Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Julianne Nicholson
7.0
Black Mass(2015)
Black Mass(2015)အညွှန်း********************(အလန်းစားကားမို့ 1080p5.1ch ပါပြုလုပ်ပေးထားပါတယ်....)IMDb...7.0,,,,Rottten...73%ဘော်စတွန်မှာနေတဲ့သူတွေဆိုရင် ဂျိမ်းစ်ဘော်လ်ဂျာကို မသိတဲ့လူမရှိဘူးတဲ့... သူဟာဘော်စတွန်မြို့တောင်ပိုင်းမှာ ကြီးပြင်းတယ် သူ့မှာ ဘီလီဆိုတဲ့ညီတစ်ယောက်ရှိတယ် သူ့ကို ဘော်စတွန်မြို့တောင်ပိုင်းက လူတွေတော်တော်များများချစ်ကြတယ် ဒါပေမဲ့ ဒီကောင်ကလူဆိုး လူမိုက် လူပေ လူတေ သူ့ဘဝရဲ့အရေးအကြီးဆုံး တန်ဖိုးအထားဆုံးက သစ္စာတရားပဲ ငယ်ငယ်တုန်းက ခင်ဗျားတို့တွေ ကိုယ့်ကို နာမည်ပြောင်လာခေါ်ရင် စိတ်ဆိုးရန်ဖြစ်တတ်ကြတယ်မလား.. .ပြောင်ကြီးတို့ ခေါလေးတို့... ဒီဘော်လ်ဂျာဆိုတဲ့ဘဲလည်း သူ့ကိုနာမည်ပြောင်လာခေါ်ရင် မကြိုက်ဘူး... ဒါပေမဲ့ သူက ရန်တော့မဖြစ်ဘူး... သတ်တာ... ဇာတ်ကားက အရမ်းကြမ်းပါတယ်..ကလေးသူငယ်နဲ့ သွေးသံရဲရဲကြောက်တတ်တဲ့သူတွေမကြည့်သင့်ပါဘူး..ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်တဲ့အပြင် Johnny Depp နဲ့ Benedict Cumberbatch အဓိကသရုပ်ဆောင်ထားလေတော့ဒီကားကိုနင်းကန်ကြည့်သင့်ပါတယ်..စပွိုင်လာလုပ်လို့မကောင်းတဲ့ကားမျိုးမို့ ဒီလောက်ပဲပြောပါရစေ....ဇာတ်ကားတစ်ကားလုံး အစကနေအဆုံးထိ ဘာတွေဖြစ်မလဲ စိုးတထိတ်ထိတ်နဲ့ ကြည့်ရတဲ့ကားမို့လူမိုက်အကြမ်းစားကားတွေသဘောကျတဲ့သူတွေအဖို့လက်မလွှတ်သင့်ပါကြောင်း... File Size :(2.16GB)(1.04GB) and (451 MB) Quality :Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Biography, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded ...
movie
Black Mass(2015)
7.0
Monos (2019)
Monos (2019)===========IMDb Rating - 7.0/10#Unicode"နာမည်ကျော် Gummy Bearလို့ခေါ်တဲ့ ၀က်ဝံရုပ်မုန့်ကလေး တွေကို 1992မှာ စတီထွင်ခဲ့တယ်။ ဒီမုန့်ကလေးတွေဟာ အေးဆေး ဝါးလို့ရအောင်နူးညံ့ရတယ် ဒါပေမယ့် သူ့ပုံစံဖြစ်တဲ့ ၀က်ဝံရုပ်ကလေးမပျက်အောင် မာကျောရမယ်။ အဲ့ဒီလိုမျိုးအရည်အသွေး မပါရှိတဲ့မုန့်တွေ ထုတ်လုပ်မှုမှာ ပါမပါ စစ်ဆေးဖို့က၁၅နှစ်ဝန်းကျင်လောက်ရှိတဲ့ ကလေးတွေရဲ့ အလုပ်ပါပဲ။"ဒါကရုပ်ရှင်ထဲက တီဗီမှာလာနေတဲ့ သတင်းပါပဲ။ ကလေးသာသာအရွယ်ကလေးတွေဟာ မုန့်မြည်းတဲ့ အလုပ်လောက်ပဲ လုပ်သင့်ပါတယ်။ ဒါပေမယ့် ဒီသတင်းကိုကြည့်နေတဲ့ ၁၅နှစ်သားကောင်လေးရဲ့ အလုပ်ကတော့ စစ်တိုက်ရတာပါ။ ၂၀မကျော်တဲ့ ကလေးတစ်အုပ်ကို စစ်တိုက်ဖို့ လေ့ကျင့်ပေးထားပြီး သူတို့အဖွဲ့ကို Monosတွေလို့ခေါ်ပါတယ်။သူတို့ ဘယ်ကလာလဲ ဘယ်လိုသူပုန်ဖြစ်လာလဲ မပြပေမယ့် သူတို့ရှင်သန်ရတဲ့ဘ၀ကိုတော့ ဆေးမှင်ရည်စုတ်ထိုးသလို ထင်းနေအောင်ကို ပြသွားတယ်။Monosလို့ခေါ်တဲ့ ကလေးတစ်အုပ်ကို သူပုန် အဖွဲ့အစည်းက သုံ့ပန်းဖမ်းထားတဲ့ အမေရိကန် အင်ဂျင်နီယာမတစ်ယောက်ကို စောင့်ကြည့်ဖို့ တာ၀န်ပေးထားတယ်။တစ်ဆက်တည်းမှာပဲ ရိက္ခာအတွက် နို့စားနွားမတစ်ကောင်ငှားပေးထားတယ်။ ငှားပေးတယ်ဆိုတာ စစ်ဆင်းရေးပြီးရင် ပြန်ပေးရမယ့် သဘောပါပဲ။ သူတို့ကိုပေးထားတဲ့တာ၀န်မှာ နံပါတ်တစ်အရေးကြီးတာက စစ်သုံ့ပန်းမလွတ်အောင် ကြည့်ရမယ်။နံပါတ်နှစ် အရေးကြီးတာက နွားမကို သေချာစောင့်ရှောက်ရမယ်။ ဒါပေမယ့် ကလေးတွေထဲက တစ်ယောက်က နွားမကိုသေနတ်နဲ့ပစ်မိသွားပါတယ်။ ဒီနွားတစ်ကောင်သေတဲ့အတွက် သူတို့ထဲက တာ၀န်ယူထားတဲ့တစ်ယောက်က ကွပ်မျက်ခံရမှာပါ။ ဒါပေမယ့် သူ့ကို အားပေးမယ့်သူ ဘယ်သူမှမရှိပါဘူး ကျန်တဲ့ကလေးတွေအကုန်လုံးဟာသေသွားတဲ့ နွားကိုပေါ်ရင်းအလုပ်များနေကြတယ်။ ဒီမှာပဲ အဲ့ဒီကောင်လေးဟာ သူ့ကိုယ်သူသတ်သေသွားတယ်။ သူတို့အသက်ဟာ နွားတစ်ကောင်လောက်မှ တန်ဖိုး မရှိတာလားတော့မသိပါဘူး။ ဒီအကြောင်းကို သတင်းပို့တဲ့အချိန်မှာလည်း သူတို့ခေါင်းဆောင်လူကြီးက အမှတ်မသားမရှိတဲ့မြေပုံမှာမြှပ်ဖို့နဲ့ ...
movie
Monos (2019)
2019
7.5
I, Tonya(2017)
I, Tonya(2017) IMDb....7.5,,,,Rotten...89 Biography တွေကိုပြန်ရိုက်တဲ့ဇာတ်ကားတွေမှာ အထူးသဖြင့် ကြည့်ရှှုသူပရိတ်သတ်ကိုပြန်ပြောလေ့ရှိတဲ့ပုံစံမျိုးရိုက်တဲ့ဇာတ်ကားတွေဟာ ကျွန်တော့်အမြင်ပြောရရင် အများအားဖြင့် အတော်လေးပျင်းရိဖွယ်ကောင်းလှတယ်...ဖြစ်ရပ်မှန်ဆိုတဲ့ ဘောင်ကြီးကွပ်ထားလေတော့ဒါရိုက်တာက မူရင်းနဲ့ သွေဖီမသွားအောင်ရိုက်ရင်း ကြည့်ရှုသူအနေနဲ့ ပျင်းသွားတတ်တယ်...အဲ့လိုကားတွေထဲမှ ရေခဲစကိတ်စီးအားကစားမယ် Tonya Hardingအကြောင်းကိုရိုက်ထားတဲ့ ယ္ခုဇာတ်ကားကတော့ ပျင်းရိစရာမကောင်းတဲ့အပြင် ဇာတ်လမ်းအစမှ အဆုံးထိ ဆွဲဆောင်မှုရှိလွန်းလှတယ်...Tonya ရဲ့ငယ်ဘဝ၊ မိခင်ဖြစ်သူရဲ့အကြင်နာမဲ့တဲ့ ဆက်ဆံရေးတွေကနေ စရိုက်ဆန်တဲ့ အပျိုပေါက်တစ်ယောက်ဖြစ်လာပုံတွေ၊သူမဘဝတစ်ခုလုံးနီးပါးကို နောင်မှာ ဖျက်ဆီးပစ်လာမဲ့ ယောကျ်ားတစ်ယောက်နဲ့ချစ်ကြိုက်မိပြီး အိမ်ထောင်ကျကာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ခဲ့ပုံတွေ၊သူမအားကစားလောကရဲ့ဘဝအနိမ့်အမြင့်တွေ၊ အနိုင် အရှုံးတွေနဲ့သူမဘဝတစ်ခုလုံးကို အပြောင်းအလဲဖြစ်လာစေမဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာပုံတွေကို တင်ပြသွားခဲ့တယ်။ရေခဲစကိတ်အကြောင်းကိုစိတ်မဝင်စား Tonya Harding ဆိုတာလည်းဘယ်သူမှန်းမသိတဲ့ကျွန်တော်ဟာ ဒီကားကြည့်ပြီး သူ့အကြောင်းတွေပြေးဖတ်ရ နီးစပ်ရာသူငယ်ချင်းတွေကိုကားကောင်းမို့ကြည့်ဖို့ ညွှန်းဆိုရနဲ့။ခင်ဗျားဟာ Drama ကြိုက်သူပဲဖြစ်ဖြစ် ဖိုက်တင်ကားတွေကြိုက်သူပဲဖြစ်ဖြစ် ဘယ်လိုရုပ်ရှင်အမျိုးအစကားကိုပဲကြိုက်ကြိုက်ဒီကားလေးကိုတော့ကြည့်စေချင်တယ်...မင်းသမီးချောMagot Robbie ရဲ့အကောင်းမွန်ဆုံးသောသရုပ်ဆောင်ချက်တွေကြောင့် အော်စကာဆန်ကာတင်စာရင်းလည်းဝင်ခဲ့တယ်...ဇာတ်လမ်းကို ၁၀မိနစ်လောက်လေးပဲမြည်းစမ်းစေချင်တယ်....ဆက်ကြည့်ဖို့မဆွဲဆောင်နိုင်ဘူးဆိုရင်တော့.........ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်...File Size : (1GB) Quality : ...
movie
I, Tonya(2017)
2017
8.3
Togo (2019)
Disneyကနေထွက်လာတာရက်ပိုင်းပဲရှိသေးတဲ့ တကယ်ကောင်းပြီး နာမည်ကြီးဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ Dramaကားတစ်ကားပါ။ လက်ရှိ IMDb rating 8.3 ခရမ်းချဉ်သီးမှာ 94%နဲ့ reviewကောင်းတွေရထားပါတယ်။ တိုဂိုဆိုတာအလက်စကာရဲ့ နုံးဆိုတဲ့ရွာသာသာနေရာလေးကစွတ်ဖားခွေးတစ်ကောင်ပါ။ အဲ့နယ်တစ်ခွင်မှာ အတော်ဆုံးနာမည်ကြီး စွတ်ဖားလှည်းခေါင်းဆောင်ခွေးပေါ့။ သူ့သခင် ဆပါလာလည်း နာမည်ကြီးစွတ်ဖားမောင်းသမားတစ်ယောက်။ 1925ခုနှစ် သေလောက်အောင်အေးတဲ့အလက်စကာရဲ့ ဆောင်းရာသီမှာ ကလေးတွေဆုံဆို့နာဆိုတဲ့ ကူးစက်ရောဂါဖြစ်ပြီး သေကြတယ်။ အဲ့ရောဂါအတွက်ဆေးက သူတို့ရွာကနေအသွားအပြန်မိုင်၆၄၀လောက်ဝေးတဲ့နေရာကိုပဲ ပို့နိုင်တယ်။ အဲ့အချိန်မှာမုန်တိုင်းကလည်းတိုက်နေတော့ စွတ်ဖားလှည်းနဲ့ပဲသွားယူလို့ရမယ်။ ဒီလိုအချိန်မှာ အဲ့မုန်တိုင်းထဲမှာအသက်ရှင်လျက်သွားပြီး ပြန်လာနိုင်မယ့်သူဆိုလို့ တိုဂိုခေါင်းဆောင်တဲ့ ဆပါလာရဲ့စွတ်ဖားပဲရှိတော့တယ်။ ဒီလိုနဲ့ ရောဂါဖြစ်ပြီးသေတော့မယ်ကလေးတွေအတွက် ဆပါလာဟာ အသက်၁၂နှစ်ရှိနေတဲ့ခွေးအိုကြီးတစ်ကောင်ကို ဦးဆောင်ခိုင်းပြီး အေးခဲလှတဲ့မုန်တိုင်းထဲ ဆေးယူဖို့တိုးဝင်ရပါတော့တယ်။ ဆပါလာတစ်ယောက်ဆေးကိုယူပြီး အသက်ရှင်လျက်ပြန်လာနိုင်ပါ့မလား သူပြန်လာရင်ရော တိုဂိုဆိုတဲ့ခွေးအိုကြီးရော အသက်ရှင်လျက်ပါလာပါ့မလားဆိုတာ စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမှာပါ။ ဒီကားမှာဒိတ်ဒိတ်ကြဲမင်းသားကြီး Willem Dafoeဦးဆောင်ပြီး Cinematographyကျွမ်းကျင်လှတဲ့ Ericson Core ဒါရိုက်တာလုပ်ထားတာကြောင့်လည်း တကယ်ကိုကြည့်လို့ကောင်းတဲ့အပြင် တိုဂိုရဲ့ငယ်ဘဝကိုရော အခုလက်ရှိဖြစ်နေတာတွေကိုပါပေါင်းစပ်ပြသထားလို့ တစ်ကားလုံး လုံးဝအီမနေပဲ တစ်ချို့အခန်းတွေဆိုအသဲတယားယားနဲ့ကြည့်ရှုရမှာပါ။ ကြည့်ပြီးနောင်တရမယ့်ကားတစ်ကားမဟုတ်တာကြောင့် ရှယ်ညွှန်းပေးလိုက်ရပါတယ်။File Size ...
movie
Togo (2019)
2019