အချိုလေးတည်းရင်း ကြည့်ရရင် သိပ်ဇိမ်ရှိမှာကိုးဗျ။ ဒါပေမဲ့ လူကြီးသူမတွေရဲ့မျက်နှာက သိပ်မကောင်းကြဘူး။ လက်ဖက်ရည်ဆိုင်တွေ အိမ်က လက်ဖက်ရည်ကြမ်းဝိုင်းတွေမှာ တိုးတိုး တိုးတိုးနဲ့ ငြင်းခုန်ကြ တိုင်ပင်ကြ။ကလေးပေမဲ့လို့ သိတတ်တဲ့အရွယ်ဆိုတော့ ကမ္ဘာပျက်မယ့်ကိစ္စက ပျော်စရာမဟုတ်မှန်းသိပြီလေ။ ကိုယ်ဖတ်ရတဲ့ ကာတွန်းလေးတွေ မဂ္ဂဇင်းတွေထဲမှာလည်း အဲဒီအကြောင်း မမြင်ချင်မှအဆုံး။ လူတိုင်း လူတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းက ပူပင်သောကတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ ပြင်ဆင်နေရချိန်ပေါ့လေ။ မျောက်မူးလဲအောင် ဆော့တတ်တဲ့ကိုယ်တွေတောင် လူကြီးတွေမျက်နှာကိုငေးမောပြီး ငြိမ်ငြိမ်လေး ထိုင်နေတတ်လာတယ်။လူကြီးမင်းတို့ မီတဲ့သူတွေ မီကြမှာပါ။ Y2K တဲ့။ ဘာလဲဟ ဝိုင်တူးကေ။ လူကြီးတွေပြောစကားနားထောင် လက်လှမ်းမီသလောက် စာလေးတွေဖတ်ပြီးသိလာပါတယ်။ ...
movie
End of Days (1999)
1999
5.9
Three Christs (2020)
Three Christs (2020)================IMDb Rating - 5.9/10#Unicode2020 ဇန်နဝါရီလထဲ ထွက်ရှိထားတဲ့ Three Christ ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားတင်ဆက်ပေးချင်ပါတယ်။ပစ်တာခတ်တာတွေ ကြမ်းတာရမ်းတာတွေ ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။စိတ်ပညာရပ်နဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေကိုအခြေခံထားတဲ့ ဒရာမာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။မီချီဂမ် ကောလိပ်မှာ ဆရာလုပ်နေတဲ့ စိတ်ရောဂါဆရာဝန် ဒေါက်တာစတုန်းဟာ သုတေသနကိစ္စအတွက် ကျောင်းဆရာအလုပ်ကနေထွက်ပြီး စိတ်ရောဂါကု ဆေးရုံကိုရောက်လာပါတယ်။သူရောက်လာတဲ့ ဆေးရုံမှာ သူ့ကိုယ်သူ ယေရှုခရစ်တော်လို့ထင်နေတဲ့ လူနာတစ်ယောက်နဲ့ တွေ့ပါတယ်။ ဆက်ပြီး စုံစမ်းကြည့်တော့ စင်ဒရဲလားလို့ ထင်နေတဲ့သူတွေ အိုင်စင်ဟောင်ဝါလို့ သူတို့ကိုယ်သူတို့ ထင်နေသူတွေကို တွေ့ခဲ့ရတယ်။ အဲ့ဒီထဲကမှာ ယေရှူလို့ထင်နေတဲ့သူတွေကိုရှာခိုင်းလိုက်တော့နောက်ထပ် ၂ ယောက် ထပ်တိုးလာပါတယ်။ ယေရှုလို့ သူတို့ကိုယ်သူတို့ထင်နေတဲ့ စိတ်ကစဉ့်ကလျား ရောဂါသည်၃ ယောက်ကို သုတေသနအတွက်ရွေးချယ်ပြီး ဒေါက်တာစတုန်းဟာ ရှေးနည်းနဲ့မတူတဲ့ ကုသချဉ်းကပ်နည်းတွေနဲ့ကုသပေးဖို့ကြိုးစားပါတော့တယ်။IMDb - 5.9/10 ရရှိထားပြီး Richard Gere ...
movie
Three Christs (2020)
2020
7.5
Buffalo ’66 1998
movie
Buffalo ’66 1998
3.9
Apparition (2019)
အခုတစ်ခါကားလေးကတော့ CMပရိသတ်တွေအကြိုက်တွေ့မယ်horrorကားကောင်းလေးတစ်ကားပါတခြားHorrorကားတွေနဲ့မတူပဲ အက်ပလီကေးရှင်းတစ်ခုနဲ့ဝိညာဥ်လောကကိုချိတ်ဆက်ပြီးဆက်သွယ်တဲ့ပုံစံမျိုးရိုက်ကူးထားတဲ့ဇာတ်ကားလေးပါပရီစတန်ဆိုတဲ့ ကလေးထောင်လိုမျိုးကျောင်းမှာဝှိုက်ရယ် လောရီရယ် ကင်းရယ် ဟေးရယ် ကြီးကြပ်ကြတယ်အဲ့မှာအိမ်သန့်ရှင်းရေးဝေယျာဝစ္စတွေလုပ်ပေးတဲ့အန်နာလည်းရှိခဲ့တယ် အဲ့မှာတော့ကောင်လေး၇ယောက်ကိုထိန်းကျောင်းနေခဲ့ကြတာပေါ့ နှစ်၂၀ကြာပြီးတဲ့နောက်မှာတော့ ဝှိုက်ရဲ့သားအကြီးဆုံး ဒက်ရခ်နဲ့ ကင်းရဲ့သမီးစကိုင်လာတို့ရဲ့လက်မထပ်ခင်အကြိုညစာစားပွဲကျင်းပခဲ့ကြတယ်ဝှိုက်ရဲ့အငယ်ဆုံးသားဆမ်ကတော့ appတစ်ခုကိုဖန်တီးနေတာပေါ့လောရီရဲ့သား နိတ်ရယ် ဟေးရဲ့သမီး တေလာရယ် ဆမ်ရယ်ဒယ်ရခ့်ရယ် စကိုင်လာရယ် သူတို့အားလုံးဟာသူငယ်ချင်းတွေပေါ့ညစာစားပွဲပြီးတော့ ဆမ် ဖန်တီးထားတဲ့ appတစ်ခုကိုသူတို့၅ယောက်စမ်းသပ်ခဲ့ကြတယ်အဲ့appကကိုယ့်မိသားစုထဲကသေဆုံးသွားတဲ့သူနဲ့ ချိတ်ဆက်ပေးနိုင်တယ်ပထမဆုံးစမ်းကြည့်တဲ့သူကတော့တေလာပေါ့သူမရဲ့ဆုံးပါးသွားတဲ့အဖွားနေခဲ့တဲ့နေရာကိုappကဖော်ပြပြီးသူတို့အဲ့ညွှန်ပြတဲ့အတိုင်းသွားခဲ့ကြတယ်တကယ်ပဲသူမရဲ့အဖွားဆက်သွယ်တာဖြစ်နေခဲ့တယ်နောက်ထပ် စကိုင်လာကစမ်းကြည့်ခဲ့တယ်appညွှန်ပြတဲ့တည်နေရာကပရီစတန်ကျောင်းဖြစ်နေခဲ့တယ်ပရီတန်ကျောင်းနဲ့ သူတို့တွေဘယ်လိုပတ်သက်နေလဲဘာကြောင့်သူမအလှည့်ကျမှသူတို့မိဘတွေအလုပ်လုပ်ခဲ့တဲ့နေရာဖြစ်နေရတာလဲ နောက်ပိုင်းဘယ်လိုတွေခြောက်လန့်ခံရမလဲဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှု့ရမှာပါ File Size : ( 776 MB , 284 ...
movie
Apparition (2019)
6.7
Comedy Central Roast of Bruce Willis(2018)
Comedy Central Roast of Bruce Willis(2018)(unicode)အခုတင်ဆက်ပေးမှာကတော့ ရုပ်ရှင်ချစ်ပရိတ်သတ်တိုင်း မသိသူမရှိလောက်တဲ့ ‘Die Hard’ မင်းသားကြီး ဘရုစ်ဝီလစ်ကို အမှန်အကန် တိုက်ခိုက်ပြီး ဟာသလုပ်တဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုတော့ ‘Comedy Central Roast’ လို့ခေါ်ပြီးတော့ ဟောလိဝုဒ်က နာမည်ကျော်တွေ တက်ရောက်ကာ နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ကို တည်ပြီး မြှောက်ပေးသလိုလိုနဲ့ အားရပါးရ အောက်ကိုရိုက်ချကာ ဟာသလုပ်တဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်။ ဘရုစ်မတိုင်ခင် ဒီအစီအစဉ်ကို ဒေါ်နယ်ထရမ့်က အတိုက်ခိုက်ခံ တင်ဆက်ခဲ့ပြီးတော့မှ သမ္မတာဖြစ်သွားခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ဘရုစ်နဲ့ ရင်းနီးတဲ့ အနုပညာလောကက လူတွေက သူ့ကိုအမျိုးမျိုး ဖောင်းထုပြီး ဟာသလုပ်ထားတာကို ရီမောခံစားရမှာပါ။ ဒီဘိုးတော်ကြီးရဲ့ကားတွေရင်းနှီးလေ ပိုပြီး ကြည့်လို့ကောင်း ရယ်လို့ကောင်းလေဖြစ်တဲ့အပြင် အခြားနာမည်ကျော်မင်း သားမင်းသမီးတွေကိုလည်း တစ်ပြိုင်နက်ဆုံစည်းရမှာဖြစ်ပါတယ်.... တော်တော်ကို ပွင့်လင်းစွာပြောဆိုတာဖြစ်တဲ့အတွက် စကားလုံးတွေကတော့ အနည်းငယ်ကြမ်းနိုင်ပါတယ် ...တချို့ဟာသတွေက သမိုင်းနဲ့ချီစဉ်းစားရတဲ့အတွက် သူ့အမာခံပရိသတ်တွေအတွက်ဆို ပိုပြီးဟာသမြောက်မှာပါ။ ပြီးတော့ ခင်ဗျားတို့ ဒီကားကြည့်ရင် ပျင်းစရာများကောင်းနေမလားဆိုတဲ့သံသယအတွေးကို ဟိုး ...
movie
Comedy Central Roast of Bruce Willis(2018)
72
Teacher (2019)
ဒီကားလေးကတော့IMDb 7.2တောင်ရထားတဲ့တကယ့်ပညာပေးဇါတ်ကားကောင်းတစ်ကားပါEnglishဆရာတစ်ယောက်ဖြစ်တဲ့ လူးဝစ်ဟာသူ့အတန်းထဲကျောင်းသားတစ်ယောက်ဟာအတန်းထဲကကလေးတွေကိုအနိုင်ကျင့်နေတာကိုတားဆီးချင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်အဲဒီကျောင်းသားရဲ့မိဘတွေကချမ်းသာတာကြောင့်ကျောင်းကလည်းအရေးမယူပဲမျက်နှာလွှဲထားကြပါတယ်နောက်ဆုံးသူအနိုင်ကျင့်တာကိုခံရတဲ့စုံတွဲမှာကောင်လေးကလည်းမျက်လုံးကန်းကောင်မလေးကလည်းသတ်သေတဲ့အထိတွေဖြစ်လာတော့လူးဝစ်တစ်ယောက်သူကိုယ်တိုင်အဲဒီကောင်လေးကိုဖမ်းဆီးဖို့လုပ်ပါတော့တယ်သူဘယ်လိုတွေအကွက်ချပြီးကောင်လေးကိုဖမ်းမလဲဒါပေမယ့်လည်းအဲဒီလိုလုပ်ရင်းကောင်လေးဒီလိုတွေဖြစ်နေရတဲ့အကြောင်းရင်းကိုလူးဝစ်တစ်ယောက်သိသွားချိန်မှာဘယ်လိုဖြေရှင်းမလဲဆိုတာကိုကြည့်ရမှာပါ File Size : ( 938 MB , 275 MB )Quality : WEB-DL 720pRunning Time : 1 hr 40minFormat : Mp4Genre : Drama Subtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie
Teacher (2019)
2019
8.2
Casino(1995)
Casino(1995) IMDb......8.2,,,Rotten....80 HEAT,THE SCORE,THE INTERN,GOODFELLAS စတဲ့ ကားတွေကြည့်ပြီး Robert De Niro ကိုသတိထားမိသွားတယ် ...ဒီဘိုးတော်ကြီးကားတော်တော်များများ ဟာ ခမ်းနားထည်ဝါလွန်းတယ်....ဒါကြောင့် casino (1995)ကားကို စူးစမ်းကြည့်မိတယ် ... .Top Rated Movies #145 ထဲမှာပါသလို ဆုပေါင်းများစွာလည်း ရရှိထားတယ်...Sam AceRothestein အဖြစ် Robert De Niro ကသရုပ်ဆောင်ထားတယ် ...သူဟာ လောင်းကစားတွေနဲ့ပတ်သက်လို့ထက်မြက်တယ်...သူ့မျက်လုံးတစ်စုံဟာ ၃၆ဝဒီဂရီပတ်ကြည့်ပြီးတာနဲ့ဘယ်ဝိုင်းက ထိုသားအခြေအနေ လောင်းေ ကြးတွေက ဘယ်သူ့ဘက်အလေးသာနေတယ် ဘယ်သူတွေက မသာမာမှုတွေလုပ်နေတယ်ဆိုတာကို အကဲဖြတ်စွမ်းနိုင် ်စွမ်းရှိတယ်..တစ်ဆက်ထဲ သူလိုချင်တဲ့အနေအထားကိုလည်းပြောင်းလဲနိုင်စွမ်းရှိတယ်..ဒါကြောင့် ကာစီနိုတွေကိုချုုပ်ကိုင်နေတဲ့သူတွေက သူ့ကု ိ ကာစီနိုဝိုင်းတွေကိုကွပ်ကဲပေးဖို့ငှားခဲ့တယ်....သူကလည်းလက်ခံခဲ့တယ်...သူ့ကိုလက်ဖျားနဲ့မပြောနဲ့စကားကြမ်းပြောတဲ့သူတောင် အနားမှာမရှိအောင် လူမိုက်အကြီးအစား တစ်ယောက်ကိုသူ့အနားမှာထားပေးတယ်...အဲ့ဒီအလုပ်ကိုသူလက်ခံပြီးတဲ့နောက်မှာ အပြောင်းအလဲတွေ အများကြီးသူကြုံ ရတော့တာပဲ....လူမိုက်တွေ...ရဲတွေ.....အစိုးရအကြီးအကဲတွေ....ဥပဒေကိုလက်တစ်လုံးခြားလုပ်နေတဲ့သူတွေ.....ဒီကားမျိုးက ကြည့်ပြီးတွေးမြင်ခံစားလို့ကောင်းတဲ့ကားမျိုးဆိုတော့ ဆက်မပြောတော့ပါဘူး...... ဒီကားကတစ်ချို့သူတွေအတွက်တော့ ဂျင်းပေါ့ဗျာ.အယ်..တစ်ချို့သူတွေအတွက်တော့ (gem)ဖြစ်သွားလိမ့်မယ်....File Size…(950MB) Quality…BluRay 720p Format…mp4 Duration…02:58:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Theint Yadanar Oo
movie
Casino(1995)
1995
8.6
The Usual Suspects(1995)
IMDB..........8.6 Rotten.....96% IMDbနဲ့ Rottenကိုကြည့်ရုံနဲ့ ဒီဇာတ်ကားရဲ့ အခြေအနေကိုနည်းနည်းတော့ရိပ်စားမိမယ်လို့ထင်ပါတယ် ဝတ္ထု ရုပ်ရှင် ပြဇာတ် မျက်လှည့် ဖျော်ဖြေရေး တွေမှာ ကျွန်တော်အာရုံကိုဆွဲဆောင်နိုင်မဲ့ အရာမျိုးက ဘာဖြစ်မယ်လို့ထင်လဲ အားလုံးကိုခြုံငုံပြီး ဖျော်ဖြေရေးလို့သုံးလိုက်တဲ့အတွက်တော့ သီးခံပေးပါ.......တစ်ယောက်နဲ့တစ်ယောက် အမြင်တော့နည်းနည်းကွဲပါလိမ့်မယ် ဒါပေမဲ့ အတော်များများ သိစိတ်ကရော မသိစိတ်ကရော လက်ခံထားတဲ့အရာတစ်ခုတော့ရှိမယ်ထင်တယ်....... ဥပမာ မျက်လှည့်ပဲထား ငှက်မွေးလေးတစ်ခုကိုမီးရှို့ပြီး ဖြတ်ခနဲ့လက်အဝှေ့ ခိုဖြူလေးက မျက်လှည့်ဆရာရဲ့လက်ပေါ် အတောင်တဖြတ်ဖြတ်ခတ်ရင်း တက်နားသွားတယ် ကျွန်တော်တို့ လက်ခုပ်သံတွေ တဖြောင်းဖြောင်းပေါ့ ဒါကဘာလဲဆိုတော့ မမျှော်လင့်တဲ့ လှည့်ကွက်လေးမို့ အံဩ မင်သက်သွားတာ ဒီလိုပဲ ဝတ္ထု ရုပ်ရှင်တွေမှာလည်း ကောင်းမွန်သောသရုပ်ပါမှု ရှုမငြီးနိုင်တဲ့ဇာလမ်း ထိမိတဲ့ ဒိုင်ယာလော့တွေကို မဟာလှည့်ကွက်တွေနဲ့ပေါင်းစပ်လိုက်ရင် ကျွန်တော်တို့ကို ဘယ်လောက်တောင်ဆွဲဆောင်နိုင်လိုက်မလဲ ဘာဖြစ်လို့ကျွန်တော် ဒါတွေပြောနေရတာလဲဆိုတော့ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးသော Twist စာရင်းထဲပါတဲ့ The usual suspects ဆိုတဲ့ကားကြောင့်ပါပဲ ပြီးတော့ ဇာတ်လမ်းအညွှန်းရေးမယ်ဆိုရင် ...
movie
The Usual Suspects(1995)
1995