Channel Myanmar

Kareena Kapoor Khan

Aitraaz (2004) 6.6
Aitraaz (2004) Aitraaz (2004) “ကန့်ကွက်ချက်” Genre – Drama, Romance, Thriller IMDB – 6.6/10ဟောင်းပေမဲ့ ကောင်းနေဆဲ ဖြစ်တဲ့အပြင် သရုပ်ဆောင်တွေကလည်း ဆရာကြီးတွေဖြစ်ကြတဲ့ Akshay Kumar တို့ Kareena Kapoor တို့ Priyanka Chopra တို့ အုပ်လိုက်အစွမ်းပြထားကြတဲ့ ၂၀၀၄ ခုနှစ်ထွက် အချစ်လျှို့ဝှက်သည်းဖို ဘောလိဝုဒ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါစေဗျာ။ဒါရိုက်တာဆိုရင်လည်း ဘောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသားတွေနဲ့ လက်တွဲလုပ်ကိုင်ဖူးခဲ့တဲ့ Burmawalla ညီအစ်ကိုနှစ်ယောက်ပါ။ သူ့ခေတ်သူ့အခါက ရုံတင်ဝင်ငွေ ၂၆ ကုဋေ ရရှိခဲ့တဲ့ကားလည်း ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင် မိုက်ကယ်ဒေါက်ဂလပ်နဲ့ ဒယ်မီမိုးလ်တို့ရဲ့ Disclosure ကို အနည်းငယ် အခြေခံထားတယ်လို့ဆိုပြီး ဒီရုပ်ရှင်နဲ့ Chopra ရဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ် အသိအမှတ်ပြုခဲ့ကြကာ ဆုပေးပွဲတွေမှာလည်း စကာတင်တွေ ဝင်ခဲ့တာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင်တော့ အစပိုင်းကို ပျော်ရွှင်ဖွယ်ရာ အချစ်ကားဆန်ဆန် အစပျိုးထားပါတယ်။ ဖုန်းကုမ္ပဏီမှာ လုပ်နေတဲ့ ...
movie

Aitraaz (2004)

Angrezi Medium (2020) 7.6
Angrezi Medium (2020) Angrezi Medium (2020)IMDb Rating (7.2/1)ဘောလိဝုဒ်ဖန်တွေအတွက် သဘာဝမင်းသားကြီး Irrfan Khan ရဲ့  Angrezi Medium (2020) ရုပ်ရှင်ကို တင်ဆက်လိုက်ပါတယ်။Hindi Medium (2017) နဲ့ဆက်စပ်မှုတော့မရှိပေမယ့် Theme တူပါတယ်။မိသားစု ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်မိသားစုတွေနဲ့အတူ ရယ်ရယ်မောမောနဲ့ ခံစားလိုက်ကြပါဦးဇာတ်လမ်းကတော့အိန္ဒိယမုန့်အချိုဆိုင်ပိုင်ရှင် လူလတ်တန်းစားတစ်ယောက်ဖြစ်တဲ့ ချမ်ပက်ဟာသမီးတစ်ယောက်နဲ့ မုဆိုးဖိုးတစ်ယောက်ဖြစ်ပါတယ်ငယ်စဉ်ကတည်းက မိခင်ဖြစ်သူဆုံးပါးသွားတဲ့အတွက် သူ့သမီးကို အဖေလိုရော အမေလိုပါ လိုလေသည့်မရှိရအောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်ဒါပေမဲ့ သူ့သမီးဖြစ်သူ တာရူးဆီမှာတော့ ငယ်ငယ်ကတည်းက နိုင်ငံခြားသွားချင်တဲ့အိပ်မက်တစ်ခုရှိပါတယ်ဒီလိုနဲ သူ့သမီးအရွယ်ရောက်လာတဲ့အခါ အထက်တန်းကျောင်းပြီးတော့လန်ဒန်မှာ တက္ကသိုလ်ဆက်တက်ချင်တဲ့ အိပ်မက်ကိုလူလတ်တန်းစားချမ်ပက်တစ်ယောက် ဘယ်လိုကြိုးစားအကောင်အထည်ဖေါ်ပေးမလဲဆိုတာ......။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။) File size….(2 GB )/(1 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:25:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Zaw Htoo
movie

Angrezi Medium (2020)

2020
Agent Vinod (2012) 5.2
Agent Vinod (2012) James Bond ဇာတ်ကားလို ကြည့်ရှုရမယ့် အိန္ဒိယအေးဂျင့် ဗီနွတ် အဖြစ်  ဆစ်အလီခန်း နဲ့ မင်းသမီးချော ကရီနားကပူရ် တို့ရဲ့ သည်းထိတ်ရင်ဖို အက်ရှင်စပိုင်ဇာတ်ကြမ်းကား တစ်ကားဖြစ်ပါတယ်။Agent Vinod ဟာ ဂျိမ်စ်းဘွန်းလို ရုပ်ချောစတိုင်ကျ လျင်မြန်သွက်လက် ဉာဏ်ကောင်းတဲ့အေးဂျင့်တစ်ယောက်ဖြစ်ပါတယ်သူဟာ သူ့ရဲ့သူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက်ဖြစ်တဲ့ ရာဂျန်အသတ်ခံရတဲ့ကိစ္စမှာ အမှုမှန်ကိုဖေါ်ထုတ်ဖို့တာဝန်ပေးထားခြင်းခံရပါတယ်Vinod ဟာ တရားခံကိုဖေါ်ထုတ်ဖို့ကြိုးစားနေရင်းက အမှုကနက်နဲလာပြီးကမ္ဘာတစ်ဝှမ်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကနေတဆင့်ကြီးမားတဲ့ သဲလွန်စတွေကိုခြေရာခံမိပါတော့တယ်...ခြေရာအားလုံးက "424" ဆိုတဲ့အရာပေါ်မူတည်နေပြီး ဒီဇာတ်လမ်းရဲ့အသက် "၄၂၄" ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ အဖြေရှာရမှာပါ။တစ်ကားလုံးမပျင်းရအောင် အပစ်အခတ်အက်ရှင်တွေနဲ့ ဆွဲဆောင်သွားမှာဖြစ်တဲ့အပြင် မင်းသမီးချော ကရီနားကပူရ်းကလဲ လန်ပျံနေအောင်မိုက်တာရှုစားရမှာပါ။ File size…(3.5 GB )/(1.5 GB) Quality….WEB-DL 1080p / 720p Format…mkv/mp4 Duration….02:29:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by H&Y
movie

Agent Vinod (2012)

2012
Crew (2024) 6.4
Crew (2024) Crew (2024) "မဒီသုံးဖော်"IMDb - 6.4/10တဘူး၊ ကရီးနား၊ ကရီတီးဆိုတဲ့ အသီးသီးတောက်ပခဲ့ကြပြီး တောက်ပနေတုန်းဖြစ်တဲ့ အိန္ဒိယရဲ့စတားမင်းသမီး သုံးယောက်တွဲထားတဲ့ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ The Great Indian Kapil Showရဲ့ အစီအစဉ်မှူး ကာပီလ်နဲ့ နာမည်ကျော်ပန်ချာပီအဆိုတော်သရုပ်ဆောင် ဒေလ်ဂျိဒိုဆန်တို့လည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ရုံတင်ငွေ ၁၅၆ ကုဋေရထားပြီး ပေါ့ပေါးပါးပါး ကြည့်ရမယ့် ရွှေခိုးသယ်တဲ့ ဟာသရုပ်ရှင်လေးပါ။အိပ်မက်ကိုယ်စီနဲ့ လေယာဥ်မယ်သုံးယောက်၊ ဝါသနာအလုပ်ကို လုပ်နေရပေမယ့် လေကြောင်းလိုင်းက လစာမပေးတော့တာ ခြောက်လကြာသွားတယ်။လေကြောင်းလိုင်း ဒေဝါလီခံလိုက်ရတာ သိလိုက်ရတော့ စည်းမျဥ်းတွေကို စွန့်ပယ်ပြီး ဖြတ်လမ်းလိုက်ဖို့ လေဒီသုံးယောက်သား ရွေးချယ်လိုက်ရတဲ့အခါမှာ ရွှေခိုးသယ်နေကျ သူတို့ HR ဆရာကြီးရဲ့ လျှို့ဝှက်ချက်ကို အသုံးချပြီး သူတို့သုံးယောက်ကို တာဝန်ပေးဖို့ အပေးအယူလုပ်ကာ ဘယ်သို့ဘယ်ပုံ ဆက်ပြီး စွန့်စားခန်းထွက်ကြပုံကို ... ဒီရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားကြရမှာပါ။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 1.9GB / 900MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h ...
movie

Crew (2024)

2024
Aśoka (2001) Ashoka the Great 6.6
Aśoka (2001) Ashoka the Great IMDb Rating (6.6) / Rotten Tomatoes (100%)သမိုင်းမှတ်တမ်းဝင်ဘုရင်တွေထဲမှာ အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့တဲ့ တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သလို ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သီရိဓမ္မာသောကမင်းတဖြစ်လဲ အာသောကမင်းကြီး အကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်လမ်းကြီးဖြစ်ပါတယ်။မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ကာရီနာကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အချိန်က ခရစ်တော်မပေါ်မီ BC 260 ဝန်းကျင်ကာလတွေဖြစ်ပါတယ်။အာသောကမင်းဟာ ဗိန္ဓုသာရမင်းနဲ့ ဓမ္မာမိဖုရားတို့ရဲ့သားတော်ဖြစ်ပြီး အိန္ဒိယနိုင်ငံသမိုင်းမှာ ပထမဆုံးသောအင်ပါယာ မောရိယနိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့တဲ့ စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်ပါတယ်။ဘိုးတော်ရဲ့အင်ပါယာမှာ မသိမ်းပိုက်နိုင်ဘဲ ကျန်ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့ကို သူ့လက်ထက်မှာ ဆက်လက်သိမ်းပိုက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်...တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့ပေမယ့် အိန္ဒိယအရှေ့ဖက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်)ကိုဝင်ရောက်တိုက်ခိုက်ရာမှာ ကလိင်္ဂကတိုင်းသားတို့က ရဲရဲဝံ့ဝံ့ပြန်လည်ခုခံတာကြောင့် ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး လူပေါင်းများစွာ သေကြေပျက်ဆီးပြီးမှ အောင်နိုင်ခဲ့ပါတယ်။အရာအားလုံးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။အာသောကမင်းကြီးအနေနဲ့ သူ့ရဲ့အောင်နိုင်မှုတွေဟာ လူသေအလောင်းတွေအပေါ်မှာသာရှိတယ်လို့ ကလိင်္ဂကတိုက်ပွဲမှာ ထိတ်လန့်တကြားမြင်တွေ့သွားတဲ့အခါမှာတော့....ချစ်ခြင်းမေတ္တာနဲ့ လူတွေကိုထွေးပွေ့ဖိုအတွက် စစ်ကိုစွန့်လွှတ်ခဲ့ပါတော့တယ်။ဒီ့နောက်မှာတော့ သူဟာ ဗုဒ္ဓရဲ့ ဓမ္မဖက်မှာပဲ စိတ်ကိုမြုပ်နှံခဲ့ပြီး ...
movie

Aśoka (2001) Ashoka the Great

Chup Chup Ke (2006) 6.9
Chup Chup Ke (2006) Chup Chup Ke (2006)"ရွာလည်တဲ့ နဖူးစာ" =================================ဘာအမျိုးမှမတော်ကြတဲ့ နာမည်ကြီးကပူးရ်နှစ်ယောက်ဖြစ်တဲ့ ရှာဟစ်ကပူးရ်နဲ့ ကရီနာကပူးရ်တို့ရဲ့ အချစ်ဟာသဇာတ်လမ်းဟောင်းလေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။Kabir Singh နောက်ပိုင်းမှ ရှာဟစ်ကိုရင်းနီးလာတဲ့ပရိသတ်တွေအတွက်တော့ ဒီရုပ်ရှင်ထဲမှာ ရှာဟစ်ရဲ့ရုပ်ကို မနည်းပြန်ဖမ်းယူရမှာပါ။ဂျီတူးဆိုတဲ့ကောင်လေးဟာ အလုပ်လုပ်ချင်စိတ်ရှိသူပါ။ အလုပ်တိုင်းကို စိတ်ပါလက်ပါလုပ်ပေမဲ့ တစ်ခုမှမအောင်မြင်ဘဲ အကြွေးတွေသာ တင်ပြီးရင်းတင်ကာ ကြိုးစားတိုင်းမဖြစ်နိုင်ကြောင်းပြနေတဲ့ သက်ရှိသက်သေပေါ့။သူဟာ တစ်နေ့ အကြွေးရှင်တွေအားလုံးကို ခေါ်ပြီး အားလုံးရှေ့မှာပဲ မြစ်ထဲကိုခုန်ချကာ သေမှန်းမသိရှင်မှန်းမသိပျောက်သွားခဲ့ပါတယ်။အဲဒီလိုပျောက်သွားတဲ့အတွက် အရင်က သူ့ကိုချေခဲ့တဲ့ မိသားစုဝင်တွေ၊ အကြွေးရှင်တွေ နောင်တရပြီး သူ့ကို အောက်မေ့နေကြတုန်းမှာ သူဟာ ပုံစံအသစ်နဲ့ပြန်ပေါ်လာခဲ့ပြီး ပေါ့ပေါ့ပါးပါး ရယ်ရမောရတဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ် ပေါ်ပေါက်လာပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.9GB /1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Chup Chup Ke (2006)

2006
Bajrangi Bhaijaan (2015) 8.1
Bajrangi Bhaijaan (2015) Bajrangi Bhaijaan (2015) ------------------------------ မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမခွဲခြားပုံတို့ကို ဒီဇာတ်ကားလေးညွှန်းဆိုထားပုံက  ရင်ထဲမှာတသသကျန်ရှိစေပါတယ်။  IMDb Rating  8.1 ထိရရှိထားပြီး ရိုက်ကူးရေးဘက်ဂျက် ရူပီးကုဋေ ၉၀ ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ ရူပီးကုဋေ ၉၀၀ ကျော် ပြန်လည်ရရှိတဲ့အထိ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသားကြီးဆယ်မန်ခန်း၊နဝါးဇ်၊မင်းသမီး ကရီးနာကပူးတို့မှအဓိကပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းအိန္ဒိယနိုင်ငံဒေလီမြို့မှာပွဲတော်ကြီးကျင်းပချိန်ပေါ့။ ပဝန်(ဆလက်မန်ခန်း)ဟာလည်း ပါဝင်ဆင်နွှဲပြီးစားသောက်ဖွယ်ရာတွေကိုမြိန်မြိန်စားနေတဲ့အခိုက်အတန့်မှာ ပဝန်သတိထားမိတာက သူ့အားစိုက်ကြည့်နေတဲ့ ၆နှစ်အရွယ်ကလေးမ။ ပဝန်ဟာ ကရုဏာသက်မိရင်း ကလေးမလေးကိုအစားအစာတွေကျွေးမွေးခဲ့တယ်။ ပဝန်အိမ်ပြန်တော့လည်းကလေးမလေးဟာ နောက်ကတကောက်ကောက်လိုက်နေခဲ့ပါတယ်။ ဒီလိုနဲ့နာမည်လည်း မေးမရ စကားလည်းမပြောတတ်သောကလေးအား ထားမရစ်နိုင်သည့်အဆုံး ပဝန်ဟာသူ့ယောက္ခမဆီခေါ်လာခဲ့ပါတော့တယ်။ပဝန်ဟာကလေးမလေးရဲ့နေရပ်လည်းမသိ သူ့မိဘတွေကိုလည်းမသိပေမဲ့ စိတ်ထားဖြူစင်မှုအရင်းခံနဲ့ ကလေးမလေးကို သူ့မိဘဆီပြန်ပို့နိုင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ကလေးမလေးကို မွန်နီလို့အမည်မှည့်ပေးလိုက်ပါတယ်။ တစ်နေ့မှာတော့ ဖန်သားပြင်ထက်က ခရစ်ကတ်ကစားပွဲမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့အပြိုင်အဆိုင်ကစားနေကြပြီး အိန္ဒိယအမှတ်သာလျှင် မွန်နီလေးမှာမပျော်သလိုဖြစ်ပြီး ပါကစ္စတန်နိုင်လျှင် ဝမ်းသာလျက်ရှိနေပါတယ်။ အဲ့အချိန်က အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ စစ်ရေးအရတစ်ဖက်နဲ့တစ်ဖက်မတည့်ကြပါ။ပဝန်တို့မိသားစုတို့ကလည်း ဘာသာရေးအရဟိန္ဒူဘုန်းကြီးမျိုးနွယ်ဝင်တွေဖြစ်တာကြောင့် ပါကစ္စတန်သူမွတ်စလင်ဖြစ်သူ မွန်နီအားလက်မခံသင့်ကြောင်း၊ပါကစ္စတန်နိုင်ငံသို့ပြန်ပို့သင့်ကြောင်း ပဝန်ကိုတိုက်တွန်းကြပါတယ်။ ပဝန်လဲ ပါကစ္စတန်သံရုံးဆီ မူနီကို သွားရောက်ပို့ပေးပေမယ့် သံရုံးမှာ အိန္ဒိယနိုင်ငံသားတို့ဆန္ဒပြနေတာနဲ့ ကြုံတွေ့ခဲ့ရပြီး သံရုံးရဲ့စာရင်းသမားက မှောင်ခိုလမ်းကနေ ပြန်ပို့ဖို့ ပဝန်ကို အကြံပေးလိုက်ပါတယ်။ ပဝန်ကလဲ ယုံစားမိပြီး မွန်နီကို ချန်ထားခဲ့ပါတော့တယ်။ လမ်းတစ်ဝက်ရောက်ခါမှ ကစားစရာဝယ်ရင်း မွန်နီကို ပေးရန်ပြန်အလှည့်မှာတော့ မွန်နီလေးရောင်းစားခံရမှန်းသိလိုက်ရပါတော့တယ်။ အဲ့ဒီနောက်မှာတော့ပဝန်ဟာ ...
movie

Bajrangi Bhaijaan (2015)

1080p Untouched
Jaane Jaan (2023) 7.7
Jaane Jaan (2023) Jaane Jaan (2023) ==================== IMDb-6.0/10 ဒီကားကတော့ ၄တန်းအောင် အဂျေးရဲ့ အလောင်းဖျောက်ပုံ အလီဘိုင်ရှာပုံတွေနဲ့ ပုံစံဆင်တူတဲ့ ဇာတ်ကားတစ်ကားပါ Netflix ကထုတ်လွှင့်ပြီး Rating အနေနဲ့ရော Plot အနေအထားအရပါ အတော်လေးကြည့်ရှုလို့ကောင်းတဲ့ Crime / Mystery ဇာတ်ကားအမျိုးအစားဖြစ်ပါတယ် မင်းသမီးကြီး ကရီနားကပူးဟာဆိုရင်လည်း အပိုအလိုမရှိ ပါဝင်သရုပ်ဆောင်ထားပြန်ပါတယ်ဘောလိဝုဒ်ကားတွေက အင်စပက်တာတွေ အမှုလိုက်တော်တဲ့ကားတွေပဲများပေမဲ့ ဒီကားကတော့ criminal ဘက်ကနေ ဘယ်လောက်ထိပိရိအောင်လုပ်နိုင်လဲဆိုတာကိုကြည့်ရှုရမှာပါဉာဏ်ပညာထက်မြက်မှုနဲ့ ရူးသွပ်မှု..ဒီ၂ခုကြားမှာ မျဉ်းကြောင်းလေးတစ်ကြောင်းပဲ ခြားပါတယ် သင်္ချာပညာရပ်ကို ရူးသွပ်လို့ ဆယ်စုနှစ်တစ်ခုအထိ လေ့လာလိုက်စားလာခဲ့ပြီး အရာရာကို သင်္ချာနည်းတကျ စေ့စပ်တွေးခေါ်တတ်တဲ့လူတစ်ယောက်က လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သက်လာခဲ့မယ်ဆိုရင်ရော..နည်းနည်းလောက်သာပိုတွေးမိရင် မျက်စိရှေ့က အမှန်တရားကိုမြင်နိုင်ပေမဲ့ မကြိုးစားခဲ့ကြသူတွေနဲ့ ချစ်ရတဲ့မိသားစုကိုကာကွယ်ဖို့ အဘက်ဘက်ကကြိုးစားကြတဲ့လူတွေကြားက တိုက်ပွဲတစ်ခု ..လူသတ်သမားကိုသိနေတာတောင် အလီဘိုင်က အစစအရာရာပြည့်စုံနေပြီး ဟာကွက်မရှိနေတဲ့ ပြီးပြည့်စုံတဲ့ လူသတ်မှုတစ်ခု ..ဉာဏ်ပညာထက်မြက်မှုနဲ့ အမှန်တရားကြား ဘယ်သူကအနိုင်ရသွားမလဲ ဇာတ်ကားတစ်ကားလုံးက ပစ်ရက်စရာရှိအောင် ပြည့်စုံလွန်းတာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ YH ~ Alex ...
movie

Jaane Jaan (2023)

2023
4K HEVC
36 China Town (2006) 5.7
36 China Town (2006) 36 China Town (2006) Comedy, Mystery, Thriller IMDb 5.7/10 (4.9K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားချောလေး ရှာဟစ်ကပူး..အရှေးခန်နားနဲ့ မင်းသမီး ကရီနားကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီးဟာသ သရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ ဂျွန်နီလီဗာနဲ့ ပရေရှ်ရာဝလ်တို့အပြင် တခြားသော သရုပ်ဆောင်ပေါင်းများစွာပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်...လောကမှာ ငွေမရှိရင် ဘာမှလုပ်လို့မရဘူး ငွေဟာဘုရားသခင်ပဲ ငွေရှိမှအရာအားလုံးပြည့်စုံတာဆိုတဲ့လူအတွက် ခုခံချေပမပြောချင်ပေမယ့် ဒီပိုက်ဆံဟာပဲ လူ့ဘဝသက်တမ်းတစ်လျှောက်လုံးကို စုတ်ပြတ်သပ်သွားအောင် လုပ်နိုင်တဲ့အပြင် လူ့အသက်ကိုပါ ရန်ရှာလာတဲ့ပုံကို ဒီဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်...ဇာတ်ကားအညွှန်းကိုပြောရမယ်ဆိုရင်...အရမ်းချမ်းသာတဲ့ ကာစီနိုပိုင်ရှင်မလေး ဆိုနီယားကိုမှီတည်ပြီးပြောရမှာပဲ...သူ့မှာ ၁နှစ်ခွဲအရွယ်ပဲရှိသေးတဲ့ သားလေးတစ်ယောက်ရှိပါတယ်..အမေတစ်ခု သားတစ်ခုမို့ သူ့သားလေးကို အသက်သမျှချစ်မြတ်နိုးပါတယ်...ဒါပေမဲ့ သူ့ရဲ့သားလေးပျောက်ဆုံးသွားတာ ရက်တော်တော်ကြာခဲ့ပါပြီ...တစ်ရက်တော့ သတင်းစာထဲမှာ ကြေညာထားတဲ့ သားဖြစ်သူကို ပြန်တွေ့ရင် ဆုတော်ငွေ ၂၅ သိန်းချီးမြှင့်မယ်ဆိုတဲ့သတင်းနဲ့အတူ သူ့သားကို ပြန်ရှာတွေ့တဲ့ အတွဲတစ်တွဲဟာ သားဖြစ်သူကိုပြန်ပေးဖို့အိမ်ကိုလာပါတော့မယ်...အဲ့ဒီနေ့ညမှာတင်ပဲ ဆိုနီယားအသတ်ခံလိုက်ရပါတယ်...။အသတ်ခံရတဲ့ညအတွင်းမှာ သူမရဲ့နေအိမ်ထဲကို ကိုယ်ပိုင်အကြံအစည်တွေနဲ့ ဝင်ထွက်သွားလာခဲ့သူတွေ အများကြီးရှိနေခဲ့ပါတယ်...။ကဲ..လူသတ်တရားခံဟာ ဘယ်သူဖြစ်မလဲ...။ဒီကားရဲ့ဇာတ်လမ်းလေးက အတော်လေး စိတ်ဝင်စားဖို့ကောင်းသလို တစ်ကားလုံး ရင်ဖိုစေမယ့်အပြင် ပဟေဠိတွေကြားထဲက ဟာသလေးတွေလည်းပါတာမို့ ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်... File size…2.05GB  / 1GB Quality…1080p ...
movie

36 China Town (2006)

Laal Singh Chaddha (2022) 5.0
Laal Singh Chaddha (2022) Comedy, Drama, Romanceကဲ ကဲ လူရှင်းမယ် လူရှင်းမယ် အားလုံးစောင့်မျှော်နေကြတဲ့ အမီခန်းရဲ့ ကားသစ်ကြီးလာပါပြီ 🎉.. Forrest Gump Remake ကားလည်းဖြစ် မင်းသားကလည်း မင်းသားကြီး အမီခန်းလည်းဖြစ်တော့ ကြည့်မကောင်းမှာ ပူစရာမလိုတော့ပါဘူးနာမည်ကြီးကားကို ပြန်ရိုက်ထားတဲ့ ကားဖြစ်တော့ အများကြီးတော့ ညွှန်းစရာလိုမယ် မထင်ပါဘူးနော်"လိုင်" ဆိုတဲ့ကောင်လေးဟာ ဉာဏ်ရည်အိုင်ကျူ နိမ့်ပါးတဲ့သူတစ်ယောက် ဖြစ်တဲ့အပြင် ခြေထောက်ကလည်း မသန်စွမ်းတဲ့သူတစ်ယောက်ပေါ့ ဒါပေမယ့် သူ့အမေက သူ့ကို သူဟာ ဘာမှကွဲပြားနေတဲ့သူ မဟုတ်ကြောင်းနဲ့ သူဟာ ဘာမဆိုတတ်စွမ်းနိုင်ကြောင်းကို အမြဲတမ်း သင်ပြပေးတယ်အမြဲတမ်း အနိုင်ကျင့်ခံရပြီး အပယ်ခံနေရတဲ့ သူတစ်ယောက် ကျောင်းရောက်တော့ သူ့ဘက်မှာရပ်တည်ပေးတဲ့ ပထမဆုံးသူတစ်ယောက်နဲ့ ဆုံတွေ့လိုက်ရတယ် သူကတော့ "ရူပါ" တဲ့အဲဒီလိုနဲ့ ရူပါဟာ သူ့ဘဝ သူ့အနာဂတ် သူ့အိပ်မက်ဖြစ်လာတယ် ရူပါတစ်ခွန်းဆို တစ်ခွန်း သူ မဆိုင်းမတွလုပ်တတ်လာတယ် သူ့အမေနဲ့ ရူပါဟာ သူ့ဘဝရဲ့ အကောင်းဆုံးလူတွေပေါ့အနိုင်ကျင့်တဲ့သူတွေလက်ထဲက ပြေးရင်းနဲ့ အပြေးသန်လာတဲ့ သူဟာ အပြေးသမားလည်း လုပ်ဖြစ်ခဲ့တယ် စစ်ထဲလည်း ဝင်ဖူးခဲ့တယ် ဘဝကြီးမှာ သူမလုပ်ဖူးတာ မရှိလောက်အောင် အစုံသူလုပ်ခဲ့တယ်"လိုင်" ဆိုတဲ့ ကောင်လေးဟာ ဉာဏ်ရည်နိမ့်ပါးသူဖြစ်လင့်ကစား လူတကာထက် ...
movie

Laal Singh Chaddha (2022)

2022
Talaash: The Hunt Begins (2003) 4.3
Talaash: The Hunt Begins (2003) အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့အက်ရှေးကူမားရဲ့အက်ရှင်ကားလေးပဲဖြစ်ပါတယ်...မင်းသမီးအနေနဲ့ ကရီနားကပူးက ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းကတော့...အရ်ဂျွန်ရဲ့ဖခင်ဟာ မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းနဲ့ပတ်သတ်မိရာကနေ အသတ်အဖြတ်ခံရပြီးသမီးဖြစ်သူကပါ ရောင်းစားခံရဖို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတယ်...ခင်ပွန်းအသတ်ခံရတဲ့အပြင် သမီးပါဖမ်းခေါ်သွားခံခဲ့ရတဲ့အဖြစ်ကို မျက်စိရှေ့မှာတင်မြင်လိုက်ရတော့ ယူကြုံးမရဖြစ်ပြီး အရ်ဂျွန်ရဲ့အမေဟာ အရူးတစ်ပိုင်းဖြစ်လို့သွားပါတော့တယ်.... အဖေသေ အမေကအရူးဖြစ် ညီမကိုပါ ဖမ်းခေါ်သွားကြတော့ ငယ်ငယ်ပဲ ရှိသေးတဲ့အရ်ဂျွန်ခမျာ အခြေအနေတွေကို မထိန်းနိုင်ခဲ့ဘူး....သို့ပေမယ့်လည်း မလျှော့သော ဇွဲနဲ့ ရဲထဲဝင်ပြီး ဒုစရိုက်ဂိုဏ်းမှန်သမျှကိုဖြိုခွင်းရင်း ညီမဖြစ်သူကို လိုက်ရှာပါတော့တယ်....ဒီလိုနဲ့....အရ်ဂျွန်ရဲ့ ရှာပုံတော်ဇာတ်လမ်းမှာ ဘယ်လိုစိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေမလဲဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးကြပါဦးရှင့်....  File size…2.8GB / 1.4GB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by Taylor  
movie

Talaash: The Hunt Begins (2003)

Kabhi Khushi Kabhie Gham(2001) 7.4
Kabhi Khushi Kabhie Gham(2001)  Kabhi Khushi Kabhie Gham(2001)IMDb Rating (7.4) / Rotten Tomatoes (100%)အမီတာဘဂျမ်း..ရှရွတ်ခန်း...လက်ပွားမင်းသား ရိုရှမ်..မင်းသမီးကာဂျိုး...ကရီနာကပူးလ်စတဲ့ ဘောလိဝုဒ်ရဲ့တကယ့်ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေ ပြုံပြီးသရုပ်ဆောင်သလို ဇာတ်လမ်းကလဲတကယ်ကောင်းပါတယ်။ပြသချိန် ၃နာရီခွဲ ကြာတဲ့ဇာတ်ကားဆိုပေမယ့် ခနလေးလိုပဲ ထင်ရလောက်အောင်ကောင်းတာပါ။ဇာတ်လမ်းကတော့...ယာရှ်နဲ့ နန်ဒနီတို့ဟာ သားသမီးမဖွားမြင်တာကြောင့် ရာဟုလ်ကိုမွေးစားဖို့အိမ်ခေါ်လာပါတယ်။သားအရင်းမဟုတ်ပေမယ့်သားအရင်းတစ်ယောက်လို ချစ်ကြပါတယ်။တစ်နေ့ ရာဟုလ်က အဖြစ်မှန်ကို သိသွားခဲ့ပေမယ့် အဲဒီစကားကို အဲဒီအိမ်မှာဘယ်တော့မှထပ်မပြောကြဖို့ ယာရှ်က ဆုံးဖြတ်လိုက်တယ်။ယာရှ်ဟာ မျိုးရိုးဂုဏ်အရှိန်အဝါနဲ့ ဓလေ့ထုံးတမ်းအစဥ်အလာတွေကို အလေးထားတဲ့သူဖြစ်တာကြောင့် ရာဟုလ်ကိုအဆင့်အတန်းတူတဲ့ မျိုးရိုးက ဆင်းသက်လာသူနဲ့သာ ပေးစားချင်နေတယ်။ ဒါပေမယ့် အမျိုးဇာတ်နိမ့်တဲ့ ကောင်မလေးတစ်ယောက်ကို ရာဟုလ်က ချစ်မိသွားတဲ့အခါမှာတော့...။ဒရမ်မာဇာတ်လမ်းရှည်ကြီးတွေကို တစ်ရှူးအပြည့်နဲ့ကြည့်တတ်သူတွေ လုံးဝလက်လွတ်ခံလို့မဖြစ်ပါဘူး။(Thaik San မှ ဘာသာပြန်တင်ဆက်ထားတာပါ။)  File size…(3.5 GB) / (2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….03:29:00 subtitle….Myanmar Hardsub Encoder….Nyeinsaeya Aung Translated by Thaik San
movie

Kabhi Khushi Kabhie Gham(2001)

Good Newwz (2019) 7.1
Good Newwz (2019) (Unicode)အားလုံးကို သတင်းကောင်းလေး ပေးချင်ပါတယ်။ ကျူပ်တို့ ဖက်က အာမခံနိုင်တာတစ်ခုကတော့ သတင်းကောင်းပါပဲဒါက ဂျိုရှီဆေးရုံရဲ့ ကြော်ငြာ၊ နေ့စဉ် ကလေးမရတတ်တဲ့ ဇနီးမောင်နှံတို့ရဲ့ အားထားရတဲ့ နေရာ။ကလေးလိုချင်ပေမဲ့ မရတတ်ကြတဲ့ ဗာရွန်တို့ ဗတ္တရားလင်မယားမှာ ညီမနဲ့ယောက်ဖရဲ့လမ်းညွှန်ချက်ကြောင့် ဒီဆေးရုံကို ရောက်လာခဲ့ပါတယ်။အဲ့ဒီမှာပဲ ဗာရွန်တို့ လင်မယားနဲ့ ဟန်နီးတို့ လင်မယားကို တွေ့ဆုံဖို့ ဖြစ်လာပါတယ်။သူတို့က နာမည်အဖျားတွေ တူနေကြတယ်။နှစ်တွဲလုံးက ဗတ္တရားတွေ၊ ဒီလိုနဲ့ ဆရာဝန်က ပြောလိုက်ပါတယ်။ကျူပ်တို့ရဲ့ အတွေ့အကြုံရင့်ကျက်လှတဲ့ ပညာရှင်တွေဟာ သုက်နှစ်စုံကို နာမည်တူနေတော့ ရောထွေးမိသွားပါတယ်တဲ့။ကဲ အဲ့ဒီမှာ ဇာတ်လမ်းက စပြီ။ဟန်နီးရဲ့ သုက်က ဒီးပ်တီးဆီ ရောက်သွားပြီး ဗာရွန်ရဲ့ သုက်က မိုနီကားဆီ မှားပြီး ရောက်သွားပြီလို့ သိလိုက်ရတဲ့ အခါမှာတော့.....ကဲ ကိုယ့်လူတို့.... ...
movie

Good Newwz (2019)

2019
Singham Returns (2014) 5.7
Singham Returns (2014) ဇာတ်​လမ်းအကျဉ်းက​တော့ သမာသမတ်​ကျတဲ့ ရဲအရာရှိ ဘာဂျီရို ဆင်းဂမ်​ရဲ့ နိုင်​ငံ​ရေးအ​ကောက်​ကြံတဲ့ လူ​တွေကို ​ခြေမှုန်းတဲ့အ​ကြောင်းပါပဲ အသိဉာဏ်​နည်းပြီး အယူသီးသူ​တွေရဲ့ ကိုးကွယ်​မှု​ကြောင့်​ အင်​အားကြီး​နေတဲ့ ဘိုး​တော်​လိုလို ဘာ​လိုလို ဘာဘာကြီးဆိုသူဟာ နိုင်​ငံ​ရေးပါတီတစ်​ခုက ​ခေါင်း​ဆောင်​တစ်​​ယောက်​နဲ့​ပေါင်းပြီး ​ရွေး​ကောက်​ပွဲအနိုင်​ရဖို့ ပိုက်​ဆံသုံးပြီး ဆင်းရဲတဲ့ပြည်​သူ​တွေဆီက မဲ​တွေဝယ်​ယူဖို့ကြိုးစားကြပါတယ်​ ဒီလိုနဲ့မထင်​မှတ်​တဲ့ ကိစ္စတစ်​ခု​ကြောင့်​ သူတို့လုပ်​ရပ်​​တွေ ​ပေါ်မလိုဖြစ်​သွားတဲ့ အခါမှာ​တော့ ​သူတို့သရုပ်​မှန်​ကို ဖုံးကွယ်​ဖို့ အကြမ်းဖက်​ပြီး​တော့​ရော နိုင်​ငံ​ရေးလှည့်​ကွက်​မျိုးစုံနဲ့ ပါ ကြိုးစားကြပါ​တော့တယ်​ ဒီကိစ္စ​တွေရဲ့​နောက်​ကွယ်​မှာ သူတို့ရှိတာသိ​ပေမယ့်​ သက်​​သေမရှိလို့ ဖမ်းမရပဲ ဖြစ်​​နေခဲ့ပါတယ်​ ဆင်းဂမ်​က သူတို့ကို ဘယ်​လို အဆုံးသတ်​​ပေးမလဲဆိုတာ​တော့ ဒီဇာတ်​ကားထဲမှာ ကြည့်​ရှုသွားရမှာပါ ....................................................... ဆင်းဂမ်​က တရားဥပ​ဒေကို လက်​တစ်​လုံးခြားလုပ်​ပြီး ဥပ​ဒေရအပြစ်​​ပေးလို့မရတဲ့သူ​တွေကို ဘယ်​လိုဘယ်​နည်းနဲ့ အပြစ်​​ပေးလည်းဆိုတာ​တော့ ပထမကားကြည့်​ပြီးတဲ့သူ​တွေသိပြီးသားဖြစ်​မှာပါ ဒုတိယကားမှာလည်း ပထမကားထက်​ ပိုမိုက်​တဲ့ပုံစံ​တွေနဲ့ ဥပ​ဒေအရ ထိလို့မရတဲ့ လူဆိုး​တွေကို ဆုံးမသွားမှာပါ ဇတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Chanyein Soe ဖြစ်ပါတယ်
movie

Singham Returns (2014)

2014
Mujhse Dosti Karoge! (2002) 5.1
Mujhse Dosti Karoge! (2002) Mujhse Dosti Karoge! (2002) IMDb - 5.1/10_____Rotten - 76%     "ငါနဲ့သူငယ်ချင်းလုပ်မလား"သူငယ်ချင်း၊ ရင်းနှီးမှုအချစ်ဆိုတာ ဘာပါလဲ"အချစ်ဆိုတာ ရင်နှီးမှုပါပဲ လူတစ်ယောက်ကို မရင်းနှီးဘဲနဲ့ ဘယ်လိုမှ မချစ်နိုင်သလို သံယောဇဉ်လည်း မတွယ်နိုင်ပါဘူး ကဲ့ ဒါကြောင့် ငါနဲ့ သူငယ်ချင်းလုပ်မလား "ဒီဒိုင်ယာလော့လေးကတော့ နာမည်ကြီး ဂန္တဝင်အချစ်ဇာတ်ကား တစ်ကားဖြစ်တဲ့ Kuch Kuch Hota Hai (1998) ထဲကပဲဖြစ်ပါတယ်။အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကလည်း တခမ်းတနားနဲ့ အမှန်အကန်တင်ဆက်ထားတဲ့ ဘောလီဝုဒ်ကားကောင်း တစ်ကားပါပဲနာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Hrithik Roshan (ခ) လက်ပွားမင်းသား Rani Mukerji နှင့် Kareena Kapoor တို့ပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး တပုဒ်လည်း ဖြစ်ပါတယ်အခုလို မိုးရာသီဖွဲဖွဲလေးမှာ ဒီလို Romance, Dramaကား ခပ်ကောင်းကောင်းလေးကို တခါကြည့်ဖူးရုံနဲ့ ဇာတ်ဝင်တေးအားလုံးကလည်း တသက်လုံး မေ့လျော့နိုင်မှာ မဟုတ်ပါဘူးဒီကားကို ကြည့်ဖူးတဲ့သူတွေရှိသလို လုံးဝမကြည့်ရသေးတဲ့သူတွေလည်း ရှိပါလိမ့်မယ် အခု CMက ပြန်လည်တင်ဆက်ပေးထားတာကတော့ ရုပ်သံအကြည်လင်းဆုံးနဲ့ သီချင်းတွေကအစ မြန်မာမှုပြုပေးထားလို့ ...
movie

Mujhse Dosti Karoge! (2002)

2002
Satyagraha (2013) 5.9
Satyagraha (2013) IMDb raating 6.0/10 ရရှိထားပြီး ဘောလိဝုဒ်ပရိတ်သတ်တွေ လုံးဝ လက်လွတ်မခံသင့်တဲ့ဇာတ်ကားတကားပါ မင်းသားမင်းသမီးတွေကတော့ ပရိတ်သတ်နဲ့ ရင်းနှီးပြီသားတွေမို့ မိတ်မဆက်ပေးတော့ပါဘူး ဇာတ်လမ်းအကျဉ်းလေးကတော့ နယ်မြို့လေးတစ်ခုမှာစာသင်နေတဲ့ အငြိမ်းစား ပင်စင်စား ကျောင်းဆရာကြီးတစ်ယောက်ရဲ့ သားဖြစ်သူဟာ လာဘ်စားမှုတစ်ခုအတွက် ထိုးကျွေးခံလိုက်ရရင်း အလည်လာသူ စီးပွားရေးသမား သူငယ်ချင်းကဘယ်လိုတွေ ဖော်ထုပ်မလဲ ကျောင်းဆရာကြီးကကော မိမိသားအတွက် ပျက်စီးယိုယွင်းနေတဲ့ အုပ်ချုပ်ရေး ယန္တရားကြီးကို ဖြိုခွဲဖို့ဘယ်လိုတွေတိုက်ပွဲဝင်မလဲဆိုတာကို တော့ ပရိတ်သတ်ကြီးက ဆက်လက် ရှူစားကြရမှာပါ နိုင်ငံရေးဆိုတာ ဘယ်လောက်ထိလှည့်ကွက်တွေ များသလဲဆိုတာ သိခြင်ပါသလား ဒီဇာတ်ကားလေးကိုဒေါင်းယူကြည့်ရှူလိုက်ပါလို့ဘဲ ပြောလိုက်ပါရစေဗျာ။File size...(1.1GB) Quality...BR-Rip 720p Format...mp4 Duration....02:44:24 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay
movie

Satyagraha (2013)

Talaash (2012) 7.2
Talaash (2012) ၀ိညာဉ် ရှိတာ ယုံနိုင်မလားဆိုတဲ့ မေးခွန်းမျိုးအမေးခံရဖူးလား မိတ်ဆွေ ???? သိပ္ပံပညာ ထွန်းကားနေတဲ့ခေတ်မှာ ပရလောက ကိုလက်မခံလည်းမရဘူးဆိုတာကို ဒီဇာတ်ကားလေးက ပြောပြနေမှာပါ။ IMDB 7.3/10 ရရှိထားတဲ့အတွက် အတော်အတန်အောင်မြင်ထားတဲ့ ဇာတ်ကားလေးလို့ ဆိုနိုင်ပါသေးသည်။ (ဇာတ်လမ်းအကျဉ်း) ညတစ်ညမှာပေါ့ ။ ရုပ်ရှင်မင်းသား အမန်ကပူးဟာ အက်စီးဒင့်ဖြစ်ပွားခဲ့ပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားတဲ့နေရာကလည်း လူခြေတိတ် နေပြီး လမ်းကလည်း အရှင်းသားဖြစ်နေပါတယ်။ ဒီအဖြစ်ဟာ သမရိုးကျတော့မဖြစ်နိုင်ဘူးဆိုတာကို အင်စပက်တာ Surjan ကသုံးသပ်လိုက်ပါတယ်။ Surjan ဟာ ထူးချွန်တဲ့ ရဲမှူးတစ်ဦးဖြစ်ပြီး လက်အောက်ငယ်သားတွေရဲ့ လေးစားမှုကို အပြည့်အ၀ရရှိထားသူပါ။ ထို့နောက် အမန်ကပူးသေဆုံးမှုကိုဖော်ထုတ်ရန် Surjan ကြိုးပမ်းခဲ့တယ်။ တစ်ဖက်မှာလည်း ရှရှီ ဆိုတဲ့ပြည့်တန်ဆာခေါင်း ဟာလည်း အမန်ကပူးသေဆုံးမှုကို ကြားရှိပြီးနောက် သူရဲ့အိမ်ကနေ ထွက်ပြေးရှောင်ပြေးဖို့ ကြိုးပမ်းခဲ့ပါတယ်။ ရှရှီမှာ ခြေတစ်ဖက်မသန်တဲ့ တပည့်လေးတစ်ယောက်ရှိပါတယ်။ သူ့နာမည်က တာမြူး။ ရှရှီဟာ သူရဲ့အသုံးအဆောင်တွေကိုထုပ်ပိုးရင်း နေရာရှောင်ခဲ့ပါတယ်။သူ သုံးနေတဲ့ဆင်းကဒ်ကိုလည်း အသစ်ပြောင်းသုံးခဲ့ပါသေးတယ်။ ထိုအချိန်မှာတော့ လွင့်ပစ်လိုက်တဲ့ ဆင်းကဒ်ကို တာမြူးအသုံးပြုလေသော်အခါ ။ ဘာတွေဆက်ဖြစ်မှာလဲ။ ဘာတွေကွင်းဆက်ပေါ်လာမလဲ ဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပါ။ အင်စပက်တာ Surjan အကြောင်းထပ်ပြောရရင် သူဟာ မိသားစုရေးရာ စိတ်ထိခိုက်မှူ ရှိထားခဲ့သူပါ။ သူရဲ့သား ကရန်ဟာ ရေနစ်သွားခဲ့တာကြောင့် သူကိုယ်သူ့အပြစ်ရှိသလို မှတ်ယူထားသူပါ။ ဒါပေမဲ့ သူ့သားဝိညာဉ် ရှိနေတာကိုတော့ မယုံသူတစ်ဦးပါ။ သူ့မိန်းမကတော့ သူ့ဝိညာဉ်နဲ့ဆက်သွယ်ပြောဆိုလိုသူပါ။ တစ်နေ့မှာတော့ သူတို့အိမ်နီးချင်းတစ်ယောက်ဟာ သူတို့ရဲ့သား ကရန် ၀ိညာဉ်နဲ့တွေ့ဆုံသည်ဟု သတင်းကြားမိလေသည်။ ထိုအခါမှာ သူ့သားဝိညာဉ်နှင့်ဆက်သွယ်လိုသော Surjan မိန်းမ / အယုံအကြည်မရှိသော Surjan / သူတို့နှစ်ဦးကြား ပြဿနာတွေကလည်း Surjan အတွက် စိတ်ဖိစီးမှုများစေခဲ့ပါတယ်။ Surjan ဟာ အမန်ကပူးရဲ့ ...
movie

Talaash (2012)