Channel Myanmar

Kam Hing-Yin

The Millionaires’ Express ( 1986 ) 6.9
The Millionaires’ Express ( 1986 ) ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။‌Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ‌ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်‌ပါတော့တယ် ။အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : Bluray 1080p , 720p  ( HEVC ) Format : mp4 Genres ...
movie

The Millionaires’ Express ( 1986 )

Police Story (1985) 7.5
Police Story (1985)   ကယ်ဗင် တဖြစ်လည်း ဂျက်ကီချမ်း ဟာ အထူးရဲဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တစ်ယောက်ပါ။ တစ်နေ့မှာ သူတို့ဟာ မူးယစ်ဆေးကုန်သည်အကောင်ကြီးဖြစ်တဲ့ ချူထောင်ကို ဖမ်းဆီးဖို့ စစ်ဆင်ရေးစကြပါတယ်။ စစ်ဆင်ရေး အောင်မြင်ပြီး ကယ်ဗင်တစ်ယောက် ချူထောင်ကို ဖမ်းမိလိုက်နိုင်ပေမယ့် သူ့ကိုထောင်ချဖို့အထိ သက်သေမလုံလောက်တဲ့အတွက် ချူထောင်ရဲ့အတွင်းရေးမှူးဖြစ်တဲ့ မစ္စဖောင်ကို အမှုကကွင်းလုံးကျွတ်လွှတ်ပေးမည် ဖြစ်ပြီး တရားခွင်မှာ မျက်မြင်သက်သေအဖြစ် ချူထောင်ရဲ့ဒုစရိုက်မှုတွေကို ဝန်ခံထုတ်ပြောစေဖို့ ရဲဌာနဘက်က ကမ်းလှမ်းခဲ့ပါတယ်။ကမ်းလှမ်းချက်ကိုလက်ခံလိုက်တဲ့ မျက်မြင်သက်သေမစ္စဖောင်ကို ကာကွယ်ဖို့အတွက် ကယ်ဗင်ကို တာဝန်ပေးလိုက်ပါတော့တယ်။ ချူထောင်ဟာ တရားခွင်မှာ မစ္စဖောင်တစ်ယောက် ဝန်ခံထုတ်ပြောမှာစိုးတဲ့အတွက် မစ္စဖောင်ကိုရော ကယ်ဗင်ကိုပါ နှုတ်ပိတ်ပစ်ဖို့အတွက် သူ့လူတွေကို စေခိုင်းလိုက်ပါတော့တယ်။ ချူထောင်ဟာ ရဲဌာနအတွင်းမှာပါ သူလျှိုတွေထည့်ထားတဲ့အတွက် ကယ်ဗင့်ခမျာ သူ့အားသူကိုးပြီး မစ္စဖောင်ကို ဘယ်လိုကာကွယ်မလဲ၊ ချူထောင်ကို ထောင်ထဲထည့်နိုင်ဖို့အရေးကို ဘယ်လိုကြိုးပမ်းမလဲဆိုတာကို ထုံးစံအတိုင်း တမိုးအောက်ဂျက်ကီချန်း ဖြစ်တဲ့အတွက် တိုက်ရည်ခိုက်ရည် အက်ရှင်ခန်းကောင်းကောင်းနဲ့ ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ File ...
movie

Police Story (1985)

1985