Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kalidas Jayaram
6.9
Raayan (2024)
Raayan (2024) "ရာယန်"IMDb 6.9CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ တမီးလ် action ဇာတ်ကြမ်း ရုံကားအသစ်လေးကို မိုးလင်းလင်းချင်း မနှေး/အမြန် တင်ဆက်ပေးလိုက်ပါတယ်နာမည်ကျော် မင်းသား Dhanush ရဲ့ ကားငါးဆယ်ပြည့်ရုပ်ရှင်ဖြစ်ပြီး သူကိုယ်တိုင် ဇာတ်ညွှန်းရေးကာ ဒါရိုက်တာလုပ် အစွမ်းပြထားတဲ့ ဒီရုပ်ရှင်ဟာ ရုံတင်ငွေ ၁၅၈ ကုဋေ ရရှိထားပါတယ်ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရာယန်ဟာ ညီငယ်နှစ်ယောက်ဖြစ်သူ မူတူးနဲ့ မာနီကမ်၊ အချစ်ဆုံး ညီမလေး ဒူရ်ဂါတို့ရဲ့ အစ်ကိုကြီးဖြစ်ပြီးအဖေအမေတို့စွန့်ပစ်သွားကတည်းက ရွာကနေမြို့ကို ညီလေးညီမလေးတွေ လက်ဆွဲခေါ်လာကာ ကြုံရာစား ရရာလုပ်ရင်း လူစည်ကားတဲ့ မုန့်ဆိုင်တစ်ဆိုင်ဖွင့်နိုင်တဲ့ ဘဝရောက်လာပါတယ်ညီလတ်ဖြစ်သူ မူတူးက အရက်မူး သွေးဆိုးကာ ပြဿနာရှာတတ်သူဖြစ်ပြီး ညီငယ် မာနီကမ်ကတော့ လိမ္မာတဲ့ ကောလိပ်ကျောင်းသားလေးပါတုန်နေအောင်ချစ်ရတဲ့ ညီမအငယ်ဆုံးလေးကို လက်ထပ်ပေးနိုင်ဖို့နဲ့ မူတူးစရိုက်ကို ပြုပြင်ပေးနိုင်ဖို့ပဲ ပဓာနထားတဲ့ ရာယန်...တစ်နေ့မှာတော့ ဒူရိုင်နဲ့ ဆီသူ ဆိုတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်နှစ်ယောက်နဲ့ ပတ်သက်မိရာမှ ဖြူစင်ရိုးသားတဲ့ သူတို့ဘဝတွေ အကျင့်ပျက် ဒုစရိုက်ပတ်ဝန်းကျင်ကြောင့် အရောင်နွမ်းမယ့်အရေး... အစ်ကိုကြီးတစ်ယောက်အနေနဲ့ ဘယ်လိုကယ်ထုတ်သွားနိုင်မလဲ ဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie
Raayan (2024)
5.7
Indian 2: Zero Tolerance (2024)
Indian 2 (2024) "အိန္ဒိယခေါင်းဖြူ"အခုတစ်ခါမှာတော့ အိန္ဒိယရုပ်ရှင်လောကမှာ နာမည်အကျော်ကြားဆုံးရုပ်ရှင်တွေထဲက တစ်ကား အပါအဝင်ဖြစ်တဲ့ classic ရုပ်ရှင် Indian (1996) ရဲ့ sequel ထွက်ရှိလာလို့ မနှေး/အမြန် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှေးခေတ်နာမည်ကြီးမင်းသား ကာမယ်လ်ဟာဆန် ပြန်လည်ပါဝင်လာပြီး Jigarthanda(2014), Chithha(2023) တို့လို ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ ဆစ်ဒါးသ်လည်း အားဖြည့်ထားပါတယ် ဒီကားက စူပါဟီးရိုးအထာပြောရရင် ဘတ်မင်း Returns ပုံစံပါဇာတ်လမ်းအကျဥ်းကတော့ ချစ်တရာနဲ့ သူ့ဘော်ဒါတစ်သိုက်က နယ်ပယ်မျိုးစုံက အဂတိလိုက်စားမှုကို သရော်ဝေဖန်ရေး ဟာသဇာတ်လမ်းတိုတွေ Youtube မှာတင်ရင်း ပရိသတ်အားပေးမှု တစ်ခဲနက်ရထားကြပါတယ်ဒီလိုနဲ့ လာဘ်ပေးလာဘ်ယူမှုကြောင့် သားကောင်ဖြစ်ခဲ့ရတဲ့ ကောင်မလေးအတွက် ဆန္ဒထုတ်ဖော်ရင်း သူတို့ အဖမ်းခံလိုက်ရပါသေးတယ် အာမခံနဲ့ ပြန်လွတ်လာတော့ သူတို့တွေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတယ်အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ သူတို့ချည်းမလုံလောက်ဘဲ တစ်ချိန်က "အင်ဒီးယန်း အမည်ရှိ အဘိုးကြီးကို ပြန်ခေါ်ဖို့ကြိုးစားကြရာမှာဘယ်လိုတွေဆက်ဖြစ်ဦးမှာလဲ လူငယ်တစ်သိုက်နဲ့ အဘိုးကြီးပူးပေါင်းပြီး တကယ်ပဲ အကျင့်ပျက်မှုတွေကို တိုက်ဖျက်နိုင်သွားမှာလား ဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ...
movie
Indian 2: Zero Tolerance (2024)
2024
6
Por (2024)
POR 2024 ကျောင်းတော်ကရန်စများIMDb-6.1/10သင်ဟာ တက္ကသိုလ်ဘဝကို လက်ချာခန်းထဲ ကုန်ဆုံးခဲ့တဲ့သူမဟုတ်ဘဲ အပေါင်းအသင်းတစ်အုပ်နဲ့ ကျောင်းဝင်းပျော်ကြီးလုပ်ခဲ့တဲ့သူဆို တစ်ချိန်ကဘဝကို ပြန်အမှတ်ရစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါပြီ။ ကျောင်းဝင်းထဲပဲပျော်တဲ့သူဆိုထဲက တစ်တန်းနှစ်နှစ်နေရမှတို့ဘာတို့လည်း ပါတယ်ပေါ့လေ ဆိုတော့ကာ ဇာတ်လမ်းကိုဆက်ကြဦးစို့ရဲ့။အမောင်ပရာဘူဟာ အတော်လေးကို ကျောင်းနေပျော်တဲ့သူတစ်ယောက်၊ ကျောင်းနေပျော်ပေမဲ့ စာနေတော်သူတော့မဟုတ် thesis မှာတဘုံးဘုံးကျနေတဲ့ ကျောင်းတော်ကြီးရဲ့ရှားပါးနှစ်ချို့ကျောင်းသား၊ သူ့ကိုယ်သူတော့ စူပါစီနီယာလို့ ခံယူထားတဲ့သူ တက္ကသိုလ်ဆိုတာက စီနီယာကဟိတ်ဆို ဂျူဂျူတွေတိတ်ရတဲ့နေရာဆိုတော့ စူပါ့စူပါစီနီယာပရာဘူကတော့ လူတကာရဲ့ကြောက်ရတဲ့ ခေါင်းဆောင်ကြီးလိုလို ဘာလိုလိုပေါ့။ဒါပေမဲ့ နေရာတိုင်းမှာ အစဉ်အလာဆိုတာမျိုးကို လက်သင့်မခံတတ်တဲ့ လူကန့်လန့်လူ့ဂွစာဆိုတာမျိုးက ရှိနေတတ်တော့ စီနီယာဆိုတာ ဘာလဲဘယ်လဲပြန်မေးပြီးရိုက်မယ့် ပထမနှစ်ကျောင်းသား ယူဗာဆိုသူပေါ်လာတဲ့အခါတော့ ပရာဘူနဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာတဲ့အခါ...နဂိုထဲက ရန်စလေးတွေ ဇယားလေးတွေရှိခဲ့ဖူးတဲ့ ဒီလူနှစ်ယောက်ကြားက အားပြိုင်မှုအပြင်၊ အမျိုးဇာတ်ခွဲခြားမှုတွေ ၊ နိုင်ငံရေးဘက် ခပ်ပါးပါးအားပြိုင်မှုတွေ ၊ ဆရာဆရာမတွေရဲ့ ဘက်လိုက်မှုတွေနဲ့အတူ ကျောင်းသားအဖွဲ့တွေကြားက ပြဿနာမျိုးစုံကိုရှုစားရင်းနဲ့ ငယ်စဉ်က ပြဿနာအိုးလုပ်ခဲ့တဲ့ဘဝကို ပြန်တမ်းတလိုက်ကြပါစို့လား။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်) File size…2.6GB / 1.3GB Quality…WEB DL ...
movie
Por (2024)
2024
8.1
Rajni (2023)
Rajni 2023 (သရဲတစ်ကောင်၏ကလဲ့စား)IMDb 9.2လူသတ်မှုသတင်းပေးချက်ဝင်လာလို့ ရဲတွေ မှုခင်းဆေးစစ်တွေနဲ့ ပျာယာခတ်နေတဲ့ ဆေးရုံတစ်ရုံမှာ..သတင်းပေးတဲ့လူတွေက ကျောင်းသားလေး၃ယောက် ၃ယောက်စလုံး "သရဲသတ်တာ" "သရဲပုံစံဖြစ်နေတဲ့မိန်းမ" "မိန်းမပုံစံဖြစ်နေတဲ့သရဲ" ဆိုပြီး တောင်စဉ်ရေမရတွေပြောနေကြလေရဲ့ သတ်ပုံကလည်း ယောကျာ်းရင့်မာကြီးကိုကားခေါင်မိုးပေါ်ဆွဲတင်ပြီးသတ်ထားတာ တရားခံကမိန်းမဆိုတော့ မိန်းမတစ်ယောက်အနေနဲ့ ဒီလောက်အားကြီးဖွယ်ရာမရှိနိုင်တော့ ပဟေဠိတစ်ခု အဖြေညှိဖို့ လမ်းတွေက CCTV တွေ အနီးနားကလူတွေပတ်မေးရင်း ပွက်လောရိုက်သွားတဲ့လူသတ်မှုတစ်ခုဖြစ်သွားလေရဲ့အနီးနားကလူတွေကလည်း ဒီလိုညဘက်ကြီး အဲဒီကိုဘယ်သူမှမသွားကြဘူး သရဲလုပ်တာပဲဆိုပြီးပြောနေလေတော့ တကယ်ပဲသရဲကသတ်သွားတာလား ဒီလိုလျှို့ဝှက်ဆန်းကြယ်တဲ့ လူသတ်မှုနောက်ကွယ်မှာ ဘာရှိနိုင်မလဲဆိုတာကိုတော့....(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး CM Bollywood Team မှ ဘာသာပြန်ဆိုထားပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.5GB / 700MB Quality…WEB DL 1080p / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie
Rajni (2023)
2023