Channel Myanmar

Kara Hui

My Best Summer ( 2019 ) 6
My Best Summer ( 2019 ) ဒီကားလေးဟာ 2019ထွက် တရုတ်ကျောင်းသားအချစ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်... Imdb6 ရထားပြီး တရုတ်နိုင်ငံမှာ လူကြိုက်များလှတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ.. ကန်ကန်ဆိုတဲ့သာမန်ကျောင်းသူလေးက တရုတ်ပြည်မှာနံပါတ်၁ကျောင်းဖြစ်တဲ့ ကျိန့်ဟွာအထက်တန်းကျောင်းကို ဝင်ရောက်ခဲ့တဲ့ပထမနေ့မှာပဲ ရူပဗေဒဉာဏ်ကြီးရှင် ယွီဟိုင်တို့တွေ့ဆုံပြီး တစ်ခုံတည်းအတူထိုင်ဖို့ဖြစ်လာတဲ့အခါ.. သူတို့နှစ်ယောက်ကြားမှာ သူငယ်ချင်းသံယောဇဉ်တွေခိုင်မာလာပြီး အပြန်အလှန်သဘောကျနေပေမယ့် မျိုသိပ်ပြီးရင်ထဲမှာသိမ်းဆည်းထားကြတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာမှာလဲ.. သူတို့နှစ်ယောက်ဆုံဆည်းနိုင်ပါ့မလား ဒီကားလေးထဲမှာ သူတို့နှစ်ယောက်အပြင် သူငယ်ချင်းတစ်သိုက်ကြားက အဖြစ်အပျက်လေးတွေကိုပြန်မြင်ရပြီး အထက်တန်းကျောင်းသား/သူဘဝကိုပြန်ပြီး အမှတ်ရစေမှာအမှန်ပါပဲ.. Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance  Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK  
movie

My Best Summer ( 2019 )

2019
77 Heartbreaks (2017) 6.1
77 Heartbreaks (2017) 2017 ခုနှစ်ထွက် ဟောင်ကောင် Drama ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုတာလင်မယားတွေကြားမှာသာ သက်ရောက်မူမရှိပေမယ့်သမီးရည်းစားတွေအနေနဲ့ တော့ အခန့်မသင့်လျှင်ပြတ်ဆဲသွားသည်အထိ ဖြစ်သွားတတ်ပါတယ် ဒီကားလေးထဲမှာတော့ချစ်သူရည်စားတွေအနေနဲ့ ဘယ်လောက် သက်တမ်းကြာတဲ့RS ဖြစ်ပါစေ ပြသနာရှာရင်း အရစ်လွန်သွားရင်တော့စိတ်ကုန်ပြီး ပြတ်ဆဲသွားနိုင်တယ်ဆိုတာကို သင်ခန်းစာယူကြည့်ကြရမှာပါကိုယ့်အချစ်ရေးတစ်ကယ်မပြီးဆုံးခင် အသဲဘယ်နှကြိမ်ကွဲခဲ့လဲ?တစ်ခါလား နှစ်ခါလား? အီဗအတွက်တော့ ၇၇ကြိမ်ကွဲခဲ့တာပါ. သူ့ချစ်သူကောင်လေး အဒမ်ကသူ့ကိုအသဲကွဲခံစားအောင်လုပ်ခဲ့တဲ့ အကြိမ်အရေအတွက်ပါ. နောက်ဆုံးတော့ သူမဟာ လမ်းခွဲခဲ့ပါတယ် ၇၈ကြိမ်မြောက်သူထပ်ပြီးခွင့်လွတ်နိုင်မှာလား? သင်ရော သင်ချစ်တဲ့သူကို ဘယ်လောက်အကြိမ်ကြာကြာခွင့်လွတ်နိုင်မှာလဲ သင်ရောဒီဇာတ်လမ်းကိုကြည့်ပြီး အသဲဘယ်နှခါကွဲသွားမလဲ???????သင်ရော သင့် ကောင်လေး/ ကောင်မလေးအပေါ်မှာ၇၇ကြိမ် သည်းခံ နိုင်ပါ့မလား ¿¿¿ :PQty - 720p BlurayDuration - 1hr 35minGern - Drama / RomanceSubtitle - Myanmar HardsubTranslator - Inzali ThanhtikeEncoder - Kyaw Ye Aung
movie

77 Heartbreaks (2017)

2017
House of the Rising Sons ( 2018 ) 6
House of the Rising Sons ( 2018 ) ဒီကား​လေးဟာ Imdb6ရထားတဲ့ ​ဟောင်​​ကောင်​ဇာတ်​ကား​ကောင်း​လေးတစ်​ကားဖြစ်​ပါတယ်​1970ဝန်းကျင်​​လောက်​က​​အောင်​မြင်​​ကျော်​ကြားပြီး အသက်​ကြီးသည်​အထိလက်​တွဲမဖြုတ်​ခဲ့ကြတဲ့ ​ရော့ဂီတအဖွဲ့ Wynnersအ​ကြောင်း တင်​ဆက်​​ဖော်​ပြထားတာပါ...သူတို့ရဲ့​အောင်​မြင်​​ကျော်​ကြားမှုဆီ​လျှောက်​လှမ်းရာလမ်းဟာပန်းခင်း​သောလမ်းမဟုတ်​ခဲ့ပါဘူး​ကျောင်းသားဘဝက သူတို့တိုက်​ခန်းမှာသီချင်း​လေ့ကျင့်​ရင်းပတ်​ဝန်းကျင်​ရဲ့အပြစ်​တင်​မှု​တွေကိုခံယူခဲ့ရပါတယ်​..မိဘ​တွေရဲ့နားမလည်​​ပေးမှု​တွေ..အခက်​အခဲ​ပေါင်းများစွာကိုဘယ်​လို​တွေရင်​ဆိုင်​​ဖြေရှင်းကြမလဲ...သူတို့​တွေ​အောင်​မြင်​မှုရချိန်​မှာဘယ်​လိုပြသနာ​တွေကိုထပ်​ပြီးကြုံ​တွေ့ရမှာလဲ..ဆိုတာ​တွေကို ကြည့်​ရှုရမှာဖြစ်​ပါတယ်​....ဂီတလမ်းခရီးရဲ့ကြမ်းတမ်းမှု​တွေ..အခက်​အခဲ ပြသနာမျိုးစုံ​တွေကို ​တွေ့မြင်​ရမှာဖြစ်​ပြီးရင်​ထဲထိ​စေတဲ့ဇာတ်​ကားတစ်​ကားဖြစ်​လို့ အရမ်းကိုသ​ဘောကျမိပါတယ်​ Translated & Review By Phyo ZawEncoded By LK
movie

House of the Rising Sons ( 2018 )

2018
Mrs K (2016) 6.2
Mrs K (2016) ဒီတစ်ခါအက်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ Mrs K (2016)ပါ။ကမ္ဘာပေါ်မှာကိုယ်အယုံကြည်စိတ်ချရဆုံးသူဟာ ဘယ်သူဖြစ်မလဲ။ ကျွန်တော်တို့ရဲ ့မိခင်ပါပဲ။ဒီကားလေးမှာလဲ အတိတ်ကအရိပ်တွေကြောင့် လျမ်းမြေ့စွာထူထောင်ထားတဲ့ မိသားစုလေးကိုအနှောင့်အယှက်ဖြစ်လာတဲ့အခါ မစ္စ ကေတစ်ယောက်မိသားစုကိုကာကွယ်ဖို့ကြိုးစားရပါတော့တယ်။ခင်ပွန်းဖြစ်သူနဲ့သမီးကိုကာကွယ်ပေမယ့် မစ္စကေ အားလုံးရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား။ဘယ်လိုရင်ဆိုင်ဖြေရှင်းမယ်ဆိုတာ လုံးဝစိတ်ဝင်စားစရာပါ။အေးချမ်းစွာနေလာတဲ့မိသားစုဘဝလေးကို တစ်ရန်ပြီးတစ်ရန် ကာကွယ်ပုံတွေနဲ့ စိတ်ဝင်စားစရာဒီကားလေးကတော့ Imdb Rating 6ရရှိထားပါတယ်။ Qty - DVD ripGern - Action / Crime / DramaDuration - 1hr 34minTranslator - Kaung Thet NaingReview - Aye Mon KyawEncoder - Kyaw Ye Aung
movie

Mrs K (2016)

2016
Rigor Mortis (2013) 6.3
Rigor Mortis (2013) 2013 ခုနှစ်ကထွက်ရှိထားတဲ့ တရုတ် ၀ိဉာဏ်သိုင်းကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက ပရလောကရဲ့ ဆန်းကြယ်မူတွေနဲ့ လူ့ဘ၀ရဲ့ ထူးဆန်းတဲ့ ကံကြမ္မာအကြောင်းတွေကို တင်ဆက် ပြသထားတာပါ လူတွေဟာ သေဆုံးပြီးရင် ကိုယ်ချစ်ရခင်ရတဲ့ သူတွေကို နုတ်ဆက်ဖို့ အချိန် ၇ရက်ပေးတယ်လို့ ယုံကြည်ကြပါတယ် ဒီကားကလဲ ဒီရိုးရာ ယုံကြည်မူလေးကိုအခြေခံပြီးရိုက်ကူးထားတာပါ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ သူကတော့ ၁၉၈၀ ပတ်ချာလည်လောက်က တရုတ် တစ္ဆေ ဖုတ်ကောင်ကားတွေ ကို ရိုက်ကူးထုပ်လုပ်ပြီးအောင်မြင်မူရခဲ့ တဲ့ juno mak က ရိုက်ကူးထုပ်လုပ်ခဲ့တာ ဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းကတော့ ထွေထွေထူးထူး ပြောစရာ သိပ်မရှိပဲ ခပ်ကြမ်းကြမ်း သိုင်းအက်ရှင်ခန်းတွေပါတာမို့ အသတ်အပုတ် ပရိတ်သတ်တွေကတော့ကြိုက်နှစ်သက်မယ့် ကားကောင်းတကားပါ Qty - 720p BlurayDuration - 1hr 45minGern - Action/thrillsubtitle - Myanmar HardsubEncoder - Kyaw Ye Aung
movie

Rigor Mortis (2013)

2013