Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kavya Thapar
Double iSmart (2024)
Double iSmart 2024 (ဒဘယ်လ်အိုင်စမတ်)ယခုတစ်ခါမှာတော့ မင်းသားကြီး Sanjay Dutt ရဲ့ ခပ်ကြမ်းကြမ်း သရုပ်ဆောင်ချက်တွေနဲ့အတူ ခပ်မိုက်မိုက်ကြည့်ရှုရမယ့် တေလ်ဂူအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယရဲ့ အန္တရာယ်အရှိဆုံးနဲ့ အလိုချင်ဆုံးအဖြစ် ထုတ်ပြန်ခံထားရတဲ့ လူမိုက်ကျွဲကြီး၊ ကျွဲကြီးဟာ မူးယစ်ဆေးနဲ့ပတ်သတ်ရင် ဘုရင်တစ်ဆူလိုဖြစ်နေရုံသာမကဘဲ အာရှရဲ့ အကြီးမားဆုံး လက်နက်ရောင်းဝယ်ရေးအထိပါ တိုးချဲ့လုပ်ကိုင်လာခဲ့ပေမယ့် ဥပဒေဘက်တော်သားတွေအနေနဲ့ ကျွဲကြီးဟာ ဘယ်လိုပုံစံလဲဆိုတာကိုတောင် မသိကြပါဘူး။ဒီလိုမျိုးအင်အားကြီးလှတဲ့ကျွဲကြီးရဲ့ဘဝဟာ တစ်ရက်မှာတော့ ဂြိုဟ်ဆိုးဝင်ပါတော့တယ်။ သူ့မှာ ကုသလို့မရတဲ့ ဦးနှောက်အကျိတ်ဖြစ်နေပြီး ဒေါက်တာတွေက ၃လပဲ အသက်ရှင်တော့မယ်လို့ ပြောတဲ့အခါမှာတော့ သူဟာ အသက်ဆက်ရှင်သန်နိုင်ဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ဒီလိုနဲ့ နည်းလမ်းရှာရင်း မှတ်ဉာဏ်ရွှေ့ပြောင်းတဲ့နည်းလမ်းတစ်ခုပဲ ရွေးချယ်စရာဖြစ်လာတဲ့အခါမှာတော့ သူ့ရဲ့မှတ်ဉာဏ်တွေကို ကူးပြောင်းဖို့ ခန္ဓာကိုယ်ရှာတဲ့အခါမှာ မှုခင်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် သေဆုံးသွားတဲ့ရဲတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို ကူးပြောင်းထည့်ပေးထားတဲ့ လူဆိုးလေးအိုင်စမတ်ဆိုတဲ့သူက သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်လာတဲ့နောက်မှာတော့ ....... ကျွဲကြီးနဲ့ အိုင်စမတ်တို့ ဘယ်လိုတွေ တွေ့ကြုံရမလဲ .......သူတို့နှစ်ယောက်ရဲ့နောက်ကြောင်းတွေမှာရော ပတ်သတ်မှုတွေရှိနေလား ....... ဆိုတာတွေကို ကြည့်ရှုရမယ့် အက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.8GB / 2GB Quality…WEB DL ...
movie
Double iSmart (2024)
6.5
Ooru Peru Bhairavakona (2024)
Ooru Peru Bhairavakona (2024) "ကျတ်ရွာ" IMDb - 6.5/10အသစ်ထွက်ရှိလာတဲ့ ခပ်ဆန်းဆန်း fantasy thrillerအမျိုးအစား တလေဂူးလ်စကားပြော အိန္ဒိယရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ဦးလေးဆီမှာ အလုပ်လုပ်တာနဲ့ မြို့မှာအလုပ်လုပ်တာ ဓာတ်ပုံရိုက်ခံရတာခြင်းတော့တူတယ်။ ဦးလေးဆီမှာအလုပ်လုပ်တာက ဒုစရိုက်လုပ်ငန်းဆိုတော့ ရဲတွေဓာတ်ပုံရိုက်တာခံရပြီး မြို့မှာလုပ်တဲ့အလုပ်ကကျ ရုပ်ရှင်ထဲမှာဆိုတော့ ပရိသတ်တွေဓာတ်ပုံရိုက်ခံရတာဆိုတဲ့ ခံယူချက်နဲ့ ရုပ်ရှင်ထဲမှာ ဗီလိန်ဇာတ်ပို့နေရာလေးတွေက သရုပ်ဆောင်နေတဲ့ ဘာဆာဗာ။တစ်ရက်မှာတော့ ဦးလေးဖြစ်သူ အကြီးအကျယ်ဒုက္ခရောက်နေပြီး မဖြစ်မနေလုပ်ပေးရမဲ့ အလုပ်က မိန်းကလေးတစ်ယောက်ကို ဘေးကင်းအောင် စောင့်ရှောက်ဖို့။ မိန်းကလေးကိုခေါ်လာတဲ့လူက ဒုစရိုက်လုပ်ငန်းတွေလုပ်နေတဲ့လူ။မိန်းကလေးကို ကားနောက်ဖုံးထဲမှာ မေ့ဆေးတိုက်ပြီး ခေါ်လာတာကိုတွေ့လို့ မျက်နှာကိုမြင်လိုက်ရတော့မှ သူစွဲလန်းခဲ့ဖူးတဲ့ကောင်မလေးဖြစ်နေတာကို သိလိုက်ရတဲ့အခါ...။အဲဒီကနေမှ ရောက်ပြီးရင် ပြန်လမ်းမရှိဘူးလို့ နာမည်ကြီးနေတဲ့ ဘိုင်ရာဗာကွန်နာအမည်ရှိနေရာတစ်ခုကို ရောက်သွားတဲ့အခါမှာတော့...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 2.33GB / 1.1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Ooru Peru Bhairavakona (2024)
2024
8.3
Eagle (2024)
Eagle (2024) "လင်းယုန်" IMDb - 8.3/10စောင့်မျှော်နေကြတဲ့ မင်းသားကြီး ရာဗီရဲ့ တလေဂူးလ်အက်ရှင် ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။တောင်ထိပ်ပေါ်က ဆယ်ဧကကျယ်တဲ့လယ်ကွင်းကြီးထဲမှာ အေးချမ်းသာယာတဲ့ လယ်တောအိမ်လေးနဲ့ တောင်ခြေက မျိုးနွယ်စုနှစ်ခုပေါင်း လူသုံးရာကျော်ကိုအလုပ်ပေးထားတဲ့ ရက်ကန်းရုံတစ်ခုရှိပါတယ်။ အဲဒီဒေသမှာပဲ ရာသီအတိအကျမှာထွက်တဲ့ ရှားပါးဝါဂွမ်းကနေ ချည်ထည်ရက်လုပ်တဲ့ ရက်ကန်းရုံပေါ့။ အဲဒီတောင်ကုန်းပေါ်က လယ်တောအိမ်မှာနေတာကတော့ လင်းယုန်တစ်ဖြစ်လဲ ဆာဟာဒေ့ဗ်။ သူခွင့်မပြုဘဲ ခြံဝင်းထဲကို ပုရွက်ဆိတ်တစ်ကောင်တောင်ဝင်ခွင့်မရှိဘူးတဲ့။ ဒါပေမဲ့လည်း အချိန်တစ်နှစ်ကျော်လွန်ခဲ့ချိန်မှာတော့ တောင်ကုန်းပေါ်မှာ ဘာမှမရှိ ပြာအတိပဲကျန်ခဲ့ပါတော့တယ်။ဒီဇာတ်လမ်းကို အစဆွဲထုတ်လာတာကတော့ ဂျာနယ်လစ်မမလေး နာလီနီ။ စျေးထဲက ချည်ထည်လေးကိုကိုယ်ကြည့်မိရာက ဆောင်းပါးတစ်ပုဒ်ဖန်တီးမိပြီးတဲ့နောက်မှာတော့ မထင်မှတ်ထားတဲ့ အရှုပ်တော်ပုံကြီးထဲကို တစထက်တစ ဝင်ရောက်မိပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Alex ~ BpL ~ Yunniတို့ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…3.1GB/ 1.5GB Quality…WEB DL 1080p /720p Format…mp4 Duration….2h ...
movie
Eagle (2024)
2024
6.0
Pichaikkaran 2 (2023)
Pichaikkaran 2 (2023)2016 က ထွက်ရှိထားတဲ့ Pichaikkaran ရဲ့အောင်မြင်မှုအပြီးမှာ ပုံစံတူ stand-alone sequel တစ်ကားဖြစ်တဲ့ Pichaikkaran 2 ဟာ လောလောလတ်လတ်မှာ ရုံတင်ထားတာဖြစ်ပြီး rating တွေလည်းကောင်းသလို ရုံတင်ငွေ ကုဋေ ၃၄ သန်းကျော်အမြတ်ရရှိထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဆရာဝန်တစ်ယောက်က နှလုံးတွေ ကျောက်ကပ်တွေ အစားထိုးတာတင်မကပဲ ဦးနှောက်အစားထိုးတာကိုပါ အောင်မြင်စွာစမ်းသပ်လ်ုက်နိုင်ပါတယ် ဗီဂျေးဆိုတာကတော့ အောင်မြင်နေတဲ့စီးပွားရေးသမား ဉာဏ်ကြီးရှင်တစ်ယောက်ပါ သူ့ရဲ့လူယံုဆိုတဲ့သူက နောက်ကျောဓားနဲ့ထိုး ခဏနေကဦးနှောက်လဲတဲ့ အစားထိုးမှုကို ဗီဂျေးအပေါ်လုပ်ပြီး လုပ်ငန်းကြီးတစ်ခုလုံးကို လက်ဝါးကြီးအုပ်ရန် ကြံစည်လာတဲ့အခါမှာ တစ်ခေတ်တစ်ခါက Face-off လိုမျိုး vibe ကိုပြန်ခံစားမိမဲ့အပြင် ဦးနှောက်ချင်းပါလဲပစ်တဲ့ ကျွတ်ဆင်အကွက်ကြီးတွေနဲ့ အက်ရှင်ဒရာမာ ရသစုံကြည့်ရမှာဖြစ်လို့ လက်မလွှတ်ကြဖို့ ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်သူတွကတော့ Sai ~ chiclon3 ~ BpL ~ Thaik San ~ YH ~ Yunni တို့ပဲဖြစ်ပါတယ် File size…8.56GB/ 3.27GB / 1.23GB Quality…4k ...
movie
Pichaikkaran 2 (2023)
2023
4K HEVC
6.4
Middle Class Love (2022)
Middle Class Love (2023) IMDb 6.4/10မင်းသားချောလေး Prit Kamani က Kavya Thapar , Eisha Singh တို့လို အလန်းလေးတွေနဲ့ မချောနှစ်ယောက်ကိုယ်တစ်ယောက်မယ့် Comedy/Drama/Romantic ဇာတ်ကားမျိုးပါလူလတ်တန်းစားကနေမွေးဖွားလာတဲ့လူတွေအတွက်ကတော့ မလိုအပ်တဲ့နေရာမသုံးဖို့ ပိုက်ဆံစုဖို့ဆိုတာ ထပ်ကာတလဲလဲ ကြားရမဲ့ ဓာတ်ပြားဟောင်းတွေပဲပေါ့ ဒါကိုယူဒီ( Prit Kamani) က ငြီးငွေ့နေပါတယ် သူ့အိပ်မက်ကတော့ ချမ်းသာတဲ့ဘောစိမမနဲ့တွဲပြီး ဒီလူလတ်တန်းစားဘဝထဲကရုန်းထွက်ဖို့ပါ ဖြစ်ချင်တော့သူဝင်ခွင့်ရတဲ့ကျောင်းမှာကလည်း သူ့စံပြ ဘောစိကောင်မလေးရှိနေတယ်ပေါ့ ဒီတော့ ယူဒီကဆုံးဖြတ်ချက်ချပြီး အပိုင်လိုက်ဖို့ကြံပါပြီဒါပေမဲ့ သူလိုက်မဲ့ကောင်မလေးဆာရှာမှာ သူနဲ့မတည့်တဲ့အက်ရှ်ဆိုတဲ့ တစ်ယောက်ရှိနေပါတယ် ဘုံလုံတစ်လှည့်ငါးဖျံတစ်လှည့် သူဦးသူဆော် ကိုယ်ဦးကိုယ်ဆော်နှစ်ယောက်ပါ ဒီနှစ်ယောက်ကြားထဲမှဝင်မိတဲ့ ယူဒီ့တစ်ယောက်ဘာဆက်ဖြစ်မလဲ ဆာရှာက အက်ရှ်ကိုအသည်းကွဲအောင်လုပ်နိုင်ရင် ရည်းစားအဖြစ်ရွေးချယ်မယ်ဆိုတော့ ယူဒီတစ်ယောက်ဘယ်လို အလွဲတွေနဲ့ရှေ့ဆက်သွားမလဲ သူ့အိပ်မက်ကရောအောင်မြင်မလားဆိုတာ လူငယ်တွေကြားပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ် File size…2.5GB / 1.1GB Quality…1080p Zee5 WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Sai Thu Rein~Thaik San
movie
Middle Class Love (2022)
2022