Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kai Ko
6
Miss Shampoo ( 2023 )
အချစ်၊ အက်ရှင်၊ ဟာသ စတဲ့ ရသ ၃ မျိုးလုံး ခံစားရမဲ့ ထိုင်ဝမ် နာမည်ကြီး ဇာတ်ညွှန်းဆရာ ဒါရိုက်တာ Giddens Ko ရဲ့ Miss Shampoo ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-အစ်ကိုထိုက်ဟာ ဒုစရိုက်ဂိုဏ်းအချင်းချင်း နယ်မြေလုတိုက်ခိုက်မှုတစ်ခုမှာ ဒဏ်ရာအပြင်းအထန်ရပြီး ခေါင်းလျှော်မလေး အားဖန်းရဲ့ ဆံပင်ညှပ်ဆိုင်ထဲကို ဝင်ပုန်းခဲ့တဲ့အချိန်မှာ အားဖန်းရဲ့ ဖုံးကွယ်ပေးမှုကြောင့် အသက်ချမ်းသာခွင့်ရခဲ့ပါတယ်။အားဖန်းက ဆံပင်ညှပ်ဒီဇိုင်နာ ဖြစ်ချင်ခဲ့ပြီး အခွင့်အရေးမရှိတာကို သိသွားတဲ့ အားထိုက်က သူ့လက်အောက်ငယ်သားတွေရဲ့ ဆံပင်တွေကို အားဖန်းဆီ လေ့ကျင့်ခံဖို့ ခိုင်းစေခဲ့ပါတယ်။ အဲဒီနောက် အားဖန်းလည်း လူမိုက်တစ်ဖွဲ့လုံးနဲ့ ခင်မင်သွားခဲ့ပြီး အားထိုက်နဲ့ ရည်းစားတွေ ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ နယ်မြေလုချင်တဲ့ ရန်သူအဖွဲ့က အားထိုက်ကိုလည်း အလွတ်မပေးခဲ့ပါဘူး။ ဆက်ပြီးဒုက္ခပေးဖို့ ကြိုးစားနေခဲ့ပါတယ်။ ရန်သူတွေ ပြည့်နှက်နေတဲ့ သူတို့လောကကြီးထဲမှာ အချစ်နဲ့ ကလဲ့စားချေဖို့အရေး ရွေးချယ်ရတဲ့အခါမှာ အားထိုက်တစ်ယောက် ဘယ်လိုရွေးချယ်မလဲ ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.37 GB / 778 MB Quality : WEB-DL 1080p ...
movie
Miss Shampoo ( 2023 )
6.1
Bad Education ( 2023 )
အထက်တန်းကျောင်းသားအရွယ်မှာ ရူးရူးမိုက်မိုက်လုပ်ချင်တဲ့သူတွေများပါတယ်။ အထက်တန်းကျောင်းသားလေး(၃)ယောက်ဟာ သူတို့ရဲ့ အထက်တန်းကျောင်းဘွဲ့ရတဲ့ညကို ရူးရူးမိုက်မိုက်ဖြတ်သန်းခဲ့တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ယုံကြည်ရတဲ့ညီကိုတွေဖြစ်ဖို့ လျှို့ဝှက်ချက်တွေဖလှယ်ကြမယ်ဆိုပြီး ကိုယ်လုပ်ဖူးခဲ့တဲ့အဆိုးဆုံးမကောင်းမှုတွေကိုတစ်ယောက်နဲ့တစ်ယောက် ပြောပြကြဖို့ဆုံးဖြတ်လိုက်ကြတယ်။ တစ်ယောက်ပြီးတစ်ယောက်လူမဆန်တဲ့ လျှို့ဝှက်ချက်တွေကိုထုတ်ပြောကြတယ်။ နောက်ဆုံးကျောင်းသားလေးအလှည့်ရောက်တော့ သူလိမ်ပြောနေတာကိုသိသွားပြီး လူမိုက်တစ်ယောက်ကိုအိမ်သုတ်ဆေးတွေနဲ့ သွားပက်ခိုင်းကြတယ်။အဲဒီလိုနဲ့ (၃)ယောက်သား တစ်ညလုံး လူမိုက်တွေလိုက်တာခံကြရပါတော့တယ်။ ဒီကားလေးမှာ လူကောင်းလူဆိုးဆိုတာတွေဟာ ခွဲခြားမရနိုင်မကြောင်း မကောင်းတဲ့သူနဲ့နေပါများရင် မကောင်းတဲ့လုပ်ရပ်တွေကို လုပ်နိုင်သွားကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ်။ တစ်ချို့အခန်းတွေမှာဆင်ဆာမဖြတ်ထားတာမို့ သွေးစိမ်းရှင်ရှင်ထွက်တာတွေကို ကြောက်တဲ့သူတွေအနေနဲ့ ကြည့်ဖို့မသင့်တော်တာလေးကိုတော့ သတိပေးချင်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Bad Education ( 2023 )
6.4
Moneyboys (2021)
Moneyboys (2021)~ IMDb - 6.4/10, Rotten Tomatoes - 92% ~C.B. Yi လို့ခေါ်တဲ့ ထိုင်ဝမ်ဒါရိုက်တာတစ်ယောက်ရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ နာမည်ကိုက Moneyboys ဆိုတော့ ဘာကားလဲတော့ သိပ်ပြောစရာမလိုလောက်ပါဘူး။ ယောက်ျားချင်း သာယာမှုယူရတဲ့ ယောက်ျားဂီဂလိုတွေရဲ့ ဘဝကို ပြထားတဲ့ကားကိုမှ BL ဆန်ဆန်ဇာတ်လမ်းရောထားတာပါပဲ။ ပုံမှန်ဆိုရင်တော့ ယောက်ျားပခြုပ်သည်ဆိုရင် ဘွားတော်ကြီးတွေနဲ့ ပတ်အိပ်ရတဲ့ဇာတ်လမ်းတွေကိုသာ အရိုက်များပြီး ယောက်ျားချင်းပခြုပ်သည်လုပ်တဲ့ ဇာတ်လမ်းကတော့ ကျွန်တော့်အတွက် ဒါဦးဆုံးပါပဲ။ကိန်းရုပ်ရှင်ပွဲတော်မှာတောင် အရွေးခံထားရတဲ့ကားဆိုတော့ Art House ရုပ်ရှင်လို့ပြောရမှာပါပဲ။ မင်းသားကတော့ မြန်မာပရိသတ်တွေကြား နာမည်အကြီးဆုံးထိုင်ဝမ်ရုပ်ရှင်ဖြစ်တဲ့ You are the Apple of My Eye က မင်းသားပါ။ ဒါရိုက်တာရော မင်းသားရော ဆုပေးပွဲတွေမှာ ဆန်ခါတင်ဝင်ထားတဲ့ ရုပ်ရှင်မို့ မကောင်းမှာတော့ ပူစရာမလိုပါဘူး။ထိုင်ဝမ်က ယောက်ျားပခြုပ်သည်တွေ ဘယ်လိုအခြေအနေတွေနဲ့ ...
movie
Moneyboys (2021)
2021
7.5
Till We Meet Again (2021)
ယခုတစ်ခါမှာတော့ CM fan တွေအတွက် Till We Meet Again ဆိုတဲ့ Taiwan Movie လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးကတော့ ဇာတ်လမ်းဇာတ်အိမ်လေးတစ်မျိုးဆန်းသစ်ပြီး IMDB rating လည်း 7.5 ထိ ရရှိထားပါတယ်ဇာတ်လမ်းအကျဉ်းရှီရှောင်လန်ဟာ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့တယ် ခေါင်းကို မိုးကြိုးထိခဲ့တာကြောင့် သူ့ရဲ့မသေခင်က မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ပါတယ ရှောင်လန်က ငရဲပြည်ကိုရောက်တဲ့အချိန်မှာ ပြန်လည်မွေးဖွားဖို့ မရွေးချယ်ဘဲ အချစ်နတ်ဘုရားအဖြစ် အလုပ်လုပ်ပြီး နောက်ဘဝ လူဖြစ်ဖို့ ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ရွေးချယ်ခဲ့တယ်အချစ်နတ်ဘုရားရဲ့ တာဝန်ကတော့ လူနှစ်ယောက်ပေါင်းဖက်နိုင်အောင် ဖူးစာကြိုးနီလေး ချည်ပေးရမှာပါ လူနှစ်ယောက်ကို ဒီလို ဖူးစာဖက်ပေးဖို့အတွက် အချစ်နတ်ဘုရားတွေဟာ နှစ်ယောက်တစ်တွဲအလုပ်လုပ်ရတယ်ပင်ကီက ရှီရှောင်လန်ရဲ့ တွဲဖက်နတ်ဘုရားဖြစ်လာခဲ့ပြီး ရှောင်လန် လူပြည်မှာ ပထမဆုံးထမ်းဆောင်ရမယ့်တာဝန်က လူ့ဘဝမှာကျန်ခဲ့တဲ့ သူ့ချစ်သူအတွက် ဖူးစာဖက်ရှာပေးဖို့ဖြစ်နေခဲ့တယ် ရှောင်လန်တစ်ယောက် လူ့ဘဝရဲ့ မှတ်ဉာဏ်တွေ ပြန်ရသွားတဲ့အခါ...ပုံမှန်အချစ်ဇာတ်လမ်းတွေနဲ့ မတူ တစ်မိုထူးခြားပြီး Fantasy ဆန်ဆန်ရိုက်ကူးထားတာမို့ ရသတစ်မျိုး ကြည့်ရှု့ခံစားရမှာပါ ။( ဘာသာပြန်ပြီး ...
movie
Till We Meet Again (2021)
7.7
You Are the Apple of My Eye (2011)
(Zawgyi) အချစ်အကြောင်းတွေ မျိုးစုံအောင် နားရည်ဝဝ ကြားဖူးခဲ့ကြမယ်...ပေးဆပ်ခြင်းတွေ ရယူခြင်းတွေ အတ္တတွေကြားညှပ်ပြီး ဝါဒဆန်ဆန်လဲ ထူးဆန်းဖူးခဲ့ကြမယ်...ခမ်းနားခြင်း ချမ်းသာခြင်း ဆင်းရဲခြင်းတွေကြားက ရောင်စုံအချစ်တွေအကြောင်းလဲ တရားကျဖူးခဲ့ကြမယ်...အံ့သြစရာကတော့ ကြားဖူးသမျှနဲ့ ခံစားရတာက တခြားစီ ဖြစ်နေမယ်ဆိုတာပဲ....တကယ်တော့ အချစ်မှာ ရိုးသားဖြူစင်တာကလွဲလို့ ကျန်တဲ့ဘယ်ကဏ္ဍမှ မပါဘူးလို့ ဒီဇာတ်ကားလေးက သက်သေပြနေမယ်...တချို့ငြိမ်းချမ်းရေးတွေက ဆွေးနွေးစရာမလိုတဲ့အချိန်မှာ ရလိမ့်မယ်....ချစ်ခြင်းလဲအတူတူပါပဲ...သူ့အလိုလို နေရင်းထိုင်ရင်း တဖြေးဖြေးကျွံကျ နစ်ဝင်သွားတာမျိုး....သတိထားမိတဲ့အချိန်မှာ အချစ်ဆိုတာဘာလဲလို့ အဓိပ္ပါယ်ဖွင့်စရာမလိုအောင် ကိုယ်တိုင်က ချစ်ခြင်းဖြစ်နေလိမ့်မယ်...အပိုတွေကို သိပ်တော့လဲ အံ့သြစရာမရှိပါဘူး...စကားလုံးတွေကြား လူသားတွေညှပ်နေတာ ကြာခဲ့ပြီကော...ဒါပေမယ့် ဖြေသိမ့်စရာက ချစ်ခြင်းဆိုတာကို အဓိပ္ပါယ်ဖွင့်ခံစားဖို့ ဒီလိုဇာတ်ကားလေးတွေ ကျန်နေသေးတယ်။ဒီဇာတ်ကားကို ဘယ်လိုမှ လက်လွတ်မခံပါနဲ့ မိတ်ဆွေ... ကိုယ့်နှလုံးသားကို ကိုယ်ပြန်မြင်ရဖို့အခွင့်အရေးကို မိမိရရဆုပ်ကိုင်ထားပါ။IMDb Rating (7.7) ရရှိထားတဲ့ ထိုင်ဝမ်အချစ်ဇာတ်ကားစစ်စစ်လေးပါ။ (Unicode) အချစ်အကြောင်းတွေ မျိုးစုံအောင် နားရည်ဝဝ ကြားဖူးခဲ့ကြမယ်...ပေးဆပ်ခြင်းတွေ ရယူခြင်းတွေ အတ္တတွေကြားညှပ်ပြီး ဝါဒဆန်ဆန်လဲ ထူးဆန်းဖူးခဲ့ကြမယ်...ခမ်းနားခြင်း ချမ်းသာခြင်း ဆင်းရဲခြင်းတွေကြားက ရောင်စုံအချစ်တွေအကြောင်းလဲ ...
movie
You Are the Apple of My Eye (2011)
2011
HEVC 1080p 5.1