Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Justin Timberlake
6.7
In Time (2011)
အဆိုတော်မင်းသားချော Justin Timberlake နဲ့ မင်းသမီး Amanda Seyfried တို့ပါဝင်ထားတဲ့ Action/Sci-fi/Thriller အမျိုးအစားဇာတ်ကားတစ်ကားပါ ။နှစ်ပေါင်းများစွာကြာပြီးနောက် ၂၁၆၉ခုနှစ်မှာ လူသားတွေရဲ့ မျိုးရိုးဗီဇကို ပြောင်းပြီး အသက်၂၅ နှစ်ပဲ ရှင်သန်ခွင့်ရအောင် စမ်းသပ်တီထွင်ခဲ့ကြတယ်မွေးဖွားလာကတည်းက လက်မောင်းမှာ နာရီပါလာပြီး အသက်၂၅နှစ်ကျော်တာနဲ့ တစ်ရက်စာအချိန်တိုင်းအတွက် အသက်နာရီတွေကို ရှာဖွေကြရပါတော့တယ်အချိန်ချမ်းသာတဲ့လူတွေကတော့ ထာ၀ရ အသက်ရှင်နိုင်ကြပြီး ဆင်းရဲတဲ့သူတွေကတော့ နာရီတိုင်းမှာ အချိန်ရပ်တန့်ကာ သေဆုံးနေကြရတာပေါ့...တစ်နေ့မှာ နာရီနှစ်ပေါင်း သန်းချီချမ်းသာတဲ့ သူတစ်ယောက်က အရက်ဘားတစ်ခုမှာ စိတ်ပျက်လက်ပျက်နဲ့ နေရင်း လူဆိုးတွေနဲ့တွေ့ချိန် မင်းသား Justin Timberlake က ၀င်ကယ်ရင်း သူ့ဆီက နာရီအချိန်တွေအကုန်လုံး အလကားပေးသွားတာခံလိုက်တဲ့အခါ...တစ်ရက်စာအတွက် ဘ၀ကို ရုံးကန်နေရာကနေ နာရီနှစ်သန််းပေါင်းများစွာ ရလိုက်တဲ့သူတစ်ယောက် Dayton နှင့် New Greenwich ဆိုတဲ့ အချိန်ဇုံ၂ခုကြား...ဘာတွေ ဆက်လုပ်မလဲဆိုတာကို သည်းထိပ်ရင်ဖို ခပ်ကြမ်းကြမ်း Action ...
movie
In Time (2011)
6.9
[18+] Black Snake Moan (2006)
Black Snake Moan (2006)~ IMDb - 6.9/10, Rotten Tomatoes - 66% ~ဒီကားကိုတော့ မူလဘူတဗုဒ္ဓဟူးမ တစ်ဖြစ်လဲ Christina Ricci နဲ့ မေမေ့အချစ်တော်ကြီး Samuel L. Jackson အပြင် Justin Timberlake တို့က သရုပ်ဆောင်ထားပါတယ်။ IMDb လည်း 6.9/10 အထိရထားတဲ့ ရုပ်ရှင်ပါ။အဓိကဇာတ်ကောင်က ငယ်စဉ်ဘဝမှာ ပထွေးအနိုင်ကျင့်ခံရပြီး လိင်စိတ်စွဲလမ်းမှုကြီးနေတဲ့ ကောင်မလေးဆိုတော့ ဒီကားမှာ အဖော်အချွတ်ခန်း တော်တော်များတာမို့ မိသားစုနဲ့တော့ မကြည့်စေချင်ပါဘူး။ ဘာနေနေ အမေ့အချစ်တုံးကြီးရဲ့ ထူးခြားတဲ့ဇာတ်ရုပ်နဲ့တကွ ရက်စက်စွာသော ချစ်စွာသော လူတွေရဲ့ဘဝတွေကို ကြည့်ရင်း ဖီးလ်ရမယ့် ရုပ်ရှင်မို့ ဒရာမာပရိသတ်တွေ ကြိုက်ကြမယ့်ရုပ်ရှင်ပါပဲ။ မယားက ညီနဲ့ဖောက်ပြန်သွားလို့ အရှက်တကွဲအကျိုးနည်းစွာ အားလုံးကိုရှောင်နေတဲ့ လူ့ဂွစာကြီးဟာ တစ်မြို့လုံးက အပျက်မလို့ သမုတ်ခံထားရတဲ့မိန်းကလေးတစ်ယောက်ရဲ့ ဘဝကို ...
movie
[18+] Black Snake Moan (2006)
2006
6.7
Trolls (2016)
ပျော်ရွှင်မှုဆိုတာ ဘာလဲ??????? အတုယောင်တွေပေါများတဲ့ ယခုခေတ်မှာတော့ စစ်မှန်တဲ့ပျော်ရွှင်မှုက ရှားပါလာပြီ ဟန်ဆောင်အပြုံးတွေ ဟန်ဆောင်နှစ်သိမ့်မှုတွေထဲက ပျော်ရွှင်မှုပျောက်ဆုံးနေတဲ့ လူသားတွေအတွက်တော့ နည်းပညာပစ္စည်းတွေသုံးပြီး ပျော်ရွှင်မှုတွေကို ရှာဖွေနေရပါတယ်။ ဒါပေမဲ့ နှလုံးသားဆိုတဲ့ စစ်မှန်တဲ့ဖန်တီးမှုမပါတဲ့ နည်းပညာပစ္စည်းတွေက ပြီးပြည့်စုံတဲ့ပျော်ရွှင်မှုကိုမပေးနိုင်ပါဘူး။ ကျွန်တော်တို့ ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေရမလဲ????မနေ့က မမျှော်လင့်ပဲ ကြည့်မိတဲ့ Trolls ဆိုတဲ့ ဇာတ်ကားလေးအကြောင်းပြောချင်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ရောင်စုံဆံပင်ရှည်လေးတွေရှိတဲ့ Trolls တွေရဲ့ အလုပ်ကတော့ သီချင်းဆိုမယ် ကမယ် တစ်ယောက်ကိုတစ်ယောက် နွေးထွေးစွာပွေ့ဖက်မယ် ဒါသူတို့ရဲချစ်စရာကောင်းတဲ့အလုပ်ပဲ။ ဒီလိုချစ်စရာကောင်းတဲ့ Trolls တွေမှာ ရန်သူတွေရှိတယ် သူတို့က Bergens တွေပဲ သူတို့ရဲ့ပျော်ရွှင်မှုကတော့ Trolls တွေကို စားခြင်းပဲ။ Bergens တွေရဲ့ ရန်ကလွတ်မြောက်ပြီး နှစ်၂၀ ကြာတဲ့အချိန် ကြီးကျယ်တဲ့ပါတီပွဲလုပ်တဲ့ချိန်မှာ Bergans တွေရဲ့ ဖမ်းဆီးချင်းကို ခံရတဲ့ Trolls တွေကို ပြန်လည်ကယ်တင်မယ့်သူက Trolls ...
movie
Trolls (2016)
2016
7.3
Palmer (2021)
Palmer (2021)============IMDb Rating - 7.3/10ဇာတ်ကားအကျဉ်းပြောရမယ်ဆိုရင်တော့ ထောင်ထွက်တစ်ဦးနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ကလေးတစ်ယောက်ရဲ့အကြောင်းပေါ့။ ပါးလ်မာ က ထောင်ထဲ (၁၂)ကျော်နေခဲ့ပြီးမှ ခံဝန်နဲ့လွတ်လာသူဖြစ်ပြီး သူ့အဖွားအိမ်၊ သူ့ဇာတိမြို့မှာပဲပြန်လာနေခဲ့တယ်။ ဆမ် ဆိုတာကတော့ ပါးလ်မာရဲ့အိမ်ဘေးမှာနေတဲ့ ကလေး။ ဆမ့်အမေက ဆေးသမား၊ ပထွေးဖြစ်သူကလဲ အချိုးမပြေ။ မိသားစုအခြေအနေလုံးဝမကောင်းတဲ့ ကလေးတစ်ယောက်။ ထောင်ထွက် ပါးလ်မာနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ဆမ် တို့နှစ်ယောက်ရဲ့အကြောင်းကို ခပ်ငြိမ့်ငြိမ့်လေးနဲ့ တင်ဆက်သွားတဲ့ Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီလို Drama ကားမျိုးကြည့်ရတာ စိတ်ထဲအတော်လေး ကျေနပ်သွားမိတယ်။ IMDB rating (7.3/10)၊ Rotten Tomato ကလည်း (74 %) ဆိုတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းဖြစ်မယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး။ပါးလ်မာ အဖြစ် သရုပ်ဆောင်ထားသူကတော့ အဆိုတော်/သရုပ်ဆောင် Justin Timberlake ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jack ...
movie
Palmer (2021)
2021
7.7
The Social Network (2010)
ဒီရုပ်ရှင်ကား ဟာ Facebook တည်ထောင်သူ မာတ်ဇူကာဘတ် ရဲ့ ကျောင်းသားဘ၀ နှင့် Facebook ကို တည်ထောင်တဲ့ ကာလ တစ်လျှောက်က အကြောင်းများကို ဇတ်လမ်းရိုက်ကူးထားသည့် ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်.... ရုပ်ရှင်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကလဲ ဒိတ်ဒိတ်ကျဲတွေပါပဲ Now You See Me ထဲမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Jesse Eisenberg နဲ့ Spider-Man မင်းသား Andrew Garfield တို့ဖြစ်ပြီး နာမည်ကြီးအဆိုတော် Justin Timberlake တောင် ပါဝင်ပါသေးတယ် ဒိတ်ဒိတ်ကျဲတွေ ပါဝင်ထားသလို ဇတ်လမ်းကလဲ အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်.... မတ်ဇူကာဘတ် ဟာ ဖေ့ဘုတ် ကို သူငယ်ချင်းဖြစ်သူ နဲ့ အတူ တည်ထောင်ရင်း ဖေ့ဘုတ်ရဲ့ အရှိန်အဝါ ကြီးမားလာပုံ ကို ရိုက်ပြထားပါတယ်...File Size - 863.1 MB Quality - 720P BluRay Subtitle - Myanmar (Hardsub) Translator - Nay Yell ...
movie
The Social Network (2010)
2010
7.3
Trolls World Tour (2020)
Trolls ဆိုတဲ့ ကာတွန်းရုပ်ရှင်လေးကို မှတ်မိကြသေးလားမသိဘူး။ သီချင်းလေးတွေ လှလှပပလေးနဲ့ ဇာတ်လမ်းကောင်းကောင်းလေးလေ။ အခု အဲဒီ Trolls ရဲ့ အဆက်လာပါပြီ။ ဒီတစ်ခါတော့ မှင်စာလေးတွေရဲ့ ကမ္ဘာကြီးကို ချဲ့ပြလိုက်ပါပြီ။ ပေါ့ပီ နဲ့ ဘရန့်ချ်တို့ဟာ သူတို့နေထိုင်တဲ့ မှင်စာမျိုးနွယ်စုဟာ ကမ္ဘာကြီးတစ်ခုလိုထင်ထားပေမယ့် မဟုတ်ခဲ့ပါဘူး။ အခြားသောမှင်စာ မျိုးနွယ်လေးတွေ ရှိပါသေးတယ်။ အဲဒီမျိုးနွယ်တွေက တကယ်တော့ ဂီတအမျိုးအစားအပေါ် အကြိုက်မတူကြလို့ ရှေးရှေးတုန်းက လမ်းခွဲခဲ့ကြတဲ့ မျိုးနွယ်တွေပါပဲ။ ဟာ့ဒ်ရော့ခ်၊ ကလက်စစ်ကယ်၊ တက်ခ်နို၊ ကန်းထရီး၊ ဖန့်ခ်၊ ပေါ့ပ် ဆိုပြီး ၆ ခု ကွဲနေကြတာပါ။ ပေါ့ပီတို့ကတော့ ပေါ့ပ် မျိုးနွယ်စုပါပဲ။ ဟာ့ဒ်ရော့ခ် မျိုးနွယ်စုရဲ့ ဘုရင်မ ဘာ့ဘ်က မျိုးနွယ်အားလုံးကို အနိုင်ယူပြီး မှင်စာအားလုံးကို ရော့ခ် ဂီတတစ်ခုတည်းအောက်မှာ အုပ်ချုပ်ဖို့ ကြိုးစားလာတဲ့အခါ ပေါ့ပီ နဲ့ ဘရန့်ချ်တို့ စွန့်စားခန်းတွေ ထပ်ဖွင့်ပြီး ဘာ့ဘ်ကို တားဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းဖတ်မိတာနဲ့ ဒီတစ်ခါ ဂီတအစုံ နားထောင်ရတော့မယ်ဆိုတာကို ကြိုသိမှာပါ။ ဇတ်လမ်းကလည်း အတော်ကောင်းတာမို့ အားရပါးရ ကြည့်ပြီး အပန်းဖြေလို့ ရပါပြီ။ Little Neo က ဘာသာပြန်ပေးထားပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်။
movie
Trolls World Tour (2020)
7.5
Inside Llewyn Davis (2013)
Inside Llewyn Davis (2013) IMDb - 7.5/10_____Rotten - 92% ဂရင်းဝှစ်ရွာလေးရဲ့ 1960 ကာလကိုအခြေံထားတာပဲဖြစ်ပါတယ် Folk ဂီတပညာရှင်လူဝိန်ဒေးဗစ်အကြောင်းကိုရိုက်ပြထားတာပဲဖြစ်ပါတယ် ဇာတ်ဝင်သီချင်းတွေနဲ့တင်ကြည့်ရတန်စေမယ့်ဇာတ်လမ်းဖြစ်ပါတယ် ဂျက်စတင်တင်ဘားလိတ်ခ်လည်းပါဝင်ထားတဲ့ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ် စိတ်အားတက်ကြွစေမယ့်ကားမျိုးထဲမပါပေမယ့် တကယ့်လက်တွေ့ဘဝကပြသနာတွေကိုတော့ မီးမောင်းထိုးပြထားသလိုရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ရှားရှားပါးပါးကားတစ်ခုပါ လူဝိန်းမှာ ပါရမီရှိပါတယ် ပိုက်ဆံမရှိပါဘူး သမီးရည်းစားကိစ္စမှာလည်းအဆင်မပြေသလို အတူတွဲဆိုနေကျပါတနာကလည်းကိုယ့်ကိုကိုယ်သတ်သေသွားပါတယ် မသေချာတဲ့အနာဂတ်ကိုသူဘယ်လိုရွေးချယ်သွားမလဲ ဘယ်လိုကျဆုံးမလဲဆိုတာကို Folk ဂီတသံစဉ်လေးတွေနဲ့အခုပဲကြည့်လိုက်ပါ File Size - 1.5 GB File Format - mp4 IMDb rating - 7.5/10 Quality - Blu-ray 1080p Running Time - 1h 44min Translated by Aye chansu Encoded by sithu
movie
Inside Llewyn Davis (2013)
2013
6.0
Shrek the Third (2007)
The King of Far Far Away has died and Shrek and Fiona are to become King & Queen. However, Shrek wants to return to his cozy swamp and live in peace and quiet, so when he finds out there is another heir to the throne, they set off to bring him back to rule the kingdom. (ဘာသာပြန်ပေးထားသူကတော့ May Myat Thu ပါ) File Size : ...
movie
Shrek the Third (2007)
2007
6.2
Wonder Wheel (2017)
ဒီတစ်ခါတော့ တိုက်တန်းနစ်မင်းသမီးကြီး Kate Winslet ရဲ့ ဒရမ်မာကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ၂၀၁၇ ခုနှစ်မှာ ထွက်ခဲ့တဲ့ wonder wheel ဆိုတဲ့ကားပါIMDb rating 6.2 ထိရထားပါတယ်1950 လောက်က ကိုနီကျွန်းမာ ချားမောင်းတဲ့သူရဲ့ မိန်းမ အရင်ကမင်းသမီးလုပ်ခဲ့ဖူးသူ အသက် ၃၉ နှစ်အရွယ်ဂျင်နီနဲ့ သူ့ဘဝအကြောင်းကို ပြဇာတ်ဘာသာရပ်နဲ့ မာစတာဘွဲ့ရဖို့ ကြိုးစားနေတဲ့ အသက်ကယ်သမားမစ်ကီက ဇာတ်ကြောင်းပြောတဲ့ ပုံစံမျိုးလေးနဲ့ ရိုက်ကူးထားတာပါဂျင်နီ့မှာ အရင်အိမ်ထောင်ကနေပါလာတဲ့ သားတစ်ယောက်ရှိပါတယ်သူကတော့ မီးရှို့တတ်တဲ့ အကျင့်ရှိပြီး ပြသနာခဏခဏရှာတတ်ပါတယ် ဂျင်နီကိုယ်တိုင်က ပထမအိမ်ထောင်မှာ ဖောက်ပြန်ခဲ့လို့ ယောကျ်ားဖြစ်သူကထားခဲ့ခံရပြီး အလုပ်ပြုတ်လို့ စားပွဲ ထိုးလုပ်နေရတာပါသူ့ရဲ့နောက်ယောကျ်ားချားမောင်းသမားကလည်း မိန်းမသေ သမီးက လူဆိုးအဖွဲ့ကလူနဲ့ ထွက်ပြေးသွားလို့ အရက်စွဲ ပြီး ဘဝပျက်နေချိန်မှာ ဂျင်နီနဲ့တွေ့ပြီး လက်ထပ်ဖြစ်ကြတာပါသူတို့အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် မှီတည်နေရင်း မပျော်ရွှင်ဖြစ်နေသူက ဂျင်နီပါ တစ်နေ့တော့ အသက်ကယ်သမား မစ်ကီနဲ့ တွေ့တဲ့အခါ ...
movie
Wonder Wheel (2017)
2017
Friends with Benefits (2011)
မင်းသားကတော့ နာမည်ကျော် အဆိုတော် ဂျက်စတင်တင်းဘားလိတ်...မင်းသမီးက နာမည်ကြီးမော်ဒယ်သရုပ်ဆောင် မီလာကူးနစ်....မင်းသားရော မင်းသမီးရောက အချစ်ရေးမှာ မျှော်လင့်ချက်တွေအကြီးကြီး ထားမိပြီး အဲ့ဒီ့မျှော်လင့်ချက်တွေ အလွယ်တကူကွဲအက်သွားတာကို မချိမဆန့်ခံနေရသူတွေပါ။တစ်နေ့မှာ သူတို့နှစ်ယောက် အလုပ်ကိစ္စတစ်ခုကြောင့် ထိပ်တိုက်တွေ့ဆုံ ခင်မင်လာရာကနေ....အချစ်ဆိုရင် ကြောက်နေမိတဲ့ သူတို့နှစ်ယောက် အချစ်မပါတဲ့ တွယ်ညှိမှုတွေကို ဘယ်လိုတည်ဆောက်မလဲ....Friends with Benefits ဆိုတဲ့အတိုင်း တစ်ယောက်ကိုတစ်ယောက် Just Sex ယုံကလွဲပြီး သူငယ်ချင်းလို နေကြတာဟာ အဆင်ချောမွေ့ပါ့မလားဆိုတာ....။IMDb Rating (6.6) ရရှိထားတဲ့ Romance/Comedy ဇာတ်ကားလေးကို ကြည့်ရှုခံစားပေးပါဦး။(သူငယ်ချင်းလိုကနေ Just Sex ယုံပဲ..ကျန်တာဘာအကန့်မှ မရှိဘူးဆိုတဲ့ Relationship ကြီးကတော့ အဆန်းကြီးနော်...အဲ့လို RS ကို အားကျနေမိရင် ကိုယ့်သူငယ်ချင်းတွေကိုလဲ Friends with Benefits မလားလို့ လိုက်မေးကြည့်လေ...:P) File size…(999 MB) Quality…BluRay Rip 720p Format…mp4 Duration….01:49:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie