Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kei Satō
8.6
Harakiri (1962)
Harakiri ( 1962 ) ===============ဟာရခိရိက ဘယ်လိုရုပ်ရှင်မျိုးလဲဆိုရင် ကျွန်တော်တော့ ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ ဖြေမိမှာပဲ။ Harakiriဟာ ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲ ကျွန်တော့်အတွက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်တစ်ကားဖြစ်ခဲ့တယ်။ ဟာရခိရိဆိုတဲ့ဂျပန်စကားရဲ့ အဓိပ္ပာယ်က ဝမ်းဗိုက်ကိုခွဲတယ်ဆိုတဲ့ အဓိပ္ပာယ်။ ပြောရရင် ဆာမူရိုင်းတွေ ရိုနင်တွေ အခမ်းအနားနဲ့ ဝမ်းဗိုက်ကိုခွဲပြီး သတ်သေခြင်းကို ဆိုလိုတာ။ အဲဒီအခမ်းအနားကိုတော့ Seppukuလို့ခေါ်တယ်။ ဆာမူရိုင်းတွေရဲ့ သိက္ခာကို ဖော်ပြနည်းတစ်မျိုးပေါ့။ ကီနူးရိဗ်ရဲ့ 47 Ronin နောက်ဆုံးခန်းက ဟာရခိရိလုပ်တဲ့အခန်းကို တော်တော်များများရင်းနှီးပြီးသားဖြစ်ကြမှာပဲ။ ဒါပေမဲ့ အမြဲတမ်း ဟာရခိရိက သိက္ခာရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ရဲ့လားဆိုတာကို ဒီဟာရခိရိရုပ်ရှင်က မေးခွန်းထုတ်ပြီး ဒီဟာရခိရိရုပ်ရှင်ကပဲ ဟာရခိရိရဲ့ ဂုဏ်ကို ပြန်အဖတ်ဆည်ပေးသွားတယ်။ ဟာရခိရိဟာ ကျွန်တော်ကြည့်ဖူးတဲ့ ဘယ်ဆာမူရိုင်းကားနဲ့မှ မတူတဲ့တစ်ချက်က ကြည့်နေတဲ့လူကိုပါ ရှက်အောင်လုပ်နိုင်တဲ့အချက်ပါပဲ။ ဒီအချက်အတွက် ဒါရိုက်တာ Masaki Kobayashi ရဲ့ တင်ပြပုံကို ချီးကျူးရမှာပါပဲ။ Masaki Kobayashiဟာ ...
movie
Harakiri (1962)
7.7
Kuroneko (1968)
Kuroneko (1968)~ IMDb - 7.7/10, Rotten Tomatoes - 96% ~Kuroneko ခေါ် The Black Cat ဟာ တိုဟိုက ထုတ်ခဲ့တဲ့ တိုဟိုကို ဂုဏ်တင်ပေးခဲ့တဲ့ ရုပ်ရှင်တွေထဲ ပါခဲ့တယ်။ အဖြူအမဲကားကိုမှ တိုဟိုစကုတ်ဖော်မတ်နဲ့ ရိုက်ထားတယ်။ အဖြူအမဲကားဆိုပေမဲ့ မြင်ကွင်းအပြည့်ရတဲ့ ဖရိန်နဲ့ပဲ ရိုက်ထားတယ်။ ကာလာနဲ့ကားတွေလည်း ဂျပန်မှာရှိနေတာ ဆယ်စုနှစ်နှစ်ခုလောက်ကြာပြီဖြစ်တဲ့ ကာလပေမဲ့ အဖြူအမည်းနဲ့ပဲ ချထားတယ်။ ကောင်းတော့လည်းကောင်းပါတယ်။ သူ့အပြတွေဟာ အဖြူအမည်းနဲ့မှာ Composition နဲ့ Tone က အသေကြည့်ကောင်းတယ်။ ကူရိုဆာဝါရဲ့ Rashomon ကထက် အပြတွေက ကြည့်ကောင်းခဲ့တယ်။ဇာတ်ကတော့ ဂျပန်မြေရှင်ပဒေသရာဇ်ခေတ်မှာ ဇာတ်အိမ်တည်ထားတယ်။ စစ်နယ်ရှင်တွေ တိုက်ပွဲတွေကြမ်းနေခဲ့တဲ့ ခေတ်ပဲ။ ဆာမူရိုင်းတွေ ကြီးစိုးခဲ့တဲ့ ခေတ်ပေါ့။ ဒီကာလမှာ ဆာမူရိုင်းတွေက တော်တော်လေး အာဏာကြီးခဲ့သလို ဘာလုပ်လုပ်တင့်တယ်နေခဲ့တယ်။ ...
movie
Kuroneko (1968)
1968
7.9
Kwaidan (1964)
Kwaidan (1964)~ IMDb - 7.9/10, Rotten Tomatoes - 91% ~ရှေးခေတ် ဂျပန်ရိုးရာ တစ္ဆေပုံပြင်တွေကို စိတ်ဝင်စားသူများအတွက် IMDb - 7.9/10 အထိ ရရှိခဲ့တဲ့ Kwaidan လို့ခေါ်တဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာတော့ မတူထူးခြားတဲ့ တစ္ဆေပုံပြင် ၄ပုဒ်ကို သုံးနာရီကျော်ကြာ တဝကြီး နားထောင်ရပါမယ်။ပထမ တစ်ပုဒ်မှာတော့ ဆင်းရဲမှုဒဏ်မခံနိုင်တာမို့ သစ္စာရှိတဲ့ ဇနီးသည်ကို စွန့်ပစ်ပြီး ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးနဲ့ ထပ်မံအိမ်ထောင်ပြုလိုက်တဲ့ ဆာမူရိုင်းတစ်ဦးအကြောင်း...ဒုတိယကတော့ သစ်ခုတ်သမား၂ဦး နှင်းမုန်တိုင်းကြောင့် လှေသမားရဲ့တဲမှာ ဝင်ခိုရင်း ထူးဆန်းတဲ့ မိန်းကလေးနဲ့ တွေ့ဆုံမှု...တတိယပုံပြင်လေးကတော့ ဗျပ်စောင်းတီးခတ်ရာမှာ ထူးချွန်ပြောင်မြောက်လှတဲ့ ဘုန်းကြီးကျောင်းသားလေးတစ်ယောက် တစ္ဆေတစ်စုရဲ့ခေါ်ဆောင်ခြင်း ခံရမှု...နောက်ဆုံးကတော့ အရှင်သခင် နာကာဂါဝါ ဆာဒိုဆီ တာဝန်ထမ်းဆောင်တဲ့ ကန်နိုင်းဆိုသူ ဆာမူရိုင်းတစ်ယောက်ဟာ သောက်မယ့် ရေခွက်ထဲ ထူးဆန်းတဲ့အရာတစ်ခုကို မြင်လိုက်ရတဲ့အကြောင်း...ရှေးခေတ်ဂျပန် ...
movie
Kwaidan (1964)
1964