Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kalki Koechlin
6.9
Ribbon (2017)
Ribbon 2017 (နှောင်ကြိုးလေး)ကာရန်နဲ့ ဆာဟာနာတို့ဟာ မိသားစုတာဝန်တွေကို ထမ်းဆောင်ရင်း အလုပ်ကိုယ်စီနဲ့ ကြိုးစားရုန်းကန်နေရတဲ့ ဇနီးမောင်နှံနှစ်ယောက်ပေါ့၊ ဒီလိုနဲ့ တစ်ရက်မှာ မမျှော်လင့်ဘဲ ဆာဟာနာ့မှာ ကိုယ်ဝန်ရှိလာပါတော့တယ်။သာမာန်မိသားစုတွေဖြစ်တဲ့အပြင် အလုပ်မှာ အရမ်းကြိုးစားပြီးတော့ နေရာတစ်နေရာရနေတဲ့ ဆာဟာနာဟာ ဒီကလေးကို မလိုချင်ခဲ့ပါဘူး။ ကိုယ်ဝန်ရတာကို သိသွားပြီးတဲ့နောက်မှာတော့ ကလေးအရမ်းလိုချင်တဲ့ ကာရန်တစ်ယောက်ကတော့ အပျော်ကြီးပျော်ခဲ့ပေမယ့် ကလေးမလိုချင်လို့ ဖျက်ချမယ်ဆိုတဲ့ ဆာဟာနာပြောတဲ့စကားသံကို ကြားပြီးနောက်မှာတော့ ကာရန်နဲ့ ဆာဟာနာတို့ဟာ ပြဿနာတွေ တက်ပါတော့တယ်။ဒီလိုနဲ့ လင်မယားနှစ်ယောက်လုံး ရုန်းကန်နေရတဲ့ကြား အိမ်ချေးငွေတွေ, ဆာဟာနာရဲ့ဖခင်ဖြစ်သူ ဆိုင်အသစ်ဖွင့်တဲ့အတွက် ကူညီလုပ်ကိုင်ပေးနေရတာတွေအပြင် ကလေးတစ်ယောက်ကို ပျိုးထောင်ရဖို့ မလွယ်လှတဲ့ ခေတ်ကြီးမှာ ကာရန်နဲ့ ဆာဟာနာတို့ ဒီကိုယ်ဝန်ကို ဘယ်လို ဆုံးဖြတ်ချက်ချမလဲ .......သူတို့ရဲ့ ဘဝကို ဘယ်လိုတွေ နပန်းလုံးရင်း နှစ်ပါးသွားကြမလဲဆိုတာတွေကို ကြည့်ရှုရမယ့် မိသားစုဒရာမာဇာတ်လမ်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်) File size… 1.26GB / 662MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h ...
movie
Ribbon (2017)
8.8
Kho Gaye Hum Kahan (2023)
Kho Gaye Hum Kahan (2023)"ဘယ်မှာလမ်းတွေပျောက်ခဲ့" ============================================= မင်းသမီးချောလေး အာနန်ယာပန်ဒေး၊ The White Tiger ထဲက မင်းသား ဂေါ်ရပ်ဗ်နဲ့ Gully Boy ထဲက MC Shaah နေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ချာတူရ်ဗေဒီတို့ရဲ့ ရုပ်ရှင်သစ်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အဟာနာ၊ အီမာ့ဒ်နဲ့ နီးလ်ဆိုတဲ့ စရိုက်မတူ၊ အလုပ်အကိုင်မတူကြတဲ့ ငယ်သူငယ်ချင်းသုံးယောက်ဟာ မွမ်ဘိုင်းမြို့ကြီးမှာ တိုက်ခန်းတစ်ခုငှားကာ အတူနေကြပါတယ်။ဒီလို နေကြရင်း အသက် ၂၀ ကျော်ဝန်းကျင် လူငယ်တွေဘာသာဘာဝ ရည်ရွယ်ချက်တွေဝိုးတဝါးဖြစ်ကာ အနိမ့်အမြင့်အတက်ကျပေါင်းစုံကို အတူတူဖြတ်ကျော်ကြပုံတွေကို ပေါ့ပေါ့ပါးပါးဖြစ်အောင်တင်ဆက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ကားလေးပါပဲ။ဇာတ်လမ်းက ရိုးရှင်းတယ်လို့ထင်ရပေမဲ့ တင်ဆက်ထားပုံလေးက ထူးခြားတဲ့အပြင် cast တွေကလည်း ရှယ်တွေဖြစ်တာကြောင့် အချိန်ပေးရကျိုးနပ်တဲ့ ရုပ်ရှင်လေးဖြစ်လို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ရေးသားသူတွေကတော့ Yunni ~ V ~ ToMo ~ Alex ~ KKKZ နဲ့ Zwe Yan တို့ပဲ ဖြစ်ကြပါတယ်။)( ...
movie
Kho Gaye Hum Kahan (2023)
2023
7.2
Margarita with a Straw (2014)
Margarita with a Straw (2014) ===============================imdb 7.2 / 3.9kMargaritaလေးတခွက်ကို ပိုက်လုံးလေးနဲ့ စုပ်ပြီး သောက်တတ်တဲ့ မသန်စွမ်းမိန်းမပျိုလေးရဲ့ ဆယ်ကျော်သက်အရွယ် ဘဝဖြတ်သန်းတဲ့ပုံစံကို ဟာသရော ဒရာမာရော ရသနှစ်မျိုးကို အလှည့်ကျရောစပ်ပြီး ပျော်တလှည့်ဝမ်းနည်းတလှည့်ကြည့်ရှုသွားရမယ့် ဇာတ်လမ်းလေးတပုဒ်ကို တင်ဆက်ပေးချင်ပါတယ်လိုင်လာဆိုတဲ့ မိန်းကလေးဟာ ငယ်စဉ်ကတည်းမသန်စွမ်း မိန်းကလေးတစ်ယောက်ဖြစ်ပြီး မိဘနှစ်ဦးရဲ့အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ဖူးဖူးမှုတ်ခြင်းခံထားရပြီး အနုပညာပိုင်းကိုလဲ ဝါသနာပါလှသူလေးပဲဖြစ်ပါတယ် အရွယ်ရောက်ပြီး သူမ ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာတော့ တခြာားရွယ်တူတွေလို အချစ်ကို စမ်းသပ်ရူးမိုက်ချင်သူလေးတဦးဖြစ်လာပါတော့တယ်... သူမဟာ တခြားသာမန်လူတွေလိုပဲ အချစ်ကိုခံစားရူးသွပ်နိုင်မှာလား ဒါမှမဟုတ် အချစ်ရေးမှာပဲ ကံခေမှာလားဆိုတာကို ပျော်ရွှင်စရာအခိုက်တန့်လေးတွေ ဝမ်းနည်းစရာအခိုက်တန့်လေးတွေနဲ့အတူ စီးမြောခံစားကြည့်ရှုသွားရမှာပဲဖြစ်ပါတယ် File size…1.03GB Quality…720p WEB DL Format…mp4 Duration….1h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moment
movie
Margarita with a Straw (2014)
2014
8.4
Gully Boy (2019)
Gully Boy(2019)IMDb...8.4 / Rotten Tomatoes (96%) "ကျွန်တော့်ဘဝနဲ့ ထပ်တူညီဖို့ ကျွန်တော့် အိမ်မက်တွေကိုပြောင်းလဲမှာမဟုတ်ဘူး.... ကျွန်တော့်အိမ်မက်တွေနဲ့ထပ်တူကျဖို့ ကျွန်တော့်ဘဝကိုပြောင်းလဲပစ်မှာ..။" မင်းသားရမ်ဘီဆင်း...မင်းသမီးအာလီယားဘတ်တို့နဲ့ ဒီဇာတ်ကားက ၂၀၁၉ ခုနှစ်ရဲ့ အောင်မြင်မှုတလှေကြီးရခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ဇာတ်လမ်းကတော့...အသက် ၂၂ နှစ်အရွယ်မူရတ်ဆိုတဲ့ Rap ဂီတကိုရူးသွပ်တဲ့ မွတ်ဆလင် ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ.... သူ့အဖေဖြစ်သူက ဒါရိုက်ဘာလုပ်ပြီး သူ့ရဲ့ပညာရေးအတွက် ပင်ပန်းဆင်းရဲခံပြီး ငွေကြေးပမာဏအမြောက်အမြားကို ရင်းနှီးမြှုပ်နှံ ပံ့ပိုးပေးခဲ့ပါတယ်..... ဒါပေမဲ့ သူ့အဖေဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ သူတို့အိမ်မှာ နေ့စဉ်ငရဲလို ဖြစ်နေပါတော့တယ်.....မူရတ်ဟာ rap ဂီတကို ရူးသွပ်သူပါ ဒီလိုနဲ့ သူ့ရင်ဘတ်ထဲက မုန်တိုင်းတွေကို သီချင်းတွေအဖြစ် ပေါက်ကွဲပစ်လိုက်ပါတော့တယ်... သူတို့ လမ်းထဲမှာ နေထိုင်ကြတဲ့ ဆင်းရဲသားတွေရဲ့ ခံစားချက်တွေကို သူကိုယ်တိုင်ရေးဖွဲ့ထားတဲ့ rap သီချင်းတစ်ပုဒ်ကို YouTube မှာ တင်လိုက်ရာက သူ့အတွက် ဂီတခရီးလမ်းမှာ ဆက်လက်လျှောက်လမ်းဖို့ရာ အခွင့်အလမ်းတစ်ခု ပေါ်လာခဲ့ပါတယ်....တစ်ဖက်မှာလည်း သူ့မှာ သဝန်တိုတတ်တဲ့ ချစ်သူ တစ်ယောက် ရှိပါတယ် သူကတော့ သူတို့ ၁၃ ...
movie
Gully Boy (2019)
2019
4K HEVC
6.8
Kadakh(2020)
Kadakh(2020)ဒီIndia ဇာတ်ကားကတော့ IMDB rating 6.8ရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပြီးComedy,Drama,Thrillerအမျိုးအစားဖြစ်ပါတယ်။ ဆူနီးလ်တို့ဇနီးမောင်နှံနှစ်ယောက်က ဒေဝါလီအကြိုပွဲညပါတီလုပ်ဖို့အတွက်သူငယ်ချင်းတွေကိုဖိတ်ထားပါတယ်။ ဆူနီးလ်တစ်ယောက်တည်းအိမ်မှာရှိနေတုန်းမဖိတ်ခေါ်ထားတဲ့ဧည့်သည်တစ်ယောက်ရောက်လာပါတယ်။အဲဒီလူကတစ်ခြားသူမဟုတ်ပါဘူး။ ဆူနီးနဲ့ဖောက်ပြန်ဇာတ်လမ်းခင်းနေတဲ့ချာယာရဲ့ယောကျာ်းပဲဖစ်ပါတယ် ...အဲဒီလူကမေးခွန်းတစ်ချို့မေးပြီးဆူနီးလ်နဲ့အငြင်းပွားကြတယ်...ဒီလိုအငြင်းပွားရုံနဲ့မပြီးကြပါဘူး...ပြဿနာအကြီးကြီးတက်စေမယ့် ကိစ္စတစ်ခုကို မမျှော်လင့်ဘဲ လုပ်မိသွားကြတယ်..အဲ့ဒီနောက်မှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....ဇာတ်လမ်းအညွှန်းနဲဲ့ ဘာသာပြန်သူကတော့ Thaik San ဖြစ်ပါတယ်။ File Size : (900 MB) and (339 MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Comedy , Drama,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Kadakh(2020)
8.0
Dev.D(2009)
Dev.D(2009)IMDb 8/10ဒေ့ဗ်၊ ပါရိုနဲ့ ချန်ဒရာမူခီးတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ဘောလီဝုဒ်ဖန်တိုင်း ရင်းနှီးကြမှာပါဘာကြောင့်လဲဆိုတော့ ကင်းခန်းကြီးနဲ့ အရှ်တို့ရဲ့ ဂန္တဝင်ကားကောင်းကြီးတစ်ကားဖြစ်တဲ့ Devdas ကို လူတိုင်းကြည့်ဖူးကြလို့ဖြစ်ပါလိမ့်မယ်ဒီဇာတ်လမ်းကလည်း ထိုနည်းလည်းကောင်းပါပဲဒေ့ဗ်နဲ့ ပါရိုဟာ အင်မတန်သိပ်ချစ်ကြတဲ့ ငယ်သူငယ်ချင်းငယ်ချစ်တွေပေါ့ တစ်ယောက်စီရဲ့ အချစ်ဦးတွေလိုဆိုရလိမ့်မယ်ဒါပေမဲ့ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုကြောင့် ဒေ့ဗ်နဲ့ပါရိုဝေးကွာသွားခဲ့တယ်ပါရိုနဲ့ဝေးသွားခဲ့တဲ့ဒေ့ဗ်ဟာ သူ့ဘဝသူ အရှုံးပေးကာ ဖြစ်သလိုနေ သွားချင်ရာသွား လာချင်ရာလာနေခဲ့ပြီး ချန္ဒရာဆိုတဲ့မိန်းကလေးတစ်ဦးနဲ့တွေ့ဆုံခဲ့ပါတယ်ဒီအချိန်မှာတော့ ဒေ့ဗ်ရဲ့အချစ်ရေး ဘယ်လိုဖြစ်သွားမလဲ ...ဂန္တဝင်ကားကြီး Devdas ဟာဆိုရင် IMDb 7.5/10 အထိရရှိထားပါတယ်ဒါပေမဲ့ ဒီ Dev.D ကတော့ IMDb 8/10 အထိတောင်ရရှိထားပါတယ်ဘာကြောင့်လဲဆိုတော့ ဘောလီဝုဒ်ရဲ့ မာတင်စကော့ဆေးလို့ တင်စားခေါ်ကြတဲ့ ဒါရိုက်တာကြီး အနျူရက်ကရှ်ယက်ကြောင့်ပါသူ့ကားတွေတိုင်းဟာ အင်မတန်ကို လက်တွေ့ဆန်မှုကိုအခြေခံထားလို့ပါပဲယခုဒီဇာတ်ကားဟာလည်း အေဆင်ဆာ (Adult Only Video) ဖြစ်သောကြောင့်အသက်မပြည့်သေးသူများ၊ ကလေးသူငယ်များ၊ မိသားစုနဲ့အတူကြည့်ရှု့ရန်မသင့်တော်ပါဘူးစကားလုံးတွေဟာ လက်တွေ့ကျကျကြမ်းတမ်းပြီး အရက်သေစာသောက်စားမှုတွေ မူးယစ်ဆေးသုံးစွဲမှုတွေ တသီကြီးပါဝင်လို့ပါပဲသမာရိုးကျဘောလီဝုဒ်ကားတွေကို ရိုးအီနေပြီဆိုရင် ဒီကားလေးမြည်းကြည့်လှည့်ပါသူမတူတဲ့ရသတစ်ခုပေးစွမ်းပါလိမ့်မယ်"ဒေ့ဗ်တိုင်းဟာ ပါရိုကိုပဲ သေသည်အထိချစ်သွားရမှာလားဒါမှမဟုတ် ချန်ဒရာမူခီးနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားလို့ရော မရနိုင်လို့လားဗျာ"ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်.... File Size : ...
movie
Dev.D(2009)
8.1
Zindagi Na Milegi Dobara (2011)
ဇာတ်လမ်းအကြောင်းကိုမပြောခင် ရရှိထားတဲ့ Rating တွေအကြောင်းကို အရင်ပြောချင်ပါတယ်။ ထူးခြားတဲ့ ဇာတ်လမ်းတွေကိုမှ Rating မြင့်မြင့်ပေးတတ်တဲ့ Rotten Tomatoes မှာ ဒီဇာတ်ကားကို Rating (100%) အပြည့်ပေးထားပါတယ်။ IMDb မှာတော့ (8.1/10) ထိရရှိထားပါတယ်။ Rating တွေကိုကြည့်ယုံနဲ့ ကောင်းမွန်လှတဲ့ဇာတ်ကားဆိုတာ ခန့်မှန်းလို့ရပါတယ်။ ဆုတွေအနေနဲ့လဲ ဆုပေါင်း (၆၆)ခုထိဇကာတင်ပါခဲ့ပြီး (၃၃) ဆုရရှိထားတာတွေ့ရပါတယ်။ဇာတ်ကားနာမည်ရဲ့ အဓိပ္ပါယ်ကတော့ ‘You won’t get another life’ ဖြစ်ပါတယ်။ သူငယ်ချင်းသုံးယောက် လူပျိုဘဝနောက်ဆုံးခရီးထွက်ရင်းနဲ့ ဘဝမှာ အရေးကြီးတဲ့ အရာတချို့ကို သတိပြုမိသွားပုံကို အချိတ်အဆက်မိမိရိုက်ကူးပြသထားပါတယ်။ ဒီဇာတ်ကားက ကြည့်နေကြဇာတ်ကားတချို့လို တအံ့တသြ ရင်လှိုက်သည်းဖို ခံစားရမယ့်ဇာတ်ကားမဟုတ်ပါ။ ဘဝနဲ့ပတ်သတ်နဲ့ အမြင်တချို့ကိုသာ ပြောင်းလဲသွားနိုင်တဲ့ ဇာတ်ကားပါ။ အေးအေးဆေးဆေးခံစားကြည့်ရှုသင့်တဲ့ Bollywood ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုကြည့်ရင်းနဲ့ ကျွန်တော် သတိပြုမိတဲ့ အရာတစ်ခုရှိပါတယ်။အဲဒါကတော့....... "ယောင်္ကျားလေးတွေမှာ ဘုရားပေးထားတဲ့ဆုအနေနဲ့ သူငယ်ချင်းတွေက သူငယ်ချင်းပီသကြတာပါပဲ။"File size...(1.2GB) Quality...BR-Rip 720pFormat...mp4 Duration....02:34:23 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aungနမူနာကြည့်ရန်
movie