Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jung Eun-chae
6.7
The Fatal Encounter (2014)
The Fatal Encounter (2014) IMDb: 6.7/10 Genre: Action, Dramaကိုရီးယားနိုင်ငံသမိုင်းမှာ ဘုရင်ဂျောင်ဂျိုကိုလုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားတဲ့ ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးထားတာပါ။ ဘုရင်ဂျောင်ဂျိူအနေနဲ့ ဗိုလ်ကြီးလို့သိကြတဲ့မင်းသားကြီး ဟျွန်းဘင်းကပါဝင်သရုပ်ဆောင်ထားပြီး မင်းကြီးရဲ့လူယုံတော်ဖြစ်တဲ့အထိန်းတော်အနေနဲ့ကတော့ Parters for Justice ထဲကမင်းသားဖြစ်တဲ့ ဂျန်ဂျယ်ယောင်းကပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၇၇၇ခုနှစ်၊ဂျောင်ဂျိုဘုရင်ဟာ အုပ်ချုပ်မှုတစ်နှစ်အတွင်းမှာခြိမ်းခြောက်မှုတွေအဆက်မပြတ်ကြုံတွေ့နေရပါတယ်။ထိုအချိန်က အာဏာရနိုင်ငံရေးအုပ်စုဖြစ်တဲ့ နိုရိုအုပ်စုက အားလုံးကိုထိန်းချုပ်ထားပြီး နောက်ကွယ်ကနေ နိုင်ငံရေးကိုရော နန်းတွင်းကလူတွေကိုပါ ခြယ်လှယ်နေတာပါ။ မြို့ထဲမှာလည်း ကလေးတွေကိုဖမ်းဆီးခေါ်ဆောင်ပြီး ကျွမ်းကျင်တဲ့လုပ်ကြံသတ်ဖြတ်သူဖြစ်အောင် ပျိုးထောင်ပေးနေတဲ့ဂိုဏ်းကလည်းရှိနေပါတယ်။ အဲဒီလိုအဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ နန်းတော်ထဲမှာ လျှို့ဝှက်စွာနဲ့ သူတို့လူတွေကို ဖြည်းဖြည်းချင်း နန်းတော်ရဲ့ နေရာတိုင်းမှာဖြန့်ထားပြီး အလုပ်လုပ်စေတာပါ။နန်းတော်ထဲမှာဒီလိုမျိုးလုပ်ခွင့်ရဖို့ဆိုတာ မျိုးရိုးကြီးတစ်ခုနောက်ခံရှိနေမှာသာလုပ်လို့ရမှာပါ။ နောက်ကွယ်မှာရှိနေတဲ့ အာဏာကြီးတဲ့လူကတော့ မယ်တော်မိဖုရားကြီးပါပဲ။ မင်းကြီးကိုလုပ်ကြံသတ်ဖြတ်ဖို့ကြံစည်သူတွေထဲမှာ မယ်တော်မိဖုရားကြီးလည်းပါဝင်နေပါတယ်။ ဒီလိုမျိုးနိုင်ငံရေးအရှုပ်အထွေးတွေကြားမှာ အသက်ခြိမ်းခြောက်ခံနေရတဲ့ ငယ်ရွယ်တဲ့မင်းကြီးဟာ ယုံကြည်ရတဲ့သူဆိုလို့ ဂါ့ပ်ဆူလို့ခေါ်တဲ့အထိန်းတော်ကြီးပဲရှိပါတယ်။ ဒါပေမဲ့ အဲဒီအထိန်းတော်ကြီးကလည်း လုပ်ကြံသတ်ဖြတ်သူဖြစ်လာဖို့ ငယ်ငယ်တည်းကဂိုဏ်းကလေ့ကျင့်ပျိုးထောင်ပေးထားပြီး မင်းကြီးကိုလုပ်ကြံသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ မင်းကြီးအနားမှာလျှို့ဝှက်စွာရှိနေတဲ့ သူလျှိုတစ်ယောက်ဖြစ်နေပါတယ်။မင်းကြီးအနေနဲ့ဘယ်လိုဖြေရှင်းမလဲ ပြီးတော့ဒီလိုမျိုး ...
movie
The Fatal Encounter (2014)
2014
7.0
The King(2017)
The King(2017) IMDb ...7 ,,,,,Rotten 83 ကမ္ဘာကျော်ကချေသည်တစ်ယောက်ကို ဂျာနယ်လစ်တစ်ယောက်က " ဒီကကွက်ရဲ့သဘောနဲ့ဆိုလိုရင်းကဘာလဲ'' မေးခဲ့တာကိုကချေသည်ကပြန်ဖြေပါတယ်" အဲဒီလိုသာအလွယ်တစ်ကူပြောလို့ရနေရင် ကျွန်မတို့အပင်ပန်းခံပြီး ဘယ်ကပြနေမလဲတဲ့" The King ကားရဲ့ဆိုလိုရင်းနဲ့သဘောကိုလည်းကျွန်တော်ပြောမပြတတ်ဘူး ဘာလို့ဆို မျက်မှောက်ခေတ်ရဲ့သဘောကိုမီးမောင်းထိုးပြတာလား အတိတ်ခေတ်ရဲ့ဆိုးယုတ်မှုကိုပြတာလည်း ကျွန်တော် ကိုယ်တိုင်လည်းမသိဘူး.....ဒါပေမယ့် ဒီကားကိုကြည့်ပြီးရင် ခင်ဗျားတို့ ရဲ့နှုတ်ခမ်းတွေ မထေ့မဲ့မြင် ပြုံးမိလိမ့်မယ် သြော် ဒီလိုတွေလုပ်လို့ တစ်ချို့ကိစ္စတွေမယ် တို့တွေဒီလိုရင်ဆိုင်ခဲ့ရတာပါလား..ဒါမျိုးတွေလည်း ရှိသေးသကိုးဆိုပြီးတော့ပေါ့....ပြီးတော့ခင်ဗျားတို့အသိတစ်ချို့ကိုထပ်လောင်းအားဖြည့်သွားနိုင်စွမ်းရှိသလို ဗလာနယ်မှာ ခဏခိုနားနေတဲ့ အသိဉာဏ် တစ်ချို့ကိုလည်း တန်ဘိုးရှိနေတာလည်းဖြည့်ပေးသွားမယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံပါတယ်...တစ်ခုတော့ ပြောလို့ရတယ် ဒီဇာတ်ကားက Action,Crime,Dramaအမျိုးအစားပါ..... ဒီဇာတ်ကားရဲ့သရုပ်ဆောင်တွေက ကိုရီးရဲ့နာမည်ကြီး In-sung Jo နဲ့Woo-sung Jung တို့ကိုတော့ အတော်များများ သိကြမှာပါ..... File Size…(900MB) Quality…WEBDL 720p Format…mp4 Duration…02:14:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe vs Phyo Pyae
movie
The King(2017)
2017
N/A
The Table (2016)
ကျွန်တော်တို့အားလုံးကော်ဖီဆိုင်မှာထိုင်ဖူးကြတယ် လမ်းဘက်ကိုမြင်ရတဲ့ထိုင်ခုံလေးမှာပေါ့ ကော်ဖီလေးသောက်ရင်းလမ်းပေါ်ကိုငေးရတာ သိပ်အရသာရှိတယ်မဟုတ်လား ဒီကားလေးကလဲဒီလိုပါပဲ The Tableဆိုတာက ကော်ဖီဆိုင်လေးက မှန်ပြတင်းပေါက်နားက လူနှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်ရတဲ့ ခုံလေးကိုရည်ညွှန်းတာပါ.. ဒီဇာတ်ကားလေးက အဲ့ဒီထိုင်ခုံလေးမှာလာထိုင်ရင်းတွေ့ကြ စကားစမြည်ပြောကြတဲ့ လူသား၈ယောက်အကြောင်းကိုရိုက်ထားတာပါ ဒီထိုင်ခုံလေးမှာထိုင်ပြီး.ငယ်ရည်းစားစုံတွဲစကားပြောခဲ့ကြတယ် ဒီထိုင်ခုံလေးကနေ အချစ်တစ်ခုရှာတွေ့သွားကြတယ် ဒီထိုင်ခုံလေးကနေ ... ဒီထိုင်ခုံလေးကနေ... ထိုင်ခုံလေးရဲ့တစ်နေ့တာကိုကျွန်တော်တို့ခံစားရအောင်ရိုက်ပြထားတဲ့ ဒီဇာတ်လမ်းဟာ တွေးရင်တွေးသလို သင့်ခံစားမှုကိုလှုံဆော်ပေးပါလိမ့်မယ် ဒီကားဒါရိုက်တာကလဲဒီခံစားမှုကိုပေးချင်တဲ့ပုံစံပါပဲ ကျွန်တော်တို့က ဒီထိုင်ခုံလေးမှာထိုင်ခဲ့တဲ့လူသား၈ယောက်ရဲ့ ဘဝတစ် စိတ်တစ်ပိုင်းကိုပဲသိရမှာပါ ဒါပေမယ့် တစ်တွဲထပြန်သွားတိုင်း အတွေးတွေကျန်ခဲ့ပါလိမ့်မယ် ငယ်ငယ်ကချစ်ခဲ့တဲ့ ငယ်ရည်းစားနဲ့အချိန်တွေကြာပြီးမှ ဒီဆိုင်လေးမှာ စကားပြောဖြစ်ခဲ့ရင် သင်တို့ရောဘာစကားတွေစပြောမလဲ? ဒီရုပ်ရှင်ကားကို Wai Zin က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie
The Table (2016)
2016
6.5
The Great Battle (2018)
၂၀၁၈ ထွက် ကိုရီးယားရာဇဝင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးဦးမယ်နော် ဇာတ်ကားနာမည်လေးက The Great Battle ပါမင်းကြီးဂျူမုံတည်ထောင်ခဲ့တဲ့ ဂိုဂုလျောပြည်ကို တရုတ်ထန်ဘုရင် ကျူးကျော်ခဲ့တဲ့ အကြောင်းကို စစ်တိုက်ပုံမျိုးစုံ ဝေဝေဆာဆာနဲ့ ရိုက်ကူးထားတဲ့ ရာဇဝင်ကားကောင်းလေးပါဂိုဂုလျောက စစ်သူကြီးယွန်းဟာ အန်စီခံတပ်အုပ်ချုပ်ရေးမှူး ယန်မန်ချွန်ရဲ့ အမိန့်မနာခံမှုကို အပြစ်ပေးဖို့အတွက် သူ့ဆီကို သူလျှိုတွေ စေလွှတ်ပေါင်း မနည်းပါဘူးအန်စီမြို့သား ဆာမူကို စေလွှတ်လိုက်ချိန်မှာတော့ ဆာမူဟာ အုပ်ချုပ်ရေးမှူးယန်ရဲ့ ခေါင်းဆောင်ပီသမှုတွေကို မြင်တွေ့ရပြီး လုပ်ကြံမှု မအောင်မြင်ခဲ့ပါဘူးတိုက်ပွဲပေါင်းများစွာကို ရှုံးပွဲမရှိ တိုက်ခိုက်အောင်မြင်ခဲ့တဲ့ တရုတ်ထန်စစ်တပ်ဟာ အန်စီခံတပ်ကို တိုက်ဖို့ လာတဲ့အခါ ယန်မန်ချွန်ရဲ့ ပါးနပ်မှု လက်ရုံးရည် နှလုံးရည်ပြည့်ဝမှုတွေကြောင့် လွယ်လွယ်နဲ့ မအောင်မြင်ခဲ့ပါဘူး၃ လလောက်တိုက်ပွဲဝင်ရတာကို တိုက်ခန်းခိုက်ခန်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရိုက်ကူးထားလို့ ကြည့်ရတန်တဲ့ ရာဇဝင်ကားကောင်းတစ်ကားပါဒီ့အပြင် အချစ် အလွမ်း နဲ့ တိုင်းပြည်ချစ်စိတ်တွေကိုပါ ပေါ်လွင်အောင် ရိုက်ပြထားလို့ ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ...
movie
The Great Battle (2018)
2018