Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jorge Suquet
5.6
The Cuckoo’s Curse (2023)
The Cuckoo's Curse (2023)ဒီတစ်ခေါက်ကတော့ စပိန် Thriller, Mystery ရုပ်ရှင်အလှည့်ပါ။ အားလပ်ရက်ခရီးထွက်ခဲ့တဲ့ မက်နဲ့ ကိုယ်၀န်သည် အန်နာတို့လင်မယား ထူးဆန်းတဲ့အဖြစ်ဆိုးနဲ့ ကြုံတွေ့ရတဲ့ Plot ဖြစ်ပါတယ်။မက်က အာခီတက်တစ်ယောက်ဖြစ်ပြီး အလုပ်ကိုပဲ ဦးစားပေးတဲ့သူပါ။ အန်နာကတော့ သားဖွားဆရာဝန်ဖြစ်ပြီး ကိုယ်တိုင်ကလည်း မကြာခင် မွေးတော့မှာမို့ အလုပ်က အနားယူရင်း အပန်းဖြေခရီးထွက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။သူတို့ ခရီးထွက်တဲ့စိတ်ကူးကလည်း အဆန်းပါ။ Website မှာတွေ့တဲ့ ဂျာမန်လူအိုစုံတွဲနဲ့ အိမ်ချင်းလဲပြီး နေဖို့စီစဉ်ထားတာပါတဲ့။ စစရောက်လာချင်းမှာတော့ မက်တို့နေရတဲ့အိမ်ကြီးက ခေတ်မီအသုံးအဆောင်တွေနဲ့ အပျံစားမို့ သဘောအကျကြီးကျနေခဲ့တာပေါ့။ ဒါပေမဲ့ တစ်စတစ်စ မက်က အရင်နဲ့မတူဘဲ သူမဟုတ်သလိုတွေ လုပ်လာတဲ့အခါ... တစ်ဖက်မှာလည်း အန်နာတို့အိမ်မှာနေနေတဲ့ စုံတွဲက ထူးထူးဆန်းဆန်းတွေ လုပ်နေတာကို အိမ်နီးချင်းကမြင်ပြီး အကြောင်းကြားတဲ့အခါ...ဂျာမန်စုံတွဲလိုချင်တာက အိမ်လဲနေဖို့အပြင် ဘယ်လိုရည်ရွယ်ချက်ရှိနေတာလဲ... အကြောင်းစုံသိသွားတဲ့ အန်နာက ဒီကျိန်စာကနေ ဘယ်လိုလွတ်အောင်လုပ်မလဲဆိုတာ... ဆက်လက်ရှုစားပေးကြပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie
The Cuckoo’s Curse (2023)
2023
6.4
Elisa & Marcela (2019)
ဒီရုပ်ရှင်လေးဟာဆိုရင် စပိန် ရိုမန်စ့် အတ္ထုပ္ပတ္တိ ဆန်ဆန် ရုပ်ရှင်ဖြစ်ပါတယ် ၁၉၀၀ ပြည့် ဝန်းကျင်တွေမှာ အမျိုးသမီးတွေကို ပညာသင်ကြားခြင်းနဲ့ပတ်သတ်လို့ ရှေးရိုးစွဲ အယူအဆများ ရှိနေတုန်းပဲ ဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ် ဒီမှတ်တမ်းရုပ်ရှင် ထူးခြားချက်ကတော့ အဓိက ဇာတ်ရုပ်ဖြစ်တဲ့ အမျိုးသမီးနှစ်ယောက်ဟာ လိင်တူချစ်ကြိုက်မှု အပေါ် ပြင်းထန်စွာ တုန့်ပြန်ခဲ့တဲ့ ၁၉၀၀ ဝန်းကျင် လူ့အသိုင်းအဝိုင်းထဲမှာ ကမ္ဘာ့ပထမဦးဆုံး တရားဝင်လက်ထပ်ခဲ့တဲ့ Lesbian စုံတွဲဖြစ်ပါတယ် သူတို့နှစ်ယောက် ချစ်ခြင်းမေတ္တာဟာ ခက်ခဲ ကြမ်းတမ်းတဲ့ လူအဖွဲ့အစည်းကြားထဲမှာ ဘယ်လိုပုံစံနဲ့ တည့်မြဲခဲ့သလဲ ဆိုတာကိုကြည့်ရှူခံစားရမှာဖြစ်ပါတယ် အသိုင်းအဝိုင်းရဲ့ ဖိနိုပ်တွေကြောင့် စပိန်နိုင်ငံမှ ပေါ်တူကီ နိုင်ငံအထိ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာတွေ ထောင်ကြခဲ့ရတာတွေ နောက်ဆုံး အကျဉ်းထောင်ထဲတွင် မီးဖွားရသည်အထိ အခြေအနေဆိုးခဲ့သည် တိုင်အောင် သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာက ခိုင်မြဲခဲ့သည် (ဒီကိုယ်ဝန်ရသွားခြင်းကလည်း ထူးခြားသည့်အချက်တစ်ခုဖြစ်ခဲ့သည်) မွေးရပ်မြေ စပိန်တွင် ကံဆိုးမိုးမှောက်ကျခဲ့ရသမျှ သည် ပေါ်တူဂီ မြေပေါ်တွင် စာနာသနားသူများအကူအညီများစွာနှင့် လွတ်မြောက်ခဲ့ရပြီး အာဂျင်တီးနားတွင် အသက်ထက်ဆုံးနေထိုင်ခဲ့ကြသည့်  အီလီဆာ နှင် မာဆီလာတို့ စုံတွဲ အကြောင်း ကို ဖော်ကျူးထားသည် ရုပ်ရှင်ဖြစ်ပါတယ် 18+ အသက်၁၈ နှစ်မပြည့်သူများ ကြည့်ရှူရန် မသင့်သည့် ဇာတ်ဝင်ခန်းများပါရှိသည် ရုပ်ရှင်ကားကို Nyan Lin Oo ...
movie
Elisa & Marcela (2019)
2019